iMyanmarHouse.com - Best Property Website for Myanmar
×
အဆိုတော် လင်းလင်းနဲ့ သရုပ်ဆောင်၊ အဆိုတော် ချစ်သုဝေတို့ဟာ ဘာသာမတူပေမယ့်လည်း ခိုင်မြဲတဲ့ အချစ်တွေနဲ့ လက်ထက်ခဲ့ကြတာ ပရိသတ်ကြီးအသိပါ.. သိပ်ချစ်ကြတဲ့ သူတို့စုံတွဲဟာ နားလည်မှုရှိရှိနဲ့ တစ်ယောက်ရဲ့ ဘာသာရေးကို တစ်ယောက်က ဝင်မစွက်ဖက်ခဲ့ကြပါဘူး။ ရင်သွေးလေးတွေဖြစ်တဲ့ ခေတ်နဲ့ သစ်တို့ရဲ့ ဘာသာရေးကိုးကွယ်မှုနဲ့ ပတ်သက်ပြီးတော့လည်း အခုလိုပြောပြပါတယ်။
ထရီဇာက ချစ်ခြင်းမေတ္တာကိုယုံကြည်တယ်။ အဲ့တော့ ချစ်ခြင်းမေတ္တာအသိုင်းအဝိုင်းလေးတစ်စု၊ နွေးထွေးတဲ့အသိုင်းအဝိုင်းလေးတစ်ခုမှာပဲ သမီးလေးတွေကို ကြီးပြင်းစေချင်တာကတော့ ရင်ထဲက ဆန္ဒပေါ့။ ကျန်တာတော့ အနုပညာသွေးပါလာရင်တော့ သူတို့အနုပညာလမ်းကြောင်းပေါ်လျှောက်ချင်ရင်တော့ အဖေရော၊ အမေရောက support လုပ်ရမှာပေါ့။ တခြားသောအရာကို သူတို့စိတ်ဝင်စားတယ်ဆိုလည်း သူတို့စိတ်ဝင်စားတဲ့ သူတို့ဖြစ်ချင်တဲ့အရာလေးတွေကို support လုပ်ရမှာပေါ့.. ဘာဖြစ်စေချင်တယ် ညာဖြစ်စေချင်တယ်ဆိုတာထက်ပေါ့။ သမီးလေးတွေကို ဘာသာတရားကိုင်းရှိုင်းတဲ့လူကောင်းလူမွန်လေးတွေ ဖြစ်စေချင်တယ်။
ကိုယ့် တိုင်းပြည် ကိုယ့်လူမျိုးအတွက် အကျိုးပြုနိုင်တဲ့ တစ်ဖက်တစ်လမ်းကနေ အကျိုးပြုနိုင်တဲ့ လူကောင်းလူမွန်လေးတွေဖြစ်စေချင်ပါတယ်။ ကျန်တာတော့ ကြီးကြီးမားမား မရှိပါဘူး။ သူတို့ နှစ်သက်တဲ့ သူတို့လေ့လာတဲ့ သူတို့ သေသေချာချာ ယုံကြည်ကိုးစားတဲ့အရာ အဲဒီဘာသာတရားကိုပဲ သူတို့ကို လိုက်စေချင်တယ်။ ထရီဇာတို့နှစ်ယောက်ကဘာသာတရားမတူပဲ လက်ထက်ထားတယ်ဆိုပေမယ့် ဘာသာတရားတိုင်းကို လေးစားတယ်။ ရိုရိုသေသေပဲ ။ ထရီဇာ့ မိဘ တွေကလည်း မေမေဆို ခရစ်ယာန်၊ ဖေဖေဆိုဗုဒ္ဓဘာသာ အဲ့လိုပဲ သားသမီးလေးတွေကို သူ့ဘာသာ ငါ့ဘာသာရယ်လို့ မခွဲဘူး။ သူတို့ယုံကြည်ရာ ဘာသာလေးတွေကိုပဲ သူတို့ကိုးကွယ်ပါစေ။
အဓိကတော့ သူတို့ ယုံကြည်ရာဘာသာတရားမှာ သူတို့ဟာ ဒီ ဘာသာတရား ကို လေးမြတ်စေတဲ့ ကိုယ့်ကြောင့်ဘာသာတရား ညိုးနွမ်းသွားစေတဲ့ အကြံဉာဏ် အပြောအဆိုတွေ မပြောမိတဲ့ ဘာသာဝင်ကောင်းတွေပဲ ဖြစ်စေချင်တယ်ပေါ့.နော်။ ဘာသာတရား နဲ့ ပတ်သက်လို့ စိုးရိမ်တာလေးတစ်ခုရှိတယ်။ အဲ့ဒါကတော့ ပတ်ဝန်းကျင်တွေရဲ့ မှားယွင်းတဲ့ အယူအဆတွေကြောင့် ဘာသာတရားကို မလေးစားမိတဲ့ ညိုးနွမ်းအောင် ကိုယ်ကိုယ်တိုင်က မသိလိုက်ဘဲ လုပ်မိလိုက်တဲ့ လူတွေတော့ မဖြစ်စေချင်ပါဘူး။ သမီးလေး နှစ်ယောက်ကိုပါချစ်ပေး၊ မေတ္တာတွေပေးတဲ့အတွက် ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်။ သမီးလေးတွေကို မေတ္တာတရား တွေကြားမှာ ရှင်သန်ကြီးထွားစေချင်တဲ့အတွက် ဆက်လက်ပြီးချစ်ပေးကြပါ။ ဆက်လက်ပြီးဂရုစိုက်ပေးကြပါ။ မေတ္တာပြည့်ဝတဲ့ အပြောလေးတွေ၊ ဖေးမမှုလေးတွေ အလုပ်တွေနဲ့ သမီးလေးတွေကို ဝန်းရံပေးပါလို့ ကျေးဇူးအများကြီးတင်ပါတယ်လို့” မေမေ ထရီဇာက ပြောပါတယ်။
Credit:Original Uploader
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top