iMyanmarHouse.com - Best Property Website for Myanmar
×

ၿဗိတိန္ႏုိင္ငံမွ အမ်ဳိးသားတစ္ဦးဟာ ပဋိဇီဝေဆးေတြကို ခုခံႏုိင္စြမ္း႐ွိတဲ့ ကမာၻ႕အဆုိး႐ြားဆုံး ကာလသားေရာဂါ (gonorrhoea) ျဖစ္ပြားေနေၾကာင္း ေတြ႕႐ွိရတယ္လို႕ Public Health of England (PEH) က ယေန႕ (မတ္လ ၂၉ ရက္) ေျပာပါတယ္။

အဆုိပါ အမ်ဳိးသားဟာ အေ႐ွ႕ေတာင္အာ႐ွမွ အမ်ဳိးသမီးတစ္ဦးနဲ႕ လိင္ဆက္ဆံခဲ့ၿပီးေနာက္ ပဋိဇီဝေဆးကုိ ခံႏုိင္စြမ္း႐ွိတဲ့ ကာလသားေရာဂါ ျဖစ္ပြားေနတာ ေတြ႕ခဲ့ရတယ္လို႕ ဆုိပါတယ္။

PEH ရဲ႕ အဆုိအရ ၿဗိတိသွ်အမ်ဳိးသားဟာ လိင္ဆက္ဆံမႈမွတစ္ဆင့္ ကူးစက္ေရာဂါေတြကုိ ကုသရာမွာသုံးတဲ့ ceftriaxone နဲ႕ azithromycin ႏွစ္မ်ဳိးလုံးကုိ ခံႏုိင္ရည္႐ွိေနတဲ့ ပထမဆုံး ကာလသားေရာဂါရသူ ျဖစ္လာေၾကာင္း သိရပါတယ္။

“ဒီလူနာက ၿဗိတိန္မွာ ပုံမွန္လိင္ဆက္ဆံေနက် သူ႕ရဲ႕အမ်ဳိးသမီးအေဖာ္ ႐ွိပါတယ္၊ အေ႐ွ႕ေတာင္အာ႐ွက အမ်ဳိးသမီးနဲ႕ လိင္ဆက္ဆံၿပီးေနာက္ တစ္လအၾကာမွာ ကာလသားေရာဂါလကၡဏာ ျပလာခဲ့တာပါ” လုိ႕ PEH ရဲ႕ မွတ္တမ္းက ဆုိပါတယ္။

အဆုိပါ အမ်ဳိးသားရဲ႕ဆီးကုိ စစ္ေဆးၾကည့္ရာမွာ ကာလသေရာဂါပုိး မေတြ႕ရေပမဲ့ သလိပ္နမူနာကုိ စစ္ေဆးၾကည့္ရာမွာေတာ့ ေရာဂါပုိး႐ွိေနတာ ေတြ႕ရပါတယ္။ ေနာက္တစ္ႀကိမ္ ဆီးစစ္ေဆးမႈရလဒ္ကုိ ဧၿပီလလယ္မွာ သိရမယ္လုိ႕ အဆုိပါတယ္။

၎ကုိ ertapenem IV ေခၚ မတူညီတဲ့ ပဋိဇီဝေဆးျဖင့္ ကုသရာမွာလည္း ထူးျခားတုိးတက္မႈ မ႐ွိခဲ့ဘူးလုိ႕ ဆုိပါတယ္။ ထုိအေတာအတြင္း အဆုိပါအမ်ဳိးသားရဲ႕ လိင္ဆက္ဆံဖက္ ၿဗိတိန္သူကုိ စစ္ေဆးၾကည့္ရာမွာေတာ့ ကာလသားေရာဂါပိုး မေတြ႕ခဲ့ရေၾကာင္း PEH က ေျပာပါတယ္။

Gonorrhoea ေခၚ ကာလသားေရာဂါဟာ အမ်ဳိးသမီး လိင္အဂၤါ၊ ပါးစပ္နဲ႕ စအုိေနရာတုိ႕မွာ လိင္ဆက္ဆံရမွတစ္ဆင့္ ကူးစက္ႏုိင္တဲ့ ဘက္တီရီးယားပုိးေၾကာင့္ျဖစ္တဲ့ ေရာဂါတစ္မ်ဳိး ျဖစ္ပါတယ္။ ကုသျခင္းမျပဳပါက အမ်ဳိးသမီးေတြမွာ တင္ပါးဆုံေနရာ နာက်င္မႈခံစားရၿပီး အမ်ဳိးသားနဲ႕ အမ်ဳိးသမီးတုိ႕မွာ မ်ဳိးမပြားႏိုင္ဘဲ ၿမဳံသြားႏုိင္ပါတယ္။

