iMyanmarHouse.com - Best Property Website for Myanmar
×

ၿမိဳ႕ထဲမွာရွိတဲ့ က်ီးကန္း အေကာင္ေရကို အတိအက် ေျဖႏိုင္တဲ့ ပညာရွိအမတ္ႀကီး

ပညာရွိေသာ အႀကံေပးအမတ္ႀကီးဘီဘာ

ဟုိးေရွးေရွးတုန္းက အိႏၵိယႏုိင္ငံမွာ မဂုိအင္ပါယာလုိ႔ အမည္ရတဲ႔ အင္ပါယာႀကီးတစ္ခု ထြန္းကားခဲ႔ တယ္။ အဲဒီအင္ပါယာရဲ႕ ျပည္႔ရွင္႔ဧကရာဇ္ကေတာ႔ အကၠဘာေပါ႔ကြယ္။ အကၠဘာဘုရင္ႀကီးဟာ သူ႔ရဲ႕ အမတ္ ေတြကုိ အေျဖရခက္ေစမယ္႔ ဥာဏ္စမ္းပေဟဠိေတြ ေမးရတာ ေတာ္ေတာ္၀ါသနာပါသတဲ႔။ သူဟာ ထူးဆန္းျပီး ခက္ခဲ႔တဲ႔ ေမးခြန္းမ်ိဳးေတြ မႀကာခဏေမးေလ႔ရွိတယ္။ သူ ေမးတဲ႔ ေမးခြန္းေတြကုိ ေျဖႏုိင္ဆုိႏုိင္ဖုိ႔ဆုိတာ အေတာ္ကုိ ပညာဥာဏ္ႀကီးမားမွသာလွ်င္ ျဖစ္ႏုိင္ေပလိမ္႔မယ္။

birbal

တစ္ေန႔မွာ အကၠဘာဘုရင္ႀကီးဟာ ညီလာခံတစ္ခုမွာ သူ႔ရဲ႕အမတ္ေတြကုိ ေမးခြန္းတစ္ခု ေမးလုိက္ သတဲ႔။ ေမးခြန္းက ထူးဆန္းေတာ႔ အမတ္အားလုံးလည္း ဆြံ႔အသြားႀကျပီး ဘာျပန္ေျဖလုိ႔ ေျဖရမယ္မွန္းမသိ ေတာ႔ဘူး။

ဘုရင္ႀကီးဟာ သူ႔အမတ္ေတြဆီက အေျဖရဖုိ႔ တစ္ေယာက္ျပီး တစ္ေယာက္လုိက္ႀကည္႔တယ္။ အားလုံး ဟာ အေျဖျပန္ေပးႏုိင္ဖုိ႔ ေခါင္းေတြငုံ႔ျပီး အားစုိက္ထုတ္ စဥ္းစားေနႀကသတဲ႔။ အဲဒီအခ်ိန္မွာပဲ ညီလာခံထဲကုိ ပညာရွိအမတ္ႀကီးဘီဘာ ေရာက္လာပါတယ္။ ဘုရင္ႀကီးရဲ႕ စိတ္သေဘာကုိ နားလည္တဲ႔ အမတ္ႀကီးဟာ ညီ လာခံမွာ ျဖစ္ေနတဲ႔ အေျခအေနေတြကုိ တစ္ခ်က္ႀကည္႔လုိက္ရုံနဲ႔ သေဘာေပါက္လုိက္တာမုိ႔ ေရာက္ေရာက္ခ်င္း ပဲ ဘုရင္ႀကီးကုိ ေအာက္ပါအတုိင္း ေမးလုိက္တယ္။

“ေမးခြန္းရဲ႕ အေျဖကုိ ႀကိဳးစားရွာေဖြႏုိင္ဖုိ႔အတြက္ ကြ်န္ေတာ္မ်ိဳးအေနနဲ႔ အရွင္မင္းႀကီးရဲ႕ ေမးခြန္းကုိ သိခြင္႔ရွိပါသလားအရွင္”

