iMyanmarHouse.com - Best Property Website for Myanmar
×

ေလာကႀကီး တစ္ခုလုံးမွာ ကိုယ္ပိုင္ဆိုင္ထားသမွ် အားလုံး ဆုံးရႈံး သြားၿပီလား။ ပိုင္ဆိုင္မႈ ဆိုရာမွာ ပစၥည္းဥစၥာမွ မဟုတ္ပါဘူး။ မိဘ ၊ မိတ္ေဆြ၊ အေပါင္းအသင္း၊ ေမွ်ာ္လင့္ခ်က္ ၊ အလုပ္ အရာရာတိုင္း ပါဝင္ေနပါတယ္။ ကံၾကမၼာအလွည့္အေျပာင္း တစ္ခုေအာက္မွာအရာအားလုံးမ်က္လွည္ျပလိုက္သလိုမ်ိဳး ပ်က္စီး ဆုံးရႈံး ၿပီး ကိုယ္ပိုင္ဆိုင္ထားသမွ် လက္လႊတ္ခံလိုက္ရတဲ့အခ်ိန္မ်ိဳးေတြ ႀကဳံဖူးပါသလား။

ေရွ႕တစ္လွမ္းတိုးဖို႔ေတာင္ အားအင္ ေတြ မရွိေတာ့တာမ်ိဳး။ ေလာကႀကီးထဲကေန ထြက္ေျပးသြားခ်င္တဲ့ အခ်ိန္မ်ိဳးေတြ ႀကဳံေနၿပီလား။တစ္ခုခုလုပ္တဲ့အခါ တိုင္ပင္ဖို႔ သူငယ္ခ်င္း ေတြ ကိုယ္လဲက်တဲ့အခါ ထူေပးဖို႔ မိတ္ေဆြ ေတြ မရွိေတာ့တဲ့အခါ တမ္းတမေနပါနဲ႔။ ကိုယ္ေမြးကတည္းက ကိုယ့္ေဘးနားမွာ လဲက်တဲ့အခ်ိန္ထိ ရွိေနေပးတဲ့ ငါရွိေနေသးတာပဲ။ ငါရွိေနေသးသေ႐ြ႕ ငါ လဲမက်ေစရဘူး။ ငါရွိေနေသးသေ႐ြ႕ ငါ့ကို ဘယ္သူမွတိုက္ခိုက္လို႔မရေစရဘူး။ ငါသည္သာ ငါ့ ဘဝရဲ႕ ပဲ့ကိုင္ရွင္။

လူတိုင္းေတာ့ ဆုံးရႈံးမႉ ဆိုတာႀကီးကို ႀကဳံရမွာပဲ။ ကိုယ္ ဆုံးရႈံး သြားတဲ့အရာေပၚမူတည္ၿပီးသာ တန္ဖိုး ကြာသြား မွာပါ။ တခ်ိဳ႕က မိဘ ဆုံးရႈံး ရတယ္ ၊တခ်ိဳ႕က ေျခလက္ေတြ ဆုံးရႈံးတယ္၊ တခ်ိဳ႕က မိတ္ေဆြ အေပါင္းအသင္း ေတြ ဆုံးရႈံးတယ္၊ တခ်ိဳ႕ ပစၥည္းဥစၥာ ဆုံးရႈံး တယ္၊ တခ်ိဳ႕က ခ်စ္သူ ဆုံးရႈံး တယ္။ အမ်ိဳးမ်ိဳးပါပဲ။ ဒါေပမယ့္ ကိုယ့္ကိုယ္ကိုယ္ မဆုံုးရႈံးသြားဖို႔ အေရးႀကီးပါတယ္။

ကိုယ့္ကိုယ္ကိုယ္ ဆုံးရႈံး သြားတဲ့သူဟာ အရာအားလုံးကို ဆုံးရႈံး သြားတဲ့သူပါပဲ။ ကိုယ္အသက္ရွင္သန္ေန ေသးတယ္ဆိုတာကိုက ကိုယ့္အတြက္ ဆုလာဒ္ တစ္ခုပဲေလ။ လူတိုင္းရဲ႕ ေဝဖန္မႈ ကို ခံရလို႔ဘာမွ လုပ္ခ်င္တာလား ။ စိတ္မပူပါနဲ႔ သင္ဘာမွမလုပ္ရင္ေတာင္ ဘာမွမလုပ္လို႔ဆိုၿပီး ေဝဖန္မယ့္ သူေတြက ရွိေနအုံးမွာပါ။ ဘာမွမလုပ္တဲ့သူေတြဆိုလို႔ ေသလူပဲရွိပါတယ္။

