iMyanmarHouse.com - Best Property Website for Myanmar
×

မနက္ႏိုးတာနဲ႔ ေရ ေသာက္ေပးတာက က်န္းမာေရး ေကာင္းပါတယ္ ဒါေပမဲ့ ေရေႏြး ကို ေမ့ေနၾကပါတယ္။လူေတာ္ေတာ္မ်ားမ်ားမွာ အယူအဆမွားေနတာေလးေတြ ရိ္ွတတ္ၾကပါတယ္။ ဥပမာ မနက္ေစာေစာအိပ္ရာထတာနဲ႕ စိတ္အာရံုလန္းဆန္းေအာင္ ေကာ္ဖီပူပူ၊လက္ဖက္ရည္ ပူပူေလးေတြ ေသာက္ခ်င္ၾကတာမ်ိဳးေပါ့။ က်န္းမာေရးနဲ႕ သင့္ေတာ္တဲ့ ေရက်ေတာ့ ဘယ္သူမွသိပ္မေသာက္ခ်င္ၾကဘူး။ ေသာက္ရင္လည္းရုိးရုိးေရ မဟုတ္ပဲ ေရခဲေရမွ ေသာက္ခ်င္သူေတြကလည္း အမ်ားသားလား။ ေအးမွ ေသာက္ခ်င္တာ လူ႕သဘာဝပါ။ ငယ္စဥ္ကာလ ကေလးဘဝကတည္းက ေရေအးတိုက္ခဲ့ၾကတဲ့ လူၾကီးေတြရဲ႕ အျပစ္လည္းပါလိမ့္မယ္။ အသက္ၾကီးလာျပန္ေတာ့လည္း ေရဆိုေအးမွ ေသာက္တဲ့အက်င့္ရလာပါတယ္။

ဒီလိုဆိုရင္ ေရေအးေသာက္တာ မေကာင္းဘူးလား။ က်န္းမာေရးဆိုးက်ိဳးရွိလို႕လား။ေရပူနဲ႕ ေရေအး ဘာကြာျခားလဲေမးစရာ ရွိပါတယ္။ အေပၚယံၾကည့္ရင္ေတာ့ ေရတိုင္းနီးပါးအတူတူပါပဲ။ ေရရဲ႕ အဓိကအာနိသင္က ဆဲလ္ေတြရဲ႕ သယ္ယူပို႕ေဆာင္မႈ၊လုပ္ငန္းေဆာင္တာေတြ ေကာင္းမြန္ေစဖို႕သာျဖစ္တယ္။ ေရမွာ စြမ္းအင္၊အာဟာရဓာတ္ မည္မည္ရရ မပါဝင္ေပမယ့္ သတၱဳဓာတ္ေတြေတာ့ ပါဝင္တတ္ၾကတယ္။ ေရအရင္းအျမစ္ေပၚလိုက္ျပီး သတၱဳဓာတ္(သံဓာတ္၊ကယ္လ္စီယမ္နဲ႕ မဂၢနီစီယမ္) ပါဝင္မႈေျပာင္းလဲနိုင္ပါတယ္။ ဒါလည္း အဓိကေတာ့ သိပ္မက်ပါ။ ေရရဲ႕ အပူဓာတ္၊အေအးဓာတ္သဘာဝေပၚ အေျခခံျပီး က်န္းမာေရးအက်ိဳးရလာဒ္ေတြ ေျပာင္းလဲသြားတယ္။Drinking-hot-water

ေရကိုအပူေပးတဲ့အခါ အထဲမွာပါတဲ့ ေရာဂါပိုးမႊားေတြ ကင္းစင္သြားတယ္။ ေရေႏြးရဲ႕ အာနိသင္ေၾကာင့္ ခႏၶာကိုယ္အပူခ်ိန္ ျမွင့္တက္လာေစတယ္။ေသြးလည္ပတ္မႈအားေကာင္းျပီး ေခၽြးထြက္မ်ားလာတယ္။ အဆိပ္အေတာက္၊ပိုးမႊားေတြက အေရျပားကေန ေခၽြးနဲ႕အတူအျပင္ထြက္သြားတယ္။ ဒါ့ျပင္ ဆဲလ္ေတြရဲ႕ ဇီဝျဖစ္ပ်က္မႈ ျမန္ဆန္ေစျပီး အဆီပိုေတြ ေလာင္ကၽြမ္းေစတယ္။ ၾကြက္သားေတြကို ေျပေလွ်ာ့ေစျပီး အာရုံေၾကာေတြကို ႏိႈးဆြေပးတယ္။

