iMyanmarHouse.com - Best Property Website for Myanmar
×

စကပ္အတို မဝတ္ရဘူး၊ ဆံပင္ မညွပ္ရဘူး၊ သူငယ္ခ်င္းေတြနဲ႔ ေလွ်ာက္မလည္ရဘူးလို႔ ခ်စ္သူက တားျမစ္လာရင္ အၿမဲတမ္း လိုက္နာႏိုင္ပါ့မလား

ခ်ဳပ္ခ်ယ္လြန္းရင္ေတာ့ စိတ္ပ်က္ရတာပဲေနာ္။ ကိုယ္ခ်စ္တဲ့သူက ခ်ဳပ္ခ်ယ္ေနတယ္ဆိုရင္ ပိုဆိုးတာေပါ့။ အခ်စ္ေရးမွာ ေပ်ာ္စရာေကာင္းဖို႔ ခဲယဥ္းသြားပါလိမ့္မယ္။ ခ်စ္သူက ဘယ္လိုေတြ ခ်ဳပ္ခ်ယ္ေနလဲ၊ ဒီခ်ဳပ္ခ်ယ္မႈေတြကို ဘယ္လို ေျဖရွင္းၾကမလဲ အတူတူ အေျဖရွာၾကည့္ရေအာင္လား။
အခ်ိန္တိုင္း မျပတ္ေမးေနတဲ့ ေမးခြန္းေတြ

ဘယ္သြားေနလဲ၊ ဘာလုပ္ေနလဲ၊ အခု ဘယ္သူနဲ႔လဲ ဆိုတဲ့ အခ်ိန္တိုင္း မျပတ္တဲ့ ေမးခြန္းေတြက ခ်စ္စခင္စ ၾကင္နာစ အခ်စ္စိတ္ေတြ မႊန္ေနတုန္း ခဏတာမွာ ၾကည္ႏူးစရာေကာင္း ႏိုင္ေပမယ့္ လုပ္ငန္းခြင္ထဲေရာက္ေနတဲ့အခ်ိန္၊ စိတ္႐ႈပ္ေထြးေနတဲ့အခ်ိန္နဲ႔၊ ေျရွင္းစရာ ျပႆနာ တစ္စံုတစ္ခု ရွိေနတဲ့ အခ်ိန္ေတြမ်ိဳးမွာ အဲ့ဒိေမးခြန္းေတြ ေျဖဖို႔ အဆင္မေျပႏိုင္ပါဘူးေနာ္။ အဲ့အခါ စကားမ်ား ရန္ျဖစ္တတ္ၾကရပါတယ္။

အဲ့လို မျဖစ္ေအာင္လို႔ အစကတည္းက အခ်ိန္ျပည့္ေမးခြန္းေတြကို ေျဖတဲ့အက်င့္ ကိုယ္တိုင္က မလုပ္ေပးဖို႔ လိုအပ္တယ္ေနာ္။ တစ္ေန႔တာအတြက္ လုပ္စရာရွိတဲ့ ကိစၥေတြ၊ သြားစရာရွိတဲ့ ေနရာေတြအေၾကာင္း အၾကမ္းဖ်င္းကို ႀကိဳေျပာျပထားမယ္။ တစ္ေန႔တာ ကုန္ဆံုးသြားၿပီးတဲ့အခါမွ ကိုယ့္ရဲ႕ တစ္ေန႔တာ အေၾကာင္းျပန္ေျပာျပမယ္ဆို လံုေလာက္ပါတယ္။ အဲ့လို အေလ့အက်င့္ေလးကို ကိုယ္တိုင္က လိုက္နာေပးမယ္၊ အက်င့္လုပ္ေပးမယ္ဆို အခ်ိန္တိုင္း ေမးခြန္းေတြ ေျဖေနရတဲ့ ဒုကၡက ကင္းေဝးသြားပါလိမ့္မယ္။
ကိုယ္ပိုင္လြတ္လပ္ခြင့္ မရွိဘူးလား

စကပ္အတို မဝတ္ရဘူး၊ ဆံပင္ မညွပ္ရဘူး၊ သူငယ္ခ်င္းေတြနဲ႔ ေလွ်ာက္မလည္ရဘူးလို႔ ခ်စ္သူက တားျမစ္လာရင္ အၿမဲတမ္း လိုက္နာႏိုင္ပါ့မလား။ ကိုယ္ပိုင္ဘဝရဲ႕ လြတ္လပ္ခြင့္က ဘာနဲ႔မွ မလဲႏိုင္တဲ့ အရသာပါ။ အဲ့ေတာ့ ကိုယ္ပိုင္လြတ္လပ္ခြင့္ကိုေတာ့ ေတာင္းဆိုရပါမယ္။ ဒါေပမယ့္ ခ်စ္သူတားျမစ္တဲ့ ေဘာင္ထဲက မထြက္ေစနဲ႔ေပါ။ ဥပမာ- သူငယ္ခ်င္းေတြနဲ႔ ေလွ်ာက္လည္မယ္၊ မိုးမခ်ဳပ္ေစရဘူး။ ဆိုတာမ်ိဳးေပါ့။ အျပန္အလွန္အေနနဲ႔ ကိုယ္ကလည္း သူ႔အေပၚ ဟိုဟာမလုပ္ရဘူး၊ ဒီဟာမလုပ္ရဘူး တားျမစ္တာေတြလည္း ေလွ်ာ့ၿပီး ထူးကဲတဲ့ကိုယ္ပိုင္လြတ္လပ္ခြင့္အရသာကို သူ႕ကိုလည္း ေပးခံစားလိုက္ပါေနာ္။

