iMyanmarHouse.com - Best Property Website for Myanmar
×

၁။ မသန္႔ရွင္းေသာ လက္ကိုင္ဖုန္းကို အသံုးျပဳျခင္း

သင္ဖုန္းေခၚဆိုတဲ့အခါတိုင္း ဖုန္းနဲ႔မ်က္ႏွာျပင္ေပၚက ေခ်ြး၊ အဆီေတြနဲ႔ ထိမိေနတယ္ဆိုတာ သတိျပဳမိပါရဲ႔လား။ သင့္လက္ကိုင္ဖုန္းကို မသန္႔ရွင္းဘူးဆိုရင္ ၾကာလာတဲ့အခါဘတ္တီးရီးယားေတြကို ေပါက္ဖြားေစပါတယ္။ ဒါေၾကာင့္ မသန္႔ရွင္းတဲ့ လက္ကိုင္ဖုန္းနဲ႔ပါးကို ထိကပ္ျပီးဖုန္းေျပာဆိုတဲ့အခါ မ်က္ႏွာမွာ ဝက္ျခံပိုထြက္လာပါလိမ့္မယ္။

၂။ ဆံစပ္နားအရင္းထိ ဆံသားအလွကုန္ပစၥည္းမ်ားကို အသံုးျပဳျခင္း

ေခါင္းလိမ္းဆီလိမ္းတဲ့အခါပဲျဖစ္ျဖစ္၊ ဂ်ယ္လိမ္းတာပဲျဖစ္ျဖစ္၊ ေကာက္ေဆး၊ ေျဖာင့္ေဆးလိမ္းတာပဲျဖစ္ျဖစ္၊ နဖူးဆံစပ္နားေရာက္ေအာင္ မလိမ္းပါနဲ႔။ ဒီလိုမွမဟုတ္လွ်င္ နဖူးဆံစပ္နားတစ္ဝိုက္မွာဝက္ျခံေတြ တန္းစီျပီးထြက္လာပါလိမ့္မယ္။

၃။ ခဏေလးႏွင့္ လက္ေလ်ာ့ျခင္း

သင္မေန႔က မ်က္ႏွာဝက္ျခံကုသမႈ လုပ္ခဲ့လို႔ ဒီေန႔ခ်က္ခ်င္းေပ်ာက္ကင္းသြားမယ္လို႔ ထင္လွ်င္မွားသြားပါလိမ့္မယ္။ ဝက္ျခံကုသတာဟာ ေပ်ာက္ကင္းဖို႔ ႏွစ္ပတ္ကေန ေလးပတ္ထိေစာင့္ရပါတယ္။ တစ္ရက္တည္းနဲ႔ မေပ်ာက္ကင္းႏိုင္ပါ။ ဒါေၾကာင့္ ဝက္ျခံကို စိတ္ရွည္ရွည္ထားျပီး ကုသပါ။

၄။ မ်က္ႏွာ အလြန္အက်ြံသစ္ျခင္း

မ်က္ႏွာညစ္ပတ္တိုင္း မ်က္ႏွာသစ္ေနမယ္ဆိုရင္  ဒါဟာမွားယြင္းတဲ့ နည္းလမ္းပါပဲ။ ထိုကဲ့သို႔ အခ်ိန္တိုင္း မ်က္ႏွာသစ္တာက အဆီပိုထြက္ေစျပီး ဝက္ျခံကိုအားေပးပါတယ္။ တစ္ေန႔ကိုႏွစ္ၾကိမ္ေလာက္သာ မ်က္ႏွာသစ္ပါ။

