iMyanmarHouse.com - Best Property Website for Myanmar
×


ရှမ်းပြည်နယ် ကွတ်ခိုင်မြို့တွင် ဇန္နဝါရီလ(၉)ရက်နေ့ကဖမ်းမိသော ကလေးသူခိုး၅ဦးအနက်ခေါင်းဆောင်ဖြစ်သူ ရှမ်းလေး(ခ)အိုက်ပု၏ဝန်ခံချက်အရ









ဖမ်းမိတဲ့ ကလေးသခိုးဂိုဏ်သားတစ်ယောက်ရဲ့ ကြက်သီးထစရာ ဝန်ခံချက်တွေပါ..ဖမ်းမိသောကလေးသူခိုး ဖော်ထုတ်ချက်အရ ဓါတုဗေဒစီမံထားသောအရုပ်များနှင့် ခိုးယူကြောင်းသိရသည်

ရှှမ်းပြည်နယ် ကွတ်ခိုင်မြို့တွင် ဇန္နဝါရီလ(၉)ရက်နေ့ကဖမ်းမိသော ကလေးသူခိုး၅ဦးအနက်ခေါင်းဆောင်ဖြစ်သူ ရှမ်းလေး(ခ)အိုက်ပု၏ဝန်ခံချက်အရ

တရုတ်နိုင်ငံမှ ကျောက်ကပ်ကလီစာ အစားထိုးခွဲစိပ်ကုသသောမှောင်ခိုဆရာဝန်များက Clorocinicalဓာတ်ပါသော

ဆေးရည်များ သုတ်လိမ်းထားသည့်ကလေးကစားစရာအရုပ်များကို မြန်မာနိုင်ငံနယ်စပ်ရှိ ကလေးခိုးဂိုဏ်များထံတရားမဝင် တင်ပို့ပြီး မြန်မာနိုင်ငံမှကလေးငယ်များကို ခိုးယူရန် စီမံခဲ့ကြောင်းသိရပါသည်။
အဆိုပါအရုပ်များကို ကျောင်း ၊ဈေး နှင့်လူစည်ကားရာ နေရာများတွင် လမ်းများပေါ်၌အရုပ်များကို ချထားပြီး

ကျောင်းဆင်းအပြန်ကလေးငယ်များက ကောက်ယူကိုင်မိသောအခါဓါတုဗေဒတမျိုးနှင့်ထိတွေ့မိပြီး အသိဉာဏ်ပျောက်ဆုံးကာ ကလေးခိုးဂိုဏ်းမှ ခေါ်ယူခဲ့ကြောင်း

တရားခံ ရှမ်းလေး(ခ)အိုက်ပု၏ဝန်ခံချက်တွင်ထွက်ဆိုသွားပါသည်။
တရားမဝင် တရုတ်ပြည်ဈေးကွက်တွင်ကျောက်ကပ်တစုံကို ယွမ်ငါးထောင်မှနှစ်သောင်းထိပေါက်ဈေးရှိပြီး

အသဲမှာ ယွမ်တစ်သောင်းခွဲမှယွမ်ငါးသောင်းထိ ဈေးကွက်တွင် ဝယ်လိုသူများကအပြိုင်အဆိုင် ကမ်းလှမ်းမှုများရှိကြောင်းသိရပါသည်။

မိဘများအနေဖြင့် မိမိတို့သားသမီးများကိုလမ်းတွင်တွေ့သော အရုပ်များ ကစားစရာများကိုမကောက်မိစေရန်

လက်ကမ်းစာစောင်များကိုယခုအခါ မူဆယ် နမ့်ခမ်းမြို့များတွင်ဖြန့်ဝေပေးနေပြီဟု စုံစမ်းသိရှိရပါသည်။

Credit : လားရှိုးလူငယ်များပရဟိတအဖွဲ့

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top