iMyanmarHouse.com - Best Property Website for Myanmar
×

သရုပ္ေဆာင္ဒိန္းေဒါင္ရဲ႕ သမီး ဒိန္းပုိပုိေဒါင္ကေတာ့ လူမႈကြန္ယက္စာမ်က္ႏွာမွာျဖစ္ေပၚေနတဲ့ အက်င့္ပ်က္ေဗဒင္ ဆရာ တစ္ေယာက္ျဖစ္တဲ့ ေအာင္ခ်စ္ပုိကုိ တရားစြဲဆုိသြားမွာျဖစ္ၿပီး ျပစ္ဒဏ္မက်မျခင္းအဆုံးအစြန္ထိ ေဆာင္ရြက္သြား မယ္လုိ႔ Duwun Media ကေနေျပာျပခဲ့ပါတယ္။

” ေဖႀကီးကေတာ့ ေမးတယ္၊ ဘာေတြျဖစ္ေနလဲ၊ ဂရုတစုိက္ေနေပါ့၊ အင္တာဗ်ဴးေတြလာရင္လည္း ဘာေတြေျဖလဲ ဆုိၿပီး ဒါပဲေမးတယ္၊ အမႈဖြင့္ဖုိ႔ ကိစၥတုိ႔ကေတာ့ ေဖႀကီးနဲ႔မတုိင္ပင္ရေသးဘူး။ ျဖစ္ေၾကာင္းကုန္စင္ေတြကုိေတာ့ သိတယ္ အမႈဖြင့္ဖုိ႔ ကိစၥေတြကုိေတာ့ ေဖႀကီးနဲ႔စကားမေျပာျဖစ္ေသးဘူး။ ခံခဲ့ရဖူးတဲ့ မိန္းကေလးေတြကုိ ညီမ စုခဲ့တာေတာ့ မဟုတ္ပါဘူး အင္ၾကင္းေမာ္ ဆုိတဲ့ အစ္မက သူကဦးစီးၿပီးေတာ့ အဲ့ဒီမိန္းကေလးေတြကုိ စုတယ္” လုိ႔ ဆုိပါတယ္။

တရားစြဲဆုိသြားမယ့္ အမႈမွာလည္း ၁၀၀ ရာခုိင္ႏႈန္းႏိုင္မယ္လုိ႔ ယုံၾကည္ထားတဲ့အေၾကာင္းေျပာျပခဲ့ပါတယ္။

” ကုိယ္ေရာ၊ တျခားမိန္းကေလးေတြ အားလုံးကေရာ အမွန္တရားပဲေျပာၾကတယ္၊ အမွန္တရားဘက္ကေန အားလုံးက ရပ္တည္ေနၾကတဲ့အတြက္ အမႈႏုိင္မယ္လုိ႔ ၁၀၀ ရာခုိင္ႏႈန္းယုံၾကည္ပါတယ္။ ၉ ထပ္ႀကီး မွာျဖစ္တာဆုိေတာ့ စမ္းေခ်ာင္း ရဲစခန္းမွာ အမႈဖြင့္မွ ရမယ္လုိ႔ ေျပာပါတယ္။ အားလုံးက မွန္ကန္တယ္ဆုိတာကုိ ကုိယ့္ကုိယ္ကုိလည္း ေထာက္ခံတယ္၊ ညီမတုိ႔ မွန္တယ္ဆုိတာကုိလည္း ဒီလူကုိယ္တုိင္သိမွာပါ” လုိ႔ သူကဆုိပါတယ္။

ေဗဒင္ဆရာေအာင္ခ်စ္ပုိ ရဲ႕ အက်င့္ပ်က္မႈေတြကုိ ခံခဲ့ရေပမယ့္ ထုတ္မေျပာရဲတဲ့ မိန္းကေလးေတြကုိလည္း လာေရာက္ ကူညီေပးဖုိ႔ စကားဆုိခဲ့ပါတယ္။

