iMyanmarHouse.com - Best Property Website for Myanmar
×

အသက္ (၃၀) ပတ္ဝန္းက်င္ မိန္းကေလးတစ္ေယာက္ဟာ မနက္ (၇) နာရီမွာ ထဖို႔ ည (၁၂) နာရီေလာက္မွာ အိပ္တယ္။ ဒီ (၇) နာရီ အိပ္ေနခ်ိန္ အတြင္းမွာ (၃၉၀) ကီလိုကယ္လိုရီထိ အဆီက်ႏုိင္ပါတယ္။ အိပ္ေနရင္း အဆီေတြ ေလာင္ကၽြမ္းပစ္တာေပါ့။ ဒါဆို ကိုယ္တြင္း အဆီပိုေတြ ကုန္ဆံုးသြားေအာင္ ေန႔ခင္းဆို ျငိမ္မေနဘဲ ကိုယ္ခႏၶာကို လႈပ္ရွားေပးရတာမ်ိဳးလိုပဲ။ အိပ္ရင္လည္း အိပ္ခ်င္သလို မအိပ္ဘဲ အဆီေတြေလာင္တဲ့ အိပ္နည္းနဲ႔ အိပ္လို႔လည္း ရပါၿပီ။

အိပ္ခါနီး (၃) နာရီအလိုမွာ

ညဆို ဘယ္အခ်ိန္ အိပ္ယာဝင္တာလဲ။ မဝင္ခင္ (၃) နာရီအထိ စားခ်င္တာ စားလို႔ ရပါတယ္။ စားခ်င္တာ စားတဲ့အခါမွာ ကယ္လိုရီတြက္ၿပီး အစားအေသာက္ကို စားတတ္တဲ့သူေတြက ျမန္ျမန္က်မွာေပါ့။ မတြက္ဘဲ စားလည္း ရပါတယ္။ ဒါေပမယ့္ မအိပ္ခင္ (၃) နာရီမွာ ဘာအစာ တစ္စိေလးမွ ပါးစပ္ထဲ ထည့္ဖို႔ မစဥ္းစားပါနဲ႔။ အစာေျခခ်ိန္က (၃) နာရီအတြင္း ေျခၿပီး အိပ္တာနဲ႔ အစာအိမ္က အစာေျခႏႈန္း ေႏွးသြားတာမို႔ အမ်ားႀကီးစားထားမယ္ဆိုရင္ တအိအိနဲ႔ အဆီေတြလည္း မေၾကႏိုင္ေတာ့လို႔ပါ။

့မအိပ္ခင္ (၁) နာရီေလာက္မွာ

ျမန္ျမန္ အိပ္ေပ်ာ္ေအာင္လို႔ တီဗီ ပိတ္မယ္၊ လက္ပ္ေတာ့ပိတ္မယ္၊ အခန္းမီးလည္း ပိတ္မယ္၊ နားၾကပ္ကို ျဖဳတ္ၿပီး အိပ္ပါ။ အခုအခ်ိန္ကေန အိပ္ေတာ့မယ္ဆိုတာကို တစ္အိမ္လံုးနဲ႔ ရည္းစားကိုပါ (ရွိသူမ်ားအတြက္ေပါ့ေနာ္) အသိေပးၿပီး လာမေႏွာင့္ယွက္ဖို႔ ဖုန္းမဆက္ဖို႔ ေျပာထားပါ။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ႏုိင္ေအာင္ဆိုရင္ ေရေႏြးနဲ႔ ေရခ်ိဳးၿပီး မအိပ္ခင္ လက္ကေလးေတြ၊ ေျခဖဝါးေလးေတြကို ဆုပ္လိုက္ျဖန္႔လိုက္လုပ္ေပး၊ ေျခခ်င္းဝတ္ကိုလည္း အဝိုင္းေလးေတြ လႈပ္ေပးရင္ ေသြးလည္ပတ္မႈ ေကာင္းလာၿပီး ပိုအိပ္ေကာင္းပါတယ္။

ဘယ္အခ်ိန္အိပ္

ပိန္ေစတဲ့ ေဟာ္မုန္းရွိတာကို သိၾကလား။ ဒီေဟာ္မုန္း နာမည္က ျဖစ္ၿပီး ပံုမွန္အလုပ္လုပ္ခ်ိန္က ည (၁၀) နာရီကေန မနက္ (၃) နာရီ အတြင္းေပါ့။ ဒီအခ်ိန္အတြင္း အိပ္ႏိုင္ရင္ အေကာင္းဆံုးပဲ။ သူက အိပ္ေပ်ာ္ၿပီဆိုမွ ထြက္တာဆိုေတာ့ ႏွစ္ႏွစ္ျခိဳက္ျခိဳက္အိပ္ေပ်ာ္ဖုိ႔ေတာ့ လိုမယ္။

