iMyanmarHouse.com - Best Property Website for Myanmar
×
အအေးမိသက်သာစေ
သွေးပေါင်ကျစေ
Credit : Kumudra
ကြက်သွန်ဖြူကိုဟင်းတွေထဲထည့်ချက်စားတာရှိသလို၊ ဆီချက်ချက်တာ၊ အသုပ်တွေထဲထည့်စားတာနဲ့ဆိုပြီး အမျိုးမျိုးစားကြလေ့ရှိပါ တယ်။ ကြက်သွန်ဖြူက အနံ့ဆိုးပေမဲ့ ဆေးဖက်ဝင်တဲ့ အပိုင်းတွေတော်တော် လေးများပါတယ်။ အနာကျက်စေနိုင်သလို အခြား ဆေးဖက်ဝင်တာတွေကလည်း အများကြီးပါ။
အအေးမိသက်သာစေ
ကြက်သွန်ဖြူနဲ့ကြက်သွန်ဖြူကိုသုံးထားတဲ့ ဆေးနည်းတွေက သာမန်ဖျားနာမှုဝေဒနာတွေကိုသက်သာပျောက်ကင်းစေနိုုင်ပါတယ်။ ကြက်သွန်ဖြူမှာခန္ဓာကိုယ်ကို ကျန်းမာစေတဲ့ allicin ပါဝင်နေပါတယ်။ အအေးမိချင်ချင်ဖြစ်နေရင် ကြက်သွန်ဖြူစားပေးပါ။
အရိုးတွေကို ကြံ့ခိုင်စေ
ကြက်သွန်ဖြူက အရိုးတွေကိုကျန်းမာစေနိုင်ပါတယ်။ အထူးသဖြင့် သွေးဆုံးပြီးအမျိုးသမီးတွေအနေနဲ့ အရိုးပွတာမျိုးမဖြစ်အောင်စားပေးသင့်ပါတယ်။ ကြက်သွန် ဖြူက အက်စထရိုဂျင် ထုတ်လုပ်မှုကိုတိုးစေနိုင်တာကြောင့် အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေတာပဲဖြစ်ပါတယ်။
သွေးပေါင်ကျစေ
သွေးတိုးရောဂါကြောင့် ကမ္ဘာတစ်ဝန်းမှာအသက်ဆုံးရှုံးမှုတွေဖြစ်နေကြပါတယ်။ ကြက်သွန်ဖြူမှာပါတဲ့ polysulfides က သွေးကြောတွေကိုကျယ်စေနိုင်ပြီး ကြွက် သားတွေကိုပြေလျော့စေနိုင်တဲ့ အာနိသင်ရှိနေပြီး သွေးမတိုးအောင်ကာကွယ်ပေးပါတယ်။ သွေးတိုးနေရင် ကြက်သွန်ဖြူစားပေးလို့ရပါတယ်။
ခန္ဓာကိုယ်ကို လန်းဆန်းတက်ကြွစေ
ကြက်သွန်ဖြူက ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်တာမျိုးမဖြစ်အောင်လုပ်ဆောင်ပေးပါတယ်။ သွေးပေါင်ချိန်ကိုကျစေပြီး နှလုံးခုန်နှုန်းကိုထိန်းညှိပေးပါတယ်။ ကိုယ် လက်လှုပ်ရှားမှုအတွက် လိုအပ်တဲ့အားအင်တွေကိုရရှိစေပြီး ခန္ဓာကိုယ်ကိုပင်ပန်းနွမ်းနယ်တာမျိုး မဖြစ်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။
သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပါတယ်
LDL ကိုလက်စထရောဟာ ခန္ဓာကိုယ်အတွက်အကျိုးမပြုတဲ့ ကိုလက်စထရောလို့သိထားကြပြီးဖြစ်ပါတယ်။ သွေးတွင်းကိုလက်စထရောကို ထိန်းညှိတာက အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကိုတိုးတက်စေပါတယ်။ အသည်းက LDL ကို လက်စထရောတွေကို အလွယ်တကူချေဖျက်နိုင်တာကြောင့် နှလုံးသွေးကြောကျဉ်းတာမျိုး မဖြစ်အောင်အထောက်အပံ့ပေးပါတယ်။ ကြက်သွန်ဖြူက ရုတ်တရက်နှလုံးရပ်တာမျိုးကိုဖြစ်စေတဲ့ သွေးခဲတာကိုမဖြစ်အောင် ကာကွယ်ပေးပါတယ်။
ဘက်တီးရီးယား တိုက်ဖျက်ပေးနိုင်
ကြက်သွန်ဖြူက ဘက်တီးရီးယားတွေကိုတိုက်ဖျက်နိုင်သလို ပိုးမွှားတွေကိုသေစေနိုင်တဲ့အာနိသင်ရှိပါတယ်။ ကြက်သွန်ဖြူမှာပါတဲ့ အဆီအနှစ်က ကိုယ်ခံအားကိုaကာင်းမွန်စေသလို ရောဂါတွေမကူးစက်    အောင် တားဆီးပေးပါတယ်။
Credit : Kumudra
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top