iMyanmarHouse.com - Best Property Website for Myanmar
×

ေယာက်္ားေလးေတြဟာ မိန္းကေလးတစ္ေယာက္ကို ခ်စ္မိဖို႔အတြက္ သူမရဲ႕ဆြဲေဆာင္မႈရွိတဲ့အရည္အခ်င္းေတြကို သိသိသာသာမရွာေဖြတတ္ၾကပါဘူး။ ဒါဆိုရင္ ေယာက်္ားေလးေတြကို အ႐ူးအမူးစြဲလမ္းသြားေအာင္ သူမတို႔ရဲ႕ဘယ္အရာေတြက ဖမ္းစားခဲ့တာလဲ? အဲဒါကေတာ့ ေယာက်ာ္းေလးေတြဟာ မိန္းကေလးတစ္ေယာက္နဲ႔ ခ်စ္သူမျဖစ္ခင္ တဖတ္သတ္ႀကိတ္ေၾကြေနကတည္းက သူမရဲ႕ဆြဲေဆာင္မႈေတြကို မသိစိတ္ကရွာေဖြေနတတ္တယ္ ဆိုတာပါပဲ။ဒါေၾကာင့္ ေယာက်ာ္းေလးေတြလႈိ႕၀ွက္စြာ ရွာေဖြတတ္တဲ့ မိန္းကေလးတစ္ေယာက္ရဲ႕
ဆြဲေဆာင္ႏိုင္စြမ္း အရည္အခ်င္း (၁၅) ခ်က္ကို  ပရိသတ္ေတြသိေအာင္ ေျပာျပေပးခ်င္ပါတယ္။

(၁) တည္ၿငိမ္မႈ
ေျခတလွမ္း ကုေဋတသန္းနဲ႔ ေလွ်ာက္လာတတ္တဲ့ မိန္းကေလးေတြကို ေယာက်ာ္းေလးေတြစိတ္၀င္စားတာ သဘာ၀က်ပါတယ္။ စကားေျပာတဲ့အခါေတြ၊ လႈပ္ရွားဟန္ေတြ၊ မ်က္ႏွာအမူအယာေတြကအစ တည္ၿငိမ္ေအးေဆးေနတဲ့ မိန္းကေလးေတြကိုေတာ့ မဟာဆန္သူလို႔ တင္စားတတ္ၾကၿပီး ဒါဟာလည္း ဆြဲေဆာင္မႈအရည္အခ်င္း တစ္ရပ္ပဲျဖစ္ပါတယ္။

(၂)သန္႔ရွင္းမႈ
မိန္းကေလးတစ္ေယာက္ရဲ႕ပင္ကိုယ္အလွဟာ မိတ္ကပ္ေတြ၊ အေရာင္အမ်ိဳးမ်ိဳးနဲ႕ေခတ္ေပၚ စတိုင္ေတြထက္ ပိုၿပီးေပၚလြင္ေနတတ္ပါတယ္။ ဒါေၾကာင့္ ဆံပင္ခပ္ရွင္းရွင္းစတိုင္နဲ႔ မိတ္ကပ္မပါပဲစိုေျပတဲ့ အသားအရည္ပိုင္ရွင္ သပ္ရပ္သန္႔ရွင္းေနတဲ့ မိန္းကေလးေတြကို ေယာက်ာ္းေလးေတြ ပိုေၾကြၾကတာျဖစ္ပါလိမ့္မယ္။

