iMyanmarHouse.com - Best Property Website for Myanmar
×

ႏိုင္ငံတကာရဲ႕ ဟင္းပြဲေတြမွာ တြင္တြင္က်ယ္က်ယ္အသံုးျပဳတတ္တဲ့ Cayenne ငရုပ္မႈန္႕ဟာဆိုရင္ ရွဴးရွဴးရွဲရွဲအစပ္အရသာကိုသာမဟုတ္ဘဲ မထင္မွတ္ထားသည့္ က်န္းမာေရးအက်ိဳးေက်းဇူးမ်ားကိုလည္း ေပးစြမ္းႏုိင္ပါတယ္။

Cayenne ငရုပ္မႈန္႕ကုိ ေန႕စဥ္ ပမာဏအနည္းငယ္စီ ထည့္သြင္းစားသံုးေပးသြားမယ္ဆိုရင္ သင့္က်န္းမာေရးကို အေထာက္အပံ့ျဖစ္ေစမည့္ အက်ိဳးေက်းဇူးမ်ားကို ေဖာ္ျပေပးလုိက္ရပါတယ္။

အရိုးအဆစ္ႏွင့္ ႀကြက္သားနာက်င္မႈကို သက္သာေစျခင္း

Cayenne ငရုပ္မႈန္႕ လက္ဖက္ရည္ဇြန္းတစ္၀က္ခန္႕ကို သံလြင္ဆီေႏြးေႏြးေလး လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္း သို႕မဟုတ္ သံုးဇြန္းျဖင့္ ေရာစပ္ေပးပါ။ နာက်င္ေနသည့္ အရိုးအဆစ္၊ ႀကြက္သားမ်ားအေပၚလိမ္းေပးၿပီး မိနစ္ႏွစ္ဆယ္ႀကာသည့္အခါ ေရေဆးခ်ပါ။ တေန႕တႀကိမ္လုပ္ေဆာင္ေပးပါ။

က်ိဳးေနေသာ သို႕မဟုတ္ ယားယံတတ္ေသာအသားမ်ားအေပၚတြင္ မသံုးမိဖို႕အႀကံေပးခ်င္ပါတယ္။

ေသြးခဲမႈကိုကာကြယ္ေပးျခင္း

Cayenne ငရုပ္မႈန္႕ လက္ဖက္ရည္ဇြန္းတစ္၀က္ခန္႕ကို ေရေႏြးေႏြးတစ္ခြက္ထဲတြင္ ေရာေမႊပါ။ ပန္းသီးရွာလကာရည္ႏွစ္ဇြန္း၊ ပ်ားရည္တစ္ဇြန္းတုိ႕ကို ထပ္ေပါင္းထည့္ၿပီး ႏွံ႕ေအာင္ေမႊပါ။ ေန႕စဥ္ႏွစ္ႀကိမ္ေသာက္သံုးေပးပါ။

၀ိတ္က်ရန္ကူညီေပးျခင္း

လက္ဖက္ရည္ဇြန္း တ၀က္ခန္႕ရွိသည့္ Cayenne ငရုပ္မႈန္႕ကုိ မနက္စာေဖ်ာ္ရည္ သို႕မဟုတ္ သစ္သီးေဖ်ာ္ရည္ထဲတြင္ ထည့္သြင္းစားသံုးေပးျခင္းက အစာစားခ်င္စိတ္ကို ဖိႏွိပ္ေပးကာ ကယ္လိုရီမ်ားကို ေလာင္ကၽြမ္းေစပါတယ္။

အဆိပ္အေတာက္မ်ားဖယ္ရွားေပးျခင္း

သံပုယိုသီးတစ္လံုးကို အရည္ညွစ္ၿပီး Cayenne ငရုပ္မႈန္႕ လက္ဖက္ရည္ဇြန္းတ၀က္ခန္႕၊ ပ်ားရည္တုိ႕ကို ေရေႏြးေႏြးတစ္ခြက္ထဲေပါင္းထည့္ေရာေမႊကာ အစာမရွိခ်ိန္ ေသာက္သံုးေပးပါ။ တစ္လွ်င္ တစ္ပတ္ပဲျပဳလုပ္ေပးပါ။

