iMyanmarHouse.com - Best Property Website for Myanmar
×

ကန္စြန္းဥျပဳတ္ ပူပူေလးကို ႏွမ္းဆီေလးနဲ႔ တို႔စားရတဲ့ အရသာကို သေဘာေတြ႕ၾကမွာပါ။ တကယ္ေတာ့ ကန္စြန္းဥဟာ သဘာဝအေလ်ာက္ ခ်ိဳၿမိန္တဲ့ သစ္ဥသစ္ဖုတစ္မ်ိဳးျဖစ္ၿပီး ျပဳတ္စား၊ ဖုတ္ထားလို႔ရသလို ဟင္းခ်က္စားလို႔လည္း ရပါတယ္။ ေအာက္ေဖာ္ျပပါ က်န္းမာေရးအက်ိဳးေက်းဇူးေတြကို ရ႐ွိေစဖို႔အတြက္ ကန္စြန္းဥမ်ားမ်ား စားေပးသင့္ပါတယ္။
၁။ အစာေၾကေစတယ္

ကန္စြန္းဥမွာပါဝင္တဲ့ အမွ်င္ဓာတ္ဟာ အာလူးထက္ပိုမိုျမင့္မားၿပီး အရသာလည္း ပိုေကာင္းပါတယ္။ အဲဒီအမွွ်င္ဓာတ္ကိုမွ မဂၢနီစီယမ္လို သတၳဳဓာတ္တစ္မ်ိဳးနဲ႔ ေပါင္းစပ္လိုက္ခ်ိန္မွာေတာ့ သဘာဝ အစာေၾကေဆးတစ္မ်ိဳး ျဖစ္သြားပါေတာ့တယ္။ ကစီဓာတ္ပါဝင္မႈေၾကာင့္ ကန္စြန္းဥေတြကိုစားရင္ လြယ္ကူစြာ အစာေၾကေစႏိုင္ပါတယ္။ ဒါ့အျပင္ ကန္စြန္းဥစားျခင္းျဖင့္ အစာအိမ္နဲ႔ အူလမ္းေၾကာင္းကိုလည္း သက္သာေစႏိုင္ပါတယ္။
၂။ ဝိတ္တက္ေစတယ္

ကန္စြန္းဥထဲမွာ ကစီဓာတ္၊ က်န္းမာေစတဲ့ ဗိုက္တာမင္၊ သတၳဳဓာတ္နဲ႔ ပ႐ုိတိန္းတို႔ ၾကြယ္ဝစြာပါဝင္ပါတယ္။ ဒါေၾကာင့္ ဝိတ္တင္ေနသူေတြအတြက္ ခႏၶာကိုယ္စြမ္းအင္နဲ႔ အေလးခ်ိန္တိုးေစႏိုင္တဲ့ အာဟာရဓာတ္ေတြကို ရ႐ွိေစႏိုင္ပါတယ္။ ပိန္လြန္းလို႔ အ႐ိုးလို႔ အေခၚခံေနရသူေတြနဲ႔ LCD ဘဝေရာက္ေနလို႔ ႐ြယ္တူမိန္းကေလးေတြၾကားမွာ အားငယ္ေနရသူေတြ ကန္စြန္းဥစားေပးမယ္ဆိုရင္ အာဟာရ ျပည့္ဝေစ႐ံုသာမက ဝိတ္လည္းတက္ေစႏိုင္လို႔ ပံုမွန္စားေပးသင့္ပါတယ္။
၃။ ကိုယ္ခံအားေကာင္းေစတယ္

