iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခ်ိဳ႕မိန္းကေလးငယ္ေတြရဲ႕ အပ်ိဳကညာေျမႇးဟာ မိန္းမကိုယ္ကို ပိတ္ဆို႔ေစၿပီး ရာသီတစ္ႀကိမ္တစ္ေခါက္မွ မလာႏုိင္ျဖစ္ရပါတယ္။ အဲဒီအေျခအေနမ်ိဳးကို Imperforate hymen (အလံုပိတ္အပ်ိဳေျမႇး)လို႔ေခၚပါတယ္။ ဒီလိုအပ်ိဳေျမႇးဟာ ေမြးရာပါျဖစ္ပါတယ္။ ဘာေၾကာင့္ျဖစ္လဲဆိုတာေတာ့ မသိၾကေသးပါဘူး။

အပ်ိဳေျမႇးဆိုတာ မိန္းမကိုယ္အဝကို ပိတ္ဆို႔ထားတဲ့ အေျမႇးပါးေလးျဖစ္ပါတယ္။ မိန္းကေလးငယ္ ႀကီးေကာင္ဝင္တဲ့အရြယ္အလုိက္ တျဖည္းျဖည္းက်ယ္လာပါတယ္။ အပ်ိဳေျမႇးဟာ ပံုသ႑ာန္အမ်ိဳးမ်ိဳးရွိၿပီး မ်ားေသာအားျဖင့္ လျခမ္းပံုသ႑ာန္ရွိၾကပါတယ္။

အပ်ိဳေျမႇးမရွိလို႔ မိန္းကေလးတစ္ေယာက္ကို အပ်ိဳစင္မဟုတ္ဘူးလို႔ စြတ္စြဲလို႔မရပါဘူး။ တစ္ခ်ိဳ႕မိန္းကေလးေတြမွာ ေမြးရာပါ အပ်ိဳေျမႇးမပါၾကလို႔ပါ။

လိင္ဆက္ဆံရင္၊ အမ်ိဳးသမီးလစဥ္သံုးဂြမ္းထုတ္သြင္းရင္၊ ကိုယ္လက္လႈပ္ရွားအားကစားလုပ္ရင္ သို႔မဟုတ္ ေရာဂါတစ္စံုတစ္ရာေၾကာင့္ မိန္းမကိုယ္အတြင္းစမ္းသပ္စစ္ေဆးခံရဖူးရင္ အပ်ိဳေျမႇးေပါက္ျပဲႏုိင္ပါတယ္။

ႀကီးေကာင္ဝင္စအရြယ္မိန္းကေလးငယ္ေတြမွာ ဓမၼတာေသြးတစ္ခါမွမေပၚေသးဘူးဆိုရင္ အလံုပိတ္အပ်ိဳေျမႇွးရွိေနႏုိင္ပါတယ္။ အဲဒီအလံုပိတ္အပ်ိဳေျမႇးဟာ ဓမၼတာေသြးဆင္းျခင္းကို ပိတ္ဆို႔ထားႏုိင္ပါတယ္။

အဲဒီလိုပိတ္ဆို႔ျခင္းအားျဖင့္ –
ဝမ္းဗိုက္ေအာက္ပိုင္း သို႔မဟုတ္ တင္ပဆံု႐ိုးကြင္းတစ္ဝိုက္မွာ နာက်င္တဲ့အလံုးတစ္ခုစမ္းမိျခင္း သို႔မဟုတ္ ျပည့္အင့္ေနသလိုခံစားရျခင္း (ဓမၼတာေသြးေတြေအာက္မဆင္းႏုိင္ဘဲ မိန္းမကိုယ္အတြင္းမွာ စုေဝးေနလို႔ျဖစ္ပါတယ္)
ဗိုက္ေအာင့္ျခင္း
ေနာက္ေက်ာေအာင့္ျခင္း
ဆီးသြားရခက္ျခင္း
အစာအိမ္အူလမ္းေၾကာင္း လႈပ္ရွားရင္ နာက်င္ျခင္း
အလံုပိတ္အပ်ိဳေျမႇးရွိမရွိကို မိန္းမကိုယ္စမ္းသပ္႐ံုနဲ႔သိႏုိင္ပါတယ္။ ဒါ့အျပင္ တင္ပဆံု အာထရာေဆာင္းဓာတ္မွန္႐ိုက္ဖို႔လည္း ဆရာဝန္က ညႊန္ၾကားေကာင္း ညႊန္ၾကားႏုိ္င္ပါတယ္။