Credit : Marry
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
စကပ်အတို မဝတ်ရဘူး၊ ဆံပင် မညှပ်ရဘူး၊ သူငယ်ချင်းတွေနဲ့ လျှောက်မလည်ရဘူးလို့ ချစ်သူက တားမြစ်လာရင် အမြဲတမ်း လိုက်နာနိုင်ပါ့မလား

ချုပ်ချယ်လွန်းရင်တော့ စိတ်ပျက်ရတာပဲနော်။ ကိုယ်ချစ်တဲ့သူက ချုပ်ချယ်နေတယ်ဆိုရင် ပိုဆိုးတာပေါ့။ အချစ်ရေးမှာ ပျော်စရာကောင်းဖို့ ခဲယဉ်းသွားပါလိမ့်မယ်။ ချစ်သူက ဘယ်လိုတွေ ချုပ်ချယ်နေလဲ၊ ဒီချုပ်ချယ်မှုတွေကို ဘယ်လို ဖြေရှင်းကြမလဲ အတူတူ အဖြေရှာကြည့်ရအောင်လား။
အချိန်တိုင်း မပြတ်မေးနေတဲ့ မေးခွန်းတွေ

ဘယ်သွားနေလဲ၊ ဘာလုပ်နေလဲ၊ အခု ဘယ်သူနဲ့လဲ ဆိုတဲ့ အချိန်တိုင်း မပြတ်တဲ့ မေးခွန်းတွေက ချစ်စခင်စ ကြင်နာစ အချစ်စိတ်တွေ မွှန်နေတုန်း ခဏတာမှာ ကြည်နူးစရာကောင်း နိုင်ပေမယ့် လုပ်ငန်းခွင်ထဲရောက်နေတဲ့အချိန်၊ စိတ်ရှုပ်ထွေးနေတဲ့အချိန်နဲ့၊ ရြှေင်းစရာ ပြဿနာ တစ်စုံတစ်ခု ရှိနေတဲ့ အချိန်တွေမျိုးမှာ အဲ့ဒိမေးခွန်းတွေ ဖြေဖို့ အဆင်မပြေနိုင်ပါဘူးနော်။ အဲ့အခါ စကားများ ရန်ဖြစ်တတ်ကြရပါတယ်။

အဲ့လို မဖြစ်အောင်လို့ အစကတည်းက အချိန်ပြည့်မေးခွန်းတွေကို ဖြေတဲ့အကျင့် ကိုယ်တိုင်က မလုပ်ပေးဖို့ လိုအပ်တယ်နော်။ တစ်နေ့တာအတွက် လုပ်စရာရှိတဲ့ ကိစ္စတွေ၊ သွားစရာရှိတဲ့ နေရာတွေအကြောင်း အကြမ်းဖျင်းကို ကြိုပြောပြထားမယ်။ တစ်နေ့တာ ကုန်ဆုံးသွားပြီးတဲ့အခါမှ ကိုယ့်ရဲ့ တစ်နေ့တာ အကြောင်းပြန်ပြောပြမယ်ဆို လုံလောက်ပါတယ်။ အဲ့လို အလေ့အကျင့်လေးကို ကိုယ်တိုင်က လိုက်နာပေးမယ်၊ အကျင့်လုပ်ပေးမယ်ဆို အချိန်တိုင်း မေးခွန်းတွေ ဖြေနေရတဲ့ ဒုက္ခက ကင်းဝေးသွားပါလိမ့်မယ်။
ကိုယ်ပိုင်လွတ်လပ်ခွင့် မရှိဘူးလား

စကပ်အတို မဝတ်ရဘူး၊ ဆံပင် မညှပ်ရဘူး၊ သူငယ်ချင်းတွေနဲ့ လျှောက်မလည်ရဘူးလို့ ချစ်သူက တားမြစ်လာရင် အမြဲတမ်း လိုက်နာနိုင်ပါ့မလား။ ကိုယ်ပိုင်ဘဝရဲ့ လွတ်လပ်ခွင့်က ဘာနဲ့မှ မလဲနိုင်တဲ့ အရသာပါ။ အဲ့တော့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုတော့ တောင်းဆိုရပါမယ်။ ဒါပေမယ့် ချစ်သူတားမြစ်တဲ့ ဘောင်ထဲက မထွက်စေနဲ့ပေါ။ ဥပမာ- သူငယ်ချင်းတွေနဲ့ လျှောက်လည်မယ်၊ မိုးမချုပ်စေရဘူး။ ဆိုတာမျိုးပေါ့။ အပြန်အလှန်အနေနဲ့ ကိုယ်ကလည်း သူ့အပေါ် ဟိုဟာမလုပ်ရဘူး၊ ဒီဟာမလုပ်ရဘူး တားမြစ်တာတွေလည်း လျှော့ပြီး ထူးကဲတဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်အရသာကို သူ့ကိုလည်း ပေးခံစားလိုက်ပါနော်။

Credit : Marry

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top