ကန္စြန္းဥထဲမွာပါဝင္တဲ့ အဓိက antioxidant တစ္မ်ိဳးျဖစ္တဲ့ beta-carotene ဟာ ခႏၶာကုိယ္ ကိုယ္ခံအားစနစ္ကို အားေကာင္းေစတဲ့ အာဟာရဓာတ္တစ္မ်ိဳးပါ။ ဒါ့အျပင္ ဗိုက္တာမင္၊ သံဓာတ္၊ ေဖာ့စ္ဖရတ္စ္ စတာေတြလည္း ၾကြယ္ဝတဲ့အတြက္ ကန္စြန္းဥစားျခင္းဟာ ခႏၶာကုိယ္ထဲကို ေတာ္႐ံု ဘက္တီးရီးယားနဲ႔ ဗိုင္းရပ္စ္ပိုး ဝင္မတိုးႏိုင္ေလာက္ေအာင္ အားေကာင္းေစႏိုင္ပါလိမ့္မယ္။
၄။ ပန္းနာရင္ၾကပ္ သက္သာေစတယ္

ေဆာင္းတြင္းမွာ ကန္စြန္းဥျပဳတ္ပူပူေလးကို ႏွမ္းဆီေလးနဲ႔ တို႔စားျခင္းက ရင္ကိုေႏြးေစသလို ပန္းနာရင္ၾကပ္သမားေတြ အတြက္လည္း ေကာင္းပါတယ္။ ဘာလို႔လဲဆိုေတာ့ ကန္စြန္းဥဟာ ႏွာေခါင္း၊ အသက္႐ွဴလမ္းေၾကာင္းနဲ႔ အဆုတ္ဝန္းက်င္မွာ ပိတ္ဆို႔ျခင္းကို ႐ွင္းလင္းေပးႏိုင္လို႔ပါပဲ။ တစ္နည္းအားျဖင့္ ပန္းနာရင္ၾကပ္သမားေတြအတြက္ သတင္းေကာင္းပါပဲ။
၅။ အဆစ္အျမစ္ေရာင္ေရာဂါကို သက္သာေစတယ္

Beta-carotene (ဘီတာကာ႐ိုတင္းန္)၊ မဂၢနီစီယမ္၊ ဇင့္နဲ႔ ဗိုက္တာမင္ဘီတို႔ဟာ ကန္စြန္းဥကို အဆစ္အျမစ္ေရာင္ေရာဂါ ေဝဒနာ႐ွင္တို႔အတြက္ အားကိုးရာျဖစ္ေစတဲ့ အေၾကာင္းရင္းတစ္ခုပါပဲ။ ေဆာင္းတြင္းဘက္ ေျခဆစ္၊ လက္ဆစ္ေတြကိုက္ခဲရင္ ကန္စြန္းဥျပဳတ္ ပူပူေလးစားေပးျခင္းျဖင့္ ေဝဒနာေလ်ာ့ပါးသက္သာေစႏိုင္ပါတယ္။ ဒါမွမဟုတ္ ကန္စြန္းဥျပဳတ္ရည္ကို အ႐ိုးအဆစ္အျမစ္ေတြနားမွာ လိမ္းေပးျခင္းကလည္း ေဝဒနာေလ်ာ့ပါး သက္သာေစမယ့္ နည္းလမ္းပါ။
၆။ ဆီးခ်ိဳထိန္းခ်ဳပ္ေပးတယ္

တခ်ိဳ႕ေတြက ကန္စြန္းဥရဲ႕အခ်ိဳဓာတ္ေၾကာင့္ ဆီးခ်ိဳတက္ေစမယ္လို႔ထင္ၾကပါတယ္။ တကယ္တမ္းက်ေတာ့ ေျပာင္းျပန္ပါပဲ။ ကန္စြန္းဥဟာ ေသြးတြင္းအခ်ိဳဓာတ္ေတြကို ထိန္းညွိေပးရာမွာ အသံုးဝင္ၿပီး အင္ဆူလင္လုပ္ေဆာင္မႈေတြကို ေထာက္ပံ့ေပးႏိုင္ပါတယ္။ ထမင္းအစား ကန္စြန္းဥစားေပးရင္ေတာင္ ဆီးခ်ိဳသမားေတြအတြက္ ဆီးခ်ိဳက်ေစႏိုင္ၿပီး က်န္းမာေရးေကာင္းေစႏိုင္မွာပါ။
၇။ ေရဓာတ္ခမ္းေျခာက္မႈကို ကာကြယ္ေပးတယ္

