iMyanmarHouse.com - Best Property Website for Myanmar
×

၂၀၁၇ ခုႏွစ္အတြက္ အေကာင္းဆံုး ဇာတ္ပို႔ဆုကို ေလာေလာလတ္လတ္ရ႐ွိထားတဲ့ ထိပ္တန္းစာရင္းဝင္ မင္းသားတစ္လက္ျဖစ္တဲ့ ျမင္ျမတ္ကေတာ့ သူအဖြဲ႔သားေတြၾကားမွာ ေျပာစမွတ္ျဖစ္ေလာက္တဲ့ အရာတစ္ခုထပ္လုပ္လိုက္ျပန္ပါၿပီ။

မေန႔က ေန႔လည္ခန္႔က Original Gangster ႐ုပ္႐ွင္ေပခ့်္က တင္ထားတဲ့ ပိုစ့္တစ္ခုအရ ႐ုပ္႐ွင္႐ိုက္ကူးေရးအတြက္ မူဆယ္သို႔အသြားမွာ ႐ုပ္႐ွင္အဖြဲ႔သားမ်ားက လိုင္းကားသာစီးၿပီး သြားၾကေပမယ့္ မင္းသားျမင့္ျမတ္ကိုေတာ့ ပင္ပန္းမွာစိုးရိမ္တာေၾကာင့္ ေလယာဥ္လက္မွတ္စီစဥ္ေပးပါတယ္။ ဒါေပမယ့္ မင္းသားျမင့္ျမတ္က ေလယာဥ္မစီးပဲ အဖြဲ႔သားအားလံုးနဲ႔အတူတူ လိုင္းကားစီးဖို႔ကိုသာ ေရႊးခ်ယ္လိုက္တယ္လို႔ သိရပါတယ္။

နာမည္ေက်ာ္ ထိပ္တန္းစာရင္းဝင္မင္းသားတစ္လက္အေနနဲ႔ ယခုကဲ့သို႔ျပဳမူျခင္းဟာ သူ႔ရဲ႕႐ိုက္ကူးေရး အဖြဲ႔သားမ်ားေပၚ သစၥာ႐ွိျခင္း မ်ွေဝခံစားတတ္ျခင္းနဲ႔ ဟိတ္ဟန္မ႐ွိျခင္းဟုလည္း ေရးသားထားပါေသးတယ္။ အမ်ားနဲ႔တန္းတူ ေနထိုင္ျပဳမႈတတ္တဲ့ မင္းသားမို႔ ပရိတ္သတ္အမ်ားစုက ဝိုင္းဝန္းခ်ီးက်ဴးဂုဏ္ျပဳလ်ွက္႐ွိၾကပါတယ္။

Credit : Mr NgaKwal
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး ဇာတ်ပို့ဆုကို လောလောလတ်လတ်ရရှိထားတဲ့ ထိပ်တန်းစာရင်းဝင် မင်းသားတစ်လက်ဖြစ်တဲ့ မြင်မြတ်ကတော့ သူအဖွဲ့သားတွေကြားမှာ ပြောစမှတ်ဖြစ်လောက်တဲ့ အရာတစ်ခုထပ်လုပ်လိုက်ပြန်ပါပြီ။

မနေ့က နေ့လည်ခန့်က Original Gangster ရုပ်ရှင်ပေချ့်က တင်ထားတဲ့ ပိုစ့်တစ်ခုအရ ရုပ်ရှင်ရိုက်ကူးရေးအတွက် မူဆယ်သို့အသွားမှာ ရုပ်ရှင်အဖွဲ့သားများက လိုင်းကားသာစီးပြီး သွားကြပေမယ့် မင်းသားမြင့်မြတ်ကိုတော့ ပင်ပန်းမှာစိုးရိမ်တာကြောင့် လေယာဉ်လက်မှတ်စီစဉ်ပေးပါတယ်။ ဒါပေမယ့် မင်းသားမြင့်မြတ်က လေယာဉ်မစီးပဲ အဖွဲ့သားအားလုံးနဲ့အတူတူ လိုင်းကားစီးဖို့ကိုသာ ရွှေးချယ်လိုက်တယ်လို့ သိရပါတယ်။

နာမည်ကျော် ထိပ်တန်းစာရင်းဝင်မင်းသားတစ်လက်အနေနဲ့ ယခုကဲ့သို့ပြုမူခြင်းဟာ သူ့ရဲ့ရိုက်ကူးရေး အဖွဲ့သားများပေါ် သစ္စာရှိခြင်း မျှဝေခံစားတတ်ခြင်းနဲ့ ဟိတ်ဟန်မရှိခြင်းဟုလည်း ရေးသားထားပါသေးတယ်။ အများနဲ့တန်းတူ နေထိုင်ပြုမှုတတ်တဲ့ မင်းသားမို့ ပရိတ်သတ်အများစုက ဝိုင်းဝန်းချီးကျူးဂုဏ်ပြုလျှက်ရှိကြပါတယ်။

Credit : Mr NgaKwal

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top