iMyanmarHouse.com - Best Property Website for Myanmar
×

ပထမဦးစွာ ကျမပြောလိုတာက ကျမရေးတဲ့ ဒီဆောင်းပါးဟာ မိန်းကလေးတွေကိုပဲ ရည်ရွယ်တာပါ ဆိုတာပါပဲ… ဟုတ်ပါပြီ… ဒါဆိုရင် ခေါင်းစဉ်လေးကို ဆက်ဆွေးနွေး လိုက်ကြရအောင်….


ကျမတို့ ပတ်ဝန်းကျင်မှာ သိပ်ကိုရေပန်းစားတဲ့ မေးခွန်းပါ… အားလုံးလဲ ကြားဖူးကြမှာပါ…


“ဒီလောက် အကြာကြီးတွဲပြီးမှ ကောင်လေးက မယူဘူးဆိုတော့ သူမှာ ဘာပြစ်ချက်ရှိနေလဲမှ မသိတာ…”


ကျမသိပ်မုန်းတဲ့ စကားတွေပါ… ကျမစဉ်းစားလို့ မရတာတခုက လူတွေဟာ ကိုယ့်နဲ့မဆိုင်တဲ့ ကိုယ်အတွင်းကျကျ မသိတဲ့ ကိစ္စတခုကို ဘာလို့အလွယ်တကူ တံဆိပ်ကပ်ချင် ကြတာလဲ… ကဲ… ကျမကို မေးပါပြီတဲ့… ကျမဖြေမဲ့ အဖြေကတော့


ဘာလို့ ဘာမှမဖြစ်တာလဲ… အားလုံးမှာ ကျမတို့မသိတဲ့ Behind the story တွေအများကြီး ရှိပါတယ်… အများအမြင်မှာ ပျော်ရွှင်နေပေမဲ့ ကွယ်ရာငိုကြွေးနေရတဲ့ မိန်းကလေးတွေ အများကြီးပါ…

သူတို့ကိုလဲ အပြစ်မဆိုသာ… ဘယ်သူကကော ကိုယ့်အတွင်း အပူမှန်သမျှကို အပြင်ကိုဖြန့်ဝေနေမှာလဲ… အဲ့တော့ လူအများရှေ့မှာ ပျော်ရွှင်နေတိုင်း relationship တိုင်းဟာ ပျော်ရွှင်နေကြတာ မဟုတ်ပါဘူး… (တကယ်ပျော်ရွှင်နေတဲ့ သူများလဲ ရှိမှာပါ…)

သေချာတာကတော့ ဘယ်မိန်းကလေးကမှ တွဲတာကြာပြီဖြစ်တဲ့ ရည်းစားကို မပြတ်ချင်ပါဘူး… ဖြစ်နိုင်ရင် ကိုယ့်ချစ်သူနဲ့ မြန်မြန် လက်တွဲချင်တာပါပဲ…

လက်မထပ်သေးဘူး ၊ ဒါမှမဟုတ် လက်တွဲဖြုတ်ချင်တယ် ဆိုကတည်းက သူတို့မှာ လူတွေမသိတဲ့ မထွေးနိုင် မအံနိုင်ပြသနာတွေ ရှိနေလို့ပါ…

ဘယ်လိုပြသနာတွေလဲ…
– နောက်တယောက် ဖောက်ပြန်နေတာမျိုး
-အကျင့်မကောင်းတဲ့ယောင်္ကျားမှန်း တဖြေးဖြေး သိလာတာမျိုး
-သူမိဘဟာ ကိုယ့်ကို မကြည်ဖြူတာမျိုး
-လက်ပါတတ်တဲ့ယောင်္ကျားမှန်း သိလာရတာမျိုး
-အနာဂါတ်ဟာ မသေချာ မရေရာနေတာမျိုး
-စိတ်သဘောထားချင်းညှိနှိုင်းလို့ အဆင်မပြေသေးတာမျိုး
စသည်ဖြင့် အကြောင်းအမျိုးမျိုး ဖြစ်နိုင်ပါတယ်…

အပေါ်မှာပြောခဲ့တဲ့ အချက်တွေထဲက တချက်လဲ ဖြစ်နိုင်သလို အကုန်လုံးလဲ ဖြစ်နိုင်ပါတယ်…

ကဲ… ကျမမေးမယ်… စာဖတ်သူတွေလဲ အပေါ်မှာပြောတဲ့ အချက်တချက်နဲ့ ငြိနေတဲ့ ယောင်္ကျားနဲ့ ကြုံဆုံလာပြီ ထားပါတော့ … တွဲတာလဲ အချိန်တခု ကြာနေပြီပဲ ထားပါတော့ …

ကဲ… အဲ့ယောင်္ကျားကိုယူမလား… ခေါင်းခါကြမယ် မဟုတ်လား… ဟုတ်တာပဲလေ… ကျမဆိုရင်လဲ ငြင်းမိမှာပဲလေ… ဘာလို့လဲဆိုတော့ ကျမတို့က မြန်မာ မိန်းကလေးတွေလေ… တသက်မှာ တခါ ရွေးချယ်ခွင့်ရတဲ့ ယောင်္ကျားကို လက်လွှတ်စပယ် ကြံရာလူ ဆွဲယူလိုက်လို့ ဖြစ်မလား…

