iMyanmarHouse.com - Best Property Website for Myanmar
×

ေႏြရာသီေရာက္ၿပီဆိုေတာ့ ေနလည္းပိုပူလာပါၿပီ။ အျပင္ထြက္လိုက္တုိင္းလည္း ေခြ်းၿပိဳက္ၿပိဳက္က်ရလြန္းလို႔ စိတ္ညစ္ရပါတယ္။ ေႏြေနပူရဲ႕ အပူဒဏ္နဲ႔ ပ်င္းစရာ ဥၾသတြန္သံတို႔ကို အံတုႏိုင္ဖို႔အတြက္ သြားရည္စာေလး တစ္မ်ိဳးကို မိတ္ဆက္ေပးပါတယ္။ ဘာမွေထြေထြထူးထူး ျပင္ဆင္ဖို႔ မလိုအပ္သလို လုပ္ရတာလည္း အင္မတန္မွ လြယ္ကူပါတယ္။ ေနာက္ၿပီးေတာ့ ဒီအခ်ိန္က စေတာ္ဘယ္ရီသီး ေပါတဲ့အခ်ိန္ဆိုေတာ့ အသင့္ေတာ္ဆံုးပါပဲ။

စေတာ္ဘယ္ရီသီးကို ေဖ်ာ္ေသာက္လိုက္၊ ဒီတိုင္း အစိမ္းစားလိုက္ လုပ္ေနရတာ ပ်င္းဖို႔ေကာင္းပါတယ္။ အဲဒီအစား စေတာ္ဘယ္ရီသီး သုပ္ေလး သုတ္စားၾကရင္ မေကာင္းဘူးလား။ မမွည့္တမွည့္ စေတာ္ဘယ္ရီသီး ခ်ိဳခ်ဥ္ေလးေတြကို သရက္သီးသုပ္သလိုမ်ိဳး င႐ုပ္သီးအက်က္မွႈန္႔ေလးျဖဴး၊ နယ္ဖတ္ၿပီး သုတ္စားၾကည့္ပါ။ ေႏြေန႔လည္ခင္းေၾကာင့္ မႈိင္းတိုင္းတိုင္းျဖစ္ေနတဲ့ စိတ္ လန္းဆန္းသြားပါလိမ့္မယ္။ အခုေတာင္ ေတြးၾကည့္ၿပီး သြားရည္ယိုေနၿပီဟုတ္။

ျပဳလုပ္နည္းကို မေျပာခင္ အရင္ဆံုး စေတာ္ဘယ္ရီသီးရဲ႕ က်န္းမာေရးေကာင္းက်ိဳးေလးေတြကို ေဝမွ်ေပးခ်င္ပါတယ္။ စေတာ္ဘယ္ရီသီးဟာ အျမင္အာ႐ံုကို ပိုမိုေကာင္းမြန္ေစၿပီးေတာ့ ဦးေႏွာက္ လုပ္ေဆာင္မႈကို ျမင့္တက္ေစပါတယ္။ ဒါ့အျပင္ ေသြးတိုးေရာဂါ၊ ေဂါက္ေရာဂါ၊ အဆစ္အျမစ္ေရာင္ ေရာဂါနဲ႔ တျခားႏွလံုးဆိုင္ရာ ေရာဂါေတြကိုလည္း သက္သာေပ်ာက္ကင္း ေစႏိုင္ပါတယ္။ ဒါ့အျပင္ စေတာ္ဘယ္ရီသီးဟာ ကိုယ္ခံအားစနစ္ကိုလည္း တိုးတက္ေကာင္းမြန္ေစတဲ့အတြက္ ကင္ဆာကာကြယ္ႏိုင္သလို အ႐ြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္ျခင္းကိုလည္း တားဆီးေပးႏိုင္ပါတယ္။

ပါဝင္ပစၥည္းမ်ား

စေတာ္ဘယ္ရီသီးသုပ္ ျပဳလုပ္ဖို႔အတြက္ လိုအပ္တဲ့ ပါဝင္ပစၥည္းေတြကေတာ့... စေတာ္ဘယ္ရီသီး အလံုး (၃၀) ခန္႔၊ သၾကား (၃) ဇြန္းခန္႔၊ ငံျပာရည္ (၁) ဇြန္းခန္႔၊ င႐ုပ္သီးအက်က္မႈန္႔ (၁) ဇြန္းခန္႔၊ သံပုရာသီး (၁) ျခမ္းတို႔ပဲ ျဖစ္ပါတယ္။

