iMyanmarHouse.com - Best Property Website for Myanmar
×





Credit : Cele

အဆိုတော်နဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ချစ်သုဝေက အွန်လိုင်းမှာ လူအချစ်ခံရဆုံးဖြစ်တဲ့ သူမရဲ့ အမွှာသမီးလေးတွေကို အာဟာရပြုစုလုပ်ကျွေးဖြစ်ပုံလေးတွေကို ပရိတ်သတ်တွေအတွက် ပြောပြလာပါတယ်။ ဒီအကြောင်းမနေ့ ဖော်ဖော်ဝါရီလ ၅ ရက်က သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ ဓာတ်ပုံလေးတွေ တင်ပြီး ပြောပြထားတာ ဖြစ်ပါတယ်။

ခန္ဓာကိုယ် ထွားကြိုင်းပြီး စမတ်ကျလှတဲ့ သူမရဲ့ သမီးလေးနှစ်ယောက်ရဲ့ ဘဝကတော့ မိခင် ချစ်သုဝေရဲ့ လက်ထဲမှာ အကောင်းဆုံး လက်ဆောင်ကို ရလိုက်သလိုပဲ ဖြစ်ပါတယ်။ ဒေါက်တာတစ်ယောက်ဖြစ်တဲ့ ချစ်သုဝေက အာဟာရမှန်ကန်ပြည့်ဝတဲ့ အစားအစာတွေကို ချက်ကျွေးဖြစ်နေတာကို တွေ့ရပါတယ်။

မေမြန်မာခေတ်နဲ့ မေမြန်မာသစ်လို့ခေါ်တဲ့ သမီးလေးနှစ်ယောက်ဟာ ဖေ့စ်ဘွက်မှာ လူအချစ်ခံရဆုံး ကလေးလေးတွေဖြစ်ပြီး ခုဆိုရင် တစ်နှစ်တောင် ကျော်လာခဲ့ပြီး လမ်းလျှောက်နေနိုင်ကြပြီဖြစ်ပါတယ်။ ချစ်သုဝေက အာဟာရပြည့်မယ့် အစာအမျိုး များစွာကို စုံစုံလင်လင်ပဲ ကျွေးမွေးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင်လည်း “့ဘိုစာတွေကထင်ရာလုပ်တာ..သစ်လေးသိပ်ကြိုက်လို့သာလုပ်ပေးရတာ..အမေလို အနောက်နိုင်ငံရောက်ရင် စားစရာမရှိမှာစိုးလို့..အဖေနဲ့အမေက မြန်မာအစားအစာမစားရရင် တစ်ဒုက္ခလေ” လို့ ချစ်သုဝေက မိဘတွေရဲ့ အတွေ့အကြုံ အခက်အခဲမျိုး သမီးလေးတွေ မတွေ့စေဖို့ ကျွေးမွေးနေတာဖြစ်ပါတယ်။

Credit : Cele

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top