အသက္ရႈ လမ္းေၾကာင္းဆိုင္ရာ ကူးစက္ေရာဂါေတြမွာ ေရေႏြးက ပိုအသံုးဝင္တယ္။ အေအးမိ၊နွာေစး၊လည္ေခ်ာင္းနာ၊ေခ်ာင္းဆိုး၊အသံဝင္ျခင္းအတြက္ ေရေႏြးရဲ႕ အာနိသင္က ထိေရာက္တယ္။ သလိပ္ေပ်ာ္ေစျပီး ခၽြဲထြက္ေစတယ္။ နွာေခါင္းပိတ္ျခင္းကို သက္သာေစတယ္။ အသက္ရႈလမ္းေၾကာင္းကို ရွင္းလင္းေစတယ္။ အဖ်ားေရာဂါေတြမွာ ေရေႏြးက ေရေအးထက္ ပိုေကာင္းတယ္။ ဗမာေဆးေတြေသာက္တ့ဲအခါ ေရေႏြးနဲ႕ေသာက္ခိုင္းတာ ဒီအာနိသင္ကို ရရွိေစဖို႕ျဖစ္တယ္။ သို႕ေသာ္ အဂၤလိပ္ေဆးေတြမွာေတာ့ ေရေႏြးနဲ႕မေသာက္ပဲ ရုိးရုိးေရေအးနဲ႕သာ ေသာက္ေပးသင့္တယ္။ အပူက ေဆးရဲ႕အာနိသင္ကို ေျပာင္းလဲေစတယ္။ ဒါ့ျပင္ ဆရာဝန္ညႊန္ၾကားခ်က္မရွိဘဲ ေကာ္ဖီ၊လက္ဖက္ရည္၊အခ်ိဳရည္စတာေတြနဲ႕ တြဲေသာက္တာမ်ိဳးကုိ ေရွာင္ၾကဥ္သင့္တယ္။

အသက္ရွည္သူေတြကို ေလ့လာၾကည့္တဲ့အခါမွာလည္း အမ်ားစုဟာ ေရေအးမေသာက္ဘဲ ေရေႏြးကိုသာ စြဲစြဲျမဲျမဲ ေသာက္ၾကတာ ေတြ႕ရပါတယ္။ သီအိုရီအရ အစာစားျပီး ေရေအးေသာက္တဲ့အခါ အစားအေသာက္နဲ႕ ပါလာတဲ့ အဆီေလးေတြကို ခဲသြားေစတယ္။ အဲဒီအဆီခဲေလးေတြဟာ အူူနံရံမွာ တြယ္ကပ္တဲ့အခါ အူလမ္းေၾကာင္း ကင္ဆာကို ျဖစ္ေပၚေစတယ္။ မနက္ေစာေစာ အိပ္ရာထမွာ ေရေႏြးေသာက္ေပးျခင္းကို အထက္ပါဆိုးက်ိဳးေတြကို ကာကြယ္နိုင္တယ္လို႕ဆိုတယ္။

ေလ့လာမႈေတြအရ မနက္အိပ္ရာထမွာ ရုိးရုိုးေရေႏြး(လက္ဖက္ေျခာက္မပါ) ေသာက္ျခင္းက က်န္းမာေရးအတြက္ အထူးေကာင္းမြန္တာ ေတြ႕ရတယ္။အစာအိမ္ကို စတင္ႏိႈးဆြေပးျပီး အူလမ္းေၾကာင္းကုိ အသက္ဝင္ေစတယ္။ တေန႕တာအစာေျခဖုိ႕အတြက္ အေျခခံေကာင္းတခုျဖစ္တယ္လို႕ ယူဆၾကတယ္။အူလႈပ္ရွားမႈကို ျဖစ္ေစျပီး အစာေခ်စနစ္ကို အားေပးလို႕ ဝမ္းခ်ဳပ္ျခင္းကို ကာကြယ္ျပီး ျဖစ္တယ္။ တခ်ိဳ့ကလည္း အာနိသင္ပိုေကာင္းေအာင္ ပိုလီဖီေနာ(polyphenol)ၾကြယ္ဝတဲ့ ေရွာက္သီးကို မနက္ေစာေစာ အိပ္ရာထမွာ ေရေႏြးထဲစိမ္ျပီး ေသာက္ၾကတယ္။ ေရွာက္သီးရဲ႕ အာနိသင္ေၾကာင့္ အနံ႔၊အရသာေကာင္းမြန္တဲ့ ေရေႏြးကို ျဖစ္ေပၚေစတယ္။ ပိုေကာင္းတာက ေရွာက္သီးမွာပါဝင္တဲ့ ပက္တင္(pectin)အမွ်င္ဓာတ္က ဝမ္းမွန္ေစတယ္။ အူလမ္းေၾကာင္းမွာရွိတဲ့ အစာေဟာင္းေတြကို စြန္႕ထုတ္ေပးတယ္။ အဆီပိုေတြကိုလည္း က်ဆင္းေစတယ္။

