iMyanmarHouse.com - Best Property Website for Myanmar
×

သင္ ဗဟုသုတ႐ွိတဲ့ လူတစ္ေယာက္ဆီက တစ္ခုခုကို ၾကားလိုက္တာနဲ႔ အလြယ္တကူ မယံုလိုက္ပါနဲ႔။ ဘာလို႔လဲဆိုေတာ့ ဇီဝေဗဒနဲ႔ ပါတ္သတ္လာရင္ ေတာ္ေတာ္မ်ားမ်ားက ဘာမွ မသိၾကပါဘူး။ ကြၽန္ေတာ္တို႔ရဲ႕ ခႏၶာကိုယ္အေၾကာင္း ၾကားေနရတာေတြရဲ႕ ၉၀ ရာႏႈန္းေလာက္ဟာ အလိမ္အညာေတြပါ။ သင့္ရဲ႕ အစာအိမ္ထဲမွာ ပီေကဟာ ၇ ႏွစ္ေလာက္ ေနႏိုင္တယ္ဆိုတာ ၾကားဖူးမွာပါ။ အမွန္တကယ္ေတာ့ တစ္ရက္ပါ။ သင့္ရဲ႕ မိဘ၊ သူငယ္ခ်င္း၊ ရံုးက ဆရာႀကီး၊ ေနာက္ဆံုး သင့္ရဲ႕ ဆရာဝန္ဆီကေတာင္ ၾကားရႏိုင္တဲ့ ခႏၶာကိုယ္အေၾကာင္း အလိမ္အညာ ၇ မ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္။

၁. သင့္ရဲ႕ဆီးဟာ ပုိးသတ္ၿပီးသားပါ

သင့္ရဲ႕ ေသးဟာ ၾကည္လင္ေတာက္ပေနမွာပါ။ ဒါေပမယ့္ အမ်ိဳးသမီးေတြရဲ႕ ဆီးမွာ ဘက္တီးရီးယားမ်ိဳးစိတ္ ၈၅ မ်ိဳးေလာက္ ပါဝင္ေနပါတယ္။ အမ်ိဳးသားေတြလဲ ဒိ့ထက္ေတာ့ ေလ်ာ့မွာ မဟုတ္ပါဘူး။ ေရ႐ွားတဲ့ အခါမွာေတာ့ ျပန္ေသာက္သင့္ရင္ ေသာက္ရမွာပါ။ ေရလိုအပ္ျခင္းဟာ ဘက္တီးရီးယားေတြကူးစက္မိတာထက္ ပိုၿပီး ေသေစႏိုင္ပါတယ္။

၂. အစားအစာေတြကိုု ျပဳတ္ၾကလို႔ ငါးစကၠန္႔အတြင္း ျပန္ေကာက္ႏိုင္ရင္ ပိုးမကူးပါဘူး

တကယ္ေတာ့ သင့္ရဲ႕ အစားအစာမွာ ပါလာႏိုင္တဲ့ ဘက္တီးရီးယားဟာ က်ေနတဲ့ အခ်ိန္နဲ႔ မဆိုင္ပါဘူး။ ေျမႀကီးအမ်ိဳးအစားနဲ႔ အစားအစာ အမ်ိဳးအစားနဲ႔ပဲ ဆိုင္တာပါ။ စိုစြတ္ၿပီး ကပ္ေစးတဲ့ အစားအစာေတြက ပိုၿပီး ပိုးကူးစက္ပါတယ္။ အစာ ေျမႀကီးေပၚ က်တာနဲ႔ ပိုးက ကူးၿပီးသားပါ။ ပိုးကူးတာ စားရင္ ဝမ္းေလ်ွာမွာပါ။

