iMyanmarHouse.com - Best Property Website for Myanmar
×

သားငယ္ရဲ႕ “လမ္းကေလး” လို႕နာမည္ေပးထားတဲ့ တစ္ကိုယ္ေတာ္အေခြကေတာ့ ေဖေဖာ္ဝါရီ(၂) ရက္ေန႕က ထြက္ရွိခဲ့ပါတယ္။ အေခြထြက္ၿပီးေနာက္ပိုင္း စစ္ေတြမွာ အေခြပရိုမိုးရွင္း ျပဳလုပ္ခဲ့ရာ စစ္ေတြရဲ႕ ပရိသတ္ေတြရဲ႕ မထင္မွတ္ထား ေလာက္တဲ့ အားေပးမႈေတြ ေတြ႕ခဲ့ရတာေၾကာင့္ သားငယ္တစ္ေယာက္ ေပ်ာ္လို႕ ေနပါတယ္။

သားငယ္ကေတာ့ အေခြေရာင္းလို႕ရတဲ့ ေငြ အျမတ္အစြန္းမ်ားအား သားငယ္ေဖာင္ေဒးရွင္းကေန တစ္ဆင့္ (ABD) ပရဟိတေသြး အလွဴရွင္မ်ားအသင္းသို႕ လွဴဒါန္းႏုိင္ခဲ့တာေၾကာင့္ ေပ်ာ္လို႕ေနပါတယ္။

“ေက်းဇူး (အထူး)ပါ စစ္ေတြ မထင္မွတ္ထားေလာက္ေအာင္ အားေပးခ်စ္ခင္ၾကတဲ့အတြက္ပါ အေခြေရာင္းရေငြ အျမတ္အစြန္း မ်ားအား သားငယ္ေဖာင္ေဒးရွင္း မွတစ္ဆင့္ (ABD)ပရဟိတေသြးအလႈဳရွင္မ်ားအသင္းသို႔ လႈဳဒါန္းႏိုင္ခဲ့ပါသည္။

ေက်းဇူးရွင္ပရိတ္သတ္မ်ားအားလံုး

#သာဓုေခၚဆိုႏိုင္ပါတယ္ခင္ဗ်” ဆုိၿပီးေတာ့လည္း ေျပာထားပါတယ္။

အခုေတာ့ ေက်ာက္ျဖဴမွာ ရွိတဲ့ သူ႕ရဲ႕ ပရိသတ္ေတြဆီကို လာေနၿပီဆုိၿပီး လြန္ခဲ့တဲ့ မိနစ္ပိုင္းက သူ႕ရဲ႕ေဖ့စ္ဘြတ္ေပၚမွာ ေရးထားတာေတြ႕ ရပါတယ္။ လမ္းကေလးလို႕ နာမည္ေပးထားတဲ့ သားငယ္ရဲ႕ အေခြထဲမွာေတာ့ သူကိုယ္တိုင္အရမ္းႀကိဳက္တဲ့ ေတးေရးဆရာေတြ ေရးေပးတဲ့ သီခ်င္းေတြ ပါဝင္သလို ပရိသတ္ေတြ အႀကိဳက္နဲ႕ သားငယ္ရဲ႕ အႀကိဳက္ေလးေတြ ပါဝင္တယ္လို႕ သိရပါတယ္။

အဆုိေတာ္ သားငယ္ကုိေတာ့ Myanmar idol Season 2 ကေန ပရိသတ္အားေပးမႈအမ်ားႀကီးရရွိခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။

Photo : သားငယ္ FB

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သားငယ်ရဲ့ “လမ်းကလေး” လို့နာမည်ပေးထားတဲ့ တစ်ကိုယ်တော်အခွေကတော့ ဖေဖော်ဝါရီ(၂) ရက်နေ့က ထွက်ရှိခဲ့ပါတယ်။ အခွေထွက်ပြီးနောက်ပိုင်း စစ်တွေမှာ အခွေပရိုမိုးရှင်း ပြုလုပ်ခဲ့ရာ စစ်တွေရဲ့ ပရိသတ်တွေရဲ့ မထင်မှတ်ထား လောက်တဲ့ အားပေးမှုတွေ တွေ့ခဲ့ရတာကြောင့် သားငယ်တစ်ယောက် ပျော်လို့ နေပါတယ်။

သားငယ်ကတော့ အခွေရောင်းလို့ရတဲ့ ငွေ အမြတ်အစွန်းများအား သားငယ်ဖောင်ဒေးရှင်းကနေ တစ်ဆင့် (ABD) ပရဟိတသွေး အလှူရှင်များအသင်းသို့ လှူဒါန်းနိုင်ခဲ့တာကြောင့် ပျော်လို့နေပါတယ်။

“ကျေးဇူး (အထူး)ပါ စစ်တွေ မထင်မှတ်ထားလောက်အောင် အားပေးချစ်ခင်ကြတဲ့အတွက်ပါ အခွေရောင်းရငွေ အမြတ်အစွန်း များအား သားငယ်ဖောင်ဒေးရှင်း မှတစ်ဆင့် (ABD)ပရဟိတသွေးအလှုုရှင်များအသင်းသို့ လှုုဒါန်းနိုင်ခဲ့ပါသည်။

ကျေးဇူးရှင်ပရိတ်သတ်များအားလုံး

#သာဓုခေါ်ဆိုနိုင်ပါတယ်ခင်ဗျ” ဆိုပြီးတော့လည်း ပြောထားပါတယ်။

အခုတော့ ကျောက်ဖြူမှာ ရှိတဲ့ သူ့ရဲ့ ပရိသတ်တွေဆီကို လာနေပြီဆိုပြီး လွန်ခဲ့တဲ့ မိနစ်ပိုင်းက သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ရေးထားတာတွေ့ ရပါတယ်။ လမ်းကလေးလို့ နာမည်ပေးထားတဲ့ သားငယ်ရဲ့ အခွေထဲမှာတော့ သူကိုယ်တိုင်အရမ်းကြိုက်တဲ့ တေးရေးဆရာတွေ ရေးပေးတဲ့ သီချင်းတွေ ပါဝင်သလို ပရိသတ်တွေ အကြိုက်နဲ့ သားငယ်ရဲ့ အကြိုက်လေးတွေ ပါဝင်တယ်လို့ သိရပါတယ်။

အဆိုတော် သားငယ်ကိုတော့ Myanmar idol Season 2 ကနေ ပရိသတ်အားပေးမှုအများကြီးရရှိခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

Photo : သားငယ် FB

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top