iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ဦးနဲ႔တစ္ဦး ေရရွည္တည္တံ့စြာ လက္တြဲလို႔ရတယ္ဆိုတာ ခြင့္လႊတ္ျခင္း ေၾကာင့္ပါတဲ့။ အခ်စ္ ထက္ကို ပိုတဲ့ စိတ္သေဘာထားျပည့္ဝမႈေလးပါ။

ႏွစ္ကိုယ္တူစိတ္တိုင္းက် ထူေထာင္ထားတဲ့ အိမ္ေထာင္ေရး ေလး ေရရွည္တည္ျမဲဖို႔ဆိုတာ ခင္ပြန္း ေရာ၊ ဇနီး ေရာနဲ႔ပါ သက္ဆိုင္ပါတယ္။ ေသြးသား မေတာ္စပ္တဲ့သူေတြ တစ္အိမ္တည္းမွာ ေရရွည္တည္ျမဲဖို႔ဆိုတာ ခြင့္လႊတ္ျခင္း၊ နားလည္ျခင္း၊ ခ်စ္ျခင္း ေတြအျပင္ သစၥာရွိမႈ ဆို တာလည္း မျဖစ္မေန လိုအပ္ပါတယ္။ တစ္ဦးနဲ႔ တစ္ဦး ေရရွည္တည္ျမဲဖို႔အတြက္ ဒီလိုအရာေလးေတြ လုပ္ေဆာင္ၾကည့္ဖို႔လိုပါတယ္။

တစ္ဦးနဲ႔တစ္ဦး ကိစၥတိုင္းမွာ အျမင္မတူႏိုင္ပါဘူး။ ကိစၥတစ္ခုကို ျငင္းခုံဖုိ႔ထက္ ညွိႏိႈင္းေဆြးေႏြးဖို႔ လုပ္ပါ။ တစ္ေယာက္ရဲ႕ အျမင္ကို တစ္ေယာက္က ေလးစားပါ။ မတူညီတဲ့သေဘာထားတာေတြ ရွိလာတာကို သေဘာတူေပးႏိုင္ေအာင္ ျပင္ဆင္ထားဖို႔လည္း လိုအပ္ပါတယ္။ တစ္ဦးနဲ႔တစ္ဦး ေရရွည္တည္တံ့စြာ လက္တြဲလို႔ရတယ္ဆိုတာ ခြင့္လႊတ္ျခင္းေၾကာင့္ပါတဲ့။ အခ်စ္ထက္ကို ပိုတဲ့ စိတ္သေဘာထားျပည့္ဝမႈေလးပါ။ တစ္ေယာက္အမွားကို တစ္ေယာက္ ခြင့္လႊတ္ႏိုင္မွ ေပ်ာ္ရႊင္တဲ့ အိမ္ေထာင္ေရး ကို ပုိင္ဆိုင္ရမယ္ဆိုတာ သတိရပါေနာ္။

ကိုယ့္ရဲ႕ အိမ္ေထာင္ဖက္ အေျခအေနကို နားလည္ပါ။ သူက အားငယ္ တတ္တယ္ဆိုရင္ သူ႕မွာရဲရဲေတာက္ စြမ္းအင္ေတြမရွိတာကို လက္ခံေပးရမွာပါ။ သူက ဦးေဆာင္တတ္သူဆိုရင္ ကိုယ့္ရဲ႕ သေဘာဆႏၵ အတိုင္း အကုန္လံုး မလိုက္ေလ်ာႏိုင္တာကို နားလည္ေပးရမွာပါ။

အခ်စ္စိတ္ ဆိုတာ လူကို လန္းဆန္းတက္ၾကြေစေပမယ့္ တစ္ဦးတစ္ေယာက္ေပၚမွာပဲ အျမဲတမ္း အခ်စ္စိတ္ ေတြ လန္းဆန္းတက္ၾကြေနဖို႔ဆိုတာကေတာ့ တစ္ခါတစ္ေလ ခက္ပါတယ္။ ဒီေတာ့ ကိုယ့္ရဲ႕ အိမ္ေထာင္ေရး ေလး သာယာဖို႔အတြက္ အခ်စ္စိတ္ႏိုးၾကားေအာင္ ျပဳလုပ္လို႔ ရတာေလးေတြ ရွိပါတယ္။ သူ႔အတြက္ မနက္စာ ျပင္ေပးပါ။ ေမြးေန႔ေတြ၊ မဂၤလာႏွစ္ပတ္လည္ေန႔ေတြမွာ ရိုမန္တစ္ဆန္ဆန္ေလးေတြ ျဖစ္ေအာင္ စီစဥ္ေပးပါ။ ပိတ္ရက္ ေတြမွာ ဟင္းအတူတူ ခ်က္တာမ်ိဳးေတြက အခ်စ္စိတ္ ကို ရွင္သန္ႏိုးၾကားေစၿပီး သံေယာဇဥ္လည္းတိုးေစပါတယ္။