အိပ္ေရးမဝရင္

ဘာျဖစ္သလဲဆိုေတာ့ ပိုဝေစပါတယ္။ အိပ္ေရးမဝရင္ ကိုယ္ခႏၶာတြင္းက ေဟာ္မုန္းေတြက သူ႔အခ်ိန္နဲ႔သူ မထြက္ေတာ့ဘူး။ အဆိုးဆံုးက စားခ်င္စိတ္ကို ေလ်ာ့နည္းေစတဲ့ လက္ပတင္ (Leptin) ေဟာ္မုန္းကို ေလ်ာ့သြားတယ္။ ဒီေတာ့ အာဟာရနဲ႔ စြမ္းအင္ (Energy) Balance ျဖစ္ေအာင္ဆိုၿပီး ခႏၶာတြင္းက အရမ္းကို စားခ်င္ေအာင္ လုပ္တဲ့ (Ghrelin) ေဟာ္မုန္းက အလုပ္ေတြ ပိုထြက္လာပါတယ္။ ဒီေတာ့ အိပ္ေရးက မဝ၊ အေအးေတြေသာက္၊ မုန္႔ေတြ ထိုင္စား၊ ေကာ္ဖီေတြေသာက္ျဖစ္ကုန္တာပါ။ ဒါေၾကာင့္ အိပ္ခ်ိန္ အနည္းဆံုး (၇) နာရီ ကေန (၈) နာရီ ထက္မေလ်ာ့ဘဲ အိပ္ပါ။

ဝိတ္က်ေစတဲ့ အိပ္နည္းေလး ေပးမယ္

တစ္ေန႔လံုး စားခ်င္တာစားၿပီး အိပ္ခ်င္သလို အိပ္လို႔ေတာ့ ဘယ္ရမလဲ။ ဒါေပမယ့္ အခုေျပာျပမယ့္ အခ်ိန္ဇယားကို ၾကည့္ၿပီး ကိုယ္ လိုအပ္သလို စားခ်ိန္ အိပ္ခ်ိန္ေလးကို ခ်င့္ခ်ိန္ၿပီး ေနပံုထုိင္ပံုေလးနည္းနည္းေလး ေျပာင္းလိုက္ရင္ ရၿပီ။

Source : Eatthis

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အသက် (၃၀) ပတ်ဝန်းကျင် မိန်းကလေးတစ်ယောက်ဟာ မနက် (၇) နာရီမှာ ထဖို့ ည (၁၂) နာရီလောက်မှာ အိပ်တယ်။ ဒီ (၇) နာရီ အိပ်နေချိန် အတွင်းမှာ (၃၉၀) ကီလိုကယ်လိုရီထိ အဆီကျနိုင်ပါတယ်။ အိပ်နေရင်း အဆီတွေ လောင်ကျွမ်းပစ်တာပေါ့။ ဒါဆို ကိုယ်တွင်း အဆီပိုတွေ ကုန်ဆုံးသွားအောင် နေ့ခင်းဆို ငြိမ်မနေဘဲ ကိုယ်ခန္ဓာကို လှုပ်ရှားပေးရတာမျိုးလိုပဲ။ အိပ်ရင်လည်း အိပ်ချင်သလို မအိပ်ဘဲ အဆီတွေလောင်တဲ့ အိပ်နည်းနဲ့ အိပ်လို့လည်း ရပါပြီ။

အိပ်ခါနီး (၃) နာရီအလိုမှာ

ညဆို ဘယ်အချိန် အိပ်ယာဝင်တာလဲ။ မဝင်ခင် (၃) နာရီအထိ စားချင်တာ စားလို့ ရပါတယ်။ စားချင်တာ စားတဲ့အခါမှာ ကယ်လိုရီတွက်ပြီး အစားအသောက်ကို စားတတ်တဲ့သူတွေက မြန်မြန်ကျမှာပေါ့။ မတွက်ဘဲ စားလည်း ရပါတယ်။ ဒါပေမယ့် မအိပ်ခင် (၃) နာရီမှာ ဘာအစာ တစ်စိလေးမှ ပါးစပ်ထဲ ထည့်ဖို့ မစဉ်းစားပါနဲ့။ အစာခြေချိန်က (၃) နာရီအတွင်း ခြေပြီး အိပ်တာနဲ့ အစာအိမ်က အစာခြေနှုန်း နှေးသွားတာမို့ အများကြီးစားထားမယ်ဆိုရင် တအိအိနဲ့ အဆီတွေလည်း မကြေနိုင်တော့လို့ပါ။