(၃) ဥာဏ္ရည္ထက္ျမက္မႈ
ဥာဏ္ရည္ထက္ျမက္တဲ့ မိန္းကေလးေတြကိုလည္း ေယာက်္ားေလးေတြက သေဘာက်ပါေသးတယ္။ ဥပမာ-ေယာက်ာ္းေလးတစ္ေယာက္ အေျဖလိုက္ေတာင္းတဲ့အခ်ိန္မွာ ဥာဏ္ပညာဗဟုသုတနဲ႔ဆိုင္တဲ့ ေမးခြန္းမ်ိဳးေမးၿပီး ေျဖႏိုင္မွလက္ခံတာမ်ိဳး (ဒုသမၼတနာမည္ေမးတာ) စတဲ့ ျဖတ္ထိုးဥာဏ္ေကာင္းၿပီး ထက္ျမက္တဲ့မိန္းကေလးေတြကို ခ်စ္သူအျဖစ္ပိုင္ဆိုင္ခ်င္တာ အဆန္းေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္ သူတို႔ကိုခ်ဥ္းကပ္ဖို႔ဆိုတာ သိပ္ေတာ့မလြယ္ပါဘူး။ ဘာေၾကာင့္လည္းဆိုေတာ့ သူတို႔ေတြဟာ ရည္မွန္းခ်က္ႀကီးၿပီး၊ ပညာေရး၊ အသိအျမင္ၾကြယ္၀တာေၾကာင့္ သူတို႔ကိုေစာင့္ရင္းနဲ႔ အဖိုးႀကီးျဖစ္သြားပါလိမ့္မယ္။

(၄) ၾကင္နာမႈ
မိန္းကေလးေတြဟာ ေယဘုယ်အားျဖင့္ ေမြးလာစဥ္ကတည္းက ေယာက်္ားေလးေတြထက္ ၾကင္နာတတ္တဲ့စိတ္ထားနဲ႔ ေမြးလာပံုရပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ကေတာ့ ၾကင္နာသနားတတ္မႈကို ထုတ္ျပတတ္ၾကၿပီး အခ်ိဳ႕ကေတာ့ လံုး၀ကိုပါမလာတတ္ပါဘူး။ ၾကင္နာတတ္တဲ့မိန္းကေလးေတြဟာ မိခင္ေကာင္းေတြျဖစ္လာတတ္သလို ခင္ပြန္းသည္အေပၚကိုလည္း ဂ႐ုစိုက္တတ္ၾကတဲ့အတြက္ ေယာက်္ားေလးေတြကို ဆြဲေဆာင္ႏိုင္တဲ့ အရည္အခ်င္းတရပ္အျဖစ္ ျငင္းမရႏိုင္ပါဘူး။

(၅) တီထြင္ဖန္တီးမႈ
ဒီကိစၥမွာေတာ့ သင္သေဘာထားကြဲလြဲခ်င္ ကြဲပါလိမ့္မယ္။ တီထြင္ဖန္တီးမႈေတြျဖစ္တဲ့ သိပၸံဆိုင္ရာေတြ၊ အေဆာက္အဦးဒီဇိုင္းေတြ၊ ဟင္းလ်ာမီႏူးအသစ္ေတြကို ေယာက်္ားေလးေတြပဲ အမ်ားဆံုးေဖာ္ထုတ္ျပခဲ့တာလို႔ သင္ေျဖရွင္းႏိုင္ပါတယ္။ ဒါေပမယ့္ တီထြင္ဖန္တီးမႈဟာ မိန္းကေလးတစ္ေယာက္ရဲ႕ ဆြဲေဆာင္ႏိုင္စြမ္းတစ္ခုျဖစ္တယ္ဆိုတာကိုေတာ့ ကၽြန္ေတာ္အေသခံျငင္းပါရေစ။ ေယာက်ာ္းေလးေတြဟာ ဘ၀ျပႆနာေတြကို ထူးျခားတဲ့ေျဖရွင္းခ်က္ေတြနဲ႔ အကူအညီေပးႏိုင္ၿပီး ကိုယ္ပိုင္ talent ရွိတဲ့မိန္းကေလးေတြကို ပိုင္ဆိုင္ခ်င္ၾကပါတယ္။