ျပဳလုပ္နည္း

အရင္ဆံုး စေတာ္ဘယ္ရီသီးေလးေတြကို ေရစင္ေအာင္ေဆးေပးလိုက္ပါ။ ၿပီးရင္ ထိပ္ကအညွာေလးေတြကို ဖယ္႐ွားေပးလိုက္ၿပီး ထက္ျခမ္းျခမ္းေပးလိုက္ပါ။ ဒါဆိုရင္ စေတာ္ဘယ္ရီသီး ျခမ္းကြဲ အတံုး (၆၀) ကို ရ႐ွိပါလိမ့္မယ္။ ရလာတဲ့ စေတာ္ဘယ္ရီသီး ျခမ္းကြဲေလးေတြကို ဇလံုတစ္လံုးထဲမွာ စုထည့္ေပးလိုက္ပါ။

င႐ုပ္သီးအက်က္မႈန္႔ (၁) ဇြန္း၊ သၾကား (၃) ဇြန္းနဲ႔ ငံျပာရည္ (၁) ဇြန္းတို႔ကို ပန္းကန္လံုး အေသးတစ္လံုးထဲမွာ ေရာထည့္လိုက္ပါ။ ၿပီးရင္ ခက္ရင္းတစ္ေခ်ာင္းနဲ႔ သၾကားအရည္ေပ်ာ္သည္အထိ သမေအာင္ခေလာက္ေပးလိုက္ပါ။ သမသြားၿပီဆိုရင္ေတာ့ ရလာတဲ့ အရည္ကို စေတာ္ဘယ္ရီသီး ျခမ္းကြဲထည့္ထားတဲ့ ဇလံုထဲကို ေလာင္းထည့္လိုက္ပါ။

ၿပီးရင္ လက္နဲ႔ပဲ အသာအယာေလး နယ္ဖတ္ေပးလိုက္ပါ။ နယ္ဖတ္ၿပီးၿပီဆိုရင္ေတာ့ အေပၚကေန သံပုရာသီး (၁) ျခမ္းကို အရည္ညွစ္ထည့္ေပးလိုက္ပါ။ ၿပီးရင္ ျပန္နယ္ေပးလိုက္ပါ။ စေတာ္ဘယ္ရီသီးသုပ္ ဇလံုကို ေရခဲေသတၱာထဲမွာ (၅) မိနစ္ခန္႔ အေအးခံၿပီးမွ မိသားစု ဝိုင္းဖြဲ႕စားေသာက္ၾကမယ္ဆိုရင္ ေပ်ာ္႐ႊင္စရာ ေႏြေန႔လည္ခင္းေလးတစ္ခုကို ပိုင္ဆိုင္ႏိုင္ၾကမွာပါ။

ွSource: Pantra Queen

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
နွေရာသီရောက်ပြီဆိုတော့ နေလည်းပိုပူလာပါပြီ။ အပြင်ထွက်လိုက်တိုင်းလည်း ချွေးပြိုက်ပြိုက်ကျရလွန်းလို့ စိတ်ညစ်ရပါတယ်။ နွေနေပူရဲ့ အပူဒဏ်နဲ့ ပျင်းစရာ ဥသြတွန်သံတို့ကို အံတုနိုင်ဖို့အတွက် သွားရည်စာလေး တစ်မျိုးကို မိတ်ဆက်ပေးပါတယ်။ ဘာမှထွေထွေထူးထူး ပြင်ဆင်ဖို့ မလိုအပ်သလို လုပ်ရတာလည်း အင်မတန်မှ လွယ်ကူပါတယ်။ နောက်ပြီးတော့ ဒီအချိန်က စတော်ဘယ်ရီသီး ပေါတဲ့အချိန်ဆိုတော့ အသင့်တော်ဆုံးပါပဲ။

စတော်ဘယ်ရီသီးကို ဖျော်သောက်လိုက်၊ ဒီတိုင်း အစိမ်းစားလိုက် လုပ်နေရတာ ပျင်းဖို့ကောင်းပါတယ်။ အဲဒီအစား စတော်ဘယ်ရီသီး သုပ်လေး သုတ်စားကြရင် မကောင်းဘူးလား။ မမှည့်တမှည့် စတော်ဘယ်ရီသီး ချိုချဉ်လေးတွေကို သရက်သီးသုပ်သလိုမျိုး ငရုပ်သီးအကျက်မှှုန့်လေးဖြူး၊ နယ်ဖတ်ပြီး သုတ်စားကြည့်ပါ။ နွေနေ့လည်ခင်းကြောင့် မှိုင်းတိုင်းတိုင်းဖြစ်နေတဲ့ စိတ် လန်းဆန်းသွားပါလိမ့်မယ်။ အခုတောင် တွေးကြည့်ပြီး သွားရည်ယိုနေပြီဟုတ်။

