iMyanmarHouse.com - Best Property Website for Myanmar
×

Skin Care ေတြကို နည္းစနစ္က်က် ဘယ္လိုသံုးမလဲ

အခုေခတ္ မိန္းကေလးေတြဟာ ကိုရီးယားမေလးေတြလို သဘာဝဆန္ဆန္ေလး ပင္ကိုယ္အလွနဲ႔ လွခ်င္တဲ့သူ မ်ားပါတယ္။ ဒီေတာ့ မိတ္ကပ္ဆိုလည္း ခပ္ပါးပါးေလး လိမ္းတာမ်ိဳး ရွိလာပါတယ္။ ပင္ကိုယ္အလွနဲ႔ လွပဖို႔ဆိုတာ အေရးအေၾကာင္း၊ ဝက္ျခံ၊ တင္းတိပ္၊ မ်က္ကြင္းညိဳတာေတြ၊ အသားအေရေျခာက္တာေတြ မရွိမွ ျဖစ္မွာပါ။ ဒီေတာ့ မိတ္ကပ္လိမ္းတာထက္ အသားအေရထိန္းသိမ္းတဲ့ ပစၥည္းေတြ(Skin Care) ေတြကို ပိုၿပီး ဦးစားေပး သံုးလာၾကပါတယ္။ Skin Careေတြထဲမွာ ေန႔လိမ္းခရင္မ္၊ ညလိမ္းခရင္မ္၊ တုိနာ၊ Eye Cream၊ Essence အမ်ားႀကီးပါပဲ။ ဒီလို အမ်ားႀကီးကို အခ်ိန္မွန္ေအာင္ သံုးတတ္ဖုိ႔ေတာ့ လိုပါတယ္။ Skin Care ေတြ အမ်ားႀကီး ဝယ္ထားၿပီး ဘယ္ဟာအရင္စသံုးရမလဲမသိရင္ေတာ့ ဖတ္ၾကည့္ပါဦးေနာ္။

Skin Care စလုပ္ၿပီဆိုရင္ေတာ့ ပထမဆံုးအေနနဲ႔ မိတ္ကပ္ဖ်က္ေဆး ဒါမွမဟုတ္ အဆီစုပ္တဲ့ စကၠဴေတြ သံုးၿပီး မ်က္ႏွာေပၚက အညစ္အေၾကးေတြကို အရင္ဖယ္ရွားလိုက္ပါ။ ေနာက္ၿပီးရင္ေတာ့ ေရဓါတ္မ်ားမ်ား ပါဝင္တဲ့ Cleanser သံုးေပးဖို႔ လိုပါတယ္။ ဒါက အညစ္အေၾကးေတြကို ႏွစ္ဆ သန္႔စင္ေစပါတယ္။

သန္႔စင္တဲ့ ကိစၥေတြၿပီးၿပီဆိုရင္ေတာ့ တိုနာအလွည့္ေရာက္ပါၿပီ။ တိုနာကေတာ့ ေရဓါတ္ကိုလည္း ျဖည့္တင္းေပးၿပီး ေခၽြးေပါက္ေတြ က်ယ္တာကိုလည္း သက္သာေစပါတယ္။ တိုနာကို ဂြမ္းစေလးနဲ႔ ယူၿပီး မ်က္ႏွာမွာ ပြတ္တာမ်ိဳး လုပ္ႏုိင္ပါတယ္။

တိုနာ အဆင့္ၿပီးၿပီဆိုရင္ေတာ့ Essence လိမ္းလို႔ ရပါၿပီ။ Essence ဟာလည္း Toner၊ Serum နဲ႔ သေဘာတရားတူညီပါတယ္။ သူကေတာ့ ေရဓါတ္လည္း ျဖည့္ေပးသလို ဆဲလ္ေသေတြကို ဖယ္ရွားေပးၿပီး ဆဲလ္သစ္ျပန္လည္ ျဖစ္ေပၚဖို႔ အေထာက္အကူျပဳပါတယ္။

Mask ကေတာ့ ပ်ိဳပ်ိဳေမေလးေတြ တပတ္ကို တစ္ခါ၊ႏွစ္ခါေလာက္ လုပ္ၾကတဲ့ ပစၥည္းပါ။ Mask ေတြဟာ အသားအေရထိန္းညွိဖုိ႔အတြက္ အေကာင္းဆံုး ျဖစ္ၿပီး ကိုယ့္အသားအေရ အမ်ိဳးအစားအလိုက္ ေရြးခ်ယ္လို႔ ရႏိုင္ပါတယ္။