(၆) စည္းကမ္းရွိမႈ
အုပ္ထိန္းမႈဟာ ခက္ခဲတဲ့အလုပ္တစ္ခု ျဖစ္သလို စည္းကမ္းမရွိတဲ့အိမ္ေထာင္ေရးဟာ အုပ္ထိန္းဖို႔ပိုလို႔ေတာင္ ခက္ခဲပါလိမ့္မယ္။ ဒါေၾကာင့္ေယာက်္ားေလးေတြဟာ သူတို႔ကိုယ္တိုင္ စည္းကမ္းမရွိရင္ေတာင္မွ စည္းကမ္းရွိၿပီး ကေလးေတြကိုေကာင္းေကာင္းထိန္းေက်ာင္းႏိုင္သလို အိမ္ေထာင္မႈကၽြမ္းက်င္တဲ့ မိန္းကေလး(အပ်ိဳ) ေတြကို ပိုမိုရွာေဖြတတ္ၾကပါတယ္။

(၇) သစၥာရွိမႈ
လူသားေတြရဲ႕ အမုန္းဆံုးအရာကိုေျပာပါဆိုရင္ ကၽြန္ေတာ္ကေတာ့ သစၥာေဖာက္ခံရမႈကို မီးေမာင္းထိုးျပခ်င္ပါတယ္။ ဒါေၾကာင့္လည္း ေယာက်္ားေလးေတြဟာ သူတို႔သာသစၥာေဖာက္ခ်င္ေဖာက္မယ္၊ သူတို႔အေပၚေတာ့ သစၥာရွိမယ့္သူကိုပဲ ယံုယံုၾကည္ၾကည္နဲ႔ေရြးခ်ယ္တတ္ၾကပါတယ္။ ဥပမာ မိန္းကေလးတစ္ေယာက္က သူ႔ခ်စ္သူကို ေနမေကာင္းလို႔အနားယူမယ့္အေၾကာင္းေျပာၿပီး တဖက္မွသူငယ္ခ်င္းေတြနဲ႔ ေလ်ာက္ဒိုးေနတဲ့အခါမ်ိဳးမွာ အဆိုပါမိန္းကေလးကို သစၥာေဖာက္မယ့္သူအျဖစ္ မသိစိတ္ကသတ္မွတ္ၿပီး သိပ္မယံုၾကည္ေတာ့ပါဘူး။

(၈) ေဖာ္ေရြမႈ
လူတိုင္းကို ေဖာ္ေရြစြာဆက္ဆံတတ္ၿပီး စကားေျပာလိမၼာတဲ့ မိန္းကေလးေတြကို ေယာက်ာ္းေလးေတြ ႏွစ္သက္ၾကပါတယ္။ ဒါေပမယ့္ႏွစ္သက္မႈနဲ႔အတူ သ၀န္တိုမႈဟာလည္းကပ္ပါလာတတ္တာေၾကာင့္ အေပါင္းအသင္းဆ့ံတဲ့ မိန္းကေလးေတြဆိုရင္ သတိထားသင့္ပါတယ္။

(၉) စစ္မွန္ ႐ိုးသားျခင္း
ဒါကိုေတာ့ ယခုလက္ရွိျဖစ္ပ်က္ေနတဲ့ ဆိုရွယ္မီဒီယာေပၚက အေၾကာင္းေတြနဲ႔တင္ သက္ေသျပလို႔ရပါတယ္။ ဆိုရွယ္မီဒီယာေပၚက မိန္းကေလးေခ်ာေခ်ာေလးေတြဆို ေယာက်္ားေလးေတြ စိတ္၀င္တစားေစာင့္ၾကည့္တတ္ၾကၿပီး ႐ိုး႐ိုးသားသားလွတာလား၊ photoshop ေတြ ၃၆၀ ေတြနဲ႔ျပင္ထားတာလားဆိုတာ ေသခ်ာစူးစမ္းတတ္ၾကတယ္။ ေအးေသာင္းလို ႐ိုး႐ိုးေအးေအးေလးနဲ႔ အစစ္အမွန္လွတဲ့ မိန္းကေလးဆိုရင္ေတာ့ ေယာက်္ားေလးေတြက ၀န္းရံဖို႕ အဆင္သင့္ပါပဲ။