တခ်ိဳ႕ကလည္း ေရွာက္သီးေနရာမွာ သံပုရာသီးကုိ သံုးတယ္။ အလ်ဥ္းသင့္လို႕ ေဖာ္ျပရရင္ သံပုရာသီးနဲ႕ ေရွာက္သီးမွာ ကြာျခားခ်က္ေလးေတြ ရွိတယ္။ ပံုစံကို ၾကည့္ရင္ ေယဘုယ်ခြဲနိုင္တယ္။ သံပုရာက အလံုးေသးျပီး ဝုိင္းတယ္။ အေရာင္က အစိမ္းေရာင္ ရွိတယ္။ ေရွာက္သီးကေတာ့ ဘဲဥပံုျဖစ္ျပီး အဝါေရာင္ ျဖစ္တယ္။ ဒီထဲမွာ သံပုရာသီးက ပိုခ်ဥ္ျပီး အက္ဆစ္ဓာတ္ကဲတယ္။ ေရွာက္သီးကေတာ့ နည္းနည္းပိုခါးတယ္။ ဒါေပမယ့္ ရင့္မွည့္လာရင္ ပိုဝါျပီး ခ်ိဳလာတယ္။ ေရထဲကို စိမ္ၾကည့္ရင္ သိပ္သည္းဆပိုမ်ားတဲ့ သံပုရာသီးက ေအာက္ကို နွစ္ျမႈပ္သြားမယ္။သိပ္သည္းဆသိပ္မမ်ားတဲ့ ေရွာက္သီးကေတာ့ ေရေပၚမွာ ေပၚေလာေပၚေနတာ ေတြ႕ရတယ္။ ဒါက သံပုရာသီးလား၊ေရွာက္သီးလား အလြယ္ကူဆံုး ခြဲျခားတဲ့နည္း ျဖစ္ပါတယ္။ ေရေႏြးေသာက္တဲ့အခါ ေရွာက္သီး(သို႕)သံပုရာသီး တညလံုးစိမ္ထားျပီးသား ေရေႏြးထက္ ေလာေလာလတ္လတ္စိမ္ထားတဲ့ ေရေႏြးခပ္ပူပူကို ပိုေသာက္သင့္တယ္။ ေသာက္တဲ့အခါ အေငြ႕တေထာင္းေထာင္းထေနတဲ့ ေရေႏြးထက္ အသင့္အတင့္ပူတဲ့ ေရေႏြးမ်ိဳးက ပါးစပ္၊အစာမ်ိဳျပြန္နဲ႕ အစာအိမ္လမ္းေၾကာင္း ထိခိုက္မႈကို ကာကြယ္ရာေရာက္တယ္။

ေရေသာက္တဲ့အခါ တထိုင္တည္းနဲ႕ အမ်ားၾကီးကုန္ေအာင္ ေသာက္တာမ်ိဳးလည္း မလုပ္အပ္ဘူး။ ပ်ိဳ႕ခ်င္၊အန္ခ်င္၊ရင္ျပည့္ရင္ကယ္ျဖစ္ေစတယ္။ အစာခံျပီး ဆီးသြားမ်ားေစတယ္။ ပိန္ခ်င္သူေတြက်ေတာ့ ဒီအခ်က္ကိုသုံးတယ္။ တခ်ိဳ႕က မစားခင္နာရီဝက္ ေရၾကိဳေသာက္ျပီး ဗိုက္တင္းေစတယ္။ လူနာေတြထဲမွာ မနက္စာလံုးဝမစားပဲ ေရေႏြးတခြက္ေသာက္ျပီး ငွက္ေပ်ာသီးတလံုးနဲ႕ သိဒၶိျပီးသူ တကယ္ရွိပါတယ္။ အံ့ၾသစရာအခ်က္က ၂-၃လေလာက္ၾကာတဲ့အခါ တကယ္အဆီက်လာတယ္။ ေသာက္စမွာ မလြယ္ကူေပမယ့္ မၾကာခင္အဆင္ေျပလာပါတယ္။ ဒါ့ေၾကာင့္ ပိန္ခ်င္သူ၊က်န္းမာခ်င္သူ မည္သူမဆို မနက္အိပ္ရာထ ေရေႏြးတခြက္နဲ႕စတဲ့အက်င့္ လုပ္ေဆာင္ၾကည့္ဖို႕ တိုက္တြန္းႏိႈးေဆာ္ခ်င္ပါတယ္။

