iMyanmarHouse.com - Best Property Website for Myanmar
×
(၁) သခွားသီး
(၂) ငှက်ပျောသီး
(၃) ထောပတ်သီး
(၄) လိမ္မော်သီး
(၅) အုန်းရည်
နွေရာသီလည်း ရောက်လာပြီဆိုတော့ မျက်နှာအဆီပြန်တဲ့ ပြဿနာကို ကြုံတွေ့ရပါတော့မယ်။ တချို့ကျတော့ အဆီပြန်တဲ့ အသားအရေပိုင်ရှင်ဖြစ်နေတာကြောင့် ဒီလိုရာသီမှာဆိုရင် အသားအရေ ပျက်စီးမှု များပါတယ်။ မျက်နှာအဆီပြန်ခြင်းကြောင့် ဖုန်မှုန့်များကပ်ငြိလွယ်ပြီး ဝက်ခြံ၊ အမည်းစက်များ ဖြစ်ပေါ်လာနိုင်တဲ့အတွက်ကြောင့် အထူးဂရုစိုက်သင့်ပါတယ်။ ဒါ့ကြောင့် အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်တွေ အနေနဲ့ စားသုံးသင့်တဲ့ အစားအစာများကို ရွေးချယ်စားသုံးနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။
(၁) သခွားသီး
သခွားသီးက ရေဓာတ်ပြည့်ဝတဲ့ အသီးတစ်မျိုးပါပဲ။ အသားအရေလှပဖို့အတွက်ဆိုရင် ရေဓာတ် ဖြည့်တင်းမှုကလည်း အရေးပါပါတယ်။ သခွားသီး ၁၀၀ ဂရမ်မှာ ရေဓာတ် ၉၅.၂၃ ဂရမ်ပါဝင်တဲ့ အတွက်ကြောင့် သင့်အသားအရေလှပဖို့အတွက် များစွာအထောက်အကူပြုပါတယ်။ သခွားသီးက အသားအရေပျက်စီးစေတဲ့ အဆိပ်အတောက်များနဲ့ အဆီဓာတ်များကို ဖယ်ရှားပေးနိုင်  တဲ့အပြင် ဟော်မုန်းဓာတ်ကို ထိန်းညှိပေးနိုင်တဲ့အတွက် အသားအရေအဆီပြန်တာကို သက်သာစေ  နိုင်ပါတယ်။
(၂) ငှက်ပျောသီး
ငှက်ပျောသီးမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်နဲ့ ကယ်လ်ဆီယမ်ဓာတ်က အသားအရေ ကျန်းမာလှပဖို့ အတွက် အထောက် အကူ ပြုပါတယ်။ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်များကို လုံးဝဖယ်ရှား သန့်စင်ပေးနိုင်တာ ကတည်း ငှက်ပျောသီးပါပဲ။ ဒါ့အပြင် ချွေးပေါက်ကျယ်ခြင်းကိုလည်း ကုသပေး နိုင်တာကြောင့် အဆီပြန်တဲ့ အသားအရေပိုင်ရှင်များအတွက် သင့်တော်တဲ့ အသီးတစ်မျိုးပါပဲ။
(၃) ထောပတ်သီး
ထောပတ်သီးမှာပါဝင်တဲ့ Fatty Acid က အသားအရေလှပမှုအတွက် အကောင်းဆုံးပါပဲ။ ထောပတ်မှာပါဝင်တဲ့ အဆီဓာတ်က အဆီပြန်မှုကို ပိုမိုဖြစ်ပေါ်စေတယ်လို့ အများစုက ထင်မှတ်ကြပါတယ်။ အမှန်တကယ်တော့ ထောပတ်သီးမှာပါဝင်တဲ့ သဘာဝအဆီဓာတ်က အသားအရေ အဆီပြန်ခြင်းကိုတောင် ထိန်းချုပ်ပေးနိုင်စွမ်း ရှိပါတယ်။
(၄) လိမ္မော်သီး
ဗီတာမင်စီဓာတ် ကြွယ်ဝစွာပါဝင်တဲ့ သစ်သီးတွေကလည်း အသားအရေလှပဖို့အတွက် မဖြစ်မနေ စားသုံးသင့်ပါတယ်။ အထူးသဖြင့် လိမ္မော်သီးက အသားအရေအစိုဓာတ်ထိန်းပေးနိုင်ပြီး အဆီပြန်ခြင်းကို ဟန့်တားပေးနိုင်တာကို တေ့ွရပါတယ်။
(၅) အုန်းရည်
အသားအရေခြောက်သွေ့တဲ့သူမှ အစိုဓာတ်ဖြည့်တင်းဖို့ လိုတာမဟုတ်ပါဘူး။ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေ အနေနဲ့လည်း လိုအပ်တဲ့ အစိုဓာတ်ဖြည့်တင်းပေး သင့်ပါတယ်။ အသားအရေအစိုဓာတ်ပြည့်ဝမှု ရှိနေမှ အသားအရေပျက်စီးခြင်းမှ ကင်းဝေးစေမှာပါ။ အုန်းရည်က ရေဓာတ်ပြည့်ဝစွာ ပါဝင်တာကြောင့် နေ့စဉ်သောက်သုံးပေးမယ်ဆိုရင် အဆီပြန်ခြင်းနဲ့ အသားအရေခြောက်သွေ့ခြင်းကို သက်သာစေပါတယ်။
Credit : myanmaplatform
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top