(၁၀)ရင့္က်က္မႈ
ဒါလည္းေအးေသာင္းကိုပဲ ဥပမာေပးရဦးမယ္ထင္ပါတယ္။ ေယာက်ာ္းေလးအမ်ားစုဟာ ကေလးလိုဆိုးႏြဲ႕တတ္တာေလးကို သေဘာက်တယ္လို႔ ေျပာတတ္ၾကေပမယ့္ မယံုပါနဲ႕။ တကယ္ေတာ့သူတို႔ဟာ စိတ္ပိုင္းဆိုင္ရာ ရင့္က်က္တည္ၿငိမ္သူကို ခိုးေၾကာင္ခိုး၀ွက္ သေဘာက်တတ္ၾကပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ဘယ္ေယာက်္ားေလးမွ ကေလးစိတ္ေပါက္ေနတဲ့ ခ်စ္သူကိုအၾကာႀကီးမတြဲခ်င္ၾကပါဘူး။

(၁၁) အေကာင္းျမင္တတ္မႈ
အရာရာကို အေကာင္းျမင္တတ္ၿပီး သေဘာထားႀကီးတာကလည္း မိန္းကေလးေတြရဲ႕ ဆြဲေဆာင္မႈအရည္အခ်င္းတစ္ရပ္လို႔ တထစ္ခ်ယံုၾကည္မိပါတယ္။ အရာရာကိုခြင့္လႊတ္သည္းခံတတ္ၿပီး အေကာင္းျမင္တတ္တဲ့မိန္းကေလးတစ္ေယာက္ကို မလိုခ်င္တဲ့ေယာက်ာ္းဆိုရင္ အဲ့ေကာင္ေယာက်္ားအစစ္ မျဖစ္ေလာက္ဖူးလို႔ယူဆရပါလိမ့္မယ္။

(၁၂) အခ်ိန္မွန္တတ္မႈ
ဘယ္သူကမွ ေစာင့္ဆိုင္းရတာကို မႀကိဳက္ၾကပါဘူး။ ကိစၥတစ္ခုခုေၾကာင့္ ျပင္ဆင္ရတဲ့အခါ မိန္ကေလးေတြက အဆင္သင့္ျဖစ္ဖို႔ အခ်ိန္ပိုေပးရေၾကာင္း ေယာက်္ားေလးအေတာ္မ်ားမ်ား နားလည္ၾကပါတယ္။ ဒါေပမယ့္ တျခားသူေတြရဲ႕အခ်ိန္ေတြကိုေလးစားတတ္ၿပီး ေစ်း၀ယ္တာ၊ ခ်ိန္းထားတာ စတဲ့ကိစၥေတြမွာ တိတိက်က်ေရာက္လာတတ္တဲ့ မိန္းကေလးကို ဘယ္သူကမေလးစားပဲေနမွာလဲ။

(၁၃) ႐ိုမန္တစ္ဆန္မႈ
ဒါဟာ ေယာက်္ားေလးေရာ မိန္းကေလးပါ အျပန္အလွန္ရွာေဖြတတ္ၾကတဲ့့ ဆြဲေဆာင္မႈအရည္အခ်င္းတစ္ခုပဲ ျဖစ္ပါတယ္။ ႐ိုမန္တစ္ဆန္ၿပီး ရင္ခုန္ေအာင္အျမဲျပဳစားႏိုင္တဲ့ မိန္းကေလးေတြကို ဘယ္ေယာက်္ားေလးကမွ လက္လႊတ္ခံၾကမွာ မဟုတ္ပါဘူး။

(၁၄) ေလးစား႐ိုေသတတ္သူ
ကိုယ္ကိုယ္တိုင္ေရာ အျခားသူေတြအေပၚမွာပါ ေလးေလးစားစားဆက္ဆံတတ္တဲ့စ႐ိုက္ရွိတဲ့ မိန္းကေလးကို ေယာက်္ားေလးေတြသာမက ေယာကၡမေတြကပါခ်စ္တတ္တာေၾကာင့္ ဆြဲေဆာင္မႈရွိတဲ့အရည္အခ်င္းတစ္ရပ္လို႔ မွတ္ယူရပါမယ္။

