iMyanmarHouse.com - Best Property Website for Myanmar
×

စာေပမွာေဖာ္ျပတဲ့ ေမတၱာ၏အက်ဳိးေက်းဇူးမ်ားမွာ ေအာက္ပါအတိုင္းျဖစ္တယ္…
(၁) ခ်မ္းခ်မ္းသာသာ အိပ္ေပ်ာ္ရတယ္။
(၂) ကိုယ္မွာ ေဖာက္ျပန္မႈမရွိဘဲ ခ်မ္းခ်မ္းသာသာ အိပ္ရာက ႏိုးရတယ္။
(၃) အိပ္မက္ေကာင္းေတြကိုပဲ ျမင္မက္ႏုိင္ၿပီး ယုတ္ညံ့ရြံ႕မုန္း ေၾကာက္လန္႔ဖြယ္ အိပ္မက္မ်ား
မမက္ရဘူး။
(၄) လူအေပါင္းက ခ်စ္ခင္ျမတ္ႏိုးတယ္။
(၅) မျမင္ရတဲ့ နတ္မ်ားကလည္း ခ်စ္ခင္ၾကတယ္။
(၆) မိဘက သားသမီးကို ေစာင့္ေရွာက္သလို နတ္မ်ားကလည္း ေမတၱာပြားသူကို
ေစာင့္ေရွာက္ၾကတယ္။
(၇) ေမတၱာဘာ၀နာပြားတဲ့သူကို မီး၊ အဆိပ္၊ လက္နက္ေတြရဲ႕ ေဘးရန္ မက်ေရာက္ဘူး။
(၈) ေမတၱာဘာ၀နာႏွင့္ေနေလ့ရွိတဲ့ပုဂၢိဳလ္ဟာ စိတ္တည္ၾကည္လြယ္ၿပီး
သမာဓိျဖစ္လြယ္တယ္။
(၉) မ်က္ႏွာ အၿမဲပဲ ၾကည္ၾကည္လင္လင္ရွိတယ္။
(၁၀) အိပ္ေပ်ာ္သြားသလိုပဲ မေတြမေ၀ မပင္မပန္း ေသလြန္ရတယ္။
(၁၁) နိဗၺာန္ကို မရေသးေသာ္လည္း ယခုလူ႔ဘ၀စုေတၿပီးေနာက္ အိပ္ေပ်ာ္ရာမွႏိုးလာသလိုပဲ
ျဗဟၼာ့ျပည္မွာ ျဖစ္ရတယ္။

ေမတၱာဘာ၀နာပြားၿပီးေနတဲ့သူဟာ အသက္ရွင္ေနဆဲဘ၀မွာ လူခ်စ္တယ္၊ နတ္ခ်စ္တယ္၊ ႀကံတုိင္းေအာင္ၿပီး ေဆာင္တိုင္းေျမာက္တယ္။ ဒါ့ေၾကာင့္ ေမတၱာကမၼ႒ာန္းက ဘ၀မွာ ေနဖို႔ေရာ၊ ေသဖို႔ကိုပါ အားကိုးႏိုင္ေလာက္တဲ့ ကမၼ႒ာန္းျဖစ္ပါတယ္။
ေမတၱာပြားၿပီးေနတဲ့ပုဂၢိဳလ္တစ္ဦးဟာ ပတ္၀န္းက်င္ေလာကတစ္ခုလံုးမွာရွိတဲ့ ျမင္ရမျမင္ရသတၱ၀ါအားလံုးရဲ႕အက်ဳိးကို သယ္ပိုးေဆာင္ရြက္ေနသူလည္းျဖစ္တယ္။ သူ႔ပတ္၀န္းက်င္တစ္ခုလံုး ၿငိမ္းခ်မ္းတယ္၊ ေအးျမတယ္၊ နတ္မ်ားလည္း အခ်င္းခ်င္း ခ်စ္ခင္ၾကတယ္ဆိုတဲ့ သာဓကေတြ အမ်ားႀကီးရွိတယ္၊ ယံုယံုၾကည္ၾကည္ ႀကိဳးႀကိဳးစားစား အားထုတ္ၾကပါ။
ႏိုင္ငံျခားသြားၿပီး အလုပ္လုပ္တဲ့သူေတြ ေဘးရန္ကင္းဖို႔၊ အစိုးရဌာနေတြမွာ ကုမၸဏီေတြမွာ ရာထူးရဖို႔၊ အထက္လူႀကီးရဲ႕ခ်စ္ခင္မ်က္ႏွာသာေပးမႈရလာဖို႔ဆိုၿပီး အေဆာင္ေတြလက္ဖြဲ႕ေတြလုပ္ၾကတာထက္ မိမိရဲ႕ေမတၱာဘာ၀နာစြမ္းအားကိုသာ တင္းတင္းရင္းရင္း ၀ီရိယစိုက္ၿပီး ႀကိဳးစားအားထုတ္လိုက္ၾကပါ။ ရန္လည္းလံု၊ လူလည္းခ်စ္၊ နတ္လည္းခ်စ္၊ စိတ္အႀကံလည္း ၿပီးေျမာက္ေအာင္ျမင္လို႔ ပီယသိဒၶိေအာင္ေနသူလို႔ကို ေဘးက ထင္ရလာပါလိမ့္မယ္။ ဒီ့ထက္ေကာင္းမြန္တဲ့ ယၾတာလက္ဖြဲ႔မရွိပါဘူး။

ေမတၱာကမၼ႒ာန္း လက္ေတြ႔႐ႈပြားနည္း

တစ္ဖက္သားကို ခ်မ္းသာေစလိုတဲ့စိတ္ေတြ၊ ေကာင္းစားေစလိုတဲ့စိတ္ေတြ၊ ေဘးရန္ကင္းေစလိုတဲ့စိတ္ေတြ အႀကိမ္ႀကိမ္ အထပ္ထပ္ အဖန္ဖန္ ျဖစ္ေစတာကို ေမတၱာဘာ၀နာလို႔ ဆိုႏိုင္ပါတယ္။
အဲဒီလိုစိတ္ေတြပြားေအာင္ မ်ားေအာင္ အႀကိမ္ႀကိမ္အဖန္ဖန္ ျပဳလုပ္ေနတာကိုေတာ့ ေမတၱာဘာ၀နာပြားတယ္လို႔ ဆိုႏိုင္ပါတယ္။

စိတ္ရဲ႕အေပၚယံပိုင္းကေန ပြားေန႐ုံမွ် မျဖစ္ေစဘဲ မိမိစိတ္ရဲ႕ အတြင္းပိုင္း၊ အနက္႐ႈိင္းဆံုးကေန ေမတၱာပြားရင္ ေမတၱာအင္အား စူးရွထက္ျမက္လာမွာျဖစ္တယ္၊ ႏႈတ္ကေန သာမာန္ရြတ္ဆို႐ုံမွ်နဲ႔ ေမတၱာဘာ၀နာ ပြားတယ္ မမည္ေသးပါဘူး။

ပါဠိ ေ၀ါဟာရအေနနဲ႔ ပြားမ်ားမယ္ဆိုရင္ေတာ့..
“အေ၀ရာ ေဟာႏၲဳ
အဗ်ာပဇၨာ ေဟာႏၲဳ
အနီဃာ ေဟာႏၲဳ
သုခီအတၱာနံ ပရိဟရႏၲဳလို႔ အႀကိမ္ ရာေထာင္မက ႏွလံုးသြင္း ပြားမ်ားေနရပါမယ္။

ေမတၱာကမၼ႒ာန္း႐ႈပြားမည့္သူဟာ ေမတၱာရဲ႕အင္အား ေမတၱာရဲ႕စြမ္းအင္ကို သံသယမရွိ ယံုၾကည့္ဖို႔က အရင္းခံ ပဓာနက်ပါတယ္။ ေမတၱာကမၼ႒ာန္း ႐ႈပြားရာမွာ ေ၀ါဟာရစကားလံုးရဲ႕အနက္ ေပၚလြင္ထင္ရွားမႈကလည္း အေရးပါတယ္။ ဒါ့ေၾကာင့္ အတိုဆံုးႏွင့္ အနက္ထိမိၿပီး အဓိပၸာယ္လည္း က်ယ္ျပန္႔တဲ့ ျမန္မာေ၀ါဟာရကေတာ့ “က်န္းမာပါေစ၊ ခ်မ္းသာပါေစ”လို႔ပဲ သံုးႏႈန္းၿပီး ေမတၱာဘာ၀နာ ပြားႏိုင္ပါတယ္။