မ်က္လံုးအတြက္ေတာ့ Eyecream ေလး လိုအပ္တာေပါ့ေနာ္။ မ်က္လံုးနားတဝုိက္မွာ မ်က္ကြင္းညိဳျခင္း၊ အေရးအေၾကာင္း ျဖစ္ျခင္းနဲ႔ ေရဓါတ္လိုအပ္တာေတြကို ေကာင္းမြန္ေစပါတယ္။ လက္ေခ်ာင္းေလးေတြနဲ႔ ညင္သာစြာ ထိေတြ႔ပါ။ အတင္းပြတ္တာမ်ိဳး မလုပ္နဲ႔ေနာ္။

ေရဓါတ္အားျဖည့္ခရင္မ္(moisture) ကေတာ့ အသားအေရ ၾကည္လင္ေတာက္ပေစၿပီး စိုစိုေလး ျဖစ္ေနေစမွာပါ။ Emulsion၊ Gel ပံုစံ အမ်ိဳးမ်ိဳး ရွိပါတယ္။ ေန႔တိုင္းသံုးလို႔ ရပါတယ္။

ေနေလာင္ကာခရင္မ္(sunscreen)ကလည္း မရွိမျဖစ္ လိုအပ္ပါတယ္ေနာ္။ ေနေရာင္ျခည္ဒဏ္ကို ကာကြယ္ေပးၿပီး အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္တာေတြ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။

ပ်ိဳပ်ိဳေမေလးမွာ အေပၚမွာ ေျပာျပခဲ့တဲ့ အသားအေရထိန္းသိမ္းခရင္မ္ေတြေတာ့ ရွိတယ္။ မိတ္ကပ္လည္း လိမ္းခ်င္တယ္ဆိုရင္ေတာ့ ဘယ္အရာေတြ အရင္လိမ္းမလဲ သိဖို႔လိုပါတယ္။

မနက္ခင္း မိတ္ကပ္မလိမ္းခင္မွာ Cleanser လိမ္းပါ။ ၿပီးရင္ Toner ေလး ထပ္သံုးပါ။ ေနာက္ေတာ့ ေရဓါတ္ျဖည့္ခရင္မ္နဲ႔ ေနေလာင္ကာခရင္မ္ လိမ္းၿပီးမွ မိတ္ကပ္လိမ္းပါ။ ကိုယ္က ေရဓါတ္ျဖည့္ ခရင္မ္ မလိမ္းဘူးဆိုရင္ Essence ဒါမွမဟုတ္ Emulsion ေလး လိမ္းလို႔ ရပါတယ္။

ညဘက္ေရာက္ၿပီဆိုရင္ေတာ့ မနက္က လိမ္းသမွ် မိတ္ကပ္ေတြ ဖ်က္ဖို႔ မိတ္ကပ္ဖ်က္ေဆး အရင္သံုးပါ။ ၿပီးရင္ေတာ့ Toner သံုးၿပီး Essence ထပ္လိမ္းႏုိင္ပါတယ္။ ေနာက္ဆံုးေတာ့ Night Cream ေလး လိမ္းလိုက္ပါ။ တပတ္တခါေတာ့ Mask ေတြ သံုးႏိုင္ပါတယ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Skin Care တွေကို နည်းစနစ်ကျကျ ဘယ်လိုသုံးမလဲ

အခုခေတ် မိန်းကလေးတွေဟာ ကိုရီးယားမလေးတွေလို သဘာဝဆန်ဆန်လေး ပင်ကိုယ်အလှနဲ့ လှချင်တဲ့သူ များပါတယ်။ ဒီတော့ မိတ်ကပ်ဆိုလည်း ခပ်ပါးပါးလေး လိမ်းတာမျိုး ရှိလာပါတယ်။ ပင်ကိုယ်အလှနဲ့ လှပဖို့ဆိုတာ အရေးအကြောင်း၊ ဝက်ခြံ၊ တင်းတိပ်၊ မျက်ကွင်းညိုတာတွေ၊ အသားအရေခြောက်တာတွေ မရှိမှ ဖြစ်မှာပါ။ ဒီတော့ မိတ်ကပ်လိမ်းတာထက် အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေ(Skin Care) တွေကို ပိုပြီး ဦးစားပေး သုံးလာကြပါတယ်။ Skin Careတွေထဲမှာ နေ့လိမ်းခရင်မ်၊ ညလိမ်းခရင်မ်၊ တိုနာ၊ Eye Cream၊ Essence အများကြီးပါပဲ။ ဒီလို အများကြီးကို အချိန်မှန်အောင် သုံးတတ်ဖို့တော့ လိုပါတယ်။ Skin Care တွေ အများကြီး ဝယ်ထားပြီး ဘယ်ဟာအရင်စသုံးရမလဲမသိရင်တော့ ဖတ်ကြည့်ပါဦးနော်။