့မအိပ်ခင် (၁) နာရီလောက်မှာ

မြန်မြန် အိပ်ပျော်အောင်လို့ တီဗီ ပိတ်မယ်၊ လက်ပ်တော့ပိတ်မယ်၊ အခန်းမီးလည်း ပိတ်မယ်၊ နားကြပ်ကို ဖြုတ်ပြီး အိပ်ပါ။ အခုအချိန်ကနေ အိပ်တော့မယ်ဆိုတာကို တစ်အိမ်လုံးနဲ့ ရည်းစားကိုပါ (ရှိသူများအတွက်ပေါ့နော်) အသိပေးပြီး လာမနှောင့်ယှက်ဖို့ ဖုန်းမဆက်ဖို့ ပြောထားပါ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်နိုင်အောင်ဆိုရင် ရေနွေးနဲ့ ရေချိုးပြီး မအိပ်ခင် လက်ကလေးတွေ၊ ခြေဖဝါးလေးတွေကို ဆုပ်လိုက်ဖြန့်လိုက်လုပ်ပေး၊ ခြေချင်းဝတ်ကိုလည်း အဝိုင်းလေးတွေ လှုပ်ပေးရင် သွေးလည်ပတ်မှု ကောင်းလာပြီး ပိုအိပ်ကောင်းပါတယ်။

ဘယ်အချိန်အိပ်

ပိန်စေတဲ့ ဟော်မုန်းရှိတာကို သိကြလား။ ဒီဟော်မုန်း နာမည်က ဖြစ်ပြီး ပုံမှန်အလုပ်လုပ်ချိန်က ည (၁၀) နာရီကနေ မနက် (၃) နာရီ အတွင်းပေါ့။ ဒီအချိန်အတွင်း အိပ်နိုင်ရင် အကောင်းဆုံးပဲ။ သူက အိပ်ပျော်ပြီဆိုမှ ထွက်တာဆိုတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့တော့ လိုမယ်။

အိပ်ရေးမဝရင်

ဘာဖြစ်သလဲဆိုတော့ ပိုဝစေပါတယ်။ အိပ်ရေးမဝရင် ကိုယ်ခန္ဓာတွင်းက ဟော်မုန်းတွေက သူ့အချိန်နဲ့သူ မထွက်တော့ဘူး။ အဆိုးဆုံးက စားချင်စိတ်ကို လျော့နည်းစေတဲ့ လက်ပတင် (Leptin) ဟော်မုန်းကို လျော့သွားတယ်။ ဒီတော့ အာဟာရနဲ့ စွမ်းအင် (Energy) Balance ဖြစ်အောင်ဆိုပြီး ခန္ဓာတွင်းက အရမ်းကို စားချင်အောင် လုပ်တဲ့ (Ghrelin) ဟော်မုန်းက အလုပ်တွေ ပိုထွက်လာပါတယ်။ ဒီတော့ အိပ်ရေးက မဝ၊ အအေးတွေသောက်၊ မုန့်တွေ ထိုင်စား၊ ကော်ဖီတွေသောက်ဖြစ်ကုန်တာပါ။ ဒါကြောင့် အိပ်ချိန် အနည်းဆုံး (၇) နာရီ ကနေ (၈) နာရီ ထက်မလျော့ဘဲ အိပ်ပါ။

ဝိတ်ကျစေတဲ့ အိပ်နည်းလေး ပေးမယ်

တစ်နေ့လုံး စားချင်တာစားပြီး အိပ်ချင်သလို အိပ်လို့တော့ ဘယ်ရမလဲ။ ဒါပေမယ့် အခုပြောပြမယ့် အချိန်ဇယားကို ကြည့်ပြီး ကိုယ် လိုအပ်သလို စားချိန် အိပ်ချိန်လေးကို ချင့်ချိန်ပြီး နေပုံထိုင်ပုံလေးနည်းနည်းလေး ပြောင်းလိုက်ရင် ရပြီ။

Source : Eatthis

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top