iMyanmarHouse.com - Best Property Website for Myanmar
×

ေရဓာတ္ျဖည္႔ဖို႔အတြက္ ေရေသာက္ေပးတာက အေကာင္းဆံုးေ႐ြးခ်ယ္မႈ ဆိုတာကေတာ့ အမွန္ပါပဲ။ ဒါေပမယ္႔ ေရခ်ည္းပဲ ေသာက္ရတာ ပ်င္းဖို႔ေကာင္းပါတယ္။ တကယ္ေတာ႔ ေရလိုပဲ ေရဓာတ္ျပန္ျဖည္႔ေပးႏိုင္တဲ႔ တျခားေ႐ြးခ်ယ္စရာေတြ ရွိေနပါေသးတယ္။ Gym သြားေဆာ့ၿပီးရင္ ကုန္ခမ္းသြားတဲ႔ ေရဓာတ္ေတြကို ျပန္လည္ျဖည္႔တင္းဖို႔အတြက္ ေရအစားထိုး ေသာက္သံုးႏိုင္တဲ႔ ေရဓာတ္ျဖည္႔ ေသာက္စရာေတြကေတာ႔...

၁။ အုန္းေရ

အုန္းေရဟာလည္း အာဟာရဓာတ္နဲ႔ antioxidant ၾကြယ္ဝတဲ႔ သဘာဝေဖ်ာ္ရည္တစ္မ်ိဳးျဖစ္ပါတယ္။ ဒါေၾကာင္႔ ကာယေလ႔က်င္႔ခန္း လုပ္ၿပီးခ်ိန္မွာ ေသာက္သံုးေပးဖို႕အတြက္ အသင္႔ေတာ္ဆံုးအရာ တစ္မ်ိဳးျဖစ္တယ္ ဆိုတာကိုလည္း ျငင္းဖြယ္မရွိပါဘူး။

အားျဖည္႔အခ်ိဳရည္ေတြမွာ ေၾကျငာေနတဲ႔အတိုင္း ပိုတက္စီယမ္တို႔၊ မဂၢနီစီယမ္တို႔လို electrolyte ပမာဏလည္း ျမင္႔မားစြာပါဝင္ပါတယ္။ ဒီေတာ႔ ဘာကိုေရြးခ်ယ္မလဲ။ စက္ရံုကထြက္လာတဲ႔ ဘူးသြပ္ထားတဲ႔ အားျဖည္႔အခ်ိဳရည္ေတြကိုလား။ သဘာဝအတိုင္းျဖစ္တည္လာတဲ႔ အုန္းသီးထဲက အုန္းေရကိုလား။

၂။ ေခ်ာကလက္ႏို႔

ေခ်ာကလက္ခ်စ္သူေတြအတြက္ေတာ႔ သတင္းေကာင္းပါပဲဗ်ိဳ႕။ ေခ်ာကလက္ႏို႔ဟာ ႏြားႏို႔ပလိန္း ေသာက္တာထက္စာရင္ ကာဘိုဟိုက္ဒရိတ္ (၂) ဆ ပိုမ်ားပါတယ္။ ဒါေၾကာင္႔လည္း ကာယေလ႔က်င္႔ခန္းလုပ္ၿပီးခ်ိန္မွာ ေသာက္ေပးသင္႔တဲ႔ အသင္႔ေတာ္ဆံုး ေသာက္စရာတစ္မ်ိဳးျဖစ္ေနတာပါပဲ။

ကာယေလ႔က်င္႔ခန္း လုပ္ၿပီးခ်ိန္္မွာ ကာဘိုဟိုက္ဒရိတ္ ျပန္လည္မွီဝဲေပးျခင္းက ေလ႔က်င္႔ခန္းလုပ္ရင္း ဆံံုးရႈံးသြားတဲ႔ ဂလူကိုဂ်င္ကို ျပန္လည္အစားထိုးေပးျခင္းျဖင္႔ ၾကြက္သားေတြကို ျပန္လည္အားျပည္႔ေစတာပါပဲ။ အဲဒီကာဘိုဟိုက္ဒရိတ္ေတြကိုမွ ပ႐ိုတင္းနဲ႔ တြဲလိုက္မယ္ဆိုရင္ေတာ႔ နာက်င္ေနတဲ႔ ၾကြက္သားေတြနဲ႔ ေရဓာတ္လိုအပ္ေနတဲ႔ ခႏၶာကိုယ္အတြက္ အေကာင္းဆံုးအားျဖည္႔ေဖ်ာ္ရည္ကို ရရွိပါၿပီ။