” သူကေတာ့ အခုခ်ိန္မွာ ျငင္းဆဲပါပဲ သူဘယ္ေလာက္ပဲ ျငင္းျငင္း တရားဥပေဒက မွန္ကန္စြာနဲ႔ေဆာင္ရြက္ေပးသြား လိမ့္မယ္လုိ႔ ယုံၾကည္ပါတယ္။ အဲ့ဒါေၾကာင့္လည္း သူ႔အျပစ္ကုိ ဝန္မခံမျခင္း၊ သူ ျပစ္ဒဏ္မက်မျခင္းကုိ ညီမတုိ႔ဘက္က အဆုံးအစြန္ထိ လုပ္သြားဖုိ႔ အစီအစဥ္ရွိပါတယ္။ ေရွ႕မထြက္ရဲတဲ့ မိန္းကေလးေတြအတြက္ကုိလည္း ညီမေျပာခ်င္တာက သူကအခုဝန္မခံေသးတဲ့အတြက္ သူဝန္ခံလာေအာင္ ညီမတုိ႔ဘက္က အားလုံးစည္းစည္းရုံးရုံးနဲ႔ လုပ္ေဆာင္မွသာ ဒီလူထုိက္သင့္တဲ့ အျပစ္ဒဏ္ကုိ ခံရမွာျဖစ္တဲ့အတြက္ေၾကာင့္ အမႈမဖြင့္ရင္ေတာင္မွ သက္ေသအျဖစ္ ကူညီေပးေစ ခ်င္ပါတယ္” လုိ႔ ဒိန္းပုိပုိေဒါင္က ေျပာပါတယ္။

သရုပ္ေဆာင္ ဒိန္းပုိပုိေဒါင္ကေတာ့ ေဗဒင္ဆရာ ေအာင္ခ်စ္ပုိ ကို ဆယ္တန္းအရြယ္မွာ စေတြ႔ခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ အက်င့္ပ်က္မႈေတြကုိ ခံခဲ့ရဖူးေပမယ့္ အရြယ္ကလည္း ငယ္ေသး၊ မိခင္ျဖစ္သူကလည္း အရွက္ရမွာ စုိးတဲ့အတြက္ တုိင္ၾကားမႈေတြ ျပဳလုပ္ခဲ့ျခင္းမရွိဘူးလုိ႔ ဆုိပါတယ္။ အခုခ်ိန္မွာေတာ့ ၾကားေနရတဲ့ သတင္းေတြကလည္း မ်ားျပားလာတဲ့ အတြက္ ေဗဒင္ဆရာေအာင္ခ်စ္ပုိ ကုိတရားစြဲဆုိဖုိ႔ စီစဥ္ျဖစ္သြားတယ္လုိ႔ သိရပါတယ္။

Photo: ဒိန္းပုိပုိေဒါင္ေဖ့စ္ဘုတ္

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သရုပ်ဆောင်ဒိန်းဒေါင်ရဲ့ သမီး ဒိန်းပိုပိုဒေါင်ကတော့ လူမှုကွန်ယက်စာမျက်နှာမှာဖြစ်ပေါ်နေတဲ့ အကျင့်ပျက်ဗေဒင် ဆရာ တစ်ယောက်ဖြစ်တဲ့ အောင်ချစ်ပိုကို တရားစွဲဆိုသွားမှာဖြစ်ပြီး ပြစ်ဒဏ်မကျမခြင်းအဆုံးအစွန်ထိ ဆောင်ရွက်သွား မယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

” ဖေကြီးကတော့ မေးတယ်၊ ဘာတွေဖြစ်နေလဲ၊ ဂရုတစိုက်နေပေါ့၊ အင်တာဗျူးတွေလာရင်လည်း ဘာတွေဖြေလဲ ဆိုပြီး ဒါပဲမေးတယ်၊ အမှုဖွင့်ဖို့ ကိစ္စတို့ကတော့ ဖေကြီးနဲ့မတိုင်ပင်ရသေးဘူး။ ဖြစ်ကြောင်းကုန်စင်တွေကိုတော့ သိတယ် အမှုဖွင့်ဖို့ ကိစ္စတွေကိုတော့ ဖေကြီးနဲ့စကားမပြောဖြစ်သေးဘူး။ ခံခဲ့ရဖူးတဲ့ မိန်းကလေးတွေကို ညီမ စုခဲ့တာတော့ မဟုတ်ပါဘူး အင်ကြင်းမော် ဆိုတဲ့ အစ်မက သူကဦးစီးပြီးတော့ အဲ့ဒီမိန်းကလေးတွေကို စုတယ်” လို့ ဆိုပါတယ်။

