iMyanmarHouse.com - Best Property Website for Myanmar
×






မိန်းကလေးမျိုးပေါ့…..။


Credit : Marry

ကိုယ် crushနေတဲ့ ကောင်လေးက ကိုယ့်ကိုစိတ်ဝင်စားလာအောင် လုပ်ဖို့ဆိုရင် ကောင်လေးအများစုက ဘယ်လိုမိန်းကလေးမျိုးကို စိတ်ဝင်စားတတ်လေ့ ရှိလဲဆိုတာ သိဖို့တော့လိုမယ်နော်…။

ဒါအပြင့် လူတစ်ယောက်က ကိုယ့်လိုချစ်လာဖို့ ကိုယ်ကအခြားလူတစ်ယောက်ကိုချစ်ဖို့ ဆိုတာရုပ်ရည်နဲ့လုံးဝ မသက်ဆိုင်ပါဘူး….။ အဓိက အရေးကြီးတာ က သူတို့ရဲ့ ပြုမူနေထိုင်တတ်တဲ့ စတိုင်လေးတွေပါပဲ…။ ကဲ အဲ့တော့ ဘယ်အချက်လေးတွေ ဖြစ်မလဲ ဆိုတာ မျှဝေပေးလိုက်ပါတယ်….။

(1) ကောင်လေးတွေဟာ သူတို့ကို ရယ်မော ပျော်ရွှင်စေတဲ့ မိန်းကလေးမျိုးကို သဘောကျတတ်ကြပါတယ်…။ ဟုတ်ပါတယ်… တကယ်တော့ လူတိုင်းက ပျော်ရွှင်ရယ်မော ရတာကိုပဲ သဘောကျကြတာ မဟုတ်လား…..။

(2) သွက်လက်ချက်ခြာတဲ့ မိန်းကလေးမျိုး ကိုလည်းး ကောင်လေးတော်တော် များများက သဘောကြကျပါတယ်….။ သွက်တယ်ဆိုတာ ကလက်တက်တက် ပုံစံမျိုး မဟုတ်ပဲ ပါးနပ်လိမ္မာစွာ သွက်တဲ့ပုံမျိုးပါ……။

(3) ကြည်လင်ဝင်းပတဲ့ အပြုံးကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးမျိုးကိုလည်း သဘောကျတတ်ကြပါသေးတယ်…..။ ကြည်လင်တဲ့အပြုံးဆိုတာ ဒေါသတွေမာန်မာနတွေ မပါဘဲ ရိုးသာဖြူစင်တဲ့ အပြုံးမျိုးပါ။

(4) ကောင်လေးတွေဟာ ကလေးဆန်ပြီး ချစ်စရာကောင်းတဲ့ ကောင်မလေးတွေကိုလည်း စိတ်ဝင်စားလေ့ ရှိပါတယ်…။ ရိုးသားပြီး ကလေးဆန်တဲ့
မိန်းကလေးမျိုးပေါ့…..။

ကဲ အဲ့တော့ ကိုယ့် crush လေးကရော ဘယ် စတိုင်လေး ကို သဘောကျမယ်ထင်သလဲ ဆိုတာမှန်းပြီး ပုံပြောင်းလိုက်တော့နော်….။ တစ်နည်းနည်းတော့ သူသဘောကျမယ်ဆိုတာ အသေအချာပဲနော်။

Credit : Marry

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top