iMyanmarHouse.com - Best Property Website for Myanmar
×

အႏုပညာ​ေလာကထဲ မထင္​မွတ္​ဘဲ ​ေရာက္​လာခဲ့တယ္​ဆိုတဲ့ ျဖဴျဖဴ​ေထြး က လတ္​တ​ေလာ က​ေမာက္​ကမ သမီး​ေယာက္​မ ႐ုပ္​႐ွင္​ဇာတ္​ကားႀကီးမွာ ပါဝင္​ ႐ိုက္​ကူးထားၿပီး ​ေရာက္​တဲ့​ေနရာက​ေန အ​ေကာင္​းဆံုးႀကိဳးစားသြားမယ္​လို႔ ဆိုပါတယ္​။

“အရင္​တုန္​းက​ေတာ့ မင္​းသမီးလုပ္​ဖို႔ဆိုတာ စိတ္​ကူးလည္​း မ႐ွိခဲ့ပါဘူး။ ဝါသနာပါလားဆို​ေတာ့လည္​း ကိုယ္​့​ေက်ာင္​းစာနဲ႔ကိုယ္​၊ ကိုယ္​့အလုပ္​နဲ႔ကိုယ္​ ဆို​ေတာ့​ေလ။ အရင္​တည္​းက Presenter အလုပ္​နဲ႔ဆို​ေတာ့ ကိုယ္​့အလုပ္​နဲ႔ကိုယ္​​ဆို​ေတာ့ အဲဒီလိုမ်ိဳးလည္​း မ​ေတြးထားမိဘူး​ေပါ့။ ​ေဖ့စ္​ဘုတ္​ဆယ္​လီ မျဖစ္​ခင္​မွာ ညီမ ၿပိဳင္​ပြဲတစ္​ခု ဝင္​ၿပိဳင္​လိုက္​​ေသးတယ္​။ ​Doctor Face ရဲ႕​ေမာ္​ဒယ္​ၿပိဳင္​ပြဲ​ေတြမွာ ဝင္​ၿပိဳင္​တယ္​။ အဲဒီမွာ ၿပိဳင္​လိုက္​​ေတာ့ Presenter အလုပ္​ျပဳတ္​သြားတာ။ အဲဒီမွာ ညီမအလုပ္​လည္​းမရ​ွိ​ေတာ့ဘူး။ ဝင္​​ေငြလည္​း မ႐ွိ​ေတာ့ဘူး။ အဲဒီအခ်ိန္​မွာ တခိ်ဳ႕သူငယ္​ခ်င္​း​ေတြကအစ ပိုက္​ဆံမ႐ွိတဲ့အခ်ိန္​မွာ ကိုယ္​့ကို ခြာခ်င္​တဲ့သူ​ေတြလည္​း ႐ွိၾကတယ္​။ ဒါ​ေပမယ္​့လည္​း အဲဒီထဲက ခက္​ခက္​ခဲခဲ ႀကိဳးစားလာရင္​း မထင္​မွတ္​ဘဲ ကလိုက္​တဲ့အတြက္​​ေၾကာင္​့ နာမည္​ၾကီး သြားတယ္​။ ​ေ႐ွးတုန္​းက ဇာတ္​ထုတ္​​ေလး​ေတြကို ျပန္​ၿပီး သ႐ုပ္​​ေဆာင္​ ​ေပးလိုက္​​ေတာ့ ပရိသတ္​က လက္​ခံ လာတာ​ေပါ့​ေနာ္​။ လက္​ခံလာတဲ့အတြက္​​ေၾကာင္​့ ညီမ​အ​ေနနဲ႔ အႏုပညာ​ေလာကကို ​ေရာက္​ရပါ​ေစလိုတဲ့ စိတ္​နဲ႔​ေတာ့ ဝင္​ခဲ့တာမဟုတ္​ဘူး။ သူ႔ဟာသူ ​ေရာက္​သြားတာဆို​ေတာ့ အခု​ေရာက္​႐ွိတဲ့ ​ေနရာက​ေန ဘယ္​အရာမဆို အ​ေကာင္​းဆံုးႀကိဳးစားသြားမွာပါ။ “လို႔ ျဖဴျဖဴ​ေထြး က ​ေျပာပါတယ္​။

