iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္ျခင္းေမတၱာကို ျပသတဲ့ေနရာမွာ ေယာက်္ားႏွင့္ မိန္းမ မတူပါဘူး။ဘာလို႕လဲဆိုေတာ့ေတြးေခၚပံုခ်င္းကြာလို႕ပါ။ အမ်ိဳးသားတစ္ေယာက္က အမ်ိဳးသမီးတစ္ေယာက္ကို ခ်စ္ေၾကာင္းျပသတဲ့ အမူအရာေတြရွိပါတယ္။ ဘာေတြလဲၾကည့္ရေအာင္..။

၁။ သင္ေျပာတာကို ဂရုတစိုက္နားေထာင္ေပးတယ္။
မ်ားေသာအားျဖင့္ အမ်ိဳးသမီးေတြက အမ်ိဳးသားေတြထက္ နားေထာင္စြမ္းရည္ပိုသာပါတယ္။ အရိုးသားဆံုးေျပာရရင္ တခ်ိဳ႕အမ်ိဳးသားေတြက နားေထာင္စြမ္းရည္ေတာ္ေတာ္ညံံ့တယ္ဗ်။
အမ်ိဳးသားေတြကသူတို႕စိတ္ဝင္စားတဲ့အေၾကာင္းအရာကိုသာဂရုတစိုက္နားေထာင္ၾကတာပါ။ ဒါေၾကာင့္ အမ်ိဳးသားတစ္ေယာက္က သင္ေျပာတာကိုနားေထာင္ေပးျပီး စိတ္ဝင္တစားရွိတဲ့အျပင္ ေလးေလးနက္နက္ျပန္ေျပာတယ္ဆိုရင္ သင္ဟာ သူခ်စ္ရတဲ့သူလို႕သာ သေဘာေပါက္လိုက္ပါ။

၂။ စြန္႕လႊတ္အနစ္နာခံဖို႕ဝန္မေလးဘူး။
ခ်စ္ရသူေတြအတြက္ ကိုယ္က်ိဳးစြန္႕ရမယ္ဆုိတာခက္ခဲတဲ့ အလုပ္ေတာ့မဟုတ္ပါဘူး။ တကယ္တမ္းက်ေတာ့ သူခ်စ္ရတဲ့ မိန္းကေလးတစ္ေယာက္ မေပ်ာ္မရႊင္ျဖစ္ေနရင္ ေနမထိထိုင္မသာျဖစ္ရတာက အမ်ိဳးသားေတြပါ။ မင္းရဲ႕ေပ်ာ္ရႊင္မႈအတြက္ စြန္႕လႊတ္အနစ္နာခံေပးခဲ့တယ္ ဆိုတာက မင္းအတြက္ သူ႕ရဲ႕အခ်စ္ကိုျပသတာပါ။

၃။ သူ႕ရဲ႕အားနည္းခ်က္ကိုျပသတယ္။
အမ်ိဳးသားေတြက သူတို႕ရဲ႕အားနည္းခ်က္ကို အျခားတစ္ေယာက္ကရိပ္မိမွာ အရမ္းစိုးပါတယ္။ဒါေပမယ့္ ခ်စ္မိသြားတဲ့အခါက်ေတာ့ဒီအခ်က္ကို ဂရုမစိုက္ေတာ့ပါဘူး။ ခ်စ္ရတဲ့သူကကိုယ့္ရဲ႕ အားနည္္ခ်က္ကိုသိထားေစခ်င္တာက အမ်ိဳးသားေတြ ခ်စ္သူအေပၚထားတဲ့ စိတ္ဆႏၵပါ။

၄။ သင့္ၾကည့္ရဆိုးေနတဲ့ေန႕ေတြမွာေတာင္ သင့္ကိုခ်စ္ပါတယ္။
မိန္းကေလးဆိုတာ အျမဲလွေအာင္ၾကိဳးစားရတယ္ေလ။ လွျပီးၾကည့္ေကာင္းေနရင္ ဖူးစာရွင္နဲ႕ဆံုႏိုင္မယ္ဆိုတာကသူတို႕ရဲ႕ အိပ္မက္ပါ။ဒါေပမယ့္ အမ်ိဳးသားေတြက်ေတာ့ တကယ္ခ်စ္တဲ့အခါ သူတုိ႕ခ်စ္သူက ညဝတ္အက်ၤီ ႏွင့္ပဲထြက္လာလာ ၊ အေရာင္စြန္းတဲ့ အက်ၤီပဲဝတ္လာလာအေရးကိုမစုိက္ေတာ့တာပါ။ဘယ္လိုအေျခအေနပဲရွိရွိ ခ်စ္သူကအျမဲလွေနတယ္လို႕ထင္တာက ကၽြန္ေတာ္တို႕အမ်ိဳးသားေတြပါ။

