iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Lyhealthcare
၁။ Green Tea၊ ပူဒီနာရွက်၊ သံပုရာသီးတို့ စိမ်ထားတဲ့ရေဟာ အဆီကိုလောင်ကျွမ်းစေတယ်၊ အစာချေစနစ်ကိုကောင်းစေတယ်၊ ခေါင်းကိုက်သက်သာစေတယ်၊ လန်းဆန်းစွာ အသက်ရှုရန် အထောက်အပံ့ပေးပါတယ်။
၂။ စတော်ဘယ်ရီသီးနဲ့ ကီဝီသီးတို့ စိမ်ထားတဲ့ရေဟာ နှလုံးသွေးကြောကိုပိုမို ကျန်းမာစေတယ်၊ ကိုယ်ခံအားစနစ်ကို အကာအကွယ်ပေးတယ်၊ သွေးထဲရှိ သကြားဓါတ်ကိုထိန်းညှိပေးတယ်၊ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။
၃။ သခွားသိး၊ သံပုရာသီးနဲ့ ရှောက်သီးတို့ စိမ်ထားတဲ့ရေဟာ ခန္ဓာကိုယ်တွင်းရှိ ရေပမာဏကို ထိန်းညှိပေးတယ်၊ လေပွခြင်းကိုကာကွယ်ပေးတယ်၊ အစားစားချင်စိတ်ကို ထိန်းပေးတယ်၊ ရေဓါတ်ကိုဖြည့်ဆည်းပေးတယ်၊ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။
၄။ ရှောက်သီး၊ သံပုရာသီးနဲ့ လိမ္မော်သီးတို့ စိမ်ထားတဲ့ရေဟာ အစာချေစနစ်ကို ကောင်းမွန်စေတယ်၊ Vitamin C ဓါတ်ကိုပေးတယ်၊ ကိုယ်ခံအားစနစ်ကောင်းမွန်စေတယ်၊ (ပုံမှန်အခန်းအပူချိန်တွင်သောက်သုံးရန်) အသီးစိမ်ပြီးနှပ်ထားတဲ့ရေဟာ ကိုယ်တွင်းအဆိပ်အတောက်ဖယ်ရှားခြင်းအတွက် ကောင်းစေပြီးရေဓါတ်ကို ပြန်လည်ဖြည့်ဆည်းပေးပါတယ်။ ကိုယ်ကြိုက်သလောက် အသီးပမာဏကို ရေတွင်အနည်းဆုံး မိနစ် ၃၀ ခန့်စိမ်ပြီး သောက်သုံးနိုင်ပါသည်။
မှတ်ချက် - ရောဂါကုရန် ကုထုံးမဟုတ်ပါ။ ကျန်းမာစွာ နေထိုင်ခြင်းအတွက် အထောက်အကူ သက်သက်ဖြစ်ပါသည်။
Credit : Lyhealthcare
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top