Credit : Data Doctor
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မနက်နိုးတာနဲ့ ရေ သောက်ပေးတာက ကျန်းမာရေး ကောင်းပါတယ် ဒါပေမဲ့ ရေနွေး ကို မေ့နေကြပါတယ်။လူတော်တော်များများမှာ အယူအဆမှားနေတာလေးတွေ ရိှတတ်ကြပါတယ်။ ဥပမာ မနက်စောစောအိပ်ရာထတာနဲ့ စိတ်အာရုံလန်းဆန်းအောင် ကော်ဖီပူပူ၊လက်ဖက်ရည် ပူပူလေးတွေ သောက်ချင်ကြတာမျိုးပေါ့။ ကျန်းမာရေးနဲ့ သင့်တော်တဲ့ ရေကျတော့ ဘယ်သူမှသိပ်မသောက်ချင်ကြဘူး။ သောက်ရင်လည်းရိုးရိုးရေ မဟုတ်ပဲ ရေခဲရေမှ သောက်ချင်သူတွေကလည်း အများသားလား။ အေးမှ သောက်ချင်တာ လူ့သဘာဝပါ။ ငယ်စဉ်ကာလ ကလေးဘဝကတည်းက ရေအေးတိုက်ခဲ့ကြတဲ့ လူကြီးတွေရဲ့ အပြစ်လည်းပါလိမ့်မယ်။ အသက်ကြီးလာပြန်တော့လည်း ရေဆိုအေးမှ သောက်တဲ့အကျင့်ရလာပါတယ်။

ဒီလိုဆိုရင် ရေအေးသောက်တာ မကောင်းဘူးလား။ ကျန်းမာရေးဆိုးကျိုးရှိလို့လား။ရေပူနဲ့ ရေအေး ဘာကွာခြားလဲမေးစရာ ရှိပါတယ်။ အပေါ်ယံကြည့်ရင်တော့ ရေတိုင်းနီးပါးအတူတူပါပဲ။ ရေရဲ့ အဓိကအာနိသင်က ဆဲလ်တွေရဲ့ သယ်ယူပို့ဆောင်မှု၊လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စေဖို့သာဖြစ်တယ်။ ရေမှာ စွမ်းအင်၊အာဟာရဓာတ် မည်မည်ရရ မပါဝင်ပေမယ့် သတ္တုဓာတ်တွေတော့ ပါဝင်တတ်ကြတယ်။ ရေအရင်းအမြစ်ပေါ်လိုက်ပြီး သတ္တုဓာတ်(သံဓာတ်၊ကယ်လ်စီယမ်နဲ့ မဂ္ဂနီစီယမ်) ပါဝင်မှုပြောင်းလဲနိုင်ပါတယ်။ ဒါလည်း အဓိကတော့ သိပ်မကျပါ။ ရေရဲ့ အပူဓာတ်၊အအေးဓာတ်သဘာဝပေါ် အခြေခံပြီး ကျန်းမာရေးအကျိုးရလာဒ်တွေ ပြောင်းလဲသွားတယ်။Drinking-hot-water

ရေကိုအပူပေးတဲ့အခါ အထဲမှာပါတဲ့ ရောဂါပိုးမွှားတွေ ကင်းစင်သွားတယ်။ ရေနွေးရဲ့ အာနိသင်ကြောင့် ခန္ဓာကိုယ်အပူချိန် မြှင့်တက်လာစေတယ်။သွေးလည်ပတ်မှုအားကောင်းပြီး ချွေးထွက်များလာတယ်။ အဆိပ်အတောက်၊ပိုးမွှားတွေက အရေပြားကနေ ချွေးနဲ့အတူအပြင်ထွက်သွားတယ်။ ဒါ့ပြင် ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှု မြန်ဆန်စေပြီး အဆီပိုတွေ လောင်ကျွမ်းစေတယ်။ ကြွက်သားတွေကို ပြေလျှော့စေပြီး အာရုံကြောတွေကို နှိုးဆွပေးတယ်။