ျပင္းထန္တဲ့ ကာလသားေရာဂါ ျဖစ္ပြားပါက ဘက္တီးရီးယားပိုးဟာ ေသြးအတြင္း ပ်ံ႕ႏွံ႕သြားၿပီးေနာက္ ခႏၶာကိုယ္ရဲ႕ အျခားအစိတ္အပိုင္းေတြကို ကူးစက္ကာ အသက္အႏၱရာယ္စုိးရိမ္ရပါတယ္။ အဆုိပါ ေရာဂါပုိးဟာ ကုိယ္ဝန္ေဆာင္မိခင္မွတစ္ဆင့္ သေႏၶသားထံ တုိက္႐ိုက္ကူးစက္ႏုိင္ၿပီး သေႏၶသားဟာ မေမြးဖြားမီ မ်က္စိကြယ္ႏုိင္ေၾကာင္း သိရပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဗြိတိန်နိုင်ငံမှ အမျိုးသားတစ်ဦးဟာ ပဋိဇီဝဆေးတွေကို ခုခံနိုင်စွမ်းရှိတဲ့ ကမ္ဘာ့အဆိုးရွားဆုံး ကာလသားရောဂါ (gonorrhoea) ဖြစ်ပွားနေကြောင်း တွေ့ရှိရတယ်လို့ Public Health of England (PEH) က ယနေ့ (မတ်လ ၂၉ ရက်) ပြောပါတယ်။

အဆိုပါ အမျိုးသားဟာ အရှေ့တောင်အာရှမှ အမျိုးသမီးတစ်ဦးနဲ့ လိင်ဆက်ဆံခဲ့ပြီးနောက် ပဋိဇီဝဆေးကို ခံနိုင်စွမ်းရှိတဲ့ ကာလသားရောဂါ ဖြစ်ပွားနေတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

PEH ရဲ့ အဆိုအရ ဗြိတိသျှအမျိုးသားဟာ လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်ရောဂါတွေကို ကုသရာမှာသုံးတဲ့ ceftriaxone နဲ့ azithromycin နှစ်မျိုးလုံးကို ခံနိုင်ရည်ရှိနေတဲ့ ပထမဆုံး ကာလသားရောဂါရသူ ဖြစ်လာကြောင်း သိရပါတယ်။

“ဒီလူနာက ဗြိတိန်မှာ ပုံမှန်လိင်ဆက်ဆံနေကျ သူ့ရဲ့အမျိုးသမီးအဖော် ရှိပါတယ်၊ အရှေ့တောင်အာရှက အမျိုးသမီးနဲ့ လိင်ဆက်ဆံပြီးနောက် တစ်လအကြာမှာ ကာလသားရောဂါလက္ခဏာ ပြလာခဲ့တာပါ” လို့ PEH ရဲ့ မှတ်တမ်းက ဆိုပါတယ်။

အဆိုပါ အမျိုးသားရဲ့ဆီးကို စစ်ဆေးကြည့်ရာမှာ ကာလသရောဂါပိုး မတွေ့ရပေမဲ့ သလိပ်နမူနာကို စစ်ဆေးကြည့်ရာမှာတော့ ရောဂါပိုးရှိနေတာ တွေ့ရပါတယ်။ နောက်တစ်ကြိမ် ဆီးစစ်ဆေးမှုရလဒ်ကို ဧပြီလလယ်မှာ သိရမယ်လို့ အဆိုပါတယ်။

၎င်းကို ertapenem IV ခေါ် မတူညီတဲ့ ပဋိဇီဝဆေးဖြင့် ကုသရာမှာလည်း ထူးခြားတိုးတက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ထိုအတောအတွင်း အဆိုပါအမျိုးသားရဲ့ လိင်ဆက်ဆံဖက် ဗြိတိန်သူကို စစ်ဆေးကြည့်ရာမှာတော့ ကာလသားရောဂါပိုး မတွေ့ခဲ့ရကြောင်း PEH က ပြောပါတယ်။

Gonorrhoea ခေါ် ကာလသားရောဂါဟာ အမျိုးသမီး လိင်အင်္ဂါ၊ ပါးစပ်နဲ့ စအိုနေရာတို့မှာ လိင်ဆက်ဆံရမှတစ်ဆင့် ကူးစက်နိုင်တဲ့ ဘက်တီရီးယားပိုးကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ကုသခြင်းမပြုပါက အမျိုးသမီးတွေမှာ တင်ပါးဆုံနေရာ နာကျင်မှုခံစားရပြီး အမျိုးသားနဲ့ အမျိုးသမီးတို့မှာ မျိုးမပွားနိုင်ဘဲ မြုံသွားနိုင်ပါတယ်။

ပြင်းထန်တဲ့ ကာလသားရောဂါ ဖြစ်ပွားပါက ဘက်တီးရီးယားပိုးဟာ သွေးအတွင်း ပျံ့နှံ့သွားပြီးနောက် ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေကို ကူးစက်ကာ အသက်အန္တရာယ်စိုးရိမ်ရပါတယ်။ အဆိုပါ ရောဂါပိုးဟာ ကိုယ်ဝန်ဆောင်မိခင်မှတစ်ဆင့် သန္ဓေသားထံ တိုက်ရိုက်ကူးစက်နိုင်ပြီး သန္ဓေသားဟာ မမွေးဖွားမီ မျက်စိကွယ်နိုင်ကြောင်း သိရပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top