(၁၅) အခ်စ္ႀကီးသူ
Relationship တစ္ခုမွာ ကိုယ့္ကိုသိပ္မခ်စ္ပဲနဲ႔ တြဲတဲ့မိန္းကေလးမ်ိဳးကို ဘယ္သူကႏွစ္သက္မွာလဲ။ ဒါေၾကာင့္ ဆြဲေဆာင္မႈရွိတဲ့အရည္အခ်င္း တစ္ရပ္အျဖစ္မွတ္ယူလိုက္ပါတယ္။

အေပၚကအခ်က္ေတြနဲ႔ ငါးခ်က္ေလာက္ပဲ ကိုက္ညီရင္ေတာင္ သင္ဟာဆြဲေဆာင္မႈအားေကာင္းတဲ့ မိန္းကေလးတစ္ေယာက္ျဖစ္ေၾကာင္း   admin ကရဲရဲႀကီး ေထာက္ခံေပးႏိုင္ပါတယ္။

Credit : Lifestyle Myanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ယောကျ်ားလေးတွေဟာ မိန်းကလေးတစ်ယောက်ကို ချစ်မိဖို့အတွက် သူမရဲ့ဆွဲဆောင်မှုရှိတဲ့အရည်အချင်းတွေကို သိသိသာသာမရှာဖွေတတ်ကြပါဘူး။ ဒါဆိုရင် ယောကျ်ားလေးတွေကို အရူးအမူးစွဲလမ်းသွားအောင် သူမတို့ရဲ့ဘယ်အရာတွေက ဖမ်းစားခဲ့တာလဲ? အဲဒါကတော့ ယောကျာ်းလေးတွေဟာ မိန်းကလေးတစ်ယောက်နဲ့ ချစ်သူမဖြစ်ခင် တဖတ်သတ်ကြိတ်ကြွေနေကတည်းက သူမရဲ့ဆွဲဆောင်မှုတွေကို မသိစိတ်ကရှာဖွေနေတတ်တယ် ဆိုတာပါပဲ။ဒါကြောင့် ယောကျာ်းလေးတွေလှို့ဝှက်စွာ ရှာဖွေတတ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့
ဆွဲဆောင်နိုင်စွမ်း အရည်အချင်း (၁၅) ချက်ကို  ပရိသတ်တွေသိအောင် ပြောပြပေးချင်ပါတယ်။

(၁) တည်ငြိမ်မှု
ခြေတလှမ်း ကုဋေတသန်းနဲ့ လျှောက်လာတတ်တဲ့ မိန်းကလေးတွေကို ယောကျာ်းလေးတွေစိတ်ဝင်စားတာ သဘာဝကျပါတယ်။ စကားပြောတဲ့အခါတွေ၊ လှုပ်ရှားဟန်တွေ၊ မျက်နှာအမူအယာတွေကအစ တည်ငြိမ်အေးဆေးနေတဲ့ မိန်းကလေးတွေကိုတော့ မဟာဆန်သူလို့ တင်စားတတ်ကြပြီး ဒါဟာလည်း ဆွဲဆောင်မှုအရည်အချင်း တစ်ရပ်ပဲဖြစ်ပါတယ်။

(၂)သန့်ရှင်းမှု
မိန်းကလေးတစ်ယောက်ရဲ့ပင်ကိုယ်အလှဟာ မိတ်ကပ်တွေ၊ အရောင်အမျိုးမျိုးနဲ့ခေတ်ပေါ် စတိုင်တွေထက် ပိုပြီးပေါ်လွင်နေတတ်ပါတယ်။ ဒါကြောင့် ဆံပင်ခပ်ရှင်းရှင်းစတိုင်နဲ့ မိတ်ကပ်မပါပဲစိုပြေတဲ့ အသားအရည်ပိုင်ရှင် သပ်ရပ်သန့်ရှင်းနေတဲ့ မိန်းကလေးတွေကို ယောကျာ်းလေးတွေ ပိုကြွေကြတာဖြစ်ပါလိမ့်မယ်။