လည္ပင္းနာတာကိုသက္သာေစျခင္း

ေရေႏြးပူတစ္ခြက္ထဲတြင္ Cayenne ငရုပ္မႈန္႕ လက္ဖက္ရည္ဇြန္းတစ္၀က္ခန္႕ကို ေပါင္းထည့္ကာ ပလုတ္က်င္းေပးပါ။ လည္ပင္းနာတာသက္သာသြားသည္အထိ တေန႕လွ်င္ ၃ ႀကိမ္မွ ၄ ႀကိမ္ ျပဳလုပ္ေပးပါ။

ကင္ဆာကာကြယ္ေပးျခင္း

အဆုတ္၊ အသည္း၊ ရင္သားႏွင့္ အေရျပားကင္ဆာမ်ားျဖစ္ေပၚမႈကို ကာကြယ္ေပးႏိုင္ကာ Cayenne ငရုပ္မႈန္႕တြင္ပါ၀င္သည့္ capsaicin အစပ္သည္ ကင္ဆာဆဲလ္မ်ားကို ေသေစႏိုင္တာေႀကာင့္ ေန႕စဥ္အစာစားသည့္အခါ ထည့္သြင္းစားသံုးေပးပါ။

အေအးမိဖ်ားနာမႈကိုတိုက္ထုတ္ေပးျခင္း

Cayenne ငရုပ္မႈန္႕အနည္းငယ္ႏွင့္ ေထာင္းထားေသာဂ်င္းလက္ဖက္ရည္ဇြန္း တစ္ဇြန္းခန္႕ကို ပ်ားရည္၊ ပန္းသီးရွာလကာရည္တုိ႕ႏွင့္ ေပါင္းစပ္ေပးပါ။ ေရေႏြးေႏြးေလးတ၀က္ခန္႕ကို ထည့္သြင္းၿပီးရင္ တေန႕ႏွစ္ႀကိမ္ေသာက္သံုးႏုိင္ပါၿပီ။

သတိေပးခ်က္မ်ား

ထိခိုက္ဒဏ္ရာမ်ား သို႕မဟုတ္ က်ိဳးေနေသာေျခေထာက္မ်ားတြင္ အသံုးမျပဳပါႏွင့္။ မ်က္လံုး၊ ႏွာေခါင္း၊ ပါးစပ္တို႕ႏွင့္ေ၀းရာမွာထားပါ။

အသက္ႏွစ္ႏွစ္ေအာက္ကေလးငယ္မ်ားအေပၚတြင္ လံုး၀အသံုးမျပဳပါႏွင့္။ capsaicin ခရင္မ္ကိုအသံုးျပဳၿပီးလွ်င္ လက္ကိုေသခ်ာေျပာင္ေအာင္ေဆးပါ။

Credit : My Food
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
နိုင်ငံတကာရဲ့ ဟင်းပွဲတွေမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုတတ်တဲ့ Cayenne ငရုပ်မှုန့်ဟာဆိုရင် ရှူးရှူးရှဲရှဲအစပ်အရသာကိုသာမဟုတ်ဘဲ မထင်မှတ်ထားသည့် ကျန်းမာရေးအကျိုးကျေးဇူးများကိုလည်း ပေးစွမ်းနိုင်ပါတယ်။

Cayenne ငရုပ်မှုန့်ကို နေ့စဉ် ပမာဏအနည်းငယ်စီ ထည့်သွင်းစားသုံးပေးသွားမယ်ဆိုရင် သင့်ကျန်းမာရေးကို အထောက်အပံ့ဖြစ်စေမည့် အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ရပါတယ်။

အရိုးအဆစ်နှင့် ကြွက်သားနာကျင်မှုကို သက်သာစေခြင်း

Cayenne ငရုပ်မှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်ကို သံလွင်ဆီနွေးနွေးလေး လက်ဖက်ရည်ဇွန်း နှစ်ဇွန်း သို့မဟုတ် သုံးဇွန်းဖြင့် ရောစပ်ပေးပါ။ နာကျင်နေသည့် အရိုးအဆစ်၊ ကြွက်သားများအပေါ်လိမ်းပေးပြီး မိနစ်နှစ်ဆယ်ကြာသည့်အခါ ရေဆေးချပါ။ တနေ့တကြိမ်လုပ်ဆောင်ပေးပါ။

