iMyanmarHouse.com - Best Property Website for Myanmar
×






Credit : Duwun

ဒီနေ့ကတော့ အဆိုတော်အိမ့်ချစ်ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ မွေးနေ့မှာ  ဝေဠုဝန်နိကာယကျောင်းက ကလေး တွေကို အလှူအတန်းတွေလုပ်ပြီး Yangon Water Boom ကိုလည်း လိုက်ပို့မယ်လို့ သိရပါတယ်။

မွေးနေ့မရောက်ခင်ည ကလည်း အပျော်လေးတွေတွေးရင်း ဝမ်းသာနေတဲ့အကြောင်းကို သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလို ရေးသားခဲ့ပါတယ်။

'' ချောင်းသာမှာ super light staff party ပွဲဆိုခဲ့ပြီး  ရန်ကုန်ခုပဲပြန်ရောက်တယ်။ အိမ်ရောက်တော့ ဒီနေ့ မနက် ၉နာရီ ဝေဠုဝန် နိကာယကျောင်းက ကလေးတွေကို လှူမယ့်မုန့်တွေ စာရေးကရိယာတွေ အရုပ်တွေ နောက်ပြီး yagon water boom မှာ ကစားတဲ့ အခါ လိုတဲ့ အဝတ်တွေ ကျောပိုးအိတ်လေးတွေ သဘက်လေးတွေ ကြည့်ပြီး ဝမ်းသာနေတာနဲ့ အိပ်ပျော်ပါ့မလားမသိဘူး အိပ်ချိန်ကလဲ ၃နာရီလောက်ပဲရှိတော့တယ်။ ဒါပေမယ့်လဲအေးဆေးပါ အပျော်တွေနဲ့ကခံနိုင်ရည်တွေဖြစ်သွားမှာ'' လို့ ဆိုပါတယ်။

အဆိုတော်အိမ့်ချစ်ဟာ သူ့ရဲ့ အသက် ၂၇ နှစ်ပြည့်မွေးနေ့ အမှတ်တရလေးကို နာရီ ဝေဠုဝန်နိကာယကျောင်းက ကလေးတွေနဲ့အတူ တစ်နေ့တာဖြတ်သန်းသွားမှာဖြစ်ပါတယ်။ အိမ့်ချစ်ကတော့ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်သာမက ကိုယ်ပိုင်စီးပွားရေး မှာလည်း ဦးစီးဦးဆောင်ပြုနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

Photo: အိမ့်ချစ်ဖေ့စ်ဘုတ်

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top