အသက်ရှု လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေမှာ ရေနွေးက ပိုအသုံးဝင်တယ်။ အအေးမိ၊နှာစေး၊လည်ချောင်းနာ၊ချောင်းဆိုး၊အသံဝင်ခြင်းအတွက် ရေနွေးရဲ့ အာနိသင်က ထိရောက်တယ်။ သလိပ်ပျော်စေပြီး ချွဲထွက်စေတယ်။ နှာခေါင်းပိတ်ခြင်းကို သက်သာစေတယ်။ အသက်ရှုလမ်းကြောင်းကို ရှင်းလင်းစေတယ်။ အဖျားရောဂါတွေမှာ ရေနွေးက ရေအေးထက် ပိုကောင်းတယ်။ ဗမာဆေးတွေသောက်တဲ့အခါ ရေနွေးနဲ့သောက်ခိုင်းတာ ဒီအာနိသင်ကို ရရှိစေဖို့ဖြစ်တယ်။ သို့သော် အင်္ဂလိပ်ဆေးတွေမှာတော့ ရေနွေးနဲ့မသောက်ပဲ ရိုးရိုးရေအေးနဲ့သာ သောက်ပေးသင့်တယ်။ အပူက ဆေးရဲ့အာနိသင်ကို ပြောင်းလဲစေတယ်။ ဒါ့ပြင် ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ကော်ဖီ၊လက်ဖက်ရည်၊အချိုရည်စတာတွေနဲ့ တွဲသောက်တာမျိုးကို ရှောင်ကြဉ်သင့်တယ်။

အသက်ရှည်သူတွေကို လေ့လာကြည့်တဲ့အခါမှာလည်း အများစုဟာ ရေအေးမသောက်ဘဲ ရေနွေးကိုသာ စွဲစွဲမြဲမြဲ သောက်ကြတာ တွေ့ရပါတယ်။ သီအိုရီအရ အစာစားပြီး ရေအေးသောက်တဲ့အခါ အစားအသောက်နဲ့ ပါလာတဲ့ အဆီလေးတွေကို ခဲသွားစေတယ်။ အဲဒီအဆီခဲလေးတွေဟာ အူူနံရံမှာ တွယ်ကပ်တဲ့အခါ အူလမ်းကြောင်း ကင်ဆာကို ဖြစ်ပေါ်စေတယ်။ မနက်စောစော အိပ်ရာထမှာ ရေနွေးသောက်ပေးခြင်းကို အထက်ပါဆိုးကျိုးတွေကို ကာကွယ်နိုင်တယ်လို့ဆိုတယ်။

လေ့လာမှုတွေအရ မနက်အိပ်ရာထမှာ ရိုးရိုးရေနွေး(လက်ဖက်ခြောက်မပါ) သောက်ခြင်းက ကျန်းမာရေးအတွက် အထူးကောင်းမွန်တာ တွေ့ရတယ်။အစာအိမ်ကို စတင်နှိုးဆွပေးပြီး အူလမ်းကြောင်းကို အသက်ဝင်စေတယ်။ တနေ့တာအစာခြေဖို့အတွက် အခြေခံကောင်းတခုဖြစ်တယ်လို့ ယူဆကြတယ်။အူလှုပ်ရှားမှုကို ဖြစ်စေပြီး အစာချေစနစ်ကို အားပေးလို့ ဝမ်းချုပ်ခြင်းကို ကာကွယ်ပြီး ဖြစ်တယ်။ တချို့ကလည်း အာနိသင်ပိုကောင်းအောင် ပိုလီဖီနော(polyphenol)ကြွယ်ဝတဲ့ ရှောက်သီးကို မနက်စောစော အိပ်ရာထမှာ ရေနွေးထဲစိမ်ပြီး သောက်ကြတယ်။ ရှောက်သီးရဲ့ အာနိသင်ကြောင့် အနံ့၊အရသာကောင်းမွန်တဲ့ ရေနွေးကို ဖြစ်ပေါ်စေတယ်။ ပိုကောင်းတာက ရှောက်သီးမှာပါဝင်တဲ့ ပက်တင်(pectin)အမျှင်ဓာတ်က ဝမ်းမှန်စေတယ်။ အူလမ်းကြောင်းမှာရှိတဲ့ အစာဟောင်းတွေကို စွန့်ထုတ်ပေးတယ်။ အဆီပိုတွေကိုလည်း ကျဆင်းစေတယ်။