ႀကိဳတင္သိထားရမယ့္ အခ်က္ေတြကေတာ့..
၁။ ေမတၱာရဲ႕အင္အားစြမ္းအင္ကို ယံုၾကည္ဖို႔ ႀကိဳတင္ေလ့လာဆည္းပူးထားရမယ့္အျပင္
၂။ ေမတၱာခံယူမယ့္ သက္ေတာ္ထင္ရွားၿပီး မိမိအေပၚ အက်ဳိးေက်းဇူးႀကီးမားတဲ့ လူပုဂၢိဳလ္၊
ရဟန္းပုဂၢိဳလ္ (၅)ဦးခန္႔ကို ဦးစြာေရြးခ်ယ္ထားၿပီး ျဖစ္ရပါမယ္။
၃။ ေမတၱာကို အရပ္မ်က္ႏွာမ်ားႏွင့္ လူပုဂၢိဳလ္မ်ားကို ပို႔လႊတ္တဲ့အခါမွာ မိမိပို႔လႊတ္ရာကို
ေမတၱာလိႈင္းမ်ား ေရာက္ႏိုင္တယ္လို႔လည္း ႀကိဳတင္သိထားရမယ္။
ေနာက္ပိုင္း ေမတၱာဘာ၀နာပြားတာ အေလ့အက်င့္အားေကာင္းသြားတဲ့အခါမွာေတာ့ ေမတၱာလႈိင္းေတြ မိမိခႏၶာကိုယ္က ျဖာထြက္ၿပီး ပို႔တဲ့ဆီကို ေရာက္တယ္လို႔ ကိုယ္တုိင္ သေဘာက်ႏိုင္ပါတယ္။
၄။ ဒါေပမယ့္ ေမတၱာပြားတဲ့ေနရာမွာ ကိုယ္က်ဳိးစီးပြားရလိုမႈ လံုးလံုးကို မပါသင့္ပါဘူး။
ေမတၱာခံယူသူအတြက္ ခ်မ္းသာေစလိုတဲ့စိတ္၊ ေကာင္းစားေစလိုတဲ့စိတ္သာ ရွိေနရပါမယ္။
၅။ “ၾသဓိသေမတၱာ” ပုဂၢိဳလ္ရည္ညႊန္းၿပီး ပို႔တဲ့အခါမွာေတာ့ ေမတၱာခံယူမည့္ပုဂၢိဳလ္ မိမိေရွ႕မွာ
မ်က္ႏွာခ်င္းဆိုင္ ထိုင္ေနတယ္လို႔ကို စိတ္ညြတ္ၿပီး အဲဒီပုဂၢိဳလ္ မ်က္ႏွာသ႑ာန္ကို စိတ္ထဲ ပံုေဖာ္ျမင္ေအာင္ၾကည့္ၿပီး ရာေထာင္မက ေမတၱာပြားရပါတယ္။
၆။ ေမတၱာကမၼ႒ာန္းမပြားခင္ ဦးစြာ ဘုရားရွိခိုးတာ သီလခံယူေဆာက္တည္တာ စတဲ့ ပုဗၺကိစၥ
ႀကိဳတင္ျပင္ဆင္မႈမ်ားကိုေတာ့ ေဆာင္ရြက္ၿမဲအတိုင္း ေဆာင္ရြက္ႏိုင္ပါတယ္။
၇။ အစပိုင္း ေလ့က်င့္ခါစမွာေတာ့ တစ္ႀကိမ္ကို မိနစ္၃၀စီ သတ္မွတ္ၿပီး အႀကိမ္မ်ားမ်ားကို
ထိုင္တဲ့ ဣရိယာပုထ္ႏွင့္သာ ပြားသင့္ပါတယ္။ ေနရာက်ၿပီဆိုရင္ေတာ့ ေနာက္ပိုင္း သိပ္ကို လြယ္ကူပါတယ္။ ေမတၱာပြားၿပီးေနရတာ သက္သာတယ္၊ ေပါ့ပါးတယ္၊ ၿငိမ္းခ်မ္းတယ္၊ ဒီလိုအေတြ႔အႀကံဳရွိလာတဲ့ ေယာဂီပုဂၢိဳလ္ဟာ ေမတၱာကမၼ႒ာန္းကို မပြားဘဲ မေနႏိုင္ေတာ့ပါဘူး။ အလိုလိုပဲ စိတ္က ေမတၱာကမၼ႒ာန္း ပြားၿပီးသားျဖစ္ေနတတ္ပါတယ္။
၈။ ေလ်ာင္း၊ ထိုင္၊ ရပ္၊ သြားဆိုတဲ့ ဣရိယာပုထ္ ၄မ်ဳိးထဲမွ အလ်ဥ္းသင့္သလို တစ္မ်ဳိးမ်ဳိးနဲ႔ ပို႔ႏိုင္ ပြားႏိုင္ပါတယ္။ ေလးေလးနက္နက္ျဖစ္ဖို႔ရာအတြက္သာ ထိုင္တဲ့ဣရိယာပုထ္ကို ညႊန္ျပတာပါ။ (တိဌံစရံနိ သိေႏၷာ၀ သယာေနာ- ေမတၱာသုတ္)
၉။ ေသၿပီးသူကို အာ႐ုံျပဳၿပီး ေမတၱာမပြားရဘူး။ ေသၿပီးသူဟာ ေမတၱာအာ႐ုံယူဖို႔
မျဖစ္ႏုိင္ေတာ့တာမို႔ ေသၿပီးသူကို အာ႐ုံျပဳၿပီး ေမတၱာမပြားရပါဘူး။
(အမွ်ေ၀လိုက ေ၀ဖို႔ပဲရွိပါတယ္)
၁၀။ ေရွးဦးစြာ ေမတၱာအာ႐ုံနိမိတ္ယူၿပီး မပြားရတဲ့ပုဂၢိဳလ္၄မ်ဳိးကေတာ့
(၁) မုန္းသူ
(၂) အလြန္ခ်စ္သူ
(၃) မခ်စ္မမုန္းသူႏွင့္
(၄) ရန္သူတို႔ ျဖစ္တယ္။
အေၾကာင္းမွာ- မုန္းေနတဲ့သူ၊ ရန္သူေတြကို ခ်မ္းသာေကာင္းစားေစလိုတဲ့စိတ္ျဖစ္ဖို႔ ခက္တဲ့အျပင္ ဦးစြာ ေမတၱာပို႔မိရင္ ေမတၱာရဲ႕ဆန္႔က်င္ဘက္ ေဒါသ၊ အာဃာတတို႔သာ ျဖစ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဒီသူ၂ဦးကို ဦးစြာ ေမတၱာမပြားရပါဘူး။
အလြန္ခ်စ္ခင္တဲ့သူ အေပၚမွာလည္း တဏွာေပမစိတ္ ရင့္သန္ႀကီးထြားေနလို႔ ေမတၱာစိတ္ မျဖစ္ႏိုင္ျပန္ဘူး။
အလယ္အလတ္ မခ်စ္မမုန္းသူရဲ႕အက်ဳိးစီးပြားကို လိုလားတဲ့ေမတၱာစိတ္ျဖစ္ဖို႔လည္း ခက္ခဲျပန္ပါတယ္။
ဒါ့ေၾကာင့္ ဒီပုဂၢိဳလ္မ်ဳိးေတြကို ဦးစြာ ေမတၱာမပြားရပါဘူး။ ေမတၱာစိတ္အစစ္အမွန္ျဖစ္ၿပီးတဲ့အခါမွာပဲ သူတို႔ကို ေမတၱာပြားရပါမယ္။
၁၁။ ဆန္႔က်င္ဘက္လိင္(ေယာက်္ားက မိန္းမကို၊ မိန္းမက ေယာက်္ားကို) ေမတၱာပြားမယ္ဆိုရင္လည္း ေမတၱာစိတ္မျဖစ္ဘဲ ရာဂစိတ္႐ိုင္းေတြျဖစ္လာႏိုင္တဲ့အတြက္ သတိျပဳရပါမယ္။ သို႔ေသာ္ အမ်ဳိးသမီးမ်ားအေနႏွင့္ သက္ေတာ္ထင္ရွား ေက်းဇူးရွင္ဆရာေတာ္ႀကီးမ်ားကို ေမတၱာအာ႐ုံထားၿပီး ဘာ၀နာပြားတဲ့အခါ မူမမွန္တဲ့စိတ္႐ုိင္းမ်ား မျဖစ္လာရင္ေတာ့ ေမတၱာပြားႏိုင္ပါတယ္။

ေမတၱာကမၼ႒ာန္းစတင္ပြားမ်ားျခင္း(သီးသန္႔က်င့္ျခင္း)

