iMyanmarHouse.com - Best Property Website for Myanmar
×











Credit : 7 Day Daily

သန်စွမ်းတောက်ပြောင်နေတဲ့ လက်သည်း၊ ခြေသည်းလေးတွေက လှပ ကျန်းမာခြင်းရဲ့  သင်္ကေတတစ်ခုဖြစ်တာကြောင့် ဘယ်လိုအစားအစာတွေက ခြေသည်း၊ လက်သည်းလေးတွေကို အားဖြစ်စေသလဲဆိုတာ ပြောပြချင်ပါတယ်။

ပဲအမျိုးမျိုး- ပဲတွေဟာ ဗီတာမင်ဘီ ကြွယ်ဝတာကြောင့် လက်သည်း ကျိုးကြေတာတွေ၊ လက်သည်းမည်းလာတာမျိုးတွေကို ကာကွယ် ပေးနိုင်ပါတယ်။

ဖရုံစေ့- ဇင့်ဓာတ်ပါတာကြောင့် ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေတဲ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရကို ဖြည့်စွမ်းပေးပါတယ်။

ပန်းဂေါ်ဖီစိမ်း- ခန္ဓာကိုယ်အတွက် သံဓာတ်ဖြည့်တင်းပေးပြီး သွေးနီဥ ဆဲလ်မျုားအတွက်အားဖြစ်စေပါတယ်။ သံဓာတ်ချို့တဲ့ရင် လက်သည်း၊ ခြေသည်း သန်စွမ်းနှုန်းကို ထိခိုက်စေနိုင်တဲ့အတွက် ပန်းဂေါ်ဖီစိမ်းကို အစိမ်းလိုက်ပဲဖြစ်ဖြစ်၊ ကြော်ချက်ပြီးပဲဖြစ်ဖြစ် စားပေးရပါမယ်။

နွားနို့- ထုံးဓာတ်က  လက်သည်း ခြေသည်းတွေကို သန်စွမ်းကျန်းမာစေပြီး အရှည်လည်း မြန်စေပါတယ်။ ထုံးဓာတ်ချို့တဲ့ရင် လက်သည်း ခြေသည်းတွေကို ကြွပ်ဆတ်ပြီး ခြောက်သွေ့စေတဲ့အတွက် နေ့စဉ်နွားနို့တစ်ခွက်ပုံမှန်သောက်ပေးသင့်ပါတယ်။

ဥ- အသားဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဟာ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက် အထောက်အကူပြုတာကြောင့် လက်သည်း၊ ခြေသည်းသန်စွမ်းဖို့အတွက်လည်း အကျိုးဖြစ်ပါတယ်။

မုန့်လာဥနီ- ဗီတာမင်အေ၊ ဗီတာမင်စီကြွယ်ဝတာကြောင့် လက်သည်း၊ ခြေသည်းကျန်းမာသန်စွမ်းအောင် စွမ်းဆောင်နိုင်တဲ့အပြင် ခရမ်းချဉ်သီးအနှစ်နဲ့ လက်သည်း၊ ခြေသည်းတွေကို ၁၀ မိနစ်ခန့် စိမ်ပြီး ဆေးကြောပေးတာတွေလည်း လုပ်နိုင်ပါတယ်။

ငှက်ပျောသီး- ငှက်ပျောသီးမှာပါတဲ့ ပိုတယ်ဆီယံဒြပ်စင်က ခန္ဓာကိုယ် စွမ်းအင်ကို မြှင့်တင်ပေးနိုင်ပြီး ဗီတာမင်ဘီ ၆၊ ဇင့်ဓာတ်တို့လည်း ကြွယ်ဝတာကြောင့် လက်သည်း ခြေသည်းတွေကို အားကောင်းစေနိုင်ပါတယ်။

ရေ- ရေဓာတ်ကုန်ခမ်းရင် ခြေသည်း လက်သည်းပန်းကုံးပေါ်တာတွေဖြစ်ပြီး အားနည်းစေတာကြောင့် တစ်နေ့ကို ရေ ၁၀ ဖန်ခွက်လောက် သောက်ပေးရမှာပါ။

ကန်စွမ်းဥ- ဗီတာမင်အေနဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေပါဝင်တာကြောင့် လက်သည်း ခြေသည်းတွေကို အားဖြစ်စေပါတယ်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top