အလံုပိတ္အပ်ိဳေျမႇးကို ျပင္ဆင္ဖို႔အတြက္ ခြဲစိတ္မႈအေသးစားေလးလုပ္ဖို႔လိုပါတယ္။ ခြဲစိတ္ၿပီး ရက္အနည္းငယ္အတြင္း ပံုမွန္အတုိင္း ေနျပန္ေကာင္းလာမွာျဖစ္ပါတယ္။ ခြဲစိတ္မႈအေသးစားဆိုရာမွာ အလံုပိတ္ေနတဲ့ အပ်ိဳေျမႇးရဲ႕ အသားစတစ္ခ်ိဳ႕ကို ဖယ္ရွားၿပီး မိန္းမကိုယ္ဘက္ကို ပံုမွန္အရြယ္အစား အေပါက္တစ္ခုျဖစ္ေအာင္ ဖြင့္ေပးလိုက္တာျဖစ္ပါတယ္။ အထဲမွာ ေအာင္းေနတဲ့ ဓမၼတာေသြးအေဟာင္းေတြရွိရင္ ဆရာဝန္က တစ္ခါထဲဖယ္ရွားေပးမွာျဖစ္ပါတယ္။

အလံုပိတ္အပ်ိဳေျမႇးခြဲစိတ္ျပဳျပင္ျခင္းေၾကာင့္ လိင္ဆက္ဆံျခင္း၊ ကိုယ္ဝန္ယူျခင္းမွာ တစ္စံုတစ္ရာထိခုိက္မႈမျဖစ္ေပၚႏုိင္ပါဘူး။

Credit : Myanmar Update News
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တစ်ချို့မိန်းကလေးငယ်တွေရဲ့ အပျိုကညာမြှေးဟာ မိန်းမကိုယ်ကို ပိတ်ဆို့စေပြီး ရာသီတစ်ကြိမ်တစ်ခေါက်မှ မလာနိုင်ဖြစ်ရပါတယ်။ အဲဒီအခြေအနေမျိုးကို Imperforate hymen (အလုံပိတ်အပျိုမြှေး)လို့ခေါ်ပါတယ်။ ဒီလိုအပျိုမြှေးဟာ မွေးရာပါဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်လဲဆိုတာတော့ မသိကြသေးပါဘူး။

အပျိုမြှေးဆိုတာ မိန်းမကိုယ်အဝကို ပိတ်ဆို့ထားတဲ့ အမြှေးပါးလေးဖြစ်ပါတယ်။ မိန်းကလေးငယ် ကြီးကောင်ဝင်တဲ့အရွယ်အလိုက် တဖြည်းဖြည်းကျယ်လာပါတယ်။ အပျိုမြှေးဟာ ပုံသဏ္ဍာန်အမျိုးမျိုးရှိပြီး များသောအားဖြင့် လခြမ်းပုံသဏ္ဍာန်ရှိကြပါတယ်။

အပျိုမြှေးမရှိလို့ မိန်းကလေးတစ်ယောက်ကို အပျိုစင်မဟုတ်ဘူးလို့ စွတ်စွဲလို့မရပါဘူး။ တစ်ချို့မိန်းကလေးတွေမှာ မွေးရာပါ အပျိုမြှေးမပါကြလို့ပါ။