(၃) ဉာဏ်ရည်ထက်မြက်မှု
ဉာဏ်ရည်ထက်မြက်တဲ့ မိန်းကလေးတွေကိုလည်း ယောကျ်ားလေးတွေက သဘောကျပါသေးတယ်။ ဥပမာ-ယောကျာ်းလေးတစ်ယောက် အဖြေလိုက်တောင်းတဲ့အချိန်မှာ ဉာဏ်ပညာဗဟုသုတနဲ့ဆိုင်တဲ့ မေးခွန်းမျိုးမေးပြီး ဖြေနိုင်မှလက်ခံတာမျိုး (ဒုသမ္မတနာမည်မေးတာ) စတဲ့ ဖြတ်ထိုးဉာဏ်ကောင်းပြီး ထက်မြက်တဲ့မိန်းကလေးတွေကို ချစ်သူအဖြစ်ပိုင်ဆိုင်ချင်တာ အဆန်းတော့မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ကိုချဉ်းကပ်ဖို့ဆိုတာ သိပ်တော့မလွယ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူတို့တွေဟာ ရည်မှန်းချက်ကြီးပြီး၊ ပညာရေး၊ အသိအမြင်ကြွယ်ဝတာကြောင့် သူတို့ကိုစောင့်ရင်းနဲ့ အဖိုးကြီးဖြစ်သွားပါလိမ့်မယ်။

(၄) ကြင်နာမှု
မိန်းကလေးတွေဟာ ယေဘုယျအားဖြင့် မွေးလာစဉ်ကတည်းက ယောကျ်ားလေးတွေထက် ကြင်နာတတ်တဲ့စိတ်ထားနဲ့ မွေးလာပုံရပါတယ်။ ဒါပေမယ့် တချို့ကတော့ ကြင်နာသနားတတ်မှုကို ထုတ်ပြတတ်ကြပြီး အချို့ကတော့ လုံးဝကိုပါမလာတတ်ပါဘူး။ ကြင်နာတတ်တဲ့မိန်းကလေးတွေဟာ မိခင်ကောင်းတွေဖြစ်လာတတ်သလို ခင်ပွန်းသည်အပေါ်ကိုလည်း ဂရုစိုက်တတ်ကြတဲ့အတွက် ယောကျ်ားလေးတွေကို ဆွဲဆောင်နိုင်တဲ့ အရည်အချင်းတရပ်အဖြစ် ငြင်းမရနိုင်ပါဘူး။

(၅) တီထွင်ဖန်တီးမှု
ဒီကိစ္စမှာတော့ သင်သဘောထားကွဲလွဲချင် ကွဲပါလိမ့်မယ်။ တီထွင်ဖန်တီးမှုတွေဖြစ်တဲ့ သိပ္ပံဆိုင်ရာတွေ၊ အဆောက်အဦးဒီဇိုင်းတွေ၊ ဟင်းလျာမီနူးအသစ်တွေကို ယောကျ်ားလေးတွေပဲ အများဆုံးဖော်ထုတ်ပြခဲ့တာလို့ သင်ဖြေရှင်းနိုင်ပါတယ်။ ဒါပေမယ့် တီထွင်ဖန်တီးမှုဟာ မိန်းကလေးတစ်ယောက်ရဲ့ ဆွဲဆောင်နိုင်စွမ်းတစ်ခုဖြစ်တယ်ဆိုတာကိုတော့ ကျွန်တော်အသေခံငြင်းပါရစေ။ ယောကျာ်းလေးတွေဟာ ဘဝပြဿနာတွေကို ထူးခြားတဲ့ဖြေရှင်းချက်တွေနဲ့ အကူအညီပေးနိုင်ပြီး ကိုယ်ပိုင် talent ရှိတဲ့မိန်းကလေးတွေကို ပိုင်ဆိုင်ချင်ကြပါတယ်။