“ငါ႔ရဲ႕ နန္းျမိဳ႕ေတာ္ထဲမွာ က်ီးကန္းဘယ္ႏွစ္ေကာင္ရွိသလဲအမတ္ႀကီး”လို႔ အကၠဘာဘုရင္ႀကီးက မဆုိင္းမတြေျပာလုိက္တယ္။

နည္းနည္းေလးမွေတာင္ စဥ္းစားမေနေတာ႔ဘဲနဲ႔ အမတ္ႀကီးဘီဘာက ေအာက္ပါအတုိင္း ျပန္ေျဖသတဲ႔။

“က်ီးကန္းေပါင္း ငါးေထာင္ငါးရာနဲ႔ ရွစ္ဆယ္႔သုံးေကာင္ ရွိပါတယ္အရွင္မင္းႀကီး”

အကၠဘာမင္းႀကီးလည္း အံ႔ႀသျပီး ေအာက္ပါအတုိင္း ထပ္ေမးလုိက္တယ္။

“အဲဒီေလာက္ေတာင္ ေသခ်ာရဲ႕လားအမတ္ႀကီးရဲ႕”

“မွန္ပါ။ ရဲမက္ေတြကုိ လႊတ္ျပီး လုိက္လံေရတြက္ႀကည္႔ခုိင္းႏုိင္ပါတယ္အရွင္။ တကယ္လုိ႔ ကြ်န္ေတာ္မ်ိဳး ေျပာတဲ႔ အေရအတြက္ထက္ ပုိေနရင္ေတာ႔ တျခားနယ္က က်ီးကန္းေတြက သူတုိ႔အမ်ိဳးေတြဆီ လာလည္ေနႀက တာ ျဖစ္ႏုိင္ပါတယ္။ တကယ္လုိ႔ ေလ်ာ႔ေနတယ္ဆုိရင္ေတာ႔ နယ္ခံက်ီးကန္းတခ်ိဳ႕ဟာ တျခားနယ္က သူတုိ႔ အမ်ိဳးေတြဆီ သြားလည္ေနႀကတာ ျဖစ္ႏုိင္ေႀကာင္းပါအရွင္မင္းႀကီး”

အမတ္ႀကီးရဲ႕ ပညာဥာဏ္နဲ႔ ျပည္႔စုံတဲ႔ အေျဖကုိ ႀကားလုိက္ရတဲ႔အခါမွာ အကၠဘာဘုရင္ႀကီးလည္း ေက်နပ္ႏွစ္သိမ္႔သြားေတာ႔သတဲ႔ကြယ္။

Credit : Apannpyay
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မြို့ထဲမှာရှိတဲ့ ကျီးကန်း အကောင်ရေကို အတိအကျ ဖြေနိုင်တဲ့ ပညာရှိအမတ်ကြီး

ပညာရှိသော အကြံပေးအမတ်ကြီးဘီဘာ

ဟိုးရှေးရှေးတုန်းက အိန္ဒိယနိုင်ငံမှာ မဂိုအင်ပါယာလို့ အမည်ရတဲ့ အင်ပါယာကြီးတစ်ခု ထွန်းကားခဲ့ တယ်။ အဲဒီအင်ပါယာရဲ့ ပြည့်ရှင့်ဧကရာဇ်ကတော့ အက္ကဘာပေါ့ကွယ်။ အက္ကဘာဘုရင်ကြီးဟာ သူ့ရဲ့ အမတ် တွေကို အဖြေရခက်စေမယ့် ဉာဏ်စမ်းပဟေဠိတွေ မေးရတာ တော်တော်ဝါသနာပါသတဲ့။ သူဟာ ထူးဆန်းပြီး ခက်ခဲ့တဲ့ မေးခွန်းမျိုးတွေ မကြာခဏမေးလေ့ရှိတယ်။ သူ မေးတဲ့ မေးခွန်းတွေကို ဖြေနိုင်ဆိုနိုင်ဖို့ဆိုတာ အတော်ကို ပညာဉာဏ်ကြီးမားမှသာလျှင် ဖြစ်နိုင်ပေလိမ့်မယ်။

birbal

တစ်နေ့မှာ အက္ကဘာဘုရင်ကြီးဟာ ညီလာခံတစ်ခုမှာ သူ့ရဲ့အမတ်တွေကို မေးခွန်းတစ်ခု မေးလိုက် သတဲ့။ မေးခွန်းက ထူးဆန်းတော့ အမတ်အားလုံးလည်း ဆွံ့အသွားကြပြီး ဘာပြန်ဖြေလို့ ဖြေရမယ်မှန်းမသိ တော့ဘူး။