လိင်ဆက်ဆံရင်၊ အမျိုးသမီးလစဉ်သုံးဂွမ်းထုတ်သွင်းရင်၊ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ရင် သို့မဟုတ် ရောဂါတစ်စုံတစ်ရာကြောင့် မိန်းမကိုယ်အတွင်းစမ်းသပ်စစ်ဆေးခံရဖူးရင် အပျိုမြှေးပေါက်ပြဲနိုင်ပါတယ်။

ကြီးကောင်ဝင်စအရွယ်မိန်းကလေးငယ်တွေမှာ ဓမ္မတာသွေးတစ်ခါမှမပေါ်သေးဘူးဆိုရင် အလုံပိတ်အပျိုမြှှေးရှိနေနိုင်ပါတယ်။ အဲဒီအလုံပိတ်အပျိုမြှေးဟာ ဓမ္မတာသွေးဆင်းခြင်းကို ပိတ်ဆို့ထားနိုင်ပါတယ်။

အဲဒီလိုပိတ်ဆို့ခြင်းအားဖြင့် –
ဝမ်းဗိုက်အောက်ပိုင်း သို့မဟုတ် တင်ပဆုံရိုးကွင်းတစ်ဝိုက်မှာ နာကျင်တဲ့အလုံးတစ်ခုစမ်းမိခြင်း သို့မဟုတ် ပြည့်အင့်နေသလိုခံစားရခြင်း (ဓမ္မတာသွေးတွေအောက်မဆင်းနိုင်ဘဲ မိန်းမကိုယ်အတွင်းမှာ စုဝေးနေလို့ဖြစ်ပါတယ်)
ဗိုက်အောင့်ခြင်း
နောက်ကျောအောင့်ခြင်း
ဆီးသွားရခက်ခြင်း
အစာအိမ်အူလမ်းကြောင်း လှုပ်ရှားရင် နာကျင်ခြင်း
အလုံပိတ်အပျိုမြှေးရှိမရှိကို မိန်းမကိုယ်စမ်းသပ်ရုံနဲ့သိနိုင်ပါတယ်။ ဒါ့အပြင် တင်ပဆုံ အာထရာဆောင်းဓာတ်မှန်ရိုက်ဖို့လည်း ဆရာဝန်က ညွှန်ကြားကောင်း ညွှန်ကြားနိုင်ပါတယ်။

အလုံပိတ်အပျိုမြှေးကို ပြင်ဆင်ဖို့အတွက် ခွဲစိတ်မှုအသေးစားလေးလုပ်ဖို့လိုပါတယ်။ ခွဲစိတ်ပြီး ရက်အနည်းငယ်အတွင်း ပုံမှန်အတိုင်း နေပြန်ကောင်းလာမှာဖြစ်ပါတယ်။ ခွဲစိတ်မှုအသေးစားဆိုရာမှာ အလုံပိတ်နေတဲ့ အပျိုမြှေးရဲ့ အသားစတစ်ချို့ကို ဖယ်ရှားပြီး မိန်းမကိုယ်ဘက်ကို ပုံမှန်အရွယ်အစား အပေါက်တစ်ခုဖြစ်အောင် ဖွင့်ပေးလိုက်တာဖြစ်ပါတယ်။ အထဲမှာ အောင်းနေတဲ့ ဓမ္မတာသွေးအဟောင်းတွေရှိရင် ဆရာဝန်က တစ်ခါထဲဖယ်ရှားပေးမှာဖြစ်ပါတယ်။

အလုံပိတ်အပျိုမြှေးခွဲစိတ်ပြုပြင်ခြင်းကြောင့် လိင်ဆက်ဆံခြင်း၊ ကိုယ်ဝန်ယူခြင်းမှာ တစ်စုံတစ်ရာထိခိုက်မှုမဖြစ်ပေါ်နိုင်ပါဘူး။

Credit : Myanmar Update News

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top