iMyanmarHouse.com - Best Property Website for Myanmar
×



Credit : Life Style

A Korean Odyssey(Hwayugi)ဇာတ်ကားထဲက မင်းသမီး အိုယွန်ဆိုးနှင့် F4မင်းသား ကင်ဘမ်းတို့နှစ်ဦးစလုံးရဲ့ အေဂျင်စီများက သူတို့နှစ်ယောက် ချစ်သူဖြစ်သွားကြပြီဖြစ်ကြောင်း တရားဝင်ကြေငြာခဲ့ပါတယ်။

မင်းသားလီဒေါင်ဝုနှင့် ဆူဇီတို့ မေတ္တာမျှနေကြကြောင်း အေဂျင်စီနှစ်ခုလုံးက အတည်ပြုခဲ့
အဂျင်စီတွေရဲ့ပြောကြားချက်အရ သူတို့နှစ်ယောက်ဟာ မတ်လအစောပိုင်းက A Korean Odyssey(Hwayugi) ရိုက်ကူးမှုပြီးနောက် သူငယ်ချင်း တွေ့ဆုံပွဲတစ်ခုမှာ အချင်းချင်းတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ သူတို့သည်ချိန်းတွေ့ခဲ့ကြပြီး တစ်လအတွင်းမှာ သူတို့အချစ်ရေးကို တရားဝင်ကြော်ငြာခဲ့တာဖြစ်ပါတယ်။ မယုံနိုင်အောင် မြန်လွန်းပါတယ်။
ကင်မ်ဘမ်းရဲ့အနီးကပ်လုပ်ဖော်ကိုင်ဖက်တစ်ယောက်က သူတို့ရဲ့အချစ်ရေးကို အတည်ပြုခဲ့ပြီး သူတို့နှစ်ယောက်ဟာ စတွဲပြီး သိပ်မကြာခင်မှာပဲ တစ်ယောက်နဲ့ တစ်ယောက် ပိုပြီး မြန်မြန် နီးစပ်လာခဲ့တယ်လို့ ဆိုပါတယ်။
အိုယွန်ဆိုးရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကလည်း အိုယွန်ဆိုးဟာ ကင်မ်ဘမ်းနဲ့ တွေ့ဆုံပြီးကတည်းက ပိုပြီးတောင် ချစ်စရာကောင်းလာတယ်လို့ သူတို့နှစ်ယောက်အခြေအနေကို ဖော်ပြခဲ့ပါတယ်။

Credit : Life Style

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top