ဘုရင်ကြီးဟာ သူ့အမတ်တွေဆီက အဖြေရဖို့ တစ်ယောက်ပြီး တစ်ယောက်လိုက်ကြည့်တယ်။ အားလုံး ဟာ အဖြေပြန်ပေးနိုင်ဖို့ ခေါင်းတွေငုံ့ပြီး အားစိုက်ထုတ် စဉ်းစားနေကြသတဲ့။ အဲဒီအချိန်မှာပဲ ညီလာခံထဲကို ပညာရှိအမတ်ကြီးဘီဘာ ရောက်လာပါတယ်။ ဘုရင်ကြီးရဲ့ စိတ်သဘောကို နားလည်တဲ့ အမတ်ကြီးဟာ ညီ လာခံမှာ ဖြစ်နေတဲ့ အခြေအနေတွေကို တစ်ချက်ကြည့်လိုက်ရုံနဲ့ သဘောပေါက်လိုက်တာမို့ ရောက်ရောက်ချင်း ပဲ ဘုရင်ကြီးကို အောက်ပါအတိုင်း မေးလိုက်တယ်။

“မေးခွန်းရဲ့ အဖြေကို ကြိုးစားရှာဖွေနိုင်ဖို့အတွက် ကျွန်တော်မျိုးအနေနဲ့ အရှင်မင်းကြီးရဲ့ မေးခွန်းကို သိခွင့်ရှိပါသလားအရှင်”

“ငါ့ရဲ့ နန်းမြို့တော်ထဲမှာ ကျီးကန်းဘယ်နှစ်ကောင်ရှိသလဲအမတ်ကြီး”လို့ အက္ကဘာဘုရင်ကြီးက မဆိုင်းမတွပြောလိုက်တယ်။

နည်းနည်းလေးမှတောင် စဉ်းစားမနေတော့ဘဲနဲ့ အမတ်ကြီးဘီဘာက အောက်ပါအတိုင်း ပြန်ဖြေသတဲ့။

“ကျီးကန်းပေါင်း ငါးထောင်ငါးရာနဲ့ ရှစ်ဆယ့်သုံးကောင် ရှိပါတယ်အရှင်မင်းကြီး”

အက္ကဘာမင်းကြီးလည်း အံ့သြပြီး အောက်ပါအတိုင်း ထပ်မေးလိုက်တယ်။

“အဲဒီလောက်တောင် သေချာရဲ့လားအမတ်ကြီးရဲ့”

“မှန်ပါ။ ရဲမက်တွေကို လွှတ်ပြီး လိုက်လံရေတွက်ကြည့်ခိုင်းနိုင်ပါတယ်အရှင်။ တကယ်လို့ ကျွန်တော်မျိုး ပြောတဲ့ အရေအတွက်ထက် ပိုနေရင်တော့ တခြားနယ်က ကျီးကန်းတွေက သူတို့အမျိုးတွေဆီ လာလည်နေကြ တာ ဖြစ်နိုင်ပါတယ်။ တကယ်လို့ လျော့နေတယ်ဆိုရင်တော့ နယ်ခံကျီးကန်းတချို့ဟာ တခြားနယ်က သူတို့ အမျိုးတွေဆီ သွားလည်နေကြတာ ဖြစ်နိုင်ကြောင်းပါအရှင်မင်းကြီး”

အမတ်ကြီးရဲ့ ပညာဉာဏ်နဲ့ ပြည့်စုံတဲ့ အဖြေကို ကြားလိုက်ရတဲ့အခါမှာ အက္ကဘာဘုရင်ကြီးလည်း ကျေနပ်နှစ်သိမ့်သွားတော့သတဲ့ကွယ်။

Credit : Apannpyay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top