၅။ သင့္ကိုခ်စ္သူေတာ္ရတာကို ဂုဏ္ယူေနမယ္။
ခ်စ္ေနတဲ့အခါ သူခ်စ္တဲ့မိန္းကေလးအေၾကာင္း ဂုဏ္ယူဝင့္ၾကြားစြာေျပာရဲတဲ့သူက တကယ့္ ေယာက်္ားေကာင္းပါ။ သင္ကမိခင္ေကာင္းပဲျဖစ္ျဖစ္ ၊ လုပ္ငန္းခြင္ထဲက အေတာ္ဆံုးဝန္ထမး္ေကာင္းပဲျဖစ္ျဖစ္ သင့္ရဲ႕ၾကိဳးစားမႈကို အျမဲ အသိအမွတ္ျပဳေပးမယ့္သူက သင့္ကိုခ်စ္္တဲ့ အမ်ိဳးသားပါ။

၆။ သင့္အတြက္ရင္ဆိုင္မယ္။
တကယ္ခ်စ္လာျပီဆိုရင္ အမ်ိဳးသားေတြက သူတို႕ခ်စ္ရသူအတြက္ အရာရာရင္ဆိုင္ဖို႕ဝန္မေလးပါဘူး။ဒါေၾကာင့္ လည္း အိမ္ေထာင္ က်တဲ့အခါ ခင္ပြန္းဝတၱရားေက်ပြန္စြာထမ္းေဆာင္ျပီး မိသားစုကို ျဖည့္ဆည္းေပးတာပါ။

၇။ သင္ႏွင့္ အတူရင္ဆိုင္မယ္။
အမ်ိဳးသားတစ္ေယာက္ကအမ်ိဳးသမီးတစ္ေယာက္ကို တကယ္စိတ္ႏွစ္ျပီးခ်စ္တာဆိုရင္ သူခ်စ္ရတဲ့ သူကို ဘယ္ေတာ့မွ လက္လႊတ္ဆံုးရံႈးမခံပါဘူး။ သူတို႕ရဲ႕အခ်စ္ႏွင့္ အရာရာကို ရင္ဆိုင္ေက်ာ္လႊားဖို႕ဝန္မေလးတတ္တာ အမ်ိဳးသားေတြပါ။

၈။ သင့္မိသားစုႏွင့္ သူငယ္ခ်င္းေတြကို တေလးတစားဆက္ဆံမယ္။
သူတို႕ခ်စ္သူအတြက္ အေရးပါတဲ့ သူက သူတို႕အတြက္လည္းအေရးပါတယ္ဆိုတာက အမ်ိဳးသားေတြရဲ႕ခံယူခ်က္ပါ။သူတို႕နဲ႕ ဘာမွ ေသြးမေတာ္သားမစပ္တဲ့ သူျဖစ္ပါေစ သူတို႕ခ်စ္သူ ခ်စ္ရင္ သူတို႕လည္းလိုက္ခ်စ္ေပးတာကိုက တကယ္ခ်စ္တဲ့ အမ်ိဳးသားျပဳမူမယ့္ လုပ္ရပ္ပါ။

Credit : Lwinpyin
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ချစ်ခြင်းမေတ္တာကို ပြသတဲ့နေရာမှာ ယောကျ်ားနှင့် မိန်းမ မတူပါဘူး။ဘာလို့လဲဆိုတော့တွေးခေါ်ပုံချင်းကွာလို့ပါ။ အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို ချစ်ကြောင်းပြသတဲ့ အမူအရာတွေရှိပါတယ်။ ဘာတွေလဲကြည့်ရအောင်..။

၁။ သင်ပြောတာကို ဂရုတစိုက်နားထောင်ပေးတယ်။
များသောအားဖြင့် အမျိုးသမီးတွေက အမျိုးသားတွေထက် နားထောင်စွမ်းရည်ပိုသာပါတယ်။ အရိုးသားဆုံးပြောရရင် တချို့အမျိုးသားတွေက နားထောင်စွမ်းရည်တော်တော်ညံံ့တယ်ဗျ။
အမျိုးသားတွေကသူတို့စိတ်ဝင်စားတဲ့အကြောင်းအရာကိုသာဂရုတစိုက်နားထောင်ကြတာပါ။ ဒါကြောင့် အမျိုးသားတစ်ယောက်က သင်ပြောတာကိုနားထောင်ပေးပြီး စိတ်ဝင်တစားရှိတဲ့အပြင် လေးလေးနက်နက်ပြန်ပြောတယ်ဆိုရင် သင်ဟာ သူချစ်ရတဲ့သူလို့သာ သဘောပေါက်လိုက်ပါ။

၂။ စွန့်လွှတ်အနစ်နာခံဖို့ဝန်မလေးဘူး။
ချစ်ရသူတွေအတွက် ကိုယ်ကျိုးစွန့်ရမယ်ဆိုတာခက်ခဲတဲ့ အလုပ်တော့မဟုတ်ပါဘူး။ တကယ်တမ်းကျတော့ သူချစ်ရတဲ့ မိန်းကလေးတစ်ယောက် မပျော်မရွှင်ဖြစ်နေရင် နေမထိထိုင်မသာဖြစ်ရတာက အမျိုးသားတွေပါ။ မင်းရဲ့ပျော်ရွှင်မှုအတွက် စွန့်လွှတ်အနစ်နာခံပေးခဲ့တယ် ဆိုတာက မင်းအတွက် သူ့ရဲ့အချစ်ကိုပြသတာပါ။