မိမိကိုယ္ကိုပဲ ေမတၱာစတင္ပြားပို႔ရပါမယ္၊ “က်န္းမာပါေစ၊ ခ်မ္းသာပါေစ”လို႔ အႀကိမ္ ရာေထာင္မက မိမိကိုယ္ကို ဦးစြာ ေမတၱာပြားပါ။ မိမိကိုယ္ကို ေမတၱာပြားရတာ အားရေက်နပ္ထားရင္ သူတစ္ပါးကို ေမတၱာပြားရတာ လြယ္ကူပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုရင္ အရပ္မ်ားကို စိတ္ျဖင့္ လွည့္လည္ရွာေသာ္လည္း မိမိကိုယ္ထက္သာၿပီး ခ်စ္ခင္ျမတ္ႏိုးသူကို မေတြ႔ႏိုင္ဘူးလို႔ ဘုရားရွင္ မိန္႔ေတာ္မူထားပါတယ္။ ဒါ့ေၾကာင့္ မိမိကိုယ္ကို သက္ေသျပဳၿပီး ေမတၱာပို႔တာဟာ ေမတၱာကမၼ႒ာန္းမွာ အသင့္ေတာ္ဆံုးျဖစ္ပါတယ္။
ၿပီးမွ သက္ေတာ္ထင္ရွားရွိၿပီး ေမတၱာစတင္မပြားရမည့္ ပုဂၢိဳလ္က လြတ္ကင္းၿပီး မိမိအေပၚ ေက်းဇူးႀကီးမားတဲ့ ဆရာသမား မိဘဘိုးဘြားေတြထဲက (၅)ဦးခန္႔ကို ႀကိဳတင္ေရြးခ်ယ္ထားရမယ္။ မိမိကိုယ္ကို ေမတၱာပို႔ၿပီးေနာက္ ေရြးခ်ယ္ထားတဲ့ ေမတၱာခံယူမည့္ပုဂၢိဳလ္ကို မိမိအနား မ်က္ႏွာခ်င္းဆိုင္ထိုင္ေနသလို စိတ္၀ယ္မွတ္ၿပီး “က်န္းမာပါေစ၊ ခ်မ္းသာပါေစ၊ က်န္းမာပါေစ၊ ခ်မ္းပါေစ”လို႔ အႀကိမ္ႀကိမ္ ေမတၱာပြားရပါမယ္။
ေမတၱာခံယူမည့္ပုဂၢိဳလ္တစ္ဦးအေပၚ ေက်နပ္ၿပီးမွ ေနာက္တစ္ဦးကို ေျပာင္းရမယ္၊ အကယ္၍ ေမတၱာပြားရတာ အခက္အခဲရွိလာရင္ေတာ့ မိမိကိုယ္ကိုပဲ ေမတၱာျပန္ပြားပါ၊ ၿပီးမွ ေမတၱာခံယူမည့္ပုဂၢိဳလ္ကို ေျပာင္းယူပါ။
တခါတရံ အခ်ဳိ႕ပုဂၢိဳလ္ကို ေမတၱာပြားရတာ လြယ္ကူၿပီး မ်က္ႏွာပံုပန္းသ႑ာန္ ကြက္ကြက္ကြင္းကြင္း ၿပံဳးၿပံဳးရႊင္ရႊင္ ျမင္လာတတ္ေသာ္လည္း အခ်ဳိ႕ပုဂၢိဳလ္ေတြမွာက်ေတာ့ အခက္အခဲရွိေနတာလည္း ႀကံဳရတတ္တယ္။ အဲဒီအခါက်ရင္ လြယ္ကူတဲ့ ေမတၱာအာ႐ုံခံပုဂၢိဳလ္ေတြကို ဦးစားေပး ပြားရပါမယ္။
ေမတၱာစိတ္ ညီညႊတ္မွ်တေနၿပီဆိုရင္ေတာ့ ရန္သူ၊ မုန္းတဲ့သူ၊ အလြန္ခ်စ္တဲ့သူေတြကိုလည္း ပြားႏိုင္ပါၿပီ။
မိမိစိတ္ကို မိိမိၾကည္ညိဳဖူးမလားေတာ့မသိဘူး။ ေမတၱာခံယူမည့္ပုဂၢိဳလ္တစ္ဦးကို စူးစိုက္ၿပီးေတာ့ က်န္းမာပါေစ၊ ခ်မ္းသာပါေစ၊ က်န္းမာပါေစလို႔ ႀကိမ္ဖန္မ်ားစြာ ေမတၱာပို႔ေနရင္ မိမိစိတ္ထဲမွာ တျခားအာ႐ုံေတြ၊ တျခားစိတ္ကူးေတြ ဘာမွေပၚမလာေတာ့ဘူး၊ အဲဒီေမတၱာခံပုဂၢိဳလ္အေပၚမွာသာ စိတ္က စုၿပံဳစူးစိုက္ နစ္ေနတယ္၊ အဲဒီအခ်ိန္မွာ လိုခ်င္တပ္မက္တဲ့စိတ္၊ စိတ္ပ်က္စိတ္ဆိုး စိတ္အလိုမက်တဲ့စိတ္၊ အိပ္ခ်င္ငိုက္ျမည္း ပ်င္းရိတဲ့စိတ္၊ စိတ္ပူပန္ပ်ံ႕လြင့္တဲ့စိတ္၊ ေၾကာင့္ၾကတဲ့စိတ္ႏွင့္ ရတနာသံုးပါးအေပၚ သို႔ေလာသို႔ေလာ မျပတ္သားတဲ့စိတ္ဆိုတဲ့ တားဆီးပိတ္ပင္တတ္တဲ့ နိ၀ရဏတရားငါးပါး ကင္းကြားေနတတ္တယ္။ ေမတၱာအင္အား ေကာင္းသထက္ေကာင္းေအာင္ ေလ့က်င့္လာရင္ ေမတၱာခံပုဂၢိဳလ္နဲ႔ မိမိဟာ ၿပံဳးရႊင္ၾကည္လင္တဲ့သြင္ျပင္နဲ႔ မ်က္ႏွာခ်င္းဆိုင္ ထုိင္ေနသလိုပဲ စကၠန္႔ပိုင္း မိနစ္ပိုင္းၾကာတဲ့ထိ အသိစိတ္ထဲ စြဲၿမဲသက္၀င္ တည္ေနႏိုင္ပါလိမ့္မယ္။
တျခား ဘာအာ႐ုံခံမွ မရွိဘဲ ေမတၱာခံယူမည့္ပုဂၢိဳလ္ကို ပကတိ က်န္းမာေစလိုတဲ့စိတ္ ေပ်ာ္ရႊင္ခ်မ္းသာ ျပည့္စံုေစလိုတဲ့စိတ္ေတြ အလိုလိုျဖစ္ေနတာဟာ တမင္တကာစိတ္ကူးႀကံဆၿပီး ျဖစ္ေနတဲ့ စိတ္အဆင့္မ်ဳိး မဟုတ္ေတာ့ဘူး။
၀ီရိယသန္သန္ တိုး၍ ႀကိဳးစားေလ့က်င့္ပြားမ်ားတဲ့ ေယာဂီမ်ားဟာ မိနစ္ပိုင္းမွ နာရီပိုင္းထိ ၾကည္လင္ခ်မ္းေျမ့တဲ့ ေမတၱာစိတ္နဲ႔ ေနႏိုင္လာပါတယ္။ အိပ္ငိုက္တာမဟုတ္ဘူး၊ စိတ္က ၾကည္လင္သန္႔စင္ေနတယ္။
မိမိရည္မွန္းထားတဲ့ အခ်ိန္နာရီးကာလတေလွ်ာက္လံုး ဘာစိတ္မွမရွိဘူး၊ ေမတၱာစိတ္မွ်ပဲ ရွိေတာ့တယ္။
ေမတၱာစိတ္မွ်ပဲ ရွိေနတာ အခ်ိန္ၾကာလာရင္ေတာ့ တခါတရံ ငါ့မွာ ဘာစိတ္ေတြ ျဖစ္ေနပါလိမ့္မလဲလို႔လည္း တစ္ခ်က္တစ္ခ်က္ စစ္ေဆးမိရက္သားျဖစ္ေနတယ္။ ဒီလို (၀ိတက္)၀င္လာခိုက္ေတာ့ ေမတၱာစိတ္အစဥ္ ခဏပ်က္တယ္၊ ဒါေပမယ့္ ျပန္ၿပီး ထူေထာင္ရတာ ဘာမွ မပင္ပန္းဘူး၊ ေၾကာင့္ၾကစိုက္ရတယ္လို႔ေတာင္ ေျပာလို႔မရဘူး။
အဲဒီလို အခ်ိန္ေတြ ေတာ္ေတာ္ၾကာသြားၿပီး ေမတၱာစိတ္မွအပ က်န္တဲ့စိတ္ေတြ မျဖစ္ေတာကို သိရလို႔လည္း ေယာဂီသေဘာက်မိတတ္တယ္။ အဲဒီအခါမွာေတာ့ မိမိစိတ္ကိုမိမိ လႈိက္လိႈက္လွဲလွဲ ၾကည္ညိဳတယ္ဆိုတဲ့သေဘာကို ေယာဂီကိုယ္တိုင္ သေဘာက်ႏိုင္ပါၿပီ။
လူပုဂၢိဳလ္မ်ားကို ေက်ပြန္ေအာင္ ေမတၱာပြားၿပီးၿပီဆိုရင္ေတာ့ ဦးစြာ
မိမိထုိင္ေနတဲ့ အခန္းရဲ႕ မ်က္ႏွာအားလံုးကို ေမတၱာပြားရပါမယ္။

- မိမိထိုင္ရာမွ အေရွ႕ကေနၿပီး ေမတၱာ စ,ပြားတာ လြယ္ကူပါတယ္။ ဒါကို အထပ္ထပ္ပြားလို႔ ေက်ပြန္ရင္

- အိမ္၀န္းရဲ႕အရပ္မ်က္နွာအားလံုးကို ေမတၱာပြားရပါမယ္။

- ၿပီးရင္ ရပ္ကြက္ေက်းရြာနယ္နိမိတ္ထိ ေမတၱာပြားရပါမယ္။

- အဲဒီေနာက္ ၿမိဳ႕နယ္၊ ခ႐ုိင္၊ တိုင္းနယ္၊ ျပည္နယ္၊ ႏိုင္ငံနယ္နိမိတ္အထိ အရပ္မ်က္ႏွာအားလံုးကို ေမတၱာပြားရပါမယ္။