ကိုယ္ကိုယ္တိုင္ရွင္သန္ေနေသးသေ႐ြ႕ ကိုယ့္ ဘဝ ရဲ႕ အနာဂတ္ ကို ကိုယ္ဖန္တီးႏိုင္ပါေသးတယ္။ ကိုယ္ဖန္တီးထားတဲ့ အရာေတြကို ခံစားႏိုင္ခြင့္ရွိပါေသးတယ္။ သူမ်ားေတြကို လက္ညႇိဳး လိုက္ထိုးမေနပါနဲ႔။ ကိုယ္ေလွ်ာက္တဲ့ လမ္းမႀကီး ကို ကိုယ္ကိုယ္တိုင္ပဲ ေလွ်ာက္လွမ္းရမွာပါ. သင့္အစား ဘယ္သူမွ ေလွ်ာက္လွမ္း ေပးႏိုင္မွာ မဟုတ္ပါဘူး။

ဘဝ ဆိုတဲ့ တိုက္ပြဲ ကေတာ့ ကိုယ့္ ဘဝ ရဲ႕ေနာက္ဆုံးခ်ိန္ေရာက္တဲ့အထိ တိုက္ေနရအုံးမွာပဲ။ တိုက္ပြဲ တိုင္း မရႈံးႏိုင္သလို တိုက္ပြဲ တိုင္း မႏိုင္ႏိုင္ပါဘူး။ ေလာကရဲ႕ သေဘာတရား ကိုက ဒီလိုပဲေလ။ ကိုယ္ထိန္းခ်ဳပ္လို႔ မရတဲ့ ကံၾကမၼာ ကို အျပစ္တင္ ေနမယ့္အစား ကိုယ့္ကိုယ္ကိုယ္အေကာင္းဆုံးျပင္ဆင္ၿပီး ကိုယ့္ ဘဝ ရဲ႕တိုက္ပြဲ အတြက္ အေတာ္ဆုံးစစ္သည္ေတာ္ေတြ ျဖစ္ပါေစဗ်ာ။

Credit : Minsayar
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လောကကြီး တစ်ခုလုံးမှာ ကိုယ်ပိုင်ဆိုင်ထားသမျှ အားလုံး ဆုံးရှုံး သွားပြီလား။ ပိုင်ဆိုင်မှု ဆိုရာမှာ ပစ္စည်းဥစ္စာမှ မဟုတ်ပါဘူး။ မိဘ ၊ မိတ်ဆွေ၊ အပေါင်းအသင်း၊ မျှော်လင့်ချက် ၊ အလုပ် အရာရာတိုင်း ပါဝင်နေပါတယ်။ ကံကြမ္မာအလှည့်အပြောင်း တစ်ခုအောက်မှာအရာအားလုံးမျက်လှည်ပြလိုက်သလိုမျိုး ပျက်စီး ဆုံးရှုံး ပြီး ကိုယ်ပိုင်ဆိုင်ထားသမျှ လက်လွှတ်ခံလိုက်ရတဲ့အချိန်မျိုးတွေ ကြုံဖူးပါသလား။

ရှေ့တစ်လှမ်းတိုးဖို့တောင် အားအင် တွေ မရှိတော့တာမျိုး။ လောကကြီးထဲကနေ ထွက်ပြေးသွားချင်တဲ့ အချိန်မျိုးတွေ ကြုံနေပြီလား။တစ်ခုခုလုပ်တဲ့အခါ တိုင်ပင်ဖို့ သူငယ်ချင်း တွေ ကိုယ်လဲကျတဲ့အခါ ထူပေးဖို့ မိတ်ဆွေ တွေ မရှိတော့တဲ့အခါ တမ်းတမနေပါနဲ့။ ကိုယ်မွေးကတည်းက ကိုယ့်ဘေးနားမှာ လဲကျတဲ့အချိန်ထိ ရှိနေပေးတဲ့ ငါရှိနေသေးတာပဲ။ ငါရှိနေသေးသရွေ့ ငါ လဲမကျစေရဘူး။ ငါရှိနေသေးသရွေ့ ငါ့ကို ဘယ်သူမှတိုက်ခိုက်လို့မရစေရဘူး။ ငါသည်သာ ငါ့ ဘဝရဲ့ ပဲ့ကိုင်ရှင်။