ဒါ႐ိုက္​တာ ကို​ေဇာ္​(အ႐ုဏ္​ဦး)႐ိုက္​ကူးတဲ့ က​ေမာက္​ကမ သမီး​ေယာက္​မ ႐ုပ္​႐ွင္​ဇာတ္​ကားႀကီးမွာ ျဖဴျဖဴ​ေထြး က အကယ္​ဒမီ ​ေျပတီဦး ၊ မ​ေနာ၊ အကယ္​ဒမီ ခိုင္​သင္​းၾကည္​ ၊ သင္​ဇာဝင္​့​ေက်ာ္​ ၊ခင္​လိူင္​၊ တကၠသိုလ္​ ဂြမ္​းပံု ၊ မြန္​​ေလးတို႔နဲ႔အတူ ပါဝင္​ သ႐ုပ္​​ေဆာင္​ထားတာ ျဖစ္​ပါတယ္​။

“အဲဒီမွာ ​ေျပတီဦးရယ္​ သင္​ဇာဝင္​့​ေက်ာ္​ ရယ္​၊ မ​ေနာရယ္​ ခိုင္​သင္​းၾကည္​ ရယ္​၊ တကၠသိုလ္​ ဂြမ္​းပံုရယ္​ ခင္​လိူင္​ရယ္​၊ ညီမရယ္​ မြန္​​ေလးရယ္​ အတြဲ​ေလး​ေတြ​ေပါ့။ သူ႔ကာ႐ိုက္​တာနဲ႔သူ သြားတာမ်ိဳး ဇာတ္​အိမ္​တစ္​အိမ္​ဆီမွာ သ႐ုပ္​​ေဆာင္​ရတယ္​။ ညီမကၾက​ေတာ့ အဲဒီထဲမွာ ပိုက္​ဆံ​ေတာ့႐ွိၿပီး အျမဲတမ္​း အ​ေႂကြးထူတယ္​။ ရပ္​ကြက္​ထဲမွာ နည္​းနည္​းၾကမ္​းၾကမ္​း​ေနရာက သ႐ုပ္​​ေဆာင္​ရတယ္​။ ၿပီး​ေတာ့ ​ေဖ့စ္​ဘုတ္​ဆယ္​လိီ တစ္​ဦးလည္​း ျဖစ္​တယ္​။ အဲဒီလိုမ်ိဳး​ေလး သ႐ုပ္​​ေဆာင္​ထားပါတယ္​။”လို႔ ျဖဴျဖဴ​ေထြး က သူ႔ကာ႐ိုက္​တာအ​ေၾကာင္​း ႐ွင္​းျပပါတယ္​။ လတ္​တ​ေလာမွာ​ေတာ့ ျဖဴျဖဴ​ေထြး က ​ေၾကာ္​ျငာတခ်ိဳ႕နဲ႔ ကာဗာဖိုတ္​ို ​ေတြ လက္​ခံ႐ိုက္​ကူး​ေနတယ္​လို႔ သိရတယ္​။

Credit : Myanmar Note
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အနုပညာလောကထဲ မထင်မှတ်ဘဲ ရောက်လာခဲ့တယ်ဆိုတဲ့ ဖြူဖြူထွေး က လတ်တလော ကမောက်ကမ သမီးယောက်မ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင် ရိုက်ကူးထားပြီး ရောက်တဲ့နေရာကနေ အကောင်းဆုံးကြိုးစားသွားမယ်လို့ ဆိုပါတယ်။