၅။ မ်က္ႏွာသစ္ ပံုမွားယြင္းျခင္း

မ်က္ႏွာကို သဲ၊ သၾကားတို႔နဲ႔ ျပဳလုပ္ထားတဲ့ ဂ်ီးခ်ြတ္ေဆး၊ ၾကမ္းတမ္းတဲ့ ဝါဂြမ္းစေတြနဲ႔ ေန႔တိုင္းဂ်ီးမခ်ြတ္ပါနဲ႔။ မ်က္ႏွာအေရျပား ပ်က္စီးေစပါတယ္။ ဒါေၾကာင့္ တစ္ပတ္ကို အလြန္ဆံုး ႏွစ္ၾကိမ္ေလာက္သာ မ်က္ႏွာဂ်ီးခ်ြတ္ပါ။ ဒါ့အျပင္ သန္႔ရွင္းေသာ မ်က္ႏွာသုတ္ပဝါကိုသာ အသံုုးျပဳပါ။

၆။ မ်က္ႏွာလိမ္းခရင္မ္ အမ်ားအျပားသံုးျခင္း

မ်က္ႏွာလိမ္း ခရင္မ္မ်ားမ်ား လိမ္းေလ ပိုေကာင္းေလလို႔ သင္ထင္ပါသလား။ က်ြမ္းက်င္ ပညာရွင္ေတြကေတာ့ တစ္ခါလိမ္းရင္ပဲ ေစ့တစ္ေစ့ပမာဏေလာက္ပဲ လိမ္းေပးပါလုိ႔ဆိုပါတယ္။

၇။ ဝက္ျခံမ်ားကို လက္ႏွင့္ညွစ္ျခင္း

ဝက္ျခံေတြကို လက္ႏွင့္ ညွစ္တာဟာ မ်က္ႏွာအတြင္းပိုင္း အလႊာကိုပိုပ်က္စီးေစပါတယ္။ မ်က္ႏွာမွာ အမာရြတ္လည္းက်န္ေစပါတယ္။

၈။ အခိ်ဳႏွင့္ အဆီမ်ားေသာ အစာမ်ားစားျခင္း

အာလူးေၾကာ္၊ ကြတ္ကီးမုန္႔၊ ဟမ္ဘာဂါ၊ ကိတ္မုန္႔နဲ႔ ေခ်ာကလတ္စတဲ့အခိ်ဳ။ အဆီမ်ားတဲ့ အစာေတြကဝက္ျခံ ထြက္ေစပါတယ္။ အဲဒီအစာေတြကို ေလ်ာ့စားႏိုင္ေလ ေကာင္းေလပါပဲ။

Credit : Lyhealthcare
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
၁။ မသန့်ရှင်းသော လက်ကိုင်ဖုန်းကို အသုံးပြုခြင်း

သင်ဖုန်းခေါ်ဆိုတဲ့အခါတိုင်း ဖုန်းနဲ့မျက်နှာပြင်ပေါ်က ချွေး၊ အဆီတွေနဲ့ ထိမိနေတယ်ဆိုတာ သတိပြုမိပါရဲ့လား။ သင့်လက်ကိုင်ဖုန်းကို မသန့်ရှင်းဘူးဆိုရင် ကြာလာတဲ့အခါဘတ်တီးရီးယားတွေကို ပေါက်ဖွားစေပါတယ်။ ဒါကြောင့် မသန့်ရှင်းတဲ့ လက်ကိုင်ဖုန်းနဲ့ပါးကို ထိကပ်ပြီးဖုန်းပြောဆိုတဲ့အခါ မျက်နှာမှာ ဝက်ခြံပိုထွက်လာပါလိမ့်မယ်။

၂။ ဆံစပ်နားအရင်းထိ ဆံသားအလှကုန်ပစ္စည်းများကို အသုံးပြုခြင်း

ခေါင်းလိမ်းဆီလိမ်းတဲ့အခါပဲဖြစ်ဖြစ်၊ ဂျယ်လိမ်းတာပဲဖြစ်ဖြစ်၊ ကောက်ဆေး၊ ဖြောင့်ဆေးလိမ်းတာပဲဖြစ်ဖြစ်၊ နဖူးဆံစပ်နားရောက်အောင် မလိမ်းပါနဲ့။ ဒီလိုမှမဟုတ်လျှင် နဖူးဆံစပ်နားတစ်ဝိုက်မှာဝက်ခြံတွေ တန်းစီပြီးထွက်လာပါလိမ့်မယ်။