၃။ ခ်ယ္ရီသီးေဖ်ာ္ရည္

ပင္ပန္းႏြမ္းနယ္ၿပီး ေညာင္းကိုက္ေနတဲ႔ ၾကြက္သားေတြအတြက္ အေကာင္းဆံုးအေဖာ္မြန္ကေတာ႔ ေရခဲေသတၱာထဲမွာ အသင္႔ေစာင္႔ႀကိဳေနပါလိမ္႔မယ္။ အဲဒါကေတာ႔ ခ်ယ္ရီသီးေဖ်ာ္ရည္ပါပဲ။ Antioxidant ၾကြယ္ဝတဲ႔ ခ်ယ္ရီသီးေဖ်ာ္ရည္ဟာ အဆစ္အျမစ္ေရာင္ရမ္းျခင္းကို တားဆီးေပးႏိုင္ၿပီး ၾကြက္သားလုပ္ေဆာင္မႈေတြကိုလည္း ျပန္လည္အားျဖည္႔ေပးႏိုင္ပါတယ္။ ဒီအခ်က္ေတြက Gym ကအျပန္ ခ်ယ္ရီသီးေဖ်ာ္ရည္ေလးတစ္ခြက္ ေသာက္ျဖစ္ဖို႔အတြက္ တြန္းအားေတြ ျဖစ္ေနႏိုုင္ပါတယ္။

၄။ လက္ဖက္စိမ္းေရေႏြးၾကမ္း

လက္ဖက္ရည္တစ္ခြက္ထဲမွာ ခင္ဗ်ားထင္ထားတာထက္ပိုတဲ႔ က်န္းမာေရးအက်ိဳးေက်းဇူးေတြ ရွိေနႏိုင္ပါတယ္။ အထူးသျဖင္႔ လက္ဖက္စိမ္းေရေႏြးၾကမ္း (Green Tea) ဟာ အဆီေတြကို ေသးငယ္တဲ႔ ေမာ္လီက်ဴးေလးေတြအျဖစ္ ၿဖိဳခြဲၿပီး စြမ္းအင္အျဖစ္ ျပန္လည္အသံုးခ်တဲ႔ျဖစ္စဥ္မွာ ပါဝင္လုပ္ေဆာင္ေပးပါတယ္။

ဒါဟာ ေအရိုးဗစ္အားကစားနဲ႔ ကာယေလ႔က်င္႔ခန္းေတြနဲ႔ ဆက္စပ္ေနပါတယ္။ ေနာက္ၿပီး လက္ဖက္စိမ္းေရေႏြးၾကမ္းမွာ antioxidant လည္း ၾကြယ္ဝစြာပါဝင္ေတာ႔ ၾကြက္သားနာက်င္ျခင္းကို ေလွ်ာ႔ခ်ေပးၿပီး ခြန္အားကို လ်င္ျမန္စြာ ျပန္တိုးလာေစႏိုင္ပါတယ္။ ဒီေတာ႔ Gym သြားရင္ locker ထဲမွာ လက္ဖက္စိမ္းေရေႏြးၾကမ္းဘူးေလး တစ္ဘူးသာ ေဆာင္ထားလိုက္ပါေတာ႔။

၅။ ဘီယာ

နည္းနည္းေတာ႔ အံ႕အားသင္႔သြားမယ္ထင္ပါတယ္။ ကာယေလ႔က်င္႔ခန္းေတြလုပ္ၿပီး ဘီယာေသာက္ျခင္းဟာ က်န္းမာေရးနဲ႔ ေလ်ာ္ညီပါ႔မလားဆိုၿပီးလည္း ေတြးေနမွာပါပဲ။ တကယ္ေတာ႔ အားျဖည္႔အခ်ိဳရည္ေတြလိုပဲ ဘီယာမွာလည္း ကာဘိုဟိုက္ဒရိတ္နဲ႔ electrolyte ေတြ ပါဝင္ပါတယ္။