၃. အေမႊးရိတ္လိုက္လို႔ ျပန္ေပါက္လာရင္ အေမႊးပိုၿပီး သန္လာပါတယ္

သင့္ အေမႊးေတြကို ရိတ္လိုက္ရင္ အေမႊးရဲ႕ အျမစ္နားကိုေရာက္သြားလို႔ ျပန္ထြက္လာတဲ့အခါ ပိုၿပီး ႀကီးသေယာင္ ျမင္ရတာပါ။ တကယ္ေတာ့ ခဏခဏ ရိတ္ရင္ အေမႊးေပါက္တဲ့ ဆဲလ္ေတြကို ဒုကၡေပးသလို ျဖသ္ေနလို႔ ပိုၿပီးေတာင္ ပါးသြားမွာပါ။

၄. ေျခေထာက္ႀကီးရင္ လိင္အဂၤါ ႀကီးပါတယ္

သေႏၶသားဘဝမွာ Hox ဆိုတဲ့ Gene တစ္ခုက ေျခလက္အဂၤါေတြကို ႀကီးေအာင္ လုပ္ေဆာင္ေပးပါတယ္။ ဒါေပမယ့္ လူအေယာက္ ၁၅၀၀၀ ေလာက္ရဲ႕ ဆိုဒ္ေတြကို ေလ့လာၾကည့္တဲ့အခါမွာ လိင္အဂၤါအရြယ္အစားနဲ႔ ေျခေထာက္အရြယ္အစားနဲ႔ ဆက္စပ္မေနပါဘူး။

၅. သင္ အိပ္ရင္း လမ္းေလ်ွာက္တဲ့အခါ အနီးအနားက လူေတြကို ထိခိုက္တတ္ပါတယ္

အိပ္ရင္းလမ္းေလ်ွာက္တဲ့သူက လူလိုက္သတ္တာ၊ ၾကမ္းၾကမ္းတမ္းတမ္းလုပ္တာ မၾကားဖူးပါဘူး။ အိပ္ရင္းလမ္းေလ်ွာက္သူေတြက သူတို႔ကိုယ္သူတို႔ ဘာလုပ္ေနမွန္းမသိၾကေတာ့ ေဘးနားကလူကို တြန္းမိတာေလာက္ကေတာ့ ျဖစ္မွာပါ။ ႏိႈးဖို႔ မႀကိဳးစားပဲ ေခ်ာ့ေခ်ာ့ေမာ့ေမာ့နဲ႔ အိပ္ရာထဲ ျပန္ေခၚသြားလို႔ ရပါတယ္။

၆. သင့္ ခႏၶာကိုယ္အပူက ေခါင္းကေန ထြက္သြားတာပါ

တကယ္ေတာ့ အျပင္ေလနဲ႔ ထိစပ္ေနတဲ့ အေရျပားမ်ားေလေလ အပူထြက္ေလေလပါ။ ေခါင္းဆိုတာ ျဖန္႔ၾကည့္ရင္ လက္တစ္ေခ်ာင္းစာပဲ အေရျပား႐ွိတာပါ။ အဲဒါကို အစမ္းသပ္ခံလူေတြကို ေရခဲခန္းထဲ ေနခိုင္းၿပီး စမ္းသပ္ၾကည့္ၿပီးပါၿပီ။ အက်ႌထူထူဝတ္လို႔ ေခါင္းပဲေပၚေနရင္ေတာ့ ေခါင္းကပဲ ထြက္မွာပါ။ ခ်မ္းေနရင္ အက်ႌဝတ္ရံုသာမက ဦးထုပ္ပါေဆာင္းထားပါ။

၇. သင့္ဦးေႏွာက္ရဲ႕ ၁၀ ရာႏႈန္းပဲ အသံုးခ်ရေသးတာပါ

ဘယ္သူက အဲဒိပံုျပင္ကုိ စေျပာလဲဆိုတာေတာ့ မသိပါဘူး။ သင့္ကို ပိုၿပီး အားတက္လာေအာင္ စိတ္ခြန္အားအေနနဲ႔ ေျပာတာလဲ ျဖစ္ရင္ျဖစ္မွာပါ။ ဒါေပမယ့္ ဦးေႏွာက္ကို စကင္ဖတ္ၾကည့္တဲ့အခါမွေတာ့ အနားယူေနတဲ့ ေနရာကို မေတြ႕ရပဲ အခ်ိန္တိုင္းလိုလို ဦးေႏွာက္တစ္ခုလံုး အလုပ္လုပ္ေနတာကို ေတြ႕႐ွိရပါတယ္။ ၿပီးေတာ့ ဦးေႏွာက္ ဘယ္ေနရာပဲ ထိခိုက္ထိခိုက္ အကိ်ဳးသက္ေရာက္မႈ ႐ွိတာကို ေတြ႕ရပါတယ္။