တချို့ကလည်း ရှောက်သီးနေရာမှာ သံပုရာသီးကို သုံးတယ်။ အလျဉ်းသင့်လို့ ဖော်ပြရရင် သံပုရာသီးနဲ့ ရှောက်သီးမှာ ကွာခြားချက်လေးတွေ ရှိတယ်။ ပုံစံကို ကြည့်ရင် ယေဘုယျခွဲနိုင်တယ်။ သံပုရာက အလုံးသေးပြီး ဝိုင်းတယ်။ အရောင်က အစိမ်းရောင် ရှိတယ်။ ရှောက်သီးကတော့ ဘဲဥပုံဖြစ်ပြီး အဝါရောင် ဖြစ်တယ်။ ဒီထဲမှာ သံပုရာသီးက ပိုချဉ်ပြီး အက်ဆစ်ဓာတ်ကဲတယ်။ ရှောက်သီးကတော့ နည်းနည်းပိုခါးတယ်။ ဒါပေမယ့် ရင့်မှည့်လာရင် ပိုဝါပြီး ချိုလာတယ်။ ရေထဲကို စိမ်ကြည့်ရင် သိပ်သည်းဆပိုများတဲ့ သံပုရာသီးက အောက်ကို နှစ်မြှုပ်သွားမယ်။သိပ်သည်းဆသိပ်မများတဲ့ ရှောက်သီးကတော့ ရေပေါ်မှာ ပေါ်လောပေါ်နေတာ တွေ့ရတယ်။ ဒါက သံပုရာသီးလား၊ရှောက်သီးလား အလွယ်ကူဆုံး ခွဲခြားတဲ့နည်း ဖြစ်ပါတယ်။ ရေနွေးသောက်တဲ့အခါ ရှောက်သီး(သို့)သံပုရာသီး တညလုံးစိမ်ထားပြီးသား ရေနွေးထက် လောလောလတ်လတ်စိမ်ထားတဲ့ ရေနွေးခပ်ပူပူကို ပိုသောက်သင့်တယ်။ သောက်တဲ့အခါ အငွေ့တထောင်းထောင်းထနေတဲ့ ရေနွေးထက် အသင့်အတင့်ပူတဲ့ ရေနွေးမျိုးက ပါးစပ်၊အစာမျိုပြွန်နဲ့ အစာအိမ်လမ်းကြောင်း ထိခိုက်မှုကို ကာကွယ်ရာရောက်တယ်။

ရေသောက်တဲ့အခါ တထိုင်တည်းနဲ့ အများကြီးကုန်အောင် သောက်တာမျိုးလည်း မလုပ်အပ်ဘူး။ ပျို့ချင်၊အန်ချင်၊ရင်ပြည့်ရင်ကယ်ဖြစ်စေတယ်။ အစာခံပြီး ဆီးသွားများစေတယ်။ ပိန်ချင်သူတွေကျတော့ ဒီအချက်ကိုသုံးတယ်။ တချို့က မစားခင်နာရီဝက် ရေကြိုသောက်ပြီး ဗိုက်တင်းစေတယ်။ လူနာတွေထဲမှာ မနက်စာလုံးဝမစားပဲ ရေနွေးတခွက်သောက်ပြီး ငှက်ပျောသီးတလုံးနဲ့ သိဒ္ဓိပြီးသူ တကယ်ရှိပါတယ်။ အံ့သြစရာအချက်က ၂-၃လလောက်ကြာတဲ့အခါ တကယ်အဆီကျလာတယ်။ သောက်စမှာ မလွယ်ကူပေမယ့် မကြာခင်အဆင်ပြေလာပါတယ်။ ဒါ့ကြောင့် ပိန်ချင်သူ၊ကျန်းမာချင်သူ မည်သူမဆို မနက်အိပ်ရာထ ရေနွေးတခွက်နဲ့စတဲ့အကျင့် လုပ်ဆောင်ကြည့်ဖို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်။

Credit : Data Doctor

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top