ေနာက္ၿပီး ေလ႔လာမႈေတြအရ ေလ႔က်င္႔ခန္းလုပ္ၿပီး ဘီယာတစ္လံုးေလာက္ ေသာက္ျခင္းဟာ ေရဓာတ္ျပန္လည္ ျဖည္႔တင္းျခင္းအေပၚ ဆိုးရြားတဲ႔အက်ိဳးသက္ေရာက္မႈ မရွိပါဘူးတဲ႔။ ဘီယာကို အခ်ိန္အဆနဲ႔ ေသာက္သံုးေပးမယ္ဆိုရင္ ျပင္းထန္တဲ႔ ကာယေလ႔က်င္႔ခန္းေတြ လုပ္ၿပီးလို႔ ကုန္ခမ္းသြားတဲ႔ ေရဓာတ္ေတြကို လ်င္ျမန္စြာ ျပန္လည္ျဖည္႔တင္းေပးႏိုင္ပါတယ္လို႔ ဆိုထားပါတယ္။

Source: healthline

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ရေဓာတ်ဖြည့်ဖို့အတွက် ရေသောက်ပေးတာက အကောင်းဆုံးရွေးချယ်မှု ဆိုတာကတော့ အမှန်ပါပဲ။ ဒါပေမယ့် ရေချည်းပဲ သောက်ရတာ ပျင်းဖို့ကောင်းပါတယ်။ တကယ်တော့ ရေလိုပဲ ရေဓာတ်ပြန်ဖြည့်ပေးနိုင်တဲ့ တခြားရွေးချယ်စရာတွေ ရှိနေပါသေးတယ်။ Gym သွားဆော့ပြီးရင် ကုန်ခမ်းသွားတဲ့ ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းဖို့အတွက် ရေအစားထိုး သောက်သုံးနိုင်တဲ့ ရေဓာတ်ဖြည့် သောက်စရာတွေကတော့...

၁။ အုန်းရေ

အုန်းရေဟာလည်း အာဟာရဓာတ်နဲ့ antioxidant ကြွယ်ဝတဲ့ သဘာဝဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ကာယလေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ သောက်သုံးပေးဖို့အတွက် အသင့်တော်ဆုံးအရာ တစ်မျိုးဖြစ်တယ် ဆိုတာကိုလည်း ငြင်းဖွယ်မရှိပါဘူး။

အားဖြည့်အချိုရည်တွေမှာ ကြေငြာနေတဲ့အတိုင်း ပိုတက်စီယမ်တို့၊ မဂ္ဂနီစီယမ်တို့လို electrolyte ပမာဏလည်း မြင့်မားစွာပါဝင်ပါတယ်။ ဒီတော့ ဘာကိုရွေးချယ်မလဲ။ စက်ရုံကထွက်လာတဲ့ ဘူးသွပ်ထားတဲ့ အားဖြည့်အချိုရည်တွေကိုလား။ သဘာဝအတိုင်းဖြစ်တည်လာတဲ့ အုန်းသီးထဲက အုန်းရေကိုလား။

၂။ ချောကလက်နို့

ချောကလက်ချစ်သူတွေအတွက်တော့ သတင်းကောင်းပါပဲဗျို့။ ချောကလက်နို့ဟာ နွားနို့ပလိန်း သောက်တာထက်စာရင် ကာဘိုဟိုက်ဒရိတ် (၂) ဆ ပိုများပါတယ်။ ဒါကြောင့်လည်း ကာယလေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ သောက်ပေးသင့်တဲ့ အသင့်တော်ဆုံး သောက်စရာတစ်မျိုးဖြစ်နေတာပါပဲ။

ကာယလေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ကာဘိုဟိုက်ဒရိတ် ပြန်လည်မှီဝဲပေးခြင်းက လေ့ကျင့်ခန်းလုပ်ရင်း ဆံုံးရှုံးသွားတဲ့ ဂလူကိုဂျင်ကို ပြန်လည်အစားထိုးပေးခြင်းဖြင့် ကြွက်သားတွေကို ပြန်လည်အားပြည့်စေတာပါပဲ။ အဲဒီကာဘိုဟိုက်ဒရိတ်တွေကိုမှ ပရိုတင်းနဲ့ တွဲလိုက်မယ်ဆိုရင်တော့ နာကျင်နေတဲ့ ကြွက်သားတွေနဲ့ ရေဓာတ်လိုအပ်နေတဲ့ ခန္ဓာကိုယ်အတွက် အကောင်းဆုံးအားဖြည့်ဖျော်ရည်ကို ရရှိပါပြီ။