၃။ ခဏလေးနှင့် လက်လျော့ခြင်း

သင်မနေ့က မျက်နှာဝက်ခြံကုသမှု လုပ်ခဲ့လို့ ဒီနေ့ချက်ချင်းပျောက်ကင်းသွားမယ်လို့ ထင်လျှင်မှားသွားပါလိမ့်မယ်။ ဝက်ခြံကုသတာဟာ ပျောက်ကင်းဖို့ နှစ်ပတ်ကနေ လေးပတ်ထိစောင့်ရပါတယ်။ တစ်ရက်တည်းနဲ့ မပျောက်ကင်းနိုင်ပါ။ ဒါကြောင့် ဝက်ခြံကို စိတ်ရှည်ရှည်ထားပြီး ကုသပါ။

၄။ မျက်နှာ အလွန်အကျွံသစ်ခြင်း

မျက်နှာညစ်ပတ်တိုင်း မျက်နှာသစ်နေမယ်ဆိုရင်  ဒါဟာမှားယွင်းတဲ့ နည်းလမ်းပါပဲ။ ထိုကဲ့သို့ အချိန်တိုင်း မျက်နှာသစ်တာက အဆီပိုထွက်စေပြီး ဝက်ခြံကိုအားပေးပါတယ်။ တစ်နေ့ကိုနှစ်ကြိမ်လောက်သာ မျက်နှာသစ်ပါ။

၅။ မျက်နှာသစ် ပုံမှားယွင်းခြင်း

မျက်နှာကို သဲ၊ သကြားတို့နဲ့ ပြုလုပ်ထားတဲ့ ဂျီးချွတ်ဆေး၊ ကြမ်းတမ်းတဲ့ ဝါဂွမ်းစတွေနဲ့ နေ့တိုင်းဂျီးမချွတ်ပါနဲ့။ မျက်နှာအရေပြား ပျက်စီးစေပါတယ်။ ဒါကြောင့် တစ်ပတ်ကို အလွန်ဆုံး နှစ်ကြိမ်လောက်သာ မျက်နှာဂျီးချွတ်ပါ။ ဒါ့အပြင် သန့်ရှင်းသော မျက်နှာသုတ်ပဝါကိုသာ အသုံုးပြုပါ။

၆။ မျက်နှာလိမ်းခရင်မ် အများအပြားသုံးခြင်း

မျက်နှာလိမ်း ခရင်မ်များများ လိမ်းလေ ပိုကောင်းလေလို့ သင်ထင်ပါသလား။ ကျွမ်းကျင် ပညာရှင်တွေကတော့ တစ်ခါလိမ်းရင်ပဲ စေ့တစ်စေ့ပမာဏလောက်ပဲ လိမ်းပေးပါလို့ဆိုပါတယ်။

၇။ ဝက်ခြံများကို လက်နှင့်ညှစ်ခြင်း

ဝက်ခြံတွေကို လက်နှင့် ညှစ်တာဟာ မျက်နှာအတွင်းပိုင်း အလွှာကိုပိုပျက်စီးစေပါတယ်။ မျက်နှာမှာ အမာရွတ်လည်းကျန်စေပါတယ်။

၈။ အချိုနှင့် အဆီများသော အစာများစားခြင်း

အာလူးကြော်၊ ကွတ်ကီးမုန့်၊ ဟမ်ဘာဂါ၊ ကိတ်မုန့်နဲ့ ချောကလတ်စတဲ့အချို။ အဆီများတဲ့ အစာတွေကဝက်ခြံ ထွက်စေပါတယ်။ အဲဒီအစာတွေကို လျော့စားနိုင်လေ ကောင်းလေပါပဲ။

Credit : Lyhealthcare

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top