- ဆက္ၿပီးေတာ့ ကမၻာကေန အနႏၲစၾက၀ဠာထိေအာင္ စိတ္ကို ျမွင့္ျမွင့္ၿပီးေတာ့ ခ်ဲ႕ခ်ဲ႕ၿပီးေတာ့ အရပ္မ်က္ႏွာအားလံုးကို ေမတၱာပြားရမယ္။

- အေလ႔အက်င့္ရလာတဲ့အခါမွာေတာ့ အရပ္မ်က္ႏွာေဘာင္ေတြ မရွိေတာ့ဘဲ စက္၀န္းႀကီးအတိုင္း ေမတၱာလႈိင္းမ်ား ခ်ဲ႕ခ်ဲ႕ၿပီး သြားေနတယ္လို႔ ခံစားရတတ္ပါတယ္။

- အဲဒီအ၀န္းက ရံခါ လင္းေနတယ္၊ ရံခါ ေဖြးေနတယ္လို႔လည္း ထင္ရတတ္ပါတယ္။ မိမိကိုယ္ကေန ေမတၱာလိႈင္းမ်ား ပို႔တဲ့ဆီကို အမွန္တကယ္ ေရာက္ေနၿပီလို႔လည္း ခံစားရတတ္ပါတယ္။

- အထူူးသတိျပဳဖို႔လိုတာကေတာ့ မိမိရဲ႕ေမတၱာေၾကာင့္ ရန္သူငုပ္လွ်ဳိးၿပိဳလဲေစရမယ္၊ ရန္သူ ဒုကၡေရာက္ရမယ္၊ ငါ့ေမတၱာစူးရင္ သင္႐ူးၿပီလို႔ မေတြးမႀကံရဘူး၊ မရည္ရြယ္ရဘူး၊ ဒီလိုစိတ္သေဘာထားႏွင့္ ေမတၱာပို႔ရင္ေတာ့ ေမတၱာမျဖစ္ႏိုင္ေတာ့ပါဘူး၊ ဆန္႔က်င္ဘက္ ေဒါသအာဃာတ ရန္ၿငိဳးေတြသာ ျဖစ္ဖြယ္ရွိတယ္။ ပို႔တဲ့သူဆီကို ေမတၱာေရာက္မွာ မဟုတ္ေတာ့တဲ့ျပင္ မိမိမွာပဲ ပူေလာင္ပင္ပန္းေစတဲ့ အကုသိုလ္ ကိေလသာစိတ္ေတြျဖစ္ၿပီး ပင္ပန္းဖြယ္ပဲရွိပါတယ္။ ေမတၱာရဲ႕ၿငိမ္းေအးခ်မ္းသာမႈနဲ႔ေတာ့ ဆန္႔က်င္ဘက္ပါပဲ။

ေန႔စဥ္ဘ၀ထဲ၌ လုပ္ရင္းကိုင္ရင္း ပြားမ်ားျခင္း

ေမတၱာဘာ၀နာပြားတာ ဦးစြာ မေနာ(စိတ္)ကေန ပြားေနျခင္းျဖစ္ပါတယ္။ အေလ့အက်င့္ရလာတဲ့အခါက်ေတာ့ ေန႔စဥ္ဘ၀ထဲကို ေမတၱာေရာက္ရွိေနပါၿပီ။ ဒီလိုေရာက္လာဖို႔ အေထာက္အကူျဖစ္ႏိုင္ဖို႔နည္းလမ္းကေတာ့ လူတစ္ေယာက္ကို ေတြ႔ရင္ မိမိက ဦးစြာ ေမတၱာပို႔ပါ။ တစ္ေနရာရာသြားရင္ ေမတၱာပို႔ၿပီးမွ သြားတဲ့ အေလ့အက်င့္လုပ္ပါ။ အိပ္ရာ၀င္ရင္လည္း အိပ္မေပ်ာ္မခ်င္း ေမတၱာပို႔ေနပါ။ ေမတၱာပို႔ရင္းပဲ အိပ္ေပ်ာ္ပါေစ၊ ႏိုးလာရင္းလည္း ေမတၱာစိတ္ႏွင့္ပဲ ႏိုးႏိုင္ဖို႔ ေလ့က်င့္ေပးပါ။ စားေသာက္တဲ့အခါလည္း ခ်က္ျပဳတ္ျပင္ဆင္သူမ်ားကို ေမတၱာပြားၿပီးမွစားပါ၊ တစ္ေယာက္ေယာက္ကို သတိရရင္လည္း ေမတၱာအရင္ပြားပါအံုး။
ဒီလိုနဲ႔ အေလ့အက်င့္ အားေကာင္းလာတဲ့အခါမွာေတာ့ မိမိတမင္တကာ ေမတၱာစိတ္ျဖစ္ေအာင္ လုပ္စရာမလိုဘဲ အလိုလိုပဲ ေမတၱာစိတ္ျဖစ္ေနတာ သတိထားမိပါလိမ့္မယ္။ စိတ္ထဲ သူ႔အလုိလိုပဲ ေက်းဇူးတင္စိတ္ေတြ ျဖစ္လာတတ္တယ္။ ဆင္းရဲဒုကၡေရာက္သူကို ေတြ႔ရင္လည္း လိႈက္လိႈက္လွဲလွဲ သနားက႐ုဏာစိတ္ေတြ ရင္ထဲ အလိုလိုပဲ ျဖစ္လာတတ္တယ္။

ေမတၱာရဲ႕ ေက်းဇူးႏွင့္ သာဓကကို ေဖာ္ျပရင္ေတာ့ အမ်ားႀကီးပါပဲ..။
ျမတ္စြာဘုရားရွင္က လက္တစ္ဖ်စ္တီးကာလမွ် ေမတၱာစိတ္ကို ပြားမ်ားျဖန္႔ျဖဴးပို႔သ မွီ၀ဲေနတဲ့ ရဟန္းကို စ်ာန္မွ မဆိတ္သုဥ္းေသာရဟန္း၊ ျပည္သူ႔ဆြမ္းကို အက်ဳိးရွိေအာင္ ဘုဥ္းေပးသံုးေဆာင္ေသာရဟန္းဆိုၿပီး အထူးခ်ီးမြမ္းေတာ္မူပါတယ္။
ထင္ရွားတဲ့သာဓကအေနႏွင့္ေတာ့ ဓမၼစႀကၤာေဒသနာဦးကို မေဟာၾကားခင္ ပဥၥ၀ဂၢီငါးပါးႏွင့္ ဘုရားရွင္ရဲ႕ေမတၱာေတာ္ဟာ အံ့ဖြယ္မွတ္သားစရာပါပဲ။
“ျမတ္စြာဘုရားရွင္သည္ ထိုပဥၥ၀ဂၢီငါးဦးတို႔၏ စိတ္ထားကို သိျမင္ေတာ္မူေလလွ်င္ အလံုးစံုေသာ သတၱ၀ါတို႔အေပၚ၌ မည္သည့္သတၱ၀ါအတြက္ဟု ရည္မွတ္ပိုင္းျခားမႈ မထားေသာအားျဖင့္ သိမ္းက်ဳံးျဖန္႔လႊမ္းထားႏိုင္ေသာ ေမတၱာစိတ္ဓာတ္ေတာ္ကို အက်ဥ္းခ်ဳံး ႐ုံးစု၍ သီးသန္႔ပိုင္းျခား သတ္မွတ္ေသာအားျဖင့္ ပဥၥ၀ဂၢီငါးဦးတို႔အေပၚ၌သာလွ်င္ ေမတၱာျဖန္႔ပို႔ေတာ္မူ၏။ ဘုရားရွင္ေမတၱာဓာတ္ ထိခုိက္ျခင္းေၾကာင့္ ထိုပဥၥ၀ဂၢီတို႔သည္ ဘုရားရွင္ႂကြလာေတာ္မူလွ်င္ (သိဒၶတၳလာလွ်င္ ခရီးဦးအႀကိဳမျပဳေတာ့ဘူးဟူေသာ)မိမိတို႔ မူလကတိအတိုင္း မရပ္တည္ႏိုင္ၾကေတာ့ဘဲ ရွိခုိးျခင္း၊ ခရီးဦးႀကိဳဆိုျခင္းစေသာ အမႈကိစၥအားလံုးကို ျပဳမိၾကေလၿပီ” ဒါက ေမတၱာရဲ႕သာဓကပါပဲ။
ေနာက္သာဓကတစ္ခုကလည္း ျမတ္စြာဘုရားဟာ စႀကၤာ၀ဠာအနႏၲတို႔အေပၚ၌ ျဖန္႔လႊမ္းပို႔ႏုိင္တဲ့ ေမတၱာစိတ္ဓာတ္ကို နာဠာဂီရိဆင္တစ္ေကာင္တည္းအေပၚမွာသာ စုၿပံဳျဖန္႔လႊမ္းေတာ္မူပါတယ္။ နာဠာဂီရိဆင္ဟာ ဘုရားရွင္၏ေမတၱာစိတ္ကို ထိခုိက္ေနၿပီျဖစ္လုိ႔ ေဘးရန္ကင္းစြာ ဘုရားရွင္ရဲ႕ေျခေတာ္အစံုမွာ ခိုလႈံတုပ္၀ပ္ပါေတာ့တယ္။
ေမတၱာကမၼ႒ာန္းအားထုတ္မည့္သူ သတိထားရမည့္ အေရးအႀကီးဆံုးအခ်က္ကေတာ့.. ေမတၱာစြမ္းအားဟာ ေရွးအခါကသာ စြမ္းတယ္၊ ယခု မစြမ္းေတာ့ဘူးလို႔ မမွတ္ယူရဘူး၊ တရားတို႔မည္သည္ ပုဂၢိဳလ္သတၱ၀ါ၊ အခ်ိန္ကာလ၊ ေနရပ္ေဒသဟူ၍ မရွိေကာင္းပါဘူး။ အရင္လည္း စြမ္းတယ္၊ ခုလည္း စြမ္းတယ္၊ ေနာင္လည္း စြမ္းပါတယ္။ ဘုရားရွင္ေဟာေတာ္မူတဲ့ တရားေတာ္မွန္သမွ်ဟာ.. တကယ္က်င့္ႀကံရင္ တကယ့္ကိုပဲ အစြမ္းထက္လွပါတယ္။ က်င့္ႀကံအားထုတ္ေနသူေတြ ရွိသေရြ႕လည္း သာသနာဟာ မကြယ္ေပ်ာက္ပါဘူး။ ဒါကို ေသေသခ်ာခ်ာသိၿပီး ေလးေလးနက္နက္ ယံုၾကည္ထားမွ ထိထိေရာက္ေရာက္လုပ္ျဖစ္မွာပါ။ ေနာက္ၿပီး ေမတၱာပြားမ်ားတဲ့ကံဟာလည္း ဘ၀သံသရာမွာ အလြန္ႀကီးကိုပဲ အက်ဳိးေပးသန္လွပါတယ္ဆိုတာကို အထက္မွာ ရွင္းျပခဲ့ၿပီးပါၿပီေနာ္..။

