iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ခႏၶာကိုယ္မွ အစာအိမ္၊ အသည္း၊ အူမႀကီးႏွင့္ ေက်ာက္ကပ္တို႕က ခႏၶာကိုယ္အဆိပ္အေတာက္ကင္းရွင္းေစဖို႕ ေန႕စဥ္အလုပ္လုပ္ေနပါတယ္။ အမ်ိဳးမ်ိဳးေသာ အဆိပ္အေတာက္ေျဖေဖ်ာ္ရည္ေတြက ပံုမွန္အလုပ္လုပ္မႈကို တိုးတက္ေစဖို႕ ကူညီေပးႏုိင္ပါတယ္။

ဒါေႀကာင့္ ယခုတစ္ခါေဖာ္ျပေပးခ်င္တာကလည္း အာဟာရဓာတ္ေတြ အမ်ိဳးမ်ိဳးပါ၀င္တဲ့ အသီးအႏွံေတြေပါင္းစပ္ပါ၀င္တဲ့ အသီးေဖ်ာ္ရည္တစ္ခြက္လုပ္နည္းကို ေဖာ္ျပေပးမွာျဖစ္လို႕ မွန္မွန္ေသာက္သံုးၿပီး အဆီေတြကိုဖယ္ရွားႏုိင္မွာျဖစ္ပါတယ္။

ပါ၀င္ပစၥည္းမ်ား

နာနတ္သီး – ခြက္ ၁ ခြက္

ေဒါက္ခြရြက္ – လက္တစ္ဆုပ္စာ

ပန္းသီးစိမ္း – ၁ လံုး

ႀကိဳၿပီး အေအးခံၿပီးသား လက္ဖက္ရည္ႀကမ္း – ၁ ခြက္

ဂ်င္း – ၂ စိတ္

အုန္းရည္ – ၁ ခြက္

သံပုယိုရည္ – လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ပ်ားရည္ – လက္ဖက္ရည္ဇြန္း ၂ ဇြန္း

သခြားသီး – တစ္၀က္ခန္႕

ပူစီနံ – ၈ ရြက္

ျပင္ဆင္ျပဳလုပ္ပံုအဆင့္ဆင့္

၁။ ေဒါက္ခြရြက္ ၁ ခြက္ကို ႀကိတ္စက္ထဲထည့္ပါ။

၂။ ဂ်င္း ၂ စိတ္ကိုလည္း ထည့္ပါ။

၃။ အေအးခံၿပီးသား လက္ဖက္ရည္ႀကမ္းေတြကိုလည္း ေရာထည့္ပါ။

၄။ အုန္းရည္တစ္ခြက္ေလာင္းထည့္ပါ။

၅။ ပ်စ္ႏွစ္သည္အထိ အကုန္လံုးကို ေရာႀကိတ္ပစ္ပါ။

၆။ နာနတ္သီးအတံုးေတြ ၁ ခြက္စာကို ေပါင္းပါ။

၇။ ေနာက္ထပ္ စိတ္ၿပီးသား ပန္းသီးအစိမ္းေတြကိုလည္း ထပ္ထည့္ပါ။

၈။ သခြားသီးတစ္၀က္ကိုလည္း အတံုးေလးေတြလွီးၿပီး ႀကိတ္စက္ထဲထည့္ေပးပါ။

၉။ ေနာက္ထပ္တစ္ႀကိမ္ ႀကိတ္ေပးပါ။

၁၀။ ပ်ားရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္းကိုလည္း ေပါင္းေပးပါ။

၁၁။ သံပုယိုသီး တစ္ျခမ္းကိုလည္း အရည္ညွစ္ထည့္ပါ။

၁၂။ ပူစီနံအရြက္ ၈ ရြက္ကိုလည္း ေခၽြထည့္ပါ။

၁၃။ သံုးခါေျမာက္ ထပ္ႀကိတ္ပါ။

၁၄။ ခြက္ထဲေျပာင္းထည့္ပါ။

ရရွိလာတဲ့ ေဖ်ာ္ရည္ကို ေန႕စဥ္ တေန႕တစ္ႀကိမ္ေသာက္သံုးေပးဖို႕ လိုအပ္ပါတယ္။ က်န္ရွိေနတဲ့ ေဖ်ာ္ရည္ေတြကို ေရခဲေသတၱာထဲသိမ္းထားၿပီး ရက္အနည္းငယ္အတြင္းထိ ေသာက္သံုးႏုိင္ပါတယ္။