ကျိုးနေသော သို့မဟုတ် ယားယံတတ်သောအသားများအပေါ်တွင် မသုံးမိဖို့အကြံပေးချင်ပါတယ်။

သွေးခဲမှုကိုကာကွယ်ပေးခြင်း

Cayenne ငရုပ်မှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်ကို ရေနွေးနွေးတစ်ခွက်ထဲတွင် ရောမွှေပါ။ ပန်းသီးရှာလကာရည်နှစ်ဇွန်း၊ ပျားရည်တစ်ဇွန်းတို့ကို ထပ်ပေါင်းထည့်ပြီး နှံ့အောင်မွှေပါ။ နေ့စဉ်နှစ်ကြိမ်သောက်သုံးပေးပါ။

ဝိတ်ကျရန်ကူညီပေးခြင်း

လက်ဖက်ရည်ဇွန်း တဝက်ခန့်ရှိသည့် Cayenne ငရုပ်မှုန့်ကို မနက်စာဖျော်ရည် သို့မဟုတ် သစ်သီးဖျော်ရည်ထဲတွင် ထည့်သွင်းစားသုံးပေးခြင်းက အစာစားချင်စိတ်ကို ဖိနှိပ်ပေးကာ ကယ်လိုရီများကို လောင်ကျွမ်းစေပါတယ်။

အဆိပ်အတောက်များဖယ်ရှားပေးခြင်း

သံပုယိုသီးတစ်လုံးကို အရည်ညှစ်ပြီး Cayenne ငရုပ်မှုန့် လက်ဖက်ရည်ဇွန်းတဝက်ခန့်၊ ပျားရည်တို့ကို ရေနွေးနွေးတစ်ခွက်ထဲပေါင်းထည့်ရောမွှေကာ အစာမရှိချိန် သောက်သုံးပေးပါ။ တစ်လျှင် တစ်ပတ်ပဲပြုလုပ်ပေးပါ။

လည်ပင်းနာတာကိုသက်သာစေခြင်း

ရေနွေးပူတစ်ခွက်ထဲတွင် Cayenne ငရုပ်မှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်ကို ပေါင်းထည့်ကာ ပလုတ်ကျင်းပေးပါ။ လည်ပင်းနာတာသက်သာသွားသည်အထိ တနေ့လျှင် ၃ ကြိမ်မှ ၄ ကြိမ် ပြုလုပ်ပေးပါ။

ကင်ဆာကာကွယ်ပေးခြင်း

အဆုတ်၊ အသည်း၊ ရင်သားနှင့် အရေပြားကင်ဆာများဖြစ်ပေါ်မှုကို ကာကွယ်ပေးနိုင်ကာ Cayenne ငရုပ်မှုန့်တွင်ပါဝင်သည့် capsaicin အစပ်သည် ကင်ဆာဆဲလ်များကို သေစေနိုင်တာကြောင့် နေ့စဉ်အစာစားသည့်အခါ ထည့်သွင်းစားသုံးပေးပါ။

အအေးမိဖျားနာမှုကိုတိုက်ထုတ်ပေးခြင်း

Cayenne ငရုပ်မှုန့်အနည်းငယ်နှင့် ထောင်းထားသောဂျင်းလက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်ကို ပျားရည်၊ ပန်းသီးရှာလကာရည်တို့နှင့် ပေါင်းစပ်ပေးပါ။ ရေနွေးနွေးလေးတဝက်ခန့်ကို ထည့်သွင်းပြီးရင် တနေ့နှစ်ကြိမ်သောက်သုံးနိုင်ပါပြီ။

သတိပေးချက်များ

ထိခိုက်ဒဏ်ရာများ သို့မဟုတ် ကျိုးနေသောခြေထောက်များတွင် အသုံးမပြုပါနှင့်။ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့နှင့်ဝေးရာမှာထားပါ။

အသက်နှစ်နှစ်အောက်ကလေးငယ်များအပေါ်တွင် လုံးဝအသုံးမပြုပါနှင့်။ capsaicin ခရင်မ်ကိုအသုံးပြုပြီးလျှင် လက်ကိုသေချာပြောင်အောင်ဆေးပါ။

Credit : My Food

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top