Credit : Gentleman Magzine
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သင် ဗဟုသုတရှိတဲ့ လူတစ်ယောက်ဆီက တစ်ခုခုကို ကြားလိုက်တာနဲ့ အလွယ်တကူ မယုံလိုက်ပါနဲ့။ ဘာလို့လဲဆိုတော့ ဇီဝဗေဒနဲ့ ပါတ်သတ်လာရင် တော်တော်များများက ဘာမှ မသိကြပါဘူး။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အကြောင်း ကြားနေရတာတွေရဲ့ ၉၀ ရာနှုန်းလောက်ဟာ အလိမ်အညာတွေပါ။ သင့်ရဲ့ အစာအိမ်ထဲမှာ ပီကေဟာ ၇ နှစ်လောက် နေနိုင်တယ်ဆိုတာ ကြားဖူးမှာပါ။ အမှန်တကယ်တော့ တစ်ရက်ပါ။ သင့်ရဲ့ မိဘ၊ သူငယ်ချင်း၊ ရုံးက ဆရာကြီး၊ နောက်ဆုံး သင့်ရဲ့ ဆရာဝန်ဆီကတောင် ကြားရနိုင်တဲ့ ခန္ဓာကိုယ်အကြောင်း အလိမ်အညာ ၇ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁. သင့်ရဲ့ဆီးဟာ ပိုးသတ်ပြီးသားပါ

သင့်ရဲ့ သေးဟာ ကြည်လင်တောက်ပနေမှာပါ။ ဒါပေမယ့် အမျိုးသမီးတွေရဲ့ ဆီးမှာ ဘက်တီးရီးယားမျိုးစိတ် ၈၅ မျိုးလောက် ပါဝင်နေပါတယ်။ အမျိုးသားတွေလဲ ဒိ့ထက်တော့ လျော့မှာ မဟုတ်ပါဘူး။ ရေရှားတဲ့ အခါမှာတော့ ပြန်သောက်သင့်ရင် သောက်ရမှာပါ။ ရေလိုအပ်ခြင်းဟာ ဘက်တီးရီးယားတွေကူးစက်မိတာထက် ပိုပြီး သေစေနိုင်ပါတယ်။

၂. အစားအစာတွေကိုု ပြုတ်ကြလို့ ငါးစက္ကန့်အတွင်း ပြန်ကောက်နိုင်ရင် ပိုးမကူးပါဘူး

တကယ်တော့ သင့်ရဲ့ အစားအစာမှာ ပါလာနိုင်တဲ့ ဘက်တီးရီးယားဟာ ကျနေတဲ့ အချိန်နဲ့ မဆိုင်ပါဘူး။ မြေကြီးအမျိုးအစားနဲ့ အစားအစာ အမျိုးအစားနဲ့ပဲ ဆိုင်တာပါ။ စိုစွတ်ပြီး ကပ်စေးတဲ့ အစားအစာတွေက ပိုပြီး ပိုးကူးစက်ပါတယ်။ အစာ မြေကြီးပေါ် ကျတာနဲ့ ပိုးက ကူးပြီးသားပါ။ ပိုးကူးတာ စားရင် ဝမ်းလျှောမှာပါ။

၃. အမွှေးရိတ်လိုက်လို့ ပြန်ပေါက်လာရင် အမွှေးပိုပြီး သန်လာပါတယ်

သင့် အမွှေးတွေကို ရိတ်လိုက်ရင် အမွှေးရဲ့ အမြစ်နားကိုရောက်သွားလို့ ပြန်ထွက်လာတဲ့အခါ ပိုပြီး ကြီးသယောင် မြင်ရတာပါ။ တကယ်တော့ ခဏခဏ ရိတ်ရင် အမွှေးပေါက်တဲ့ ဆဲလ်တွေကို ဒုက္ခပေးသလို ဖြသ်နေလို့ ပိုပြီးတောင် ပါးသွားမှာပါ။