၃။ သူ့ရဲ့အားနည်းချက်ကိုပြသတယ်။
အမျိုးသားတွေက သူတို့ရဲ့အားနည်းချက်ကို အခြားတစ်ယောက်ကရိပ်မိမှာ အရမ်းစိုးပါတယ်။ဒါပေမယ့် ချစ်မိသွားတဲ့အခါကျတော့ဒီအချက်ကို ဂရုမစိုက်တော့ပါဘူး။ ချစ်ရတဲ့သူကကိုယ့်ရဲ့ အားနည်ချက်ကိုသိထားစေချင်တာက အမျိုးသားတွေ ချစ်သူအပေါ်ထားတဲ့ စိတ်ဆန္ဒပါ။

၄။ သင့်ကြည့်ရဆိုးနေတဲ့နေ့တွေမှာတောင် သင့်ကိုချစ်ပါတယ်။
မိန်းကလေးဆိုတာ အမြဲလှအောင်ကြိုးစားရတယ်လေ။ လှပြီးကြည့်ကောင်းနေရင် ဖူးစာရှင်နဲ့ဆုံနိုင်မယ်ဆိုတာကသူတို့ရဲ့ အိပ်မက်ပါ။ဒါပေမယ့် အမျိုးသားတွေကျတော့ တကယ်ချစ်တဲ့အခါ သူတို့ချစ်သူက ညဝတ်အင်္ကျီ နှင့်ပဲထွက်လာလာ ၊ အရောင်စွန်းတဲ့ အင်္ကျီပဲဝတ်လာလာအရေးကိုမစိုက်တော့တာပါ။ဘယ်လိုအခြေအနေပဲရှိရှိ ချစ်သူကအမြဲလှနေတယ်လို့ထင်တာက ကျွန်တော်တို့အမျိုးသားတွေပါ။

၅။ သင့်ကိုချစ်သူတော်ရတာကို ဂုဏ်ယူနေမယ်။
ချစ်နေတဲ့အခါ သူချစ်တဲ့မိန်းကလေးအကြောင်း ဂုဏ်ယူဝင့်ကြွားစွာပြောရဲတဲ့သူက တကယ့် ယောကျ်ားကောင်းပါ။ သင်ကမိခင်ကောင်းပဲဖြစ်ဖြစ် ၊ လုပ်ငန်းခွင်ထဲက အတော်ဆုံးဝန်ထမ်းကောင်းပဲဖြစ်ဖြစ် သင့်ရဲ့ကြိုးစားမှုကို အမြဲ အသိအမှတ်ပြုပေးမယ့်သူက သင့်ကိုချစ်တဲ့ အမျိုးသားပါ။

၆။ သင့်အတွက်ရင်ဆိုင်မယ်။
တကယ်ချစ်လာပြီဆိုရင် အမျိုးသားတွေက သူတို့ချစ်ရသူအတွက် အရာရာရင်ဆိုင်ဖို့ဝန်မလေးပါဘူး။ဒါကြောင့် လည်း အိမ်ထောင် ကျတဲ့အခါ ခင်ပွန်းဝတ္တရားကျေပွန်စွာထမ်းဆောင်ပြီး မိသားစုကို ဖြည့်ဆည်းပေးတာပါ။

၇။ သင်နှင့် အတူရင်ဆိုင်မယ်။
အမျိုးသားတစ်ယောက်ကအမျိုးသမီးတစ်ယောက်ကို တကယ်စိတ်နှစ်ပြီးချစ်တာဆိုရင် သူချစ်ရတဲ့ သူကို ဘယ်တော့မှ လက်လွှတ်ဆုံးရှုံးမခံပါဘူး။ သူတို့ရဲ့အချစ်နှင့် အရာရာကို ရင်ဆိုင်ကျော်လွှားဖို့ဝန်မလေးတတ်တာ အမျိုးသားတွေပါ။

၈။ သင့်မိသားစုနှင့် သူငယ်ချင်းတွေကို တလေးတစားဆက်ဆံမယ်။
သူတို့ချစ်သူအတွက် အရေးပါတဲ့ သူက သူတို့အတွက်လည်းအရေးပါတယ်ဆိုတာက အမျိုးသားတွေရဲ့ခံယူချက်ပါ။သူတို့နဲ့ ဘာမှ သွေးမတော်သားမစပ်တဲ့ သူဖြစ်ပါစေ သူတို့ချစ်သူ ချစ်ရင် သူတို့လည်းလိုက်ချစ်ပေးတာကိုက တကယ်ချစ်တဲ့ အမျိုးသားပြုမူမယ့် လုပ်ရပ်ပါ။

Credit : Lwinpyin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top