“အရင်တုန်းကတော့ မင်းသမီးလုပ်ဖို့ဆိုတာ စိတ်ကူးလည်း မရှိခဲ့ပါဘူး။ ဝါသနာပါလားဆိုတော့လည်း ကိုယ့်ကျောင်းစာနဲ့ကိုယ်၊ ကိုယ့်အလုပ်နဲ့ကိုယ် ဆိုတော့လေ။ အရင်တည်းက Presenter အလုပ်နဲ့ဆိုတော့ ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ အဲဒီလိုမျိုးလည်း မတွေးထားမိဘူးပေါ့။ ဖေ့စ်ဘုတ်ဆယ်လီ မဖြစ်ခင်မှာ ညီမ ပြိုင်ပွဲတစ်ခု ဝင်ပြိုင်လိုက်သေးတယ်။ Doctor Face ရဲ့မော်ဒယ်ပြိုင်ပွဲတွေမှာ ဝင်ပြိုင်တယ်။ အဲဒီမှာ ပြိုင်လိုက်တော့ Presenter အလုပ်ပြုတ်သွားတာ။ အဲဒီမှာ ညီမအလုပ်လည်းမရှိတော့ဘူး။ ဝင်ငွေလည်း မရှိတော့ဘူး။ အဲဒီအချိန်မှာ တချို့သူငယ်ချင်းတွေကအစ ပိုက်ဆံမရှိတဲ့အချိန်မှာ ကိုယ့်ကို ခွာချင်တဲ့သူတွေလည်း ရှိကြတယ်။ ဒါပေမယ့်လည်း အဲဒီထဲက ခက်ခက်ခဲခဲ ကြိုးစားလာရင်း မထင်မှတ်ဘဲ ကလိုက်တဲ့အတွက်ကြောင့် နာမည်ကြီး သွားတယ်။ ရှေးတုန်းက ဇာတ်ထုတ်လေးတွေကို ပြန်ပြီး သရုပ်ဆောင် ပေးလိုက်တော့ ပရိသတ်က လက်ခံ လာတာပေါ့နော်။ လက်ခံလာတဲ့အတွက်ကြောင့် ညီမအနေနဲ့ အနုပညာလောကကို ရောက်ရပါစေလိုတဲ့ စိတ်နဲ့တော့ ဝင်ခဲ့တာမဟုတ်ဘူး။ သူ့ဟာသူ ရောက်သွားတာဆိုတော့ အခုရောက်ရှိတဲ့ နေရာကနေ ဘယ်အရာမဆို အကောင်းဆုံးကြိုးစားသွားမှာပါ။ “လို့ ဖြူဖြူထွေး က ပြောပါတယ်။

ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)ရိုက်ကူးတဲ့ ကမောက်ကမ သမီးယောက်မ ရုပ်ရှင်ဇာတ်ကားကြီးမှာ ဖြူဖြူထွေး က အကယ်ဒမီ ပြေတီဦး ၊ မနော၊ အကယ်ဒမီ ခိုင်သင်းကြည် ၊ သင်ဇာဝင့်ကျော် ၊ခင်လိူင်၊ တက္ကသိုလ် ဂွမ်းပုံ ၊ မွန်လေးတို့နဲ့အတူ ပါဝင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

“အဲဒီမှာ ပြေတီဦးရယ် သင်ဇာဝင့်ကျော် ရယ်၊ မနောရယ် ခိုင်သင်းကြည် ရယ်၊ တက္ကသိုလ် ဂွမ်းပုံရယ် ခင်လိူင်ရယ်၊ ညီမရယ် မွန်လေးရယ် အတွဲလေးတွေပေါ့။ သူ့ကာရိုက်တာနဲ့သူ သွားတာမျိုး ဇာတ်အိမ်တစ်အိမ်ဆီမှာ သရုပ်ဆောင်ရတယ်။ ညီမကကြတော့ အဲဒီထဲမှာ ပိုက်ဆံတော့ရှိပြီး အမြဲတမ်း အကြွေးထူတယ်။ ရပ်ကွက်ထဲမှာ နည်းနည်းကြမ်းကြမ်းနေရာက သရုပ်ဆောင်ရတယ်။ ပြီးတော့ ဖေ့စ်ဘုတ်ဆယ်လီ တစ်ဦးလည်း ဖြစ်တယ်။ အဲဒီလိုမျိုးလေး သရုပ်ဆောင်ထားပါတယ်။”လို့ ဖြူဖြူထွေး က သူ့ကာရိုက်တာအကြောင်း ရှင်းပြပါတယ်။ လတ်တလောမှာတော့ ဖြူဖြူထွေး က ကြော်ငြာတချို့နဲ့ ကာဗာဖိုတို တွေ လက်ခံရိုက်ကူးနေတယ်လို့ သိရတယ်။

Credit : Myanmar Note

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top