Credit : Kalay
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တစ်ဦးနဲ့တစ်ဦး ရေရှည်တည်တံ့စွာ လက်တွဲလို့ရတယ်ဆိုတာ ခွင့်လွှတ်ခြင်း ကြောင့်ပါတဲ့။ အချစ် ထက်ကို ပိုတဲ့ စိတ်သဘောထားပြည့်ဝမှုလေးပါ။

နှစ်ကိုယ်တူစိတ်တိုင်းကျ ထူထောင်ထားတဲ့ အိမ်ထောင်ရေး လေး ရေရှည်တည်မြဲဖို့ဆိုတာ ခင်ပွန်း ရော၊ ဇနီး ရောနဲ့ပါ သက်ဆိုင်ပါတယ်။ သွေးသား မတော်စပ်တဲ့သူတွေ တစ်အိမ်တည်းမှာ ရေရှည်တည်မြဲဖို့ဆိုတာ ခွင့်လွှတ်ခြင်း၊ နားလည်ခြင်း၊ ချစ်ခြင်း တွေအပြင် သစ္စာရှိမှု ဆို တာလည်း မဖြစ်မနေ လိုအပ်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး ရေရှည်တည်မြဲဖို့အတွက် ဒီလိုအရာလေးတွေ လုပ်ဆောင်ကြည့်ဖို့လိုပါတယ်။

တစ်ဦးနဲ့တစ်ဦး ကိစ္စတိုင်းမှာ အမြင်မတူနိုင်ပါဘူး။ ကိစ္စတစ်ခုကို ငြင်းခုံဖို့ထက် ညှိနှိုင်းဆွေးနွေးဖို့ လုပ်ပါ။ တစ်ယောက်ရဲ့ အမြင်ကို တစ်ယောက်က လေးစားပါ။ မတူညီတဲ့သဘောထားတာတွေ ရှိလာတာကို သဘောတူပေးနိုင်အောင် ပြင်ဆင်ထားဖို့လည်း လိုအပ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ရေရှည်တည်တံ့စွာ လက်တွဲလို့ရတယ်ဆိုတာ ခွင့်လွှတ်ခြင်းကြောင့်ပါတဲ့။ အချစ်ထက်ကို ပိုတဲ့ စိတ်သဘောထားပြည့်ဝမှုလေးပါ။ တစ်ယောက်အမှားကို တစ်ယောက် ခွင့်လွှတ်နိုင်မှ ပျော်ရွှင်တဲ့ အိမ်ထောင်ရေး ကို ပိုင်ဆိုင်ရမယ်ဆိုတာ သတိရပါနော်။

ကိုယ့်ရဲ့ အိမ်ထောင်ဖက် အခြေအနေကို နားလည်ပါ။ သူက အားငယ် တတ်တယ်ဆိုရင် သူ့မှာရဲရဲတောက် စွမ်းအင်တွေမရှိတာကို လက်ခံပေးရမှာပါ။ သူက ဦးဆောင်တတ်သူဆိုရင် ကိုယ့်ရဲ့ သဘောဆန္ဒ အတိုင်း အကုန်လုံး မလိုက်လျောနိုင်တာကို နားလည်ပေးရမှာပါ။

အချစ်စိတ် ဆိုတာ လူကို လန်းဆန်းတက်ကြွစေပေမယ့် တစ်ဦးတစ်ယောက်ပေါ်မှာပဲ အမြဲတမ်း အချစ်စိတ် တွေ လန်းဆန်းတက်ကြွနေဖို့ဆိုတာကတော့ တစ်ခါတစ်လေ ခက်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ အိမ်ထောင်ရေး လေး သာယာဖို့အတွက် အချစ်စိတ်နိုးကြားအောင် ပြုလုပ်လို့ ရတာလေးတွေ ရှိပါတယ်။ သူ့အတွက် မနက်စာ ပြင်ပေးပါ။ မွေးနေ့တွေ၊ မင်္ဂလာနှစ်ပတ်လည်နေ့တွေမှာ ရိုမန်တစ်ဆန်ဆန်လေးတွေ ဖြစ်အောင် စီစဉ်ပေးပါ။ ပိတ်ရက် တွေမှာ ဟင်းအတူတူ ချက်တာမျိုးတွေက အချစ်စိတ် ကို ရှင်သန်နိုးကြားစေပြီး သံယောဇဉ်လည်းတိုးစေပါတယ်။

Credit : Kalay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top