ကန္စြန္းဥထဲက အမွ်င္ဓာတ္ဟာ ခႏၶာကိုယ္ထဲမွာ ေရဓာတ္ခမ္းေျခာက္ျခင္း မျဖစ္ရေလေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ ေနာက္ၿပီး ကန္စြန္းဥဟာ ခႏၶာကိုယ္ထဲမွာ ေရဓာတ္မွ်တေနေအာင္၊ ေရဓာတ္ျပည့္ဝေနေအာင္၊ ဆဲလ္ေတြ အက်ိဳး႐ွိ႐ွိ အလုပ္လုပ္ႏိုင္ေအာင္ ကူညီေပးႏိုင္ပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကန်စွန်းဥပြုတ် ပူပူလေးကို နှမ်းဆီလေးနဲ့ တို့စားရတဲ့ အရသာကို သဘောတွေ့ကြမှာပါ။ တကယ်တော့ ကန်စွန်းဥဟာ သဘာဝအလျောက် ချိုမြိန်တဲ့ သစ်ဥသစ်ဖုတစ်မျိုးဖြစ်ပြီး ပြုတ်စား၊ ဖုတ်ထားလို့ရသလို ဟင်းချက်စားလို့လည်း ရပါတယ်။ အောက်ဖော်ပြပါ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေဖို့အတွက် ကန်စွန်းဥများများ စားပေးသင့်ပါတယ်။
၁။ အစာကြေစေတယ်

ကန်စွန်းဥမှာပါဝင်တဲ့ အမျှင်ဓာတ်ဟာ အာလူးထက်ပိုမိုမြင့်မားပြီး အရသာလည်း ပိုကောင်းပါတယ်။ အဲဒီအမှျှင်ဓာတ်ကိုမှ မဂ္ဂနီစီယမ်လို သတ္ထုဓာတ်တစ်မျိုးနဲ့ ပေါင်းစပ်လိုက်ချိန်မှာတော့ သဘာဝ အစာကြေဆေးတစ်မျိုး ဖြစ်သွားပါတော့တယ်။ ကစီဓာတ်ပါဝင်မှုကြောင့် ကန်စွန်းဥတွေကိုစားရင် လွယ်ကူစွာ အစာကြေစေနိုင်ပါတယ်။ ဒါ့အပြင် ကန်စွန်းဥစားခြင်းဖြင့် အစာအိမ်နဲ့ အူလမ်းကြောင်းကိုလည်း သက်သာစေနိုင်ပါတယ်။
၂။ ဝိတ်တက်စေတယ်

ကန်စွန်းဥထဲမှာ ကစီဓာတ်၊ ကျန်းမာစေတဲ့ ဗိုက်တာမင်၊ သတ္ထုဓာတ်နဲ့ ပရိုတိန်းတို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် ဝိတ်တင်နေသူတွေအတွက် ခန္ဓာကိုယ်စွမ်းအင်နဲ့ အလေးချိန်တိုးစေနိုင်တဲ့ အာဟာရဓာတ်တွေကို ရရှိစေနိုင်ပါတယ်။ ပိန်လွန်းလို့ အရိုးလို့ အခေါ်ခံနေရသူတွေနဲ့ LCD ဘဝရောက်နေလို့ ရွယ်တူမိန်းကလေးတွေကြားမှာ အားငယ်နေရသူတွေ ကန်စွန်းဥစားပေးမယ်ဆိုရင် အာဟာရ ပြည့်ဝစေရုံသာမက ဝိတ်လည်းတက်စေနိုင်လို့ ပုံမှန်စားပေးသင့်ပါတယ်။
၃။ ကိုယ်ခံအားကောင်းစေတယ်