အရွင္ေခမာနႏၵ(မဟာၿမိဳင္ေတာရ) ေမတၱာကမၼ႒ာန္းလက္ေတြ႔႐ႈပြားနည္းစာအုပ္မွ ကူးယူေဖာ္ျပပါသည္။

ဤစာကို ဖတ္႐ႈရေသာသူအေပါင္း ေမတၱာ၏ေအးခ်မ္းမႈမ်ားျဖင့္ ျပည့္စံုၾကပါေစ…

ဤေကာင္းမႈကုသုိလ္ေၾကာင့္ နိမ့္ေသာကံျမင့္၊ ပိတ္ေသာဉာဏ္ပြင့္၍ မဂ္ဖိုလ္နိဗၺာန္ကိုမ်က္ေမွာက္ျပဳသည့္တိုင္္ေအာင္ အေၾကာင္းအေထာက္ပံ့ေကာင္းျဖစ္ရပါေစ။

Credit : Original
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်…
(၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။
(၂) ကိုယ်မှာ ဖောက်ပြန်မှုမရှိဘဲ ချမ်းချမ်းသာသာ အိပ်ရာက နိုးရတယ်။
(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ် အိပ်မက်များ
မမက်ရဘူး။
(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။
(၅) မမြင်ရတဲ့ နတ်များကလည်း ချစ်ခင်ကြတယ်။
(၆) မိဘက သားသမီးကို စောင့်ရှောက်သလို နတ်များကလည်း မေတ္တာပွားသူကို
စောင့်ရှောက်ကြတယ်။
(၇) မေတ္တာဘာဝနာပွားတဲ့သူကို မီး၊ အဆိပ်၊ လက်နက်တွေရဲ့ ဘေးရန် မကျရောက်ဘူး။
(၈) မေတ္တာဘာဝနာနှင့်နေလေ့ရှိတဲ့ပုဂ္ဂိုလ်ဟာ စိတ်တည်ကြည်လွယ်ပြီး
သမာဓိဖြစ်လွယ်တယ်။
(၉) မျက်နှာ အမြဲပဲ ကြည်ကြည်လင်လင်ရှိတယ်။
(၁၀) အိပ်ပျော်သွားသလိုပဲ မတွေမေ၀ မပင်မပန်း သေလွန်ရတယ်။
(၁၁) နိဗ္ဗာန်ကို မရသေးသော်လည်း ယခုလူ့ဘဝစုတေပြီးနောက် အိပ်ပျော်ရာမှနိုးလာသလိုပဲ
ဗြဟ္မာ့ပြည်မှာ ဖြစ်ရတယ်။

မေတ္တာဘာဝနာပွားပြီးနေတဲ့သူဟာ အသက်ရှင်နေဆဲဘဝမှာ လူချစ်တယ်၊ နတ်ချစ်တယ်၊ ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်တယ်။ ဒါ့ကြောင့် မေတ္တာကမ္မဋ္ဌာန်းက ဘဝမှာ နေဖို့ရော၊ သေဖို့ကိုပါ အားကိုးနိုင်လောက်တဲ့ ကမ္မဋ္ဌာန်းဖြစ်ပါတယ်။
မေတ္တာပွားပြီးနေတဲ့ပုဂ္ဂိုလ်တစ်ဦးဟာ ပတ်ဝန်းကျင်လောကတစ်ခုလုံးမှာရှိတဲ့ မြင်ရမမြင်ရသတ္တဝါအားလုံးရဲ့အကျိုးကို သယ်ပိုးဆောင်ရွက်နေသူလည်းဖြစ်တယ်။ သူ့ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်းချမ်းတယ်၊ အေးမြတယ်၊ နတ်များလည်း အချင်းချင်း ချစ်ခင်ကြတယ်ဆိုတဲ့ သာဓကတွေ အများကြီးရှိတယ်၊ ယုံယုံကြည်ကြည် ကြိုးကြိုးစားစား အားထုတ်ကြပါ။
နိုင်ငံခြားသွားပြီး အလုပ်လုပ်တဲ့သူတွေ ဘေးရန်ကင်းဖို့၊ အစိုးရဌာနတွေမှာ ကုမ္ပဏီတွေမှာ ရာထူးရဖို့၊ အထက်လူကြီးရဲ့ချစ်ခင်မျက်နှာသာပေးမှုရလာဖို့ဆိုပြီး အဆောင်တွေလက်ဖွဲ့တွေလုပ်ကြတာထက် မိမိရဲ့မေတ္တာဘာဝနာစွမ်းအားကိုသာ တင်းတင်းရင်းရင်း ဝီရိယစိုက်ပြီး ကြိုးစားအားထုတ်လိုက်ကြပါ။ ရန်လည်းလုံ၊ လူလည်းချစ်၊ နတ်လည်းချစ်၊ စိတ်အကြံလည်း ပြီးမြောက်အောင်မြင်လို့ ပီယသိဒ္ဓိအောင်နေသူလို့ကို ဘေးက ထင်ရလာပါလိမ့်မယ်။ ဒီ့ထက်ကောင်းမွန်တဲ့ ယတြာလက်ဖွဲ့မရှိပါဘူး။

မေတ္တာကမ္မဋ္ဌာန်း လက်တွေ့ရှုပွားနည်း

တစ်ဖက်သားကို ချမ်းသာစေလိုတဲ့စိတ်တွေ၊ ကောင်းစားစေလိုတဲ့စိတ်တွေ၊ ဘေးရန်ကင်းစေလိုတဲ့စိတ်တွေ အကြိမ်ကြိမ် အထပ်ထပ် အဖန်ဖန် ဖြစ်စေတာကို မေတ္တာဘာဝနာလို့ ဆိုနိုင်ပါတယ်။
အဲဒီလိုစိတ်တွေပွားအောင် များအောင် အကြိမ်ကြိမ်အဖန်ဖန် ပြုလုပ်နေတာကိုတော့ မေတ္တာဘာဝနာပွားတယ်လို့ ဆိုနိုင်ပါတယ်။

စိတ်ရဲ့အပေါ်ယံပိုင်းကနေ ပွားနေရုံမျှ မဖြစ်စေဘဲ မိမိစိတ်ရဲ့ အတွင်းပိုင်း၊ အနက်ရှိုင်းဆုံးကနေ မေတ္တာပွားရင် မေတ္တာအင်အား စူးရှထက်မြက်လာမှာဖြစ်တယ်၊ နှုတ်ကနေ သာမာန်ရွတ်ဆိုရုံမျှနဲ့ မေတ္တာဘာဝနာ ပွားတယ် မမည်သေးပါဘူး။

ပါဠိ ဝေါဟာရအနေနဲ့ ပွားများမယ်ဆိုရင်တော့..
“အဝေရာ ဟောန္တု
အဗျာပဇ္ဇာ ဟောန္တု
အနီဃာ ဟောန္တု
သုခီအတ္တာနံ ပရိဟရန္တုလို့ အကြိမ် ရာထောင်မက နှလုံးသွင်း ပွားများနေရပါမယ်။

မေတ္တာကမ္မဋ္ဌာန်းရှုပွားမည့်သူဟာ မေတ္တာရဲ့အင်အား မေတ္တာရဲ့စွမ်းအင်ကို သံသယမရှိ ယုံကြည့်ဖို့က အရင်းခံ ပဓာနကျပါတယ်။ မေတ္တာကမ္မဋ္ဌာန်း ရှုပွားရာမှာ ဝေါဟာရစကားလုံးရဲ့အနက် ပေါ်လွင်ထင်ရှားမှုကလည်း အရေးပါတယ်။ ဒါ့ကြောင့် အတိုဆုံးနှင့် အနက်ထိမိပြီး အဓိပ္ပာယ်လည်း ကျယ်ပြန့်တဲ့ မြန်မာဝေါဟာရကတော့ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ပဲ သုံးနှုန်းပြီး မေတ္တာဘာဝနာ ပွားနိုင်ပါတယ်။