၃။ ချယ်ရီသီးဖျော်ရည်

ပင်ပန်းနွမ်းနယ်ပြီး ညောင်းကိုက်နေတဲ့ ကြွက်သားတွေအတွက် အကောင်းဆုံးအဖော်မွန်ကတော့ ရေခဲသေတ္တာထဲမှာ အသင့်စောင့်ကြိုနေပါလိမ့်မယ်။ အဲဒါကတော့ ချယ်ရီသီးဖျော်ရည်ပါပဲ။ Antioxidant ကြွယ်ဝတဲ့ ချယ်ရီသီးဖျော်ရည်ဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို တားဆီးပေးနိုင်ပြီး ကြွက်သားလုပ်ဆောင်မှုတွေကိုလည်း ပြန်လည်အားဖြည့်ပေးနိုင်ပါတယ်။ ဒီအချက်တွေက Gym ကအပြန် ချယ်ရီသီးဖျော်ရည်လေးတစ်ခွက် သောက်ဖြစ်ဖို့အတွက် တွန်းအားတွေ ဖြစ်နေနိုုင်ပါတယ်။

၄။ လက်ဖက်စိမ်းရေနွေးကြမ်း

လက်ဖက်ရည်တစ်ခွက်ထဲမှာ ခင်ဗျားထင်ထားတာထက်ပိုတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိနေနိုင်ပါတယ်။ အထူးသဖြင့် လက်ဖက်စိမ်းရေနွေးကြမ်း (Green Tea) ဟာ အဆီတွေကို သေးငယ်တဲ့ မော်လီကျူးလေးတွေအဖြစ် ဖြိုခွဲပြီး စွမ်းအင်အဖြစ် ပြန်လည်အသုံးချတဲ့ဖြစ်စဉ်မှာ ပါဝင်လုပ်ဆောင်ပေးပါတယ်။

ဒါဟာ အေရိုးဗစ်အားကစားနဲ့ ကာယလေ့ကျင့်ခန်းတွေနဲ့ ဆက်စပ်နေပါတယ်။ နောက်ပြီး လက်ဖက်စိမ်းရေနွေးကြမ်းမှာ antioxidant လည်း ကြွယ်ဝစွာပါဝင်တော့ ကြွက်သားနာကျင်ခြင်းကို လျှော့ချပေးပြီး ခွန်အားကို လျင်မြန်စွာ ပြန်တိုးလာစေနိုင်ပါတယ်။ ဒီတော့ Gym သွားရင် locker ထဲမှာ လက်ဖက်စိမ်းရေနွေးကြမ်းဘူးလေး တစ်ဘူးသာ ဆောင်ထားလိုက်ပါတော့။

၅။ ဘီယာ

နည်းနည်းတော့ အံ့အားသင့်သွားမယ်ထင်ပါတယ်။ ကာယလေ့ကျင့်ခန်းတွေလုပ်ပြီး ဘီယာသောက်ခြင်းဟာ ကျန်းမာရေးနဲ့ လျော်ညီပါ့မလားဆိုပြီးလည်း တွေးနေမှာပါပဲ။ တကယ်တော့ အားဖြည့်အချိုရည်တွေလိုပဲ ဘီယာမှာလည်း ကာဘိုဟိုက်ဒရိတ်နဲ့ electrolyte တွေ ပါဝင်ပါတယ်။

နောက်ပြီး လေ့လာမှုတွေအရ လေ့ကျင့်ခန်းလုပ်ပြီး ဘီယာတစ်လုံးလောက် သောက်ခြင်းဟာ ရေဓာတ်ပြန်လည် ဖြည့်တင်းခြင်းအပေါ် ဆိုးရွားတဲ့အကျိုးသက်ရောက်မှု မရှိပါဘူးတဲ့။ ဘီယာကို အချိန်အဆနဲ့ သောက်သုံးပေးမယ်ဆိုရင် ပြင်းထန်တဲ့ ကာယလေ့ကျင့်ခန်းတွေ လုပ်ပြီးလို့ ကုန်ခမ်းသွားတဲ့ ရေဓာတ်တွေကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်လို့ ဆိုထားပါတယ်။

Source: healthline

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top