Credit : My Food
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သင့်ခန္ဓာကိုယ်မှ အစာအိမ်၊ အသည်း၊ အူမကြီးနှင့် ကျောက်ကပ်တို့က ခန္ဓာကိုယ်အဆိပ်အတောက်ကင်းရှင်းစေဖို့ နေ့စဉ်အလုပ်လုပ်နေပါတယ်။ အမျိုးမျိုးသော အဆိပ်အတောက်ဖြေဖျော်ရည်တွေက ပုံမှန်အလုပ်လုပ်မှုကို တိုးတက်စေဖို့ ကူညီပေးနိုင်ပါတယ်။

ဒါကြောင့် ယခုတစ်ခါဖော်ပြပေးချင်တာကလည်း အာဟာရဓာတ်တွေ အမျိုးမျိုးပါဝင်တဲ့ အသီးအနှံတွေပေါင်းစပ်ပါဝင်တဲ့ အသီးဖျော်ရည်တစ်ခွက်လုပ်နည်းကို ဖော်ပြပေးမှာဖြစ်လို့ မှန်မှန်သောက်သုံးပြီး အဆီတွေကိုဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

နာနတ်သီး – ခွက် ၁ ခွက်

ဒေါက်ခွရွက် – လက်တစ်ဆုပ်စာ

ပန်းသီးစိမ်း – ၁ လုံး

ကြိုပြီး အအေးခံပြီးသား လက်ဖက်ရည်ကြမ်း – ၁ ခွက်

ဂျင်း – ၂ စိတ်

အုန်းရည် – ၁ ခွက်

သံပုယိုရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပျားရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

သခွားသီး – တစ်ဝက်ခန့်

ပူစီနံ – ၈ ရွက်

ပြင်ဆင်ပြုလုပ်ပုံအဆင့်ဆင့်

၁။ ဒေါက်ခွရွက် ၁ ခွက်ကို ကြိတ်စက်ထဲထည့်ပါ။

၂။ ဂျင်း ၂ စိတ်ကိုလည်း ထည့်ပါ။

၃။ အအေးခံပြီးသား လက်ဖက်ရည်ကြမ်းတွေကိုလည်း ရောထည့်ပါ။

၄။ အုန်းရည်တစ်ခွက်လောင်းထည့်ပါ။

၅။ ပျစ်နှစ်သည်အထိ အကုန်လုံးကို ရောကြိတ်ပစ်ပါ။

၆။ နာနတ်သီးအတုံးတွေ ၁ ခွက်စာကို ပေါင်းပါ။

၇။ နောက်ထပ် စိတ်ပြီးသား ပန်းသီးအစိမ်းတွေကိုလည်း ထပ်ထည့်ပါ။

၈။ သခွားသီးတစ်ဝက်ကိုလည်း အတုံးလေးတွေလှီးပြီး ကြိတ်စက်ထဲထည့်ပေးပါ။

၉။ နောက်ထပ်တစ်ကြိမ် ကြိတ်ပေးပါ။

၁၀။ ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကိုလည်း ပေါင်းပေးပါ။

၁၁။ သံပုယိုသီး တစ်ခြမ်းကိုလည်း အရည်ညှစ်ထည့်ပါ။

၁၂။ ပူစီနံအရွက် ၈ ရွက်ကိုလည်း ချွေထည့်ပါ။

၁၃။ သုံးခါမြောက် ထပ်ကြိတ်ပါ။

၁၄။ ခွက်ထဲပြောင်းထည့်ပါ။

ရရှိလာတဲ့ ဖျော်ရည်ကို နေ့စဉ် တနေ့တစ်ကြိမ်သောက်သုံးပေးဖို့ လိုအပ်ပါတယ်။ ကျန်ရှိနေတဲ့ ဖျော်ရည်တွေကို ရေခဲသေတ္တာထဲသိမ်းထားပြီး ရက်အနည်းငယ်အတွင်းထိ သောက်သုံးနိုင်ပါတယ်။

Credit : My Food

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top