လူတိုင်းတော့ ဆုံးရှုံးမှူ ဆိုတာကြီးကို ကြုံရမှာပဲ။ ကိုယ် ဆုံးရှုံး သွားတဲ့အရာပေါ်မူတည်ပြီးသာ တန်ဖိုး ကွာသွား မှာပါ။ တချို့က မိဘ ဆုံးရှုံး ရတယ် ၊တချို့က ခြေလက်တွေ ဆုံးရှုံးတယ်၊ တချို့က မိတ်ဆွေ အပေါင်းအသင်း တွေ ဆုံးရှုံးတယ်၊ တချို့ ပစ္စည်းဥစ္စာ ဆုံးရှုံး တယ်၊ တချို့က ချစ်သူ ဆုံးရှုံး တယ်။ အမျိုးမျိုးပါပဲ။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် မဆုံးရှုံးသွားဖို့ အရေးကြီးပါတယ်။

ကိုယ့်ကိုယ်ကိုယ် ဆုံးရှုံး သွားတဲ့သူဟာ အရာအားလုံးကို ဆုံးရှုံး သွားတဲ့သူပါပဲ။ ကိုယ်အသက်ရှင်သန်နေ သေးတယ်ဆိုတာကိုက ကိုယ့်အတွက် ဆုလာဒ် တစ်ခုပဲလေ။ လူတိုင်းရဲ့ ဝေဖန်မှု ကို ခံရလို့ဘာမှ လုပ်ချင်တာလား ။ စိတ်မပူပါနဲ့ သင်ဘာမှမလုပ်ရင်တောင် ဘာမှမလုပ်လို့ဆိုပြီး ဝေဖန်မယ့် သူတွေက ရှိနေအုံးမှာပါ။ ဘာမှမလုပ်တဲ့သူတွေဆိုလို့ သေလူပဲရှိပါတယ်။

ကိုယ်ကိုယ်တိုင်ရှင်သန်နေသေးသရွေ့ ကိုယ့် ဘဝ ရဲ့ အနာဂတ် ကို ကိုယ်ဖန်တီးနိုင်ပါသေးတယ်။ ကိုယ်ဖန်တီးထားတဲ့ အရာတွေကို ခံစားနိုင်ခွင့်ရှိပါသေးတယ်။ သူများတွေကို လက်ညှိုး လိုက်ထိုးမနေပါနဲ့။ ကိုယ်လျှောက်တဲ့ လမ်းမကြီး ကို ကိုယ်ကိုယ်တိုင်ပဲ လျှောက်လှမ်းရမှာပါ. သင့်အစား ဘယ်သူမှ လျှောက်လှမ်း ပေးနိုင်မှာ မဟုတ်ပါဘူး။

ဘဝ ဆိုတဲ့ တိုက်ပွဲ ကတော့ ကိုယ့် ဘဝ ရဲ့နောက်ဆုံးချိန်ရောက်တဲ့အထိ တိုက်နေရအုံးမှာပဲ။ တိုက်ပွဲ တိုင်း မရှုံးနိုင်သလို တိုက်ပွဲ တိုင်း မနိုင်နိုင်ပါဘူး။ လောကရဲ့ သဘောတရား ကိုက ဒီလိုပဲလေ။ ကိုယ်ထိန်းချုပ်လို့ မရတဲ့ ကံကြမ္မာ ကို အပြစ်တင် နေမယ့်အစား ကိုယ့်ကိုယ်ကိုယ်အကောင်းဆုံးပြင်ဆင်ပြီး ကိုယ့် ဘဝ ရဲ့တိုက်ပွဲ အတွက် အတော်ဆုံးစစ်သည်တော်တွေ ဖြစ်ပါစေဗျာ။

Credit : Minsayar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top