၄. ခြေထောက်ကြီးရင် လိင်အင်္ဂါ ကြီးပါတယ်

သန္ဓေသားဘဝမှာ Hox ဆိုတဲ့ Gene တစ်ခုက ခြေလက်အင်္ဂါတွေကို ကြီးအောင် လုပ်ဆောင်ပေးပါတယ်။ ဒါပေမယ့် လူအယောက် ၁၅၀၀၀ လောက်ရဲ့ ဆိုဒ်တွေကို လေ့လာကြည့်တဲ့အခါမှာ လိင်အင်္ဂါအရွယ်အစားနဲ့ ခြေထောက်အရွယ်အစားနဲ့ ဆက်စပ်မနေပါဘူး။

၅. သင် အိပ်ရင်း လမ်းလျှောက်တဲ့အခါ အနီးအနားက လူတွေကို ထိခိုက်တတ်ပါတယ်

အိပ်ရင်းလမ်းလျှောက်တဲ့သူက လူလိုက်သတ်တာ၊ ကြမ်းကြမ်းတမ်းတမ်းလုပ်တာ မကြားဖူးပါဘူး။ အိပ်ရင်းလမ်းလျှောက်သူတွေက သူတို့ကိုယ်သူတို့ ဘာလုပ်နေမှန်းမသိကြတော့ ဘေးနားကလူကို တွန်းမိတာလောက်ကတော့ ဖြစ်မှာပါ။ နှိုးဖို့ မကြိုးစားပဲ ချော့ချော့မော့မော့နဲ့ အိပ်ရာထဲ ပြန်ခေါ်သွားလို့ ရပါတယ်။

၆. သင့် ခန္ဓာကိုယ်အပူက ခေါင်းကနေ ထွက်သွားတာပါ

တကယ်တော့ အပြင်လေနဲ့ ထိစပ်နေတဲ့ အရေပြားများလေလေ အပူထွက်လေလေပါ။ ခေါင်းဆိုတာ ဖြန့်ကြည့်ရင် လက်တစ်ချောင်းစာပဲ အရေပြားရှိတာပါ။ အဲဒါကို အစမ်းသပ်ခံလူတွေကို ရေခဲခန်းထဲ နေခိုင်းပြီး စမ်းသပ်ကြည့်ပြီးပါပြီ။ အကျႌထူထူဝတ်လို့ ခေါင်းပဲပေါ်နေရင်တော့ ခေါင်းကပဲ ထွက်မှာပါ။ ချမ်းနေရင် အကျႌဝတ်ရုံသာမက ဦးထုပ်ပါဆောင်းထားပါ။

၇. သင့်ဦးနှောက်ရဲ့ ၁၀ ရာနှုန်းပဲ အသုံးချရသေးတာပါ

ဘယ်သူက အဲဒိပုံပြင်ကို စပြောလဲဆိုတာတော့ မသိပါဘူး။ သင့်ကို ပိုပြီး အားတက်လာအောင် စိတ်ခွန်အားအနေနဲ့ ပြောတာလဲ ဖြစ်ရင်ဖြစ်မှာပါ။ ဒါပေမယ့် ဦးနှောက်ကို စကင်ဖတ်ကြည့်တဲ့အခါမှတော့ အနားယူနေတဲ့ နေရာကို မတွေ့ရပဲ အချိန်တိုင်းလိုလို ဦးနှောက်တစ်ခုလုံး အလုပ်လုပ်နေတာကို တွေ့ရှိရပါတယ်။ ပြီးတော့ ဦးနှောက် ဘယ်နေရာပဲ ထိခိုက်ထိခိုက် အကျိုးသက်ရောက်မှု ရှိတာကို တွေ့ရပါတယ်။

Credit : Gentleman Magzine

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top