iMyanmarHouse.com - Best Property Website for Myanmar
×
မိႆရာသီဖြား (မတ္လ ၂၁ရက္မွ – ဧၿပီ ၁၉ ရက္အထိ)
Credit : My Style
မိဿရာသီဖွား (မတ်လ ၂၁ရက်မှ – ဧပြီ ၁၉ ရက်အထိ)
ကိုယ့်ရဲ့အသွင်အပြင်နဲ့ပတ်သက်ပြီး စိုးရိမ်စိတ်တွေများနေနိုင်ပါတယ်။ ဖြစ်နိုင်တာကတော့ လက်ရှိချစ်သူ သို့မဟုတ် သဘောကျနေတဲ့သူအပေါ်မှာ အကောင်းဆုံးပုံစံကိုပြသချင်လို့ပါ။ စိတ်မပူပါနဲ့ သူတို့ကအမြဲတမ်းသင့်ကို ကြည့်ကောင်းတယ်လို့ထင်မှာဖြစ်တဲ့အတွက်ပါ။
ပြိဿရာသီဖွား (ဧပြီ ၂၀ မှ – မေ ၂၀ အထိ)
ကိုယ့်ရဲ့ဝန်းကျင်မှာဖြစ်နေတဲ့ အရာတွေအားလုံးအတွက် အနည်းငယ်မလုံမခြုံခံစားရနေနိုင်ပါတယ်။ အလုပ်ရဲ့ဖိအားတွေတိုးလာတာက သင့်ကိုအတန်ငယ်ပင်ပန်းနွမ်းနယ်စေနိုင်ပေမယ့်လည်း သူငယ်ချင်း၊ မိတ်ဆွေ၊ ဘဝရဲ့အရေးပါတဲ့လူထံမှ အချစ်တွေ၊ ဂရုစိုက်မှုတွေကြောင့် အချိန်တိုအတွင်းမှာ အရာရာကအကောင်းပြန်ဖြစ်သွားမှာပါ။
မေထုန်ရာသီဖွား (မေ ၂၁ ရက်မှ – ဇွန် ၂၀ အထိ)
ကိုယ့်ရဲ့အလုပ်လုပ်ကိုင်တာ တော်မှုကြောင့် ဆုကြေးအနေနဲ့ အပိုငွေဝင်လာနိုင်ပါတယ်။ ဘယ်လိုပုံစံနဲ့ပဲဝင်ဝင် ငွေကြေးနဲ့ပတ်သက်ပြီးတော့ အဆင်ပြေနေမှာပါ။ အနာဂတ်နဲ့ပတ်သက်ပြီးတော့ အကောင်းမြင်နေမှာဖြစ်လို့အခြားသူတွေနဲ့ဆက်ဆံရေးဟာလည်း အလွန်ကောင်းမွန်နေမှာပါ။
ကရကဋ်ရာသီဖွား (ဇွန် ၂၁ ရက်မှ – ဇူလိုင် ၂၂ ရက်အထိ)
ဒီညနေမှာ ပါတီ သို့မဟုတ် အဖွဲ့လိုက်လှုပ်ရှားမှုတွေကို တက်ရောက်ရနိုင်ပေမယ့်လည်း ကိုယ့်ဘဝမှအရေးပါတဲ့လူတစ်ဦးနဲ့ အတူတူအချိန်ကုန်ဆုံးနိုင်ဖို့ အစောကြီးထွက်လာနိုင်လောက်ပါတယ်။ ကိုယ့်ရဲ့အနာဂတ်နဲ့ပေါင်းသင်းဆက်ဆံရေးအနာဂတ်တွေကို အလွန်အကောင်းမြင်နေမှာဖြစ်ပါတယ်။ ဒီနေ့မှာ အနာဂတ်က အလွန့်အလွန်ကို တောက်ပနေမှာပါ။
သိဟ်ရာသီဖွား (ဇူလိုင် ၂၃ ရက်မှ – သြဂုတ် ၂၂ ရက်အထိ)
သင့်ရဲ့အနုပညာအာရုံနဲ့ ကိုယ်ခန္ဓာအားအင်တွေက ချွန်းတောက်နေမှာဖြစ်လို့ တစ်ခုခုကိုလုပ်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ နှောင့်နှေးဖို့လုံးဝမဖြစ်နိုင်ပါဘူး။ မိသားစုဝင်တွေ ဒါမှမဟုတ် အခြားရင်းနှီးတဲ့သူတွေကလည်း ကြံ့ခိုင်တဲ့အပေါင်းအသင်းအနေအထားအဖြစ် ဖန်တီးပေးမှာဖြစ်ပါတယ်။
ကန်ရာသီဖွား (သြဂုတ် ၂၃ ရက်မှ – စက်တင်ဘာ ၂၂ ရက်အထိ)
နွေးထွေးပြီးကြည်နူးဖွယ်ကောင်းတဲ့ ဆက်ဆံပြောဆိုခြင်းတွေက ဒီနေ့မှာရောက်လာနိုင်ပါတယ်။ စာဖြစ်စေ၊ ဖုန်းဆက်တာဖြစ်စေ၊ အီးမေးလ် သို့မဟုတ် အဝေးရောက်နေပြီး အချိန်အကြာကြီးအဆက်အသက်မရှိတဲ့ သူဆီကနေပြီးတော့လည်း စာရောက်လာနိုင်ပါတယ်။ မိသားစု သို့မဟုတ် ချစ်သူနဲ့ပေါင်းသင်းဆက်ဆံရေးတွေကလည်း ဒီနေ့မှာပိုပြီးတော့ အထောက်အပံ့ဖြစ်နေစေမှာပါ။
တူရာသီဖွား (စက်တင်ဘာ ၂၃ ရက်မှ – အောက်တိုဘာ ၂၂ ရက်အထိ)