တရားစွဲဆိုသွားမယ့် အမှုမှာလည်း ၁၀၀ ရာခိုင်နှုန်းနိုင်မယ်လို့ ယုံကြည်ထားတဲ့အကြောင်းပြောပြခဲ့ပါတယ်။

” ကိုယ်ရော၊ တခြားမိန်းကလေးတွေ အားလုံးကရော အမှန်တရားပဲပြောကြတယ်၊ အမှန်တရားဘက်ကနေ အားလုံးက ရပ်တည်နေကြတဲ့အတွက် အမှုနိုင်မယ်လို့ ၁၀၀ ရာခိုင်နှုန်းယုံကြည်ပါတယ်။ ၉ ထပ်ကြီး မှာဖြစ်တာဆိုတော့ စမ်းချောင်း ရဲစခန်းမှာ အမှုဖွင့်မှ ရမယ်လို့ ပြောပါတယ်။ အားလုံးက မှန်ကန်တယ်ဆိုတာကို ကိုယ့်ကိုယ်ကိုလည်း ထောက်ခံတယ်၊ ညီမတို့ မှန်တယ်ဆိုတာကိုလည်း ဒီလူကိုယ်တိုင်သိမှာပါ” လို့ သူကဆိုပါတယ်။

ဗေဒင်ဆရာအောင်ချစ်ပို ရဲ့ အကျင့်ပျက်မှုတွေကို ခံခဲ့ရပေမယ့် ထုတ်မပြောရဲတဲ့ မိန်းကလေးတွေကိုလည်း လာရောက် ကူညီပေးဖို့ စကားဆိုခဲ့ပါတယ်။

” သူကတော့ အခုချိန်မှာ ငြင်းဆဲပါပဲ သူဘယ်လောက်ပဲ ငြင်းငြင်း တရားဥပဒေက မှန်ကန်စွာနဲ့ဆောင်ရွက်ပေးသွား လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒါကြောင့်လည်း သူ့အပြစ်ကို ဝန်မခံမခြင်း၊ သူ ပြစ်ဒဏ်မကျမခြင်းကို ညီမတို့ဘက်က အဆုံးအစွန်ထိ လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ ရှေ့မထွက်ရဲတဲ့ မိန်းကလေးတွေအတွက်ကိုလည်း ညီမပြောချင်တာက သူကအခုဝန်မခံသေးတဲ့အတွက် သူဝန်ခံလာအောင် ညီမတို့ဘက်က အားလုံးစည်းစည်းရုံးရုံးနဲ့ လုပ်ဆောင်မှသာ ဒီလူထိုက်သင့်တဲ့ အပြစ်ဒဏ်ကို ခံရမှာဖြစ်တဲ့အတွက်ကြောင့် အမှုမဖွင့်ရင်တောင်မှ သက်သေအဖြစ် ကူညီပေးစေ ချင်ပါတယ်” လို့ ဒိန်းပိုပိုဒေါင်က ပြောပါတယ်။

သရုပ်ဆောင် ဒိန်းပိုပိုဒေါင်ကတော့ ဗေဒင်ဆရာ အောင်ချစ်ပို ကို ဆယ်တန်းအရွယ်မှာ စတွေ့ခဲ့တာဖြစ်ပြီး သူ့ရဲ့ အကျင့်ပျက်မှုတွေကို ခံခဲ့ရဖူးပေမယ့် အရွယ်ကလည်း ငယ်သေး၊ မိခင်ဖြစ်သူကလည်း အရှက်ရမှာ စိုးတဲ့အတွက် တိုင်ကြားမှုတွေ ပြုလုပ်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။ အခုချိန်မှာတော့ ကြားနေရတဲ့ သတင်းတွေကလည်း များပြားလာတဲ့ အတွက် ဗေဒင်ဆရာအောင်ချစ်ပို ကိုတရားစွဲဆိုဖို့ စီစဉ်ဖြစ်သွားတယ်လို့ သိရပါတယ်။

Photo: ဒိန်းပိုပိုဒေါင်ဖေ့စ်ဘုတ်

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top