ကန်စွန်းဥထဲမှာပါဝင်တဲ့ အဓိက antioxidant တစ်မျိုးဖြစ်တဲ့ beta-carotene ဟာ ခန္ဓာကိုယ် ကိုယ်ခံအားစနစ်ကို အားကောင်းစေတဲ့ အာဟာရဓာတ်တစ်မျိုးပါ။ ဒါ့အပြင် ဗိုက်တာမင်၊ သံဓာတ်၊ ဖော့စ်ဖရတ်စ် စတာတွေလည်း ကြွယ်ဝတဲ့အတွက် ကန်စွန်းဥစားခြင်းဟာ ခန္ဓာကိုယ်ထဲကို တော်ရုံ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုး ဝင်မတိုးနိုင်လောက်အောင် အားကောင်းစေနိုင်ပါလိမ့်မယ်။
၄။ ပန်းနာရင်ကြပ် သက်သာစေတယ်

ဆောင်းတွင်းမှာ ကန်စွန်းဥပြုတ်ပူပူလေးကို နှမ်းဆီလေးနဲ့ တို့စားခြင်းက ရင်ကိုနွေးစေသလို ပန်းနာရင်ကြပ်သမားတွေ အတွက်လည်း ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ကန်စွန်းဥဟာ နှာခေါင်း၊ အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်ဝန်းကျင်မှာ ပိတ်ဆို့ခြင်းကို ရှင်းလင်းပေးနိုင်လို့ပါပဲ။ တစ်နည်းအားဖြင့် ပန်းနာရင်ကြပ်သမားတွေအတွက် သတင်းကောင်းပါပဲ။
၅။ အဆစ်အမြစ်ရောင်ရောဂါကို သက်သာစေတယ်

Beta-carotene (ဘီတာကာရိုတင်းန်)၊ မဂ္ဂနီစီယမ်၊ ဇင့်နဲ့ ဗိုက်တာမင်ဘီတို့ဟာ ကန်စွန်းဥကို အဆစ်အမြစ်ရောင်ရောဂါ ဝေဒနာရှင်တို့အတွက် အားကိုးရာဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုပါပဲ။ ဆောင်းတွင်းဘက် ခြေဆစ်၊ လက်ဆစ်တွေကိုက်ခဲရင် ကန်စွန်းဥပြုတ် ပူပူလေးစားပေးခြင်းဖြင့် ဝေဒနာလျော့ပါးသက်သာစေနိုင်ပါတယ်။ ဒါမှမဟုတ် ကန်စွန်းဥပြုတ်ရည်ကို အရိုးအဆစ်အမြစ်တွေနားမှာ လိမ်းပေးခြင်းကလည်း ဝေဒနာလျော့ပါး သက်သာစေမယ့် နည်းလမ်းပါ။
၆။ ဆီးချိုထိန်းချုပ်ပေးတယ်

တချို့တွေက ကန်စွန်းဥရဲ့အချိုဓာတ်ကြောင့် ဆီးချိုတက်စေမယ်လို့ထင်ကြပါတယ်။ တကယ်တမ်းကျတော့ ပြောင်းပြန်ပါပဲ။ ကန်စွန်းဥဟာ သွေးတွင်းအချိုဓာတ်တွေကို ထိန်းညှိပေးရာမှာ အသုံးဝင်ပြီး အင်ဆူလင်လုပ်ဆောင်မှုတွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ ထမင်းအစား ကန်စွန်းဥစားပေးရင်တောင် ဆီးချိုသမားတွေအတွက် ဆီးချိုကျစေနိုင်ပြီး ကျန်းမာရေးကောင်းစေနိုင်မှာပါ။
၇။ ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်ပေးတယ်

ကန်စွန်းဥထဲက အမျှင်ဓာတ်ဟာ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်ခြင်း မဖြစ်ရလေအောင် ကာကွယ်ပေးနိုင်ပါတယ်။ နောက်ပြီး ကန်စွန်းဥဟာ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်မျှတနေအောင်၊ ရေဓာတ်ပြည့်ဝနေအောင်၊ ဆဲလ်တွေ အကျိုးရှိရှိ အလုပ်လုပ်နိုင်အောင် ကူညီပေးနိုင်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top