ကြိုတင်သိထားရမယ့် အချက်တွေကတော့..
၁။ မေတ္တာရဲ့အင်အားစွမ်းအင်ကို ယုံကြည်ဖို့ ကြိုတင်လေ့လာဆည်းပူးထားရမယ့်အပြင်
၂။ မေတ္တာခံယူမယ့် သက်တော်ထင်ရှားပြီး မိမိအပေါ် အကျိုးကျေးဇူးကြီးမားတဲ့ လူပုဂ္ဂိုလ်၊
ရဟန်းပုဂ္ဂိုလ် (၅)ဦးခန့်ကို ဦးစွာရွေးချယ်ထားပြီး ဖြစ်ရပါမယ်။
၃။ မေတ္တာကို အရပ်မျက်နှာများနှင့် လူပုဂ္ဂိုလ်များကို ပို့လွှတ်တဲ့အခါမှာ မိမိပို့လွှတ်ရာကို
မေတ္တာလှိုင်းများ ရောက်နိုင်တယ်လို့လည်း ကြိုတင်သိထားရမယ်။
နောက်ပိုင်း မေတ္တာဘာဝနာပွားတာ အလေ့အကျင့်အားကောင်းသွားတဲ့အခါမှာတော့ မေတ္တာလှိုင်းတွေ မိမိခန္ဓာကိုယ်က ဖြာထွက်ပြီး ပို့တဲ့ဆီကို ရောက်တယ်လို့ ကိုယ်တိုင် သဘောကျနိုင်ပါတယ်။
၄။ ဒါပေမယ့် မေတ္တာပွားတဲ့နေရာမှာ ကိုယ်ကျိုးစီးပွားရလိုမှု လုံးလုံးကို မပါသင့်ပါဘူး။
မေတ္တာခံယူသူအတွက် ချမ်းသာစေလိုတဲ့စိတ်၊ ကောင်းစားစေလိုတဲ့စိတ်သာ ရှိနေရပါမယ်။
၅။ “သြဓိသမေတ္တာ” ပုဂ္ဂိုလ်ရည်ညွှန်းပြီး ပို့တဲ့အခါမှာတော့ မေတ္တာခံယူမည့်ပုဂ္ဂိုလ် မိမိရှေ့မှာ
မျက်နှာချင်းဆိုင် ထိုင်နေတယ်လို့ကို စိတ်ညွတ်ပြီး အဲဒီပုဂ္ဂိုလ် မျက်နှာသဏ္ဍာန်ကို စိတ်ထဲ ပုံဖော်မြင်အောင်ကြည့်ပြီး ရာထောင်မက မေတ္တာပွားရပါတယ်။
၆။ မေတ္တာကမ္မဋ္ဌာန်းမပွားခင် ဦးစွာ ဘုရားရှိခိုးတာ သီလခံယူဆောက်တည်တာ စတဲ့ ပုဗ္ဗကိစ္စ
ကြိုတင်ပြင်ဆင်မှုများကိုတော့ ဆောင်ရွက်မြဲအတိုင်း ဆောင်ရွက်နိုင်ပါတယ်။
၇။ အစပိုင်း လေ့ကျင့်ခါစမှာတော့ တစ်ကြိမ်ကို မိနစ်၃၀စီ သတ်မှတ်ပြီး အကြိမ်များများကို
ထိုင်တဲ့ ဣရိယာပုထ်နှင့်သာ ပွားသင့်ပါတယ်။ နေရာကျပြီဆိုရင်တော့ နောက်ပိုင်း သိပ်ကို လွယ်ကူပါတယ်။ မေတ္တာပွားပြီးနေရတာ သက်သာတယ်၊ ပေါ့ပါးတယ်၊ ငြိမ်းချမ်းတယ်၊ ဒီလိုအတွေ့အကြုံရှိလာတဲ့ ယောဂီပုဂ္ဂိုလ်ဟာ မေတ္တာကမ္မဋ္ဌာန်းကို မပွားဘဲ မနေနိုင်တော့ပါဘူး။ အလိုလိုပဲ စိတ်က မေတ္တာကမ္မဋ္ဌာန်း ပွားပြီးသားဖြစ်နေတတ်ပါတယ်။
၈။ လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ ဣရိယာပုထ် ၄မျိုးထဲမှ အလျဉ်းသင့်သလို တစ်မျိုးမျိုးနဲ့ ပို့နိုင် ပွားနိုင်ပါတယ်။ လေးလေးနက်နက်ဖြစ်ဖို့ရာအတွက်သာ ထိုင်တဲ့ဣရိယာပုထ်ကို ညွှန်ပြတာပါ။ (တိဌံစရံနိ သိန္နော၀ သယာနော- မေတ္တာသုတ်)
၉။ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရဘူး။ သေပြီးသူဟာ မေတ္တာအာရုံယူဖို့
မဖြစ်နိုင်တော့တာမို့ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရပါဘူး။
(အမျှဝေလိုက ဝေဖို့ပဲရှိပါတယ်)
၁၀။ ရှေးဦးစွာ မေတ္တာအာရုံနိမိတ်ယူပြီး မပွားရတဲ့ပုဂ္ဂိုလ်၄မျိုးကတော့
(၁) မုန်းသူ
(၂) အလွန်ချစ်သူ
(၃) မချစ်မမုန်းသူနှင့်
(၄) ရန်သူတို့ ဖြစ်တယ်။
အကြောင်းမှာ- မုန်းနေတဲ့သူ၊ ရန်သူတွေကို ချမ်းသာကောင်းစားစေလိုတဲ့စိတ်ဖြစ်ဖို့ ခက်တဲ့အပြင် ဦးစွာ မေတ္တာပို့မိရင် မေတ္တာရဲ့ဆန့်ကျင်ဘက် ဒေါသ၊ အာဃာတတို့သာ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီသူ၂ဦးကို ဦးစွာ မေတ္တာမပွားရပါဘူး။
အလွန်ချစ်ခင်တဲ့သူ အပေါ်မှာလည်း တဏှာပေမစိတ် ရင့်သန်ကြီးထွားနေလို့ မေတ္တာစိတ် မဖြစ်နိုင်ပြန်ဘူး။
အလယ်အလတ် မချစ်မမုန်းသူရဲ့အကျိုးစီးပွားကို လိုလားတဲ့မေတ္တာစိတ်ဖြစ်ဖို့လည်း ခက်ခဲပြန်ပါတယ်။
ဒါ့ကြောင့် ဒီပုဂ္ဂိုလ်မျိုးတွေကို ဦးစွာ မေတ္တာမပွားရပါဘူး။ မေတ္တာစိတ်အစစ်အမှန်ဖြစ်ပြီးတဲ့အခါမှာပဲ သူတို့ကို မေတ္တာပွားရပါမယ်။
၁၁။ ဆန့်ကျင်ဘက်လိင်(ယောကျ်ားက မိန်းမကို၊ မိန်းမက ယောကျ်ားကို) မေတ္တာပွားမယ်ဆိုရင်လည်း မေတ္တာစိတ်မဖြစ်ဘဲ ရာဂစိတ်ရိုင်းတွေဖြစ်လာနိုင်တဲ့အတွက် သတိပြုရပါမယ်။ သို့သော် အမျိုးသမီးများအနေနှင့် သက်တော်ထင်ရှား ကျေးဇူးရှင်ဆရာတော်ကြီးများကို မေတ္တာအာရုံထားပြီး ဘာဝနာပွားတဲ့အခါ မူမမှန်တဲ့စိတ်ရိုင်းများ မဖြစ်လာရင်တော့ မေတ္တာပွားနိုင်ပါတယ်။

မေတ္တာကမ္မဋ္ဌာန်းစတင်ပွားများခြင်း(သီးသန့်ကျင့်ခြင်း)