တူရာသီဖွားတွေအတွက်တော့ သတင်းကောင်းပါ။ ငွေကြေးတွေက သင့်ဆီကိုလာနေပြီဖြစ်ပါတယ်။ ဖြစ်နိုင်တာကတော့ ဘောနပ်စ်ရတာဖြစ်ဖြစ် လစာတိုးတာဖြစ်ဖြစ်ပါ။ ဒီအကြောင်းအရာကိုကြားပြီးတော့ တနေ့လုံးစိတ်ခံစားရတာလည်း အလွန်ကောင်းနေမှာပါ။ အထူးသဖြင့် ဘေးနားကလူတွေအပေါ်မှာ အထူးကောင်းနေမှာပါ။
ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ ရက်မှ – နိုဝင်ဘာ ၂၁ ရက်အထိ)
ဗြိစ္ဆာရာသီဖွားတွေဟာ ဒီနေ့မှာ အပြင်းထန်ဆုံးသော ချစ်ခြင်းမေတ္တာကို ခံစားရမှာပါ။ ဒါအ့ပြင် အနုပညာအရည်အသွေးကို အပြည့်ခံစားမိမှာဖြစ်လို့ တစုံတခုကို လက်ဆောင်အနေနဲ့ပြုလုပ်ဖို့ စီစဉ်နေရင်တော့ အကောင်းဆုံးအချိန်ပါပဲ။
ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ ရက်မှ – ဒီဇင်ဘာ ၂၁ ရက်အထိ)
ဒီနေ့မှာ စိတ်ကူးယဉ်ဆန်၊ စိတ်အားထက်သန်မှုတွေခံစားလာရနိုင်ပြီး ချစ်ရသူရဲ့ကုမ္မဏီအတွက်လည်း ပူပင်နေရနိုင်ပါတယ်။ သင့်ရဲ့စိတ်ကူးဉာဏ်စွမ်းအားတွေက အမြင့်ဆုံးမှာဖြစ်နေလို့ ချစ်ရသူအတွက် လက်ဆောင်တစ်ခုခုရှာနေတာလည်း ဖြစ်နိုင်ပါတယ်။
မကရရာသီဖွား (ဒီဇင်ဘာ ၂၂ ရက်မှ – ဇန်နဝါရီ ၁၉ ရက်အထိ)
ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ချစ်ခြင်းမေတ္တာကို ခံစားရမိနိုင်ပါတယ်။ ကိုယ်မနှစ်မြို့တဲ့လူတွေဆီကနေပါ ခံစားရမှာပါ။ လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေ၊ မိသားစုနဲ့ ဘဝမှာအရေးပါတဲ့လူတွေကလည်း ဒီလိုမျိုးအရှိန်အဝါကြောင့် ပိုမိုပျော်ရွှင်နေရပြီး ရက်ရောလိုစိတ်တွေဖြစ်နေလို့ လက်ဆောင်တွေလည်း ဝယ်မိနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုသနားဖို့လည်း သတိရပါ။
ကုံရာသီဖွား (ဇန်နဝါရီ ၂၀ ရက်မှ – ဖေဖော်ဝါရီ ၁၈ ရက်အထိ)
ဒီနေ့မှာတော့ အလုပ်ဟာ ပုံမှန်ထက်ပိုပြီး အီလေးဆွဲနေနိုင်ပါတယ်။ အကြောင်းကတော့ သင့်ရဲ့အတွေးတွေဟာ အိမ်မှာရှိနေတဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ဘဝလက်တွဲဖော်ဆီကို ရောက်နေလို့ဖြစ်ပါတယ်။ အလုပ်ပေါ်မှာ အာရုံလုံးဝမစိုက်နိုင်ဖြစ်ပြီး ဖုန်းကိုပဲအဆက်မပြတ်ရှာနေနိုင်ပါတယ်။ အာရုံစူးစိုက်မှုနဲ့ပတ်သက်လို့ စိတ်မပူပါနဲ့။ မနက်ဖြန်ပြန်ရောက်လာမှာပါ။
မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ ရက်မှ – မတ် ၂၀ ရက်အထိ)
ဒီနေ့အချိန်မှာ သင့်ရဲ့နဂိုမူလ အထိမခံစိတ်နဲ့စိတ်အားထက်သန်မှုတွေက ကိုယ့်ဝန်းကျင်မှာရှိနေတဲ့ လူတွေအပေါ်ချစ်ခင်မှုကြောင့် ပြင်းထန်တဲ့ တွန်းအားတွေကို ဖြစ်လာစေနိုင်ပါတယ်။ ကိုယ့်ဘဝရဲ့တစ်စိတ်တစ်ဒေသကလည်း ဒီနေ့မှာ လုံးဝကို စိတ်ကူးယဉ်ဆန်နေမှာဖြစ်လို့ စိတ်အေးအေးနဲ့ စောင့်နေလိုက်ပါ။
Credit : My Style
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top