iMyanmarHouse.com - Best Property Website for Myanmar
×
ချစ်စရာဆံပင်ပုံစံ
ဒီလိုစည်းမယ်
Credit : My Style
မင်္ဂလာပါနော်။ ဆံပင်စည်းရတာသလောကျတဲ့သူတွေပဲဖြစ်ဖြစ် သပ်သပ်ရပ်ရပ်နဲ့ ရုံးသွားချင်တဲ့သူတွေ အပြင်သွားချင်တဲ့သူတွေပဲဖြစ်ဖြစ် ဆံပင်စည်းတဲ့ပုံလေးတွေကို မျှဝေပေးချင်ပါတယ်နော်။
ဆံပင်အလည်ခွဲနဲ့ နောက်နားမှာ စည်းထားတဲ့ပုံစံ
ဒီပုံစံကတော့ သင့်ဆံပင်ကလည်း နည်းနည်းလေးအဆီပြန်နေပြီ။ ခေါင်းလျှော်ဖို့လည်းအချိန်မပေးနိုင်ဘူးဆိုတဲ့အခါမှာ သင့်တော်တဲ့ ဆံပင်ပုံစံမျိုးဖြစ်ပါတယ်နော်။
ခပ်မြင့်မြင့်စည်းထားတဲ့ ဆံပင်ပုံစံ
ဒီပုံစံကလည်း စည်းရလွယ်တယ်နော်။ ဆံပင်ကို ခပ်မြင့်မြင့်လေးပဲစည်းလိုက်ပြီး စည်းထားတဲ့ထဲက ဆံပင်နည်းနည်းယူကာ ခေါင်းစည်းကြိုးကို ပတ်ပေးလိုက်ပါ။
ဆံပင်အပြောင်သိမ်းပြီး ခပ်တင်းတင်းစည်းမယ်
ဆံပင်ကို အားလုံးအပြောင်သိမ်းပြီး ခပ်တင်းတင်းစည်းတာမျိုးကတော့ နဖူးမြင့်သူတွေ နဖူးကျယ်သူတွေနဲ့မလိုက်ပါဘူး။ မျက်နှာဝိုင်းတဲ့သူတွေနဲ့လည်းမလိုက်ပါဘူးနော်။
ဆံပင်ကို ခပ်ရှုပ်ရှုပ်ပုံလေးစည်းမယ်
ဆံပင်ကို ကောက်လိုက်ပြီး ခပ်ရှုပ်ရှုပ်ပုံစံမျိုးစည်းတာဟာ အခုနောက်ပိုင် းခေတ်စားနေတယ်နော်။ ရိုးရိုးလေးနဲ့ လုပ်ရတာလည်း လွယ်ပါတယ်။
ကျစ်ဆံမြီးကျစ်ပြီးစည်းမယ်
ဆံပင်ကို ကျစ်ဆံမြီးနည်းနည်းကျစ်လိုက်ပြီး အောက်နားမှာ စုစည်းပေးတဲ့ ပုံစံမျိုးကလည်း အရမ်းလှပါတယ်။ အလုပ်ကိစ္စပဲဖြစ်ဖြစ် တစ်နေရာသွားချင်ရင်ဖြစ်ဖြစ် ဘယ်သွားသွားအဆင်ပြေတယ်နော်။
ချစ်စရာဆံပင်ပုံစံ
ချစ်စရာကောင်းအောင် ဆံပင်နှစ်ဖက်ခွဲပြီးစည်းပေးလို့ရပါတယ်။ ငယ်ငယ်တုန်းကအကြောင်းကိုတောင် သတိရစေတဲ့ ဆံပင်ပုံမျိုးပါ။
ဒီလိုစည်းမယ်
ဆံပင်ကို ခေါင်းစည်းကြိုးအများကြီးနဲ့ နောက်မှာစည်းထားတာမျိုးပါ။
Credit : My Style
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top