မိမိကိုယ်ကိုပဲ မေတ္တာစတင်ပွားပို့ရပါမယ်၊ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ အကြိမ် ရာထောင်မက မိမိကိုယ်ကို ဦးစွာ မေတ္တာပွားပါ။ မိမိကိုယ်ကို မေတ္တာပွားရတာ အားရကျေနပ်ထားရင် သူတစ်ပါးကို မေတ္တာပွားရတာ လွယ်ကူပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် အရပ်များကို စိတ်ဖြင့် လှည့်လည်ရှာသော်လည်း မိမိကိုယ်ထက်သာပြီး ချစ်ခင်မြတ်နိုးသူကို မတွေ့နိုင်ဘူးလို့ ဘုရားရှင် မိန့်တော်မူထားပါတယ်။ ဒါ့ကြောင့် မိမိကိုယ်ကို သက်သေပြုပြီး မေတ္တာပို့တာဟာ မေတ္တာကမ္မဋ္ဌာန်းမှာ အသင့်တော်ဆုံးဖြစ်ပါတယ်။
ပြီးမှ သက်တော်ထင်ရှားရှိပြီး မေတ္တာစတင်မပွားရမည့် ပုဂ္ဂိုလ်က လွတ်ကင်းပြီး မိမိအပေါ် ကျေးဇူးကြီးမားတဲ့ ဆရာသမား မိဘဘိုးဘွားတွေထဲက (၅)ဦးခန့်ကို ကြိုတင်ရွေးချယ်ထားရမယ်။ မိမိကိုယ်ကို မေတ္တာပို့ပြီးနောက် ရွေးချယ်ထားတဲ့ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို မိမိအနား မျက်နှာချင်းဆိုင်ထိုင်နေသလို စိတ်ဝယ်မှတ်ပြီး “ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေ၊ ချမ်းပါစေ”လို့ အကြိမ်ကြိမ် မေတ္တာပွားရပါမယ်။
မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးအပေါ် ကျေနပ်ပြီးမှ နောက်တစ်ဦးကို ပြောင်းရမယ်၊ အကယ်၍ မေတ္တာပွားရတာ အခက်အခဲရှိလာရင်တော့ မိမိကိုယ်ကိုပဲ မေတ္တာပြန်ပွားပါ၊ ပြီးမှ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို ပြောင်းယူပါ။
တခါတရံ အချို့ပုဂ္ဂိုလ်ကို မေတ္တာပွားရတာ လွယ်ကူပြီး မျက်နှာပုံပန်းသဏ္ဍာန် ကွက်ကွက်ကွင်းကွင်း ပြုံးပြုံးရွှင်ရွှင် မြင်လာတတ်သော်လည်း အချို့ပုဂ္ဂိုလ်တွေမှာကျတော့ အခက်အခဲရှိနေတာလည်း ကြုံရတတ်တယ်။ အဲဒီအခါကျရင် လွယ်ကူတဲ့ မေတ္တာအာရုံခံပုဂ္ဂိုလ်တွေကို ဦးစားပေး ပွားရပါမယ်။
မေတ္တာစိတ် ညီညွှတ်မျှတနေပြီဆိုရင်တော့ ရန်သူ၊ မုန်းတဲ့သူ၊ အလွန်ချစ်တဲ့သူတွေကိုလည်း ပွားနိုင်ပါပြီ။
မိမိစိတ်ကို မိမိကြည်ညိုဖူးမလားတော့မသိဘူး။ မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးကို စူးစိုက်ပြီးတော့ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေလို့ ကြိမ်ဖန်များစွာ မေတ္တာပို့နေရင် မိမိစိတ်ထဲမှာ တခြားအာရုံတွေ၊ တခြားစိတ်ကူးတွေ ဘာမှပေါ်မလာတော့ဘူး၊ အဲဒီမေတ္တာခံပုဂ္ဂိုလ်အပေါ်မှာသာ စိတ်က စုပြုံစူးစိုက် နစ်နေတယ်၊ အဲဒီအချိန်မှာ လိုချင်တပ်မက်တဲ့စိတ်၊ စိတ်ပျက်စိတ်ဆိုး စိတ်အလိုမကျတဲ့စိတ်၊ အိပ်ချင်ငိုက်မြည်း ပျင်းရိတဲ့စိတ်၊ စိတ်ပူပန်ပျံ့လွင့်တဲ့စိတ်၊ ကြောင့်ကြတဲ့စိတ်နှင့် ရတနာသုံးပါးအပေါ် သို့လောသို့လော မပြတ်သားတဲ့စိတ်ဆိုတဲ့ တားဆီးပိတ်ပင်တတ်တဲ့ နိဝရဏတရားငါးပါး ကင်းကွားနေတတ်တယ်။ မေတ္တာအင်အား ကောင်းသထက်ကောင်းအောင် လေ့ကျင့်လာရင် မေတ္တာခံပုဂ္ဂိုလ်နဲ့ မိမိဟာ ပြုံးရွှင်ကြည်လင်တဲ့သွင်ပြင်နဲ့ မျက်နှာချင်းဆိုင် ထိုင်နေသလိုပဲ စက္ကန့်ပိုင်း မိနစ်ပိုင်းကြာတဲ့ထိ အသိစိတ်ထဲ စွဲမြဲသက်ဝင် တည်နေနိုင်ပါလိမ့်မယ်။
တခြား ဘာအာရုံခံမှ မရှိဘဲ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို ပကတိ ကျန်းမာစေလိုတဲ့စိတ် ပျော်ရွှင်ချမ်းသာ ပြည့်စုံစေလိုတဲ့စိတ်တွေ အလိုလိုဖြစ်နေတာဟာ တမင်တကာစိတ်ကူးကြံဆပြီး ဖြစ်နေတဲ့ စိတ်အဆင့်မျိုး မဟုတ်တော့ဘူး။
ဝီရိယသန်သန် တိုး၍ ကြိုးစားလေ့ကျင့်ပွားများတဲ့ ယောဂီများဟာ မိနစ်ပိုင်းမှ နာရီပိုင်းထိ ကြည်လင်ချမ်းမြေ့တဲ့ မေတ္တာစိတ်နဲ့ နေနိုင်လာပါတယ်။ အိပ်ငိုက်တာမဟုတ်ဘူး၊ စိတ်က ကြည်လင်သန့်စင်နေတယ်။
မိမိရည်မှန်းထားတဲ့ အချိန်နာရီးကာလတလျှောက်လုံး ဘာစိတ်မှမရှိဘူး၊ မေတ္တာစိတ်မျှပဲ ရှိတော့တယ်။
မေတ္တာစိတ်မျှပဲ ရှိနေတာ အချိန်ကြာလာရင်တော့ တခါတရံ ငါ့မှာ ဘာစိတ်တွေ ဖြစ်နေပါလိမ့်မလဲလို့လည်း တစ်ချက်တစ်ချက် စစ်ဆေးမိရက်သားဖြစ်နေတယ်။ ဒီလို (ဝိတက်)ဝင်လာခိုက်တော့ မေတ္တာစိတ်အစဉ် ခဏပျက်တယ်၊ ဒါပေမယ့် ပြန်ပြီး ထူထောင်ရတာ ဘာမှ မပင်ပန်းဘူး၊ ကြောင့်ကြစိုက်ရတယ်လို့တောင် ပြောလို့မရဘူး။
အဲဒီလို အချိန်တွေ တော်တော်ကြာသွားပြီး မေတ္တာစိတ်မှအပ ကျန်တဲ့စိတ်တွေ မဖြစ်တောကို သိရလို့လည်း ယောဂီသဘောကျမိတတ်တယ်။ အဲဒီအခါမှာတော့ မိမိစိတ်ကိုမိမိ လှိုက်လှိုက်လှဲလှဲ ကြည်ညိုတယ်ဆိုတဲ့သဘောကို ယောဂီကိုယ်တိုင် သဘောကျနိုင်ပါပြီ။
လူပုဂ္ဂိုလ်များကို ကျေပွန်အောင် မေတ္တာပွားပြီးပြီဆိုရင်တော့ ဦးစွာ
မိမိထိုင်နေတဲ့ အခန်းရဲ့ မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။

- မိမိထိုင်ရာမှ အရှေ့ကနေပြီး မေတ္တာ စ,ပွားတာ လွယ်ကူပါတယ်။ ဒါကို အထပ်ထပ်ပွားလို့ ကျေပွန်ရင်

- အိမ်ဝန်းရဲ့အရပ်မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။

- ပြီးရင် ရပ်ကွက်ကျေးရွာနယ်နိမိတ်ထိ မေတ္တာပွားရပါမယ်။

- အဲဒီနောက် မြို့နယ်၊ ခရိုင်၊ တိုင်းနယ်၊ ပြည်နယ်၊ နိုင်ငံနယ်နိမိတ်အထိ အရပ်မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။

- ဆက်ပြီးတော့ ကမ္ဘာကနေ အနန္တစကြဝဠာထိအောင် စိတ်ကို မြှင့်မြှင့်ပြီးတော့ ချဲ့ချဲ့ပြီးတော့ အရပ်မျက်နှာအားလုံးကို မေတ္တာပွားရမယ်။

- အလေ့အကျင့်ရလာတဲ့အခါမှာတော့ အရပ်မျက်နှာဘောင်တွေ မရှိတော့ဘဲ စက်ဝန်းကြီးအတိုင်း မေတ္တာလှိုင်းများ ချဲ့ချဲ့ပြီး သွားနေတယ်လို့ ခံစားရတတ်ပါတယ်။

- အဲဒီအဝန်းက ရံခါ လင်းနေတယ်၊ ရံခါ ဖွေးနေတယ်လို့လည်း ထင်ရတတ်ပါတယ်။ မိမိကိုယ်ကနေ မေတ္တာလှိုင်းများ ပို့တဲ့ဆီကို အမှန်တကယ် ရောက်နေပြီလို့လည်း ခံစားရတတ်ပါတယ်။