(၆) စည်းကမ်းရှိမှု
အုပ်ထိန်းမှုဟာ ခက်ခဲတဲ့အလုပ်တစ်ခု ဖြစ်သလို စည်းကမ်းမရှိတဲ့အိမ်ထောင်ရေးဟာ အုပ်ထိန်းဖို့ပိုလို့တောင် ခက်ခဲပါလိမ့်မယ်။ ဒါကြောင့်ယောကျ်ားလေးတွေဟာ သူတို့ကိုယ်တိုင် စည်းကမ်းမရှိရင်တောင်မှ စည်းကမ်းရှိပြီး ကလေးတွေကိုကောင်းကောင်းထိန်းကျောင်းနိုင်သလို အိမ်ထောင်မှုကျွမ်းကျင်တဲ့ မိန်းကလေး(အပျို) တွေကို ပိုမိုရှာဖွေတတ်ကြပါတယ်။

(၇) သစ္စာရှိမှု
လူသားတွေရဲ့ အမုန်းဆုံးအရာကိုပြောပါဆိုရင် ကျွန်တော်ကတော့ သစ္စာဖောက်ခံရမှုကို မီးမောင်းထိုးပြချင်ပါတယ်။ ဒါကြောင့်လည်း ယောကျ်ားလေးတွေဟာ သူတို့သာသစ္စာဖောက်ချင်ဖောက်မယ်၊ သူတို့အပေါ်တော့ သစ္စာရှိမယ့်သူကိုပဲ ယုံယုံကြည်ကြည်နဲ့ရွေးချယ်တတ်ကြပါတယ်။ ဥပမာ မိန်းကလေးတစ်ယောက်က သူ့ချစ်သူကို နေမကောင်းလို့အနားယူမယ့်အကြောင်းပြောပြီး တဖက်မှသူငယ်ချင်းတွေနဲ့ လျောက်ဒိုးနေတဲ့အခါမျိုးမှာ အဆိုပါမိန်းကလေးကို သစ္စာဖောက်မယ့်သူအဖြစ် မသိစိတ်ကသတ်မှတ်ပြီး သိပ်မယုံကြည်တော့ပါဘူး။

(၈) ဖော်ရွေမှု
လူတိုင်းကို ဖော်ရွေစွာဆက်ဆံတတ်ပြီး စကားပြောလိမ္မာတဲ့ မိန်းကလေးတွေကို ယောကျာ်းလေးတွေ နှစ်သက်ကြပါတယ်။ ဒါပေမယ့်နှစ်သက်မှုနဲ့အတူ သဝန်တိုမှုဟာလည်းကပ်ပါလာတတ်တာကြောင့် အပေါင်းအသင်းဆံ့တဲ့ မိန်းကလေးတွေဆိုရင် သတိထားသင့်ပါတယ်။

(၉) စစ်မှန် ရိုးသားခြင်း
ဒါကိုတော့ ယခုလက်ရှိဖြစ်ပျက်နေတဲ့ ဆိုရှယ်မီဒီယာပေါ်က အကြောင်းတွေနဲ့တင် သက်သေပြလို့ရပါတယ်။ ဆိုရှယ်မီဒီယာပေါ်က မိန်းကလေးချောချောလေးတွေဆို ယောကျ်ားလေးတွေ စိတ်ဝင်တစားစောင့်ကြည့်တတ်ကြပြီး ရိုးရိုးသားသားလှတာလား၊ photoshop တွေ ၃၆၀ တွေနဲ့ပြင်ထားတာလားဆိုတာ သေချာစူးစမ်းတတ်ကြတယ်။ အေးသောင်းလို ရိုးရိုးအေးအေးလေးနဲ့ အစစ်အမှန်လှတဲ့ မိန်းကလေးဆိုရင်တော့ ယောကျ်ားလေးတွေက ဝန်းရံဖို့ အဆင်သင့်ပါပဲ။

(၁၀)ရင့်ကျက်မှု
ဒါလည်းအေးသောင်းကိုပဲ ဥပမာပေးရဦးမယ်ထင်ပါတယ်။ ယောကျာ်းလေးအများစုဟာ ကလေးလိုဆိုးနွဲ့တတ်တာလေးကို သဘောကျတယ်လို့ ပြောတတ်ကြပေမယ့် မယုံပါနဲ့။ တကယ်တော့သူတို့ဟာ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်တည်ငြိမ်သူကို ခိုးကြောင်ခိုးဝှက် သဘောကျတတ်ကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဘယ်ယောကျ်ားလေးမှ ကလေးစိတ်ပေါက်နေတဲ့ ချစ်သူကိုအကြာကြီးမတွဲချင်ကြပါဘူး။

