iMyanmarHouse.com - Best Property Website for Myanmar
×
“အမက နောက်ပိုင်းတော့လေ ဇာတ်ကားတွေက သိပ်လဲမရိုက်ဖြစ်ဘူး ၊လျှော့လိုက်တဲ့ အပိုင်းလဲပါတယ် ၊ တစ်ကယ်လို့ ကြုံကြိုက်ဖြစ်ရင်တော့ ရိုက်မှာပါလို့”
ပရိသတ်အချစ်တော် ရွှေထူးတစ်ယောက်ကတော့ မကြာသေးခင်ကမှ I ဆိုတဲ့ တစ်ကိုယ်တော် Album လေး တစ်ခွေ ထွက်ရှိထားတာလည်းဖြစ်ပါတယ်။
ဒီခွေနဲ့ပတ်သက်ပြီးတော့လည်း ပရိသတ်အချို့ရဲ့ ဝေဖန်မှုတွေရှိခဲ့ပြီး ရွှေထူးအနေနဲ့ကတော့ တည်ငြိမ်အေးဆေးစွာ ဖြေရှင်းတုံ့ပြန်ထားတာကိုလည်း တွေ့ရပါတယ်။
ဒါ့အပြင် သူ့ရဲ့ အချစ်ရေးဟာလည်း နှစ်ပေါင်းများစွာ ခိုင်မြဲတဲ့အချစ်တစ်ခုအနေနဲ့ ပရိသတ်တွေအားကျရလောက်အောင်ကိုဖြစ်နေပါတယ်။ သူဟာ အခက်အခဲမျိုးစုံကြားထဲကနေ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး ယခုအချိန်မှာတော့ ရွှေထူး ဆိုတဲ့ နာမည်တစ်လုံးနဲ့ အောင်မြင်မှုတွေကို ရယူနိုင်နေတာလည်းဖြစ်ပါတယ်။ သူ ငယ်စဉ်ကတည်းက နှစ်သက်သဘောကျခဲ့တဲ့ အနုပညာရှင်တစ်ဦးအကြောင်းကိုလည်း မကြာခဏ ပွင့်ပွင့်လင်းလင်းပြောပြလေ့ရှိပါတယ်။ ထိုသူကတော့ မင်းသမီး မိုးဟေကိုပဲဖြစ်ပါတယ်။ မိုးဟေကိုနဲ့ ပတ်သက်ပြီး အဆိုတော် ရွှေထူးကတော့
“မမိုးဟေကို ကိုကျတော့ ကျွန်တော် ငယ်ငယ်လေးထဲကကြိုက်တယ်။ အားပေးတယ်။ ကျွန်တော် မသိဘူးဗျ သူူ့ရုပ်ကိုကြိုက်တယ် ၊ပြီးတော့ သူ့အနုပညာကိုကြိုက်တယ်” လို့ ဖြေဆိုထားတဲ့အပေါ် မင်းသမီး မိုးဟေကိုကလည်း
“အော်..ဟုတ်ကဲ့ ဝမ်းသာပါတယ်၊ ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်လို့ ”
ဇာတ်ကားတွေရိုက်မယ်ဆိုရင်
“အမက နောက်ပိုင်းတော့လေ ဇာတ်ကားတွေက သိပ်လဲမရိုက်ဖြစ်ဘူး ၊လျှော့လိုက်တဲ့ အပိုင်းလဲပါတယ် ၊ တစ်ကယ်လို့ ကြုံကြိုုက်ဖြစ်ရင်တော့ ရိုက်မှာပါလို့”
ရွှေထူးအနေနဲ့ကတော့ ဒါကို အတိုင်းထက်အလွန်ပဲလို့ ပြောသွားပါတယ်။
Credit : Myanmar Celebrity
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top