iMyanmarHouse.com - Best Property Website for Myanmar
×

လူတိုင္း ၾကင္ၾကင္နာနာနဲ႔ ေပြ႕ဖက္ခဲ့ဖူးၾကမွာပါ။ ခ်စ္သူအခ်င္းခ်င္းကိုမွဆိုလိုတာမဟုတ္ပါဘူး။ သူငယ္ခ်င္းအခ်င္းခ်င္း မိဘေတြနဲ႔ ညီအစ္ကိုေမာင္ႏွမအခ်င္းခ်င္းလည္းပါပါတယ္။ ကၽြန္မတို႔ လူသားတိုင္း ေပြ႔ဖက္ဖူးၾကသလို ေပြ႕ဖက္ခံဖူးၾကပါတယ္။

ကိုယ္က လူတစ္ေယာက္ကို ေပြ႔ဖက္လိုက္တာပဲျဖစ္ျဖစ္ လူတစ္ေယာက္က ကိုယ့္ကို လာၿပီးဖက္လိုက္တာပဲျဖစ္ျဖစ္ အဲဒီအခ်ိန္မွာ ရင္ထဲမွာ တစ္ခုခုေတာ့ ခံစားရတေသခ်ာပါတယ္။ ဘာမွန္းမသိတဲ့ ခံစားခ်က္တစ္ခုနဲ႔ ရင္ထဲမွာေႏြးၿပီးက်န္ခဲ့တာပါ။ ေလ့လာေတြ႔ရွိခ်က္အရေတာ့ ဒီလိုေပြ႕ဖက္ေပးတာဟာ အက်ိဳးေက်းဇူးမ်ားစြာရွိေနပါတယ္။

ေပြ႔ဖက္ေပးျခင္းရဲ့ အက်ိဳးေက်းဇူး

သိပၸံပညာရွင္ေတြရဲ့ ေလ့လာေတြ႔ရွိခ်က္အရ အခုလို တစ္ေယာက္ကိုတစ္ေယာက္ ေပြ႕ဖက္လိုက္ျခင္းအားျဖင့္ ခႏၱာကိုယ္ကေန Oxytocin ဆိုတဲ့ ဓါတ္ထုတ္ေပးပါတယ္။ အဲဒီဓါတ္ဟာ ကိုယ့္ကို ေပ်ာ္ရႊင္ေစၿပီး စိတ္ဖိစီးမႈေျပေပ်ာက္ေစသလို စိုးရိမ္ေသာကျဖစ္ျခင္းကိုလည္း သက္သာေစပါတယ္။

ကိုယ္စိတ္ညစ္ေနတဲ့အခ်ိန္ စိတ္ဓါတ္က်ေနတဲ့အခ်ိန္ တစ္ေယာက္ေယာက္က ကိုယ့္ကို လာၿပီးေပြ႔ဖက္ႏွစ္သိမ့္ေပးတာမ်ိဳး ႀကံဳဖူးၾကမွာပါ။ အဲဒီအခါ ကိုယ့္ကိုကိုယ္ အားရွိသြားတယ္လို႔ခံစားရၿပီး စိတ္ခံစားခ်က္ပိုေကာင္းမြန္လာပါတယ္။ မၾကာေသးမီက ေလ့လာေတြ႔ရွိခ်က္တစ္ခုမွာေတာ့ ေပြ႕ဖက္ေပးတာဟာ အဖ်ားက်ေစတယ္လို႔ ေဖာ္ျပထားပါတယ္။

စိတ္ဓါတ္က်ျခင္းေၾကာင့္ ေနထိုင္မေကာင္းျဖစ္တာေတြအတြက္ ေပြ႔ဖက္ေပးျခင္းဟာ အေကာင္းဆံုးေဆးတစ္လက္ပါပဲ။ ေပြ႔ဖက္ေပးလိုက္တာဟာ လူကိုေႏြးေထြးေစတယ္။ အားငယ္စိတ္ကို သက္သာေစတယ္။ ေၾကာက္စိတ္လႊင့္ပ်ယ္ေစတယ္။ ခြန္အားအျပည့္ရွိေစပါတယ္။ ဒါ့ေၾကာင့္ ေပြ႔ဖက္ေပးတာဟာ က်န္းမာေရးအက်ိဳးေက်းဇဴးေတြ မ်ားစြာရွိေနပါတယ္။

