iMyanmarHouse.com - Best Property Website for Myanmar
×

နာမည္အေက်ာ္ဆံုး သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ေနတိုးကေတာ့ သူအကယ္ဒမီရခဲ့ရင္ ေရႊၾကယ္ကို ဘုရားလွဴမယ္လို႔ ေျပာလာပါတယ္။ ဒီႏွစ္ေရႊၾကယ္က အရင္လိုႏွစ္က်ပ္ခဲြသားမဟုတ္ပဲ ငါးက်ပ္သားျဖစ္တာေၾကာင့္ ပိုၿပီးအားရစရာေကာင္းလာပါတယ္။ ဒါေပမယ့္ ေနတိုးကေတာ့ အရင္မွာလွဴေနက်ထံုးစံအတိုင္းပဲ ခုလည္း ရခဲ့ရင္ ဘုရားလွဴမယ္လို႔ ေျပာလာတာျဖစ္ပါတယ္။

ဒီေၾကာင္း အလင္းတန္းအႏုပညာဂ်ာနယ္ရဲ့ အင္တာဗ်ဴးတစ္ခုမွာ ပါလာတာ ျဖစ္ပါတယ္။ ေနတိုးက အဓီကကေတာ့ အကယ္ဒမီကရတဲ့ ေရႊက ဘုရားပဲလူတာဆိုေတာ့၊ တကယ္လို႔ရခဲ့ရင္ ဘုရားပဲလွဴျဖစ္မွာပါ လို႔ ေနတိုးက ေျပာပါတယ္။ ေနတိုးက ဒီႏွစ္အကယ္ဒမီအတြက္ တစ္ေျပးေနတဲ့မင္းသားတစ္ေယာက္အျဖစ္ ပါဝင္ေနၿပီး အကယ္ဒမီအကဲျဖတ္မ်ားကလည္း နီးနီးစပ္စပ္ အရိပ္အေယာင္ျပ ေျဖဆိုထားၾကတဲ့အတြက္ သူရႏိုင္ေျခကလည္း မ်ားေနပါတယ္။

ေနတိုးက၂ဝဝ၉ ခုႏွစ္က မိုးညအိပ္မက္ျမဴ ဇာတ္ကားျဖင့္ အမ်ိဳးသားဇာတ္ေဆာင္ အကယ္ဒမီဆု၊ ၂၀၁၅ ခုႏွစ္က နကၡတ္မွားတဲ့တိုက္ပဲြ ဇာတ္ကားျဖင့္ အမ်ိဳးသားဇာတ္ေဆာင္ဆု အကယ္ဒမီမ်ား ရရွိထားသူျဖစ္ပါတယ္။ ဒီႏွစ္အတြက္ေတာ့ ရံုတင္ရာမွာ ေအာင္ျမင္မႈရခဲ့တဲ့ တာေတႀကီး ဇာတ္ကားနဲ႔ အကယ္ဒမီ ခန္႔မွန္းခံေနရပါတယ္။

Credit : Lwinpyin
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
နာမည်အကျော်ဆုံး သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ နေတိုးကတော့ သူအကယ်ဒမီရခဲ့ရင် ရွှေကြယ်ကို ဘုရားလှူမယ်လို့ ပြောလာပါတယ်။ ဒီနှစ်ရွှေကြယ်က အရင်လိုနှစ်ကျပ်ခွဲသားမဟုတ်ပဲ ငါးကျပ်သားဖြစ်တာကြောင့် ပိုပြီးအားရစရာကောင်းလာပါတယ်။ ဒါပေမယ့် နေတိုးကတော့ အရင်မှာလှူနေကျထုံးစံအတိုင်းပဲ ခုလည်း ရခဲ့ရင် ဘုရားလှူမယ်လို့ ပြောလာတာဖြစ်ပါတယ်။

ဒီကြောင်း အလင်းတန်းအနုပညာဂျာနယ်ရဲ့ အင်တာဗျူးတစ်ခုမှာ ပါလာတာ ဖြစ်ပါတယ်။ နေတိုးက အဓီကကတော့ အကယ်ဒမီကရတဲ့ ရွှေက ဘုရားပဲလူတာဆိုတော့၊ တကယ်လို့ရခဲ့ရင် ဘုရားပဲလှူဖြစ်မှာပါ လို့ နေတိုးက ပြောပါတယ်။ နေတိုးက ဒီနှစ်အကယ်ဒမီအတွက် တစ်ပြေးနေတဲ့မင်းသားတစ်ယောက်အဖြစ် ပါဝင်နေပြီး အကယ်ဒမီအကဲဖြတ်များကလည်း နီးနီးစပ်စပ် အရိပ်အယောင်ပြ ဖြေဆိုထားကြတဲ့အတွက် သူရနိုင်ခြေကလည်း များနေပါတယ်။

နေတိုးက၂ဝဝ၉ ခုနှစ်က မိုးညအိပ်မက်မြူ ဇာတ်ကားဖြင့် အမျိုးသားဇာတ်ဆောင် အကယ်ဒမီဆု၊ ၂၀၁၅ ခုနှစ်က နက္ခတ်မှားတဲ့တိုက်ပွဲ ဇာတ်ကားဖြင့် အမျိုးသားဇာတ်ဆောင်ဆု အကယ်ဒမီများ ရရှိထားသူဖြစ်ပါတယ်။ ဒီနှစ်အတွက်တော့ ရုံတင်ရာမှာ အောင်မြင်မှုရခဲ့တဲ့ တာတေကြီး ဇာတ်ကားနဲ့ အကယ်ဒမီ ခန့်မှန်းခံနေရပါတယ်။

Credit : Lwinpyin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top