(၁၁) အကောင်းမြင်တတ်မှု
အရာရာကို အကောင်းမြင်တတ်ပြီး သဘောထားကြီးတာကလည်း မိန်းကလေးတွေရဲ့ ဆွဲဆောင်မှုအရည်အချင်းတစ်ရပ်လို့ တထစ်ချယုံကြည်မိပါတယ်။ အရာရာကိုခွင့်လွှတ်သည်းခံတတ်ပြီး အကောင်းမြင်တတ်တဲ့မိန်းကလေးတစ်ယောက်ကို မလိုချင်တဲ့ယောကျာ်းဆိုရင် အဲ့ကောင်ယောကျ်ားအစစ် မဖြစ်လောက်ဖူးလို့ယူဆရပါလိမ့်မယ်။

(၁၂) အချိန်မှန်တတ်မှု
ဘယ်သူကမှ စောင့်ဆိုင်းရတာကို မကြိုက်ကြပါဘူး။ ကိစ္စတစ်ခုခုကြောင့် ပြင်ဆင်ရတဲ့အခါ မိန်ကလေးတွေက အဆင်သင့်ဖြစ်ဖို့ အချိန်ပိုပေးရကြောင်း ယောကျ်ားလေးအတော်များများ နားလည်ကြပါတယ်။ ဒါပေမယ့် တခြားသူတွေရဲ့အချိန်တွေကိုလေးစားတတ်ပြီး ဈေးဝယ်တာ၊ ချိန်းထားတာ စတဲ့ကိစ္စတွေမှာ တိတိကျကျရောက်လာတတ်တဲ့ မိန်းကလေးကို ဘယ်သူကမလေးစားပဲနေမှာလဲ။

(၁၃) ရိုမန်တစ်ဆန်မှု
ဒါဟာ ယောကျ်ားလေးရော မိန်းကလေးပါ အပြန်အလှန်ရှာဖွေတတ်ကြတဲ့ ဆွဲဆောင်မှုအရည်အချင်းတစ်ခုပဲ ဖြစ်ပါတယ်။ ရိုမန်တစ်ဆန်ပြီး ရင်ခုန်အောင်အမြဲပြုစားနိုင်တဲ့ မိန်းကလေးတွေကို ဘယ်ယောကျ်ားလေးကမှ လက်လွှတ်ခံကြမှာ မဟုတ်ပါဘူး။

(၁၄) လေးစားရိုသေတတ်သူ
ကိုယ်ကိုယ်တိုင်ရော အခြားသူတွေအပေါ်မှာပါ လေးလေးစားစားဆက်ဆံတတ်တဲ့စရိုက်ရှိတဲ့ မိန်းကလေးကို ယောကျ်ားလေးတွေသာမက ယောက္ခမတွေကပါချစ်တတ်တာကြောင့် ဆွဲဆောင်မှုရှိတဲ့အရည်အချင်းတစ်ရပ်လို့ မှတ်ယူရပါမယ်။

(၁၅) အချစ်ကြီးသူ
Relationship တစ်ခုမှာ ကိုယ့်ကိုသိပ်မချစ်ပဲနဲ့ တွဲတဲ့မိန်းကလေးမျိုးကို ဘယ်သူကနှစ်သက်မှာလဲ။ ဒါကြောင့် ဆွဲဆောင်မှုရှိတဲ့အရည်အချင်း တစ်ရပ်အဖြစ်မှတ်ယူလိုက်ပါတယ်။

အပေါ်ကအချက်တွေနဲ့ ငါးချက်လောက်ပဲ ကိုက်ညီရင်တောင် သင်ဟာဆွဲဆောင်မှုအားကောင်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ကြောင်း   admin ကရဲရဲကြီး ထောက်ခံပေးနိုင်ပါတယ်။

Credit : Lifestyle Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top