ပြုလုပ်နည်းကို မပြောခင် အရင်ဆုံး စတော်ဘယ်ရီသီးရဲ့ ကျန်းမာရေးကောင်းကျိုးလေးတွေကို ဝေမျှပေးချင်ပါတယ်။ စတော်ဘယ်ရီသီးဟာ အမြင်အာရုံကို ပိုမိုကောင်းမွန်စေပြီးတော့ ဦးနှောက် လုပ်ဆောင်မှုကို မြင့်တက်စေပါတယ်။ ဒါ့အပြင် သွေးတိုးရောဂါ၊ ဂေါက်ရောဂါ၊ အဆစ်အမြစ်ရောင် ရောဂါနဲ့ တခြားနှလုံးဆိုင်ရာ ရောဂါတွေကိုလည်း သက်သာပျောက်ကင်း စေနိုင်ပါတယ်။ ဒါ့အပြင် စတော်ဘယ်ရီသီးဟာ ကိုယ်ခံအားစနစ်ကိုလည်း တိုးတက်ကောင်းမွန်စေတဲ့အတွက် ကင်ဆာကာကွယ်နိုင်သလို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကိုလည်း တားဆီးပေးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

စတော်ဘယ်ရီသီးသုပ် ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့... စတော်ဘယ်ရီသီး အလုံး (၃၀) ခန့်၊ သကြား (၃) ဇွန်းခန့်၊ ငံပြာရည် (၁) ဇွန်းခန့်၊ ငရုပ်သီးအကျက်မှုန့် (၁) ဇွန်းခန့်၊ သံပုရာသီး (၁) ခြမ်းတို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

အရင်ဆုံး စတော်ဘယ်ရီသီးလေးတွေကို ရေစင်အောင်ဆေးပေးလိုက်ပါ။ ပြီးရင် ထိပ်ကအညှာလေးတွေကို ဖယ်ရှားပေးလိုက်ပြီး ထက်ခြမ်းခြမ်းပေးလိုက်ပါ။ ဒါဆိုရင် စတော်ဘယ်ရီသီး ခြမ်းကွဲ အတုံး (၆၀) ကို ရရှိပါလိမ့်မယ်။ ရလာတဲ့ စတော်ဘယ်ရီသီး ခြမ်းကွဲလေးတွေကို ဇလုံတစ်လုံးထဲမှာ စုထည့်ပေးလိုက်ပါ။

ငရုပ်သီးအကျက်မှုန့် (၁) ဇွန်း၊ သကြား (၃) ဇွန်းနဲ့ ငံပြာရည် (၁) ဇွန်းတို့ကို ပန်းကန်လုံး အသေးတစ်လုံးထဲမှာ ရောထည့်လိုက်ပါ။ ပြီးရင် ခက်ရင်းတစ်ချောင်းနဲ့ သကြားအရည်ပျော်သည်အထိ သမအောင်ခလောက်ပေးလိုက်ပါ။ သမသွားပြီဆိုရင်တော့ ရလာတဲ့ အရည်ကို စတော်ဘယ်ရီသီး ခြမ်းကွဲထည့်ထားတဲ့ ဇလုံထဲကို လောင်းထည့်လိုက်ပါ။

ပြီးရင် လက်နဲ့ပဲ အသာအယာလေး နယ်ဖတ်ပေးလိုက်ပါ။ နယ်ဖတ်ပြီးပြီဆိုရင်တော့ အပေါ်ကနေ သံပုရာသီး (၁) ခြမ်းကို အရည်ညှစ်ထည့်ပေးလိုက်ပါ။ ပြီးရင် ပြန်နယ်ပေးလိုက်ပါ။ စတော်ဘယ်ရီသီးသုပ် ဇလုံကို ရေခဲသေတ္တာထဲမှာ (၅) မိနစ်ခန့် အအေးခံပြီးမှ မိသားစု ဝိုင်းဖွဲ့စားသောက်ကြမယ်ဆိုရင် ပျော်ရွှင်စရာ နွေနေ့လည်ခင်းလေးတစ်ခုကို ပိုင်ဆိုင်နိုင်ကြမှာပါ။

ှSource: Pantra Queen

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top