ကၽြန္မတို႔ခ်စ္တဲ့သူေတြကို ပိုမိုေပြ႕ဖက္ေပးလိုက္ရေအာင္ပါ။

Credit : My Style
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူတိုင်း ကြင်ကြင်နာနာနဲ့ ပွေ့ဖက်ခဲ့ဖူးကြမှာပါ။ ချစ်သူအချင်းချင်းကိုမှဆိုလိုတာမဟုတ်ပါဘူး။ သူငယ်ချင်းအချင်းချင်း မိဘတွေနဲ့ ညီအစ်ကိုမောင်နှမအချင်းချင်းလည်းပါပါတယ်။ ကျွန်မတို့ လူသားတိုင်း ပွေ့ဖက်ဖူးကြသလို ပွေ့ဖက်ခံဖူးကြပါတယ်။

ကိုယ်က လူတစ်ယောက်ကို ပွေ့ဖက်လိုက်တာပဲဖြစ်ဖြစ် လူတစ်ယောက်က ကိုယ့်ကို လာပြီးဖက်လိုက်တာပဲဖြစ်ဖြစ် အဲဒီအချိန်မှာ ရင်ထဲမှာ တစ်ခုခုတော့ ခံစားရတသေချာပါတယ်။ ဘာမှန်းမသိတဲ့ ခံစားချက်တစ်ခုနဲ့ ရင်ထဲမှာနွေးပြီးကျန်ခဲ့တာပါ။ လေ့လာတွေ့ရှိချက်အရတော့ ဒီလိုပွေ့ဖက်ပေးတာဟာ အကျိုးကျေးဇူးများစွာရှိနေပါတယ်။

ပွေ့ဖက်ပေးခြင်းရဲ့ အကျိုးကျေးဇူး

သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ အခုလို တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်လိုက်ခြင်းအားဖြင့် ခန္တာကိုယ်ကနေ Oxytocin ဆိုတဲ့ ဓါတ်ထုတ်ပေးပါတယ်။ အဲဒီဓါတ်ဟာ ကိုယ့်ကို ပျော်ရွှင်စေပြီး စိတ်ဖိစီးမှုပြေပျောက်စေသလို စိုးရိမ်သောကဖြစ်ခြင်းကိုလည်း သက်သာစေပါတယ်။

ကိုယ်စိတ်ညစ်နေတဲ့အချိန် စိတ်ဓါတ်ကျနေတဲ့အချိန် တစ်ယောက်ယောက်က ကိုယ့်ကို လာပြီးပွေ့ဖက်နှစ်သိမ့်ပေးတာမျိုး ကြုံဖူးကြမှာပါ။ အဲဒီအခါ ကိုယ့်ကိုကိုယ် အားရှိသွားတယ်လို့ခံစားရပြီး စိတ်ခံစားချက်ပိုကောင်းမွန်လာပါတယ်။ မကြာသေးမီက လေ့လာတွေ့ရှိချက်တစ်ခုမှာတော့ ပွေ့ဖက်ပေးတာဟာ အဖျားကျစေတယ်လို့ ဖော်ပြထားပါတယ်။

စိတ်ဓါတ်ကျခြင်းကြောင့် နေထိုင်မကောင်းဖြစ်တာတွေအတွက် ပွေ့ဖက်ပေးခြင်းဟာ အကောင်းဆုံးဆေးတစ်လက်ပါပဲ။ ပွေ့ဖက်ပေးလိုက်တာဟာ လူကိုနွေးထွေးစေတယ်။ အားငယ်စိတ်ကို သက်သာစေတယ်။ ကြောက်စိတ်လွှင့်ပျယ်စေတယ်။ ခွန်အားအပြည့်ရှိစေပါတယ်။ ဒါ့ကြောင့် ပွေ့ဖက်ပေးတာဟာ ကျန်းမာရေးအကျိုးကျေးဇူးတွေ များစွာရှိနေပါတယ်။

ကျွန်မတို့ချစ်တဲ့သူတွေကို ပိုမိုပွေ့ဖက်ပေးလိုက်ရအောင်ပါ။

Credit : My Style

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top