- အထူူးသတိပြုဖို့လိုတာကတော့ မိမိရဲ့မေတ္တာကြောင့် ရန်သူငုပ်လျှိုးပြိုလဲစေရမယ်၊ ရန်သူ ဒုက္ခရောက်ရမယ်၊ ငါ့မေတ္တာစူးရင် သင်ရူးပြီလို့ မတွေးမကြံရဘူး၊ မရည်ရွယ်ရဘူး၊ ဒီလိုစိတ်သဘောထားနှင့် မေတ္တာပို့ရင်တော့ မေတ္တာမဖြစ်နိုင်တော့ပါဘူး၊ ဆန့်ကျင်ဘက် ဒေါသအာဃာတ ရန်ငြိုးတွေသာ ဖြစ်ဖွယ်ရှိတယ်။ ပို့တဲ့သူဆီကို မေတ္တာရောက်မှာ မဟုတ်တော့တဲ့ပြင် မိမိမှာပဲ ပူလောင်ပင်ပန်းစေတဲ့ အကုသိုလ် ကိလေသာစိတ်တွေဖြစ်ပြီး ပင်ပန်းဖွယ်ပဲရှိပါတယ်။ မေတ္တာရဲ့ငြိမ်းအေးချမ်းသာမှုနဲ့တော့ ဆန့်ကျင်ဘက်ပါပဲ။

နေ့စဉ်ဘဝထဲ၌ လုပ်ရင်းကိုင်ရင်း ပွားများခြင်း

မေတ္တာဘာဝနာပွားတာ ဦးစွာ မနော(စိတ်)ကနေ ပွားနေခြင်းဖြစ်ပါတယ်။ အလေ့အကျင့်ရလာတဲ့အခါကျတော့ နေ့စဉ်ဘဝထဲကို မေတ္တာရောက်ရှိနေပါပြီ။ ဒီလိုရောက်လာဖို့ အထောက်အကူဖြစ်နိုင်ဖို့နည်းလမ်းကတော့ လူတစ်ယောက်ကို တွေ့ရင် မိမိက ဦးစွာ မေတ္တာပို့ပါ။ တစ်နေရာရာသွားရင် မေတ္တာပို့ပြီးမှ သွားတဲ့ အလေ့အကျင့်လုပ်ပါ။ အိပ်ရာဝင်ရင်လည်း အိပ်မပျော်မချင်း မေတ္တာပို့နေပါ။ မေတ္တာပို့ရင်းပဲ အိပ်ပျော်ပါစေ၊ နိုးလာရင်းလည်း မေတ္တာစိတ်နှင့်ပဲ နိုးနိုင်ဖို့ လေ့ကျင့်ပေးပါ။ စားသောက်တဲ့အခါလည်း ချက်ပြုတ်ပြင်ဆင်သူများကို မေတ္တာပွားပြီးမှစားပါ၊ တစ်ယောက်ယောက်ကို သတိရရင်လည်း မေတ္တာအရင်ပွားပါအုံး။
ဒီလိုနဲ့ အလေ့အကျင့် အားကောင်းလာတဲ့အခါမှာတော့ မိမိတမင်တကာ မေတ္တာစိတ်ဖြစ်အောင် လုပ်စရာမလိုဘဲ အလိုလိုပဲ မေတ္တာစိတ်ဖြစ်နေတာ သတိထားမိပါလိမ့်မယ်။ စိတ်ထဲ သူ့အလိုလိုပဲ ကျေးဇူးတင်စိတ်တွေ ဖြစ်လာတတ်တယ်။ ဆင်းရဲဒုက္ခရောက်သူကို တွေ့ရင်လည်း လှိုက်လှိုက်လှဲလှဲ သနားကရုဏာစိတ်တွေ ရင်ထဲ အလိုလိုပဲ ဖြစ်လာတတ်တယ်။

မေတ္တာရဲ့ ကျေးဇူးနှင့် သာဓကကို ဖော်ပြရင်တော့ အများကြီးပါပဲ..။
မြတ်စွာဘုရားရှင်က လက်တစ်ဖျစ်တီးကာလမျှ မေတ္တာစိတ်ကို ပွားများဖြန့်ဖြူးပို့သ မှီဝဲနေတဲ့ ရဟန်းကို ဈာန်မှ မဆိတ်သုဉ်းသောရဟန်း၊ ပြည်သူ့ဆွမ်းကို အကျိုးရှိအောင် ဘုဉ်းပေးသုံးဆောင်သောရဟန်းဆိုပြီး အထူးချီးမွမ်းတော်မူပါတယ်။
ထင်ရှားတဲ့သာဓကအနေနှင့်တော့ ဓမ္မစင်္ကြာဒေသနာဦးကို မဟောကြားခင် ပဉ္စဝဂ္ဂီငါးပါးနှင့် ဘုရားရှင်ရဲ့မေတ္တာတော်ဟာ အံ့ဖွယ်မှတ်သားစရာပါပဲ။
“မြတ်စွာဘုရားရှင်သည် ထိုပဉ္စဝဂ္ဂီငါးဦးတို့၏ စိတ်ထားကို သိမြင်တော်မူလေလျှင် အလုံးစုံသော သတ္တဝါတို့အပေါ်၌ မည်သည့်သတ္တဝါအတွက်ဟု ရည်မှတ်ပိုင်းခြားမှု မထားသောအားဖြင့် သိမ်းကျုံးဖြန့်လွှမ်းထားနိုင်သော မေတ္တာစိတ်ဓာတ်တော်ကို အကျဉ်းချုံး ရုံးစု၍ သီးသန့်ပိုင်းခြား သတ်မှတ်သောအားဖြင့် ပဉ္စဝဂ္ဂီငါးဦးတို့အပေါ်၌သာလျှင် မေတ္တာဖြန့်ပို့တော်မူ၏။ ဘုရားရှင်မေတ္တာဓာတ် ထိခိုက်ခြင်းကြောင့် ထိုပဉ္စဝဂ္ဂီတို့သည် ဘုရားရှင်ကြွလာတော်မူလျှင် (သိဒ္ဓတ္ထလာလျှင် ခရီးဦးအကြိုမပြုတော့ဘူးဟူသော)မိမိတို့ မူလကတိအတိုင်း မရပ်တည်နိုင်ကြတော့ဘဲ ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်းစသော အမှုကိစ္စအားလုံးကို ပြုမိကြလေပြီ” ဒါက မေတ္တာရဲ့သာဓကပါပဲ။
နောက်သာဓကတစ်ခုကလည်း မြတ်စွာဘုရားဟာ စင်္ကြာဝဠာအနန္တတို့အပေါ်၌ ဖြန့်လွှမ်းပို့နိုင်တဲ့ မေတ္တာစိတ်ဓာတ်ကို နာဠာဂီရိဆင်တစ်ကောင်တည်းအပေါ်မှာသာ စုပြုံဖြန့်လွှမ်းတော်မူပါတယ်။ နာဠာဂီရိဆင်ဟာ ဘုရားရှင်၏မေတ္တာစိတ်ကို ထိခိုက်နေပြီဖြစ်လို့ ဘေးရန်ကင်းစွာ ဘုရားရှင်ရဲ့ခြေတော်အစုံမှာ ခိုလှုံတုပ်ဝပ်ပါတော့တယ်။
မေတ္တာကမ္မဋ္ဌာန်းအားထုတ်မည့်သူ သတိထားရမည့် အရေးအကြီးဆုံးအချက်ကတော့.. မေတ္တာစွမ်းအားဟာ ရှေးအခါကသာ စွမ်းတယ်၊ ယခု မစွမ်းတော့ဘူးလို့ မမှတ်ယူရဘူး၊ တရားတို့မည်သည် ပုဂ္ဂိုလ်သတ္တဝါ၊ အချိန်ကာလ၊ နေရပ်ဒေသဟူ၍ မရှိကောင်းပါဘူး။ အရင်လည်း စွမ်းတယ်၊ ခုလည်း စွမ်းတယ်၊ နောင်လည်း စွမ်းပါတယ်။ ဘုရားရှင်ဟောတော်မူတဲ့ တရားတော်မှန်သမျှဟာ.. တကယ်ကျင့်ကြံရင် တကယ့်ကိုပဲ အစွမ်းထက်လှပါတယ်။ ကျင့်ကြံအားထုတ်နေသူတွေ ရှိသရွေ့လည်း သာသနာဟာ မကွယ်ပျောက်ပါဘူး။ ဒါကို သေသေချာချာသိပြီး လေးလေးနက်နက် ယုံကြည်ထားမှ ထိထိရောက်ရောက်လုပ်ဖြစ်မှာပါ။ နောက်ပြီး မေတ္တာပွားများတဲ့ကံဟာလည်း ဘဝသံသရာမှာ အလွန်ကြီးကိုပဲ အကျိုးပေးသန်လှပါတယ်ဆိုတာကို အထက်မှာ ရှင်းပြခဲ့ပြီးပါပြီနော်..။

အရှင်ခေမာနန္ဒ(မဟာမြိုင်တောရ) မေတ္တာကမ္မဋ္ဌာန်းလက်တွေ့ရှုပွားနည်းစာအုပ်မှ ကူးယူဖော်ပြပါသည်။

ဤစာကို ဖတ်ရှုရသောသူအပေါင်း မေတ္တာ၏အေးချမ်းမှုများဖြင့် ပြည့်စုံကြပါစေ…

ဤကောင်းမှုကုသိုလ်ကြောင့် နိမ့်သောကံမြင့်၊ ပိတ်သောဉာဏ်ပွင့်၍ မဂ်ဖိုလ်နိဗ္ဗာန်ကိုမျက်မှောက်ပြုသည့်တိုင်အောင် အကြောင်းအထောက်ပံ့ကောင်းဖြစ်ရပါစေ။

Credit : Original

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top