Skin Care စလုပ်ပြီဆိုရင်တော့ ပထမဆုံးအနေနဲ့ မိတ်ကပ်ဖျက်ဆေး ဒါမှမဟုတ် အဆီစုပ်တဲ့ စက္ကူတွေ သုံးပြီး မျက်နှာပေါ်က အညစ်အကြေးတွေကို အရင်ဖယ်ရှားလိုက်ပါ။ နောက်ပြီးရင်တော့ ရေဓါတ်များများ ပါဝင်တဲ့ Cleanser သုံးပေးဖို့ လိုပါတယ်။ ဒါက အညစ်အကြေးတွေကို နှစ်ဆ သန့်စင်စေပါတယ်။

သန့်စင်တဲ့ ကိစ္စတွေပြီးပြီဆိုရင်တော့ တိုနာအလှည့်ရောက်ပါပြီ။ တိုနာကတော့ ရေဓါတ်ကိုလည်း ဖြည့်တင်းပေးပြီး ချွေးပေါက်တွေ ကျယ်တာကိုလည်း သက်သာစေပါတယ်။ တိုနာကို ဂွမ်းစလေးနဲ့ ယူပြီး မျက်နှာမှာ ပွတ်တာမျိုး လုပ်နိုင်ပါတယ်။

တိုနာ အဆင့်ပြီးပြီဆိုရင်တော့ Essence လိမ်းလို့ ရပါပြီ။ Essence ဟာလည်း Toner၊ Serum နဲ့ သဘောတရားတူညီပါတယ်။ သူကတော့ ရေဓါတ်လည်း ဖြည့်ပေးသလို ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဆဲလ်သစ်ပြန်လည် ဖြစ်ပေါ်ဖို့ အထောက်အကူပြုပါတယ်။

Mask ကတော့ ပျိုပျိုမေလေးတွေ တပတ်ကို တစ်ခါ၊နှစ်ခါလောက် လုပ်ကြတဲ့ ပစ္စည်းပါ။ Mask တွေဟာ အသားအရေထိန်းညှိဖို့အတွက် အကောင်းဆုံး ဖြစ်ပြီး ကိုယ့်အသားအရေ အမျိုးအစားအလိုက် ရွေးချယ်လို့ ရနိုင်ပါတယ်။

မျက်လုံးအတွက်တော့ Eyecream လေး လိုအပ်တာပေါ့နော်။ မျက်လုံးနားတဝိုက်မှာ မျက်ကွင်းညိုခြင်း၊ အရေးအကြောင်း ဖြစ်ခြင်းနဲ့ ရေဓါတ်လိုအပ်တာတွေကို ကောင်းမွန်စေပါတယ်။ လက်ချောင်းလေးတွေနဲ့ ညင်သာစွာ ထိတွေ့ပါ။ အတင်းပွတ်တာမျိုး မလုပ်နဲ့နော်။

ရေဓါတ်အားဖြည့်ခရင်မ်(moisture) ကတော့ အသားအရေ ကြည်လင်တောက်ပစေပြီး စိုစိုလေး ဖြစ်နေစေမှာပါ။ Emulsion၊ Gel ပုံစံ အမျိုးမျိုး ရှိပါတယ်။ နေ့တိုင်းသုံးလို့ ရပါတယ်။

နေလောင်ကာခရင်မ်(sunscreen)ကလည်း မရှိမဖြစ် လိုအပ်ပါတယ်နော်။ နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ပျိုပျိုမေလေးမှာ အပေါ်မှာ ပြောပြခဲ့တဲ့ အသားအရေထိန်းသိမ်းခရင်မ်တွေတော့ ရှိတယ်။ မိတ်ကပ်လည်း လိမ်းချင်တယ်ဆိုရင်တော့ ဘယ်အရာတွေ အရင်လိမ်းမလဲ သိဖို့လိုပါတယ်။

မနက်ခင်း မိတ်ကပ်မလိမ်းခင်မှာ Cleanser လိမ်းပါ။ ပြီးရင် Toner လေး ထပ်သုံးပါ။ နောက်တော့ ရေဓါတ်ဖြည့်ခရင်မ်နဲ့ နေလောင်ကာခရင်မ် လိမ်းပြီးမှ မိတ်ကပ်လိမ်းပါ။ ကိုယ်က ရေဓါတ်ဖြည့် ခရင်မ် မလိမ်းဘူးဆိုရင် Essence ဒါမှမဟုတ် Emulsion လေး လိမ်းလို့ ရပါတယ်။

ညဘက်ရောက်ပြီဆိုရင်တော့ မနက်က လိမ်းသမျှ မိတ်ကပ်တွေ ဖျက်ဖို့ မိတ်ကပ်ဖျက်ဆေး အရင်သုံးပါ။ ပြီးရင်တော့ Toner သုံးပြီး Essence ထပ်လိမ်းနိုင်ပါတယ်။ နောက်ဆုံးတော့ Night Cream လေး လိမ်းလိုက်ပါ။ တပတ်တခါတော့ Mask တွေ သုံးနိုင်ပါတယ်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top