iMyanmarHouse.com - Best Property Website for Myanmar
×







Green Tea



ရှားစောင်းလက်ပတ်



ဗီတာမင် စီ



Credit : My Food

သွားတွေ ရေစီးကမ်းပြိုဖြစ်ချင်လာပြီဆိုရင် ဒါက သွားပျက်စီးနေပြီဆိုတာကို အချက်ပေးလိုက်တာဘဲဖြစ်ပါတယ်။

နာကျင်တာကို ခံစားရနိုင်တဲ့အပြင် သွားနဲ့ သွားဖုံးကြားမှာ ပိုကျဲလာနိုင်သလို အပေါက်တွေဖြစ်လာနိုင်ပြီး ဘက်တီးရီးယားတွေ ပိုပေါက်ပွားနိုင်ပါတယ်။

ဘာကြောင့် သွားရေစီးကမ်းပြိုဖြစ်ရသလဲ

အများအားဖြင့် မီးသွေးနဲ့သွားတိုက်ခြင်းတို့ကြောင့်ဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့်လည်း သွားရေစီးကမ်းပြိုဖြစ်နိုင်ပါတယ်။

တခါတလေကျရင် သွားကို ခဏခဏ ကြမ်းကြမ်းတမ်းတမ်း တိုက်ခြင်းတို့ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဖြစ်ပွားသူ ၃၀ ရာခိုင်နှုန်းကတော့ မျိုးရိုးဗီဇကြောင့်ဖြစ်ပါတယ်။

သွားရေစီးကမ်းပြိုဖြစ်ခြင်းကို ကာကွယ်၊ လျော့ချပေးနိုင်တဲ့ နည်းလမ်းများ

Green Tea

အမေရိကန် သွားဖက်ဆိုင်ရာ အဖွဲ့အစည်းက ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ ပုံမှန် Green Tea သောက်သူဟာ ခံတွင်းနဲ့ သွားဖုံးကျန်းမာရေး ပိုကောင်းတာကိုတွေ့ရှိခဲ့ရပါတယ်။

သွားရေစီးကမ်းပြိုလိုက်ခြင်း၊ သွားဖုံးသွေးထွက်ခြင်း စတဲ့ သွားရောဂါတွေကို ကာကွယ် ကုသပေးနိုင်ပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ကတော့ ရောဂါတိုင်းအတွက် ကောင်းမွန်တဲ့ ဆေးဖက်အဝင်ပါဘဲ။ ရှားစောင်းလက်ပတ်မှာ ခံတွင်းနဲ့သွားကျန်းမာရေးအတွက် အကျိုးပြုတဲ့ ဓာတ်ပေါင်း ၁၅ မျိုးလောက်ပါဝင်ပါတယ်။

ဒါ့ကြောင့် ရှားစောင်းလက်ပတ်အနှစ်ကို သွားတိုက်ဆေးထဲထည့်ပြီးတိုက်ပေးနိုင်သလို ရှားစောင်းလက်ပတ်နဲ့ လုပ်ထားတဲ့ သွားတိုက်ဆေး၊ ခံတွင်းကျင်းဆေးတွေကိုလည်း အသုံးပြုပေးလို့ရပါတယ်။

ဗီတာမင် စီ

ဗီတာမင်စီက သွားဖုံးသွေးထွက်တာတွေ၊ သွားကြားသွေးထွက်၊ ရေစီးကမ်းပြိုလိုက်တာတွေအတွက် အကောင်းဆုံးပါဘဲ။

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားတက္ကသိုလ်က ၁၄ ပတ်ကြာလေ့လာခဲ့တဲ့သုတေသနအရ ဗီတာမင်စီဓာတ်နည်းလာရင် သွားကြား၊သွားဖုံးကြားသွေးထွက်တာနဲ့ ရေစီးကမ်းပြိုလိုက်တာတွေဖြစ်လာတာကိုတွေ့ရပါတယ်။

Credit : My Food

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top