အကြိမ်ကြိမ် အခါခါ လက်ထပ်တာကိုတောင် အပြစ်မမြင်တဲ့ ပတ်ဝန်းကျင်မျိုး ၊ အနောက် နိုင်ငံကြီးတွေလိုမှာတောင် လက်မထပ်ခင် သေချာ အပြန်ပြန် အလှန်လှန် စဉ်းစားကြတာ…


တကယ်တမ်းတော့ လက်ထပ်တယ်ဆိုတာ စာရွက်တခုမှာ လက်မှတ် ထိုးလိုက်တာထက် အများကြီးပိုပါတယ်…

လူနှစ်ယောက်ဟာ တဘ၀လုံးစာ စိတ်ဓါတ် ၊ အမူအကျင့် အားလုံးကို ညှိယုရတော့မယ်… အဲ့တော့ ကိုယ် လက်တွဲမဲ့သူကို စိတ်တိုင်းကျ ရှာဖွေမိတာ မှားလားရှင်…

တွဲတာတော့ကြာပါပီ… ဒါပေမဲ့ မကောင်းတဲ့သူတယောက်ကို သိသိလျက်နဲ့ ဇွတ်မှိတ်ယူသင့်လား… တကယ်တော့ သူတို့ဟာ သိပ်သနားဖို့ကောင်းပါတယ်…

“စားရမှာလဲ သဲတလျှပ်လျှပ် ၊ ပြစ်ရမှာလဲ အဆီတ၀င်းဝင်း” ဆိုတဲ့ အဖြစ်မျိုး… တဖက်ကလဲ ကိုယ်နှစ်တွေ အကြာကြီး မြှပ်နှံပြီး ချစ်ရတဲ့ချစ်သူ၊ တဖက်ကလဲ ရေရှည် ဘယ်လိုမှ အဆင်မပြေဘူးဆိုတာ သိနေတယ်…

နောက် ပတ်ဝန်းကျင် ၊ ဆွေမျိုး အသိုင်းအ၀ိုင်း က လက်ညှိုးထိုးမှာလဲ ကြောက်ရသေး… ဘယ်လောက်များ အားငယ်နေလိုက်မလဲ… ဘယ်လောက်များ ဝေခွဲမရ ဖြစ်နေလိုက်မလဲ…

ဒီအချိန်ဟာ ဘ၀မှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ချရတဲ့အချိန်မို့ အင်မတန်ကို stress များရှာမှာပါ… တချို့ဆို စိတ်ကျရောဂါတောင် ရလေရဲ့…

ဘုရားမှတ်လို့ ကိုးကွယ်ကာမှ ၊ ဖွတ်ထွက်မှ တောင်ပို့မှန်းသိရတဲ့ အဖြစ်… ကုန်သွားတဲ့ အချိန်တွေကလဲ နှမြောစရာ… အဲ့လိုကြုံနေတဲ့ ညီမလေးတွေကို ကျမပြောနေကျ စကားတခွန်းရှိတယ်…

“ကိုယ်တွဲနေတဲ့သူဟာ မကောင်းတဲ့သူ ၊ မဖြစ်သင့်တဲ့ သူမှန်းသိရင် အမြန်ဆုံး လမ်းခွဲပါ… အဆုံးမရှိတဲ့လမ်းကို ၁၀လှမ်းလျှောက်မိရင် ၁၀လှမ်းစာ နောက်ပြန်ဆုတ်ရပါလိမ့်မယ်…

မကောင်းတဲ့သူဟာ မကောင်းတဲ့ အမူအကျင့်သာ ရှိမှာမို့ အခု လမ်းမခွဲလဲ နောင်တချိန် လမ်းခွဲရမှာပဲ… ယူပြီးကာမှ လမ်းခွဲရင် တခုလပ်ဖြစ်မယ်… ကလေးတယောက် မွေးပြီးကာမှ လမ်းခွဲရင် ကလေးအမေ တလင်ကွာ ဖြစ်မယ်… ကလေး၂ယောက် မွေးပြီးကာမှ လမ်းခွဲရင် ကလေး၂ယောက်အမေ တလင်ကွာ ဖြစ်မယ်…

မကောင်းတဲ့သူဟာ တသက်လုံး ကောင်းလာမှာ မဟုတ်လို့ တချိန်ချိန်ခွဲကို ခွဲရမှာပဲ… အဲ့တော့ စောစောစီးစီး သိပြီး လမ်းခွဲခွင့် ရခြင်းကပဲ ကံကောင်းခြင်းလို့ မှတ်ယူလိုက်ပါ…

ကုသိုလ်ကောင်းမှု များများလုပ်လို့ ၀ဋ်ကြွေး မြန်မြန်ကြေတယ်ပဲ မှတ်လိုက်ပါ…” လို့…

နောက်သူတို့ ကိုယ်သူတို့ အမြဲမေးနေတဲ့ မေးခွန်းက “ နောက်ထပ်တွဲတဲ့ တယောက်က ဒီတယောက်ထက် ဆိုးနေရင် ဘယ်လိုလုပ်မလဲ”… ဆိုတာပဲ…

ဒါဆိုလဲ ကျမပြောနေကျ စကားပဲ ပြန်ပြောပါမယ်… “ကိုယ်ဟာ ၁၀၀ တန်ရင် ၁၀၀ တန် ယောင်္ကျား ရပါလိမ့်မယ်… ကိုယ်ဟာ တစ်သိန်း တန်ရင် တစ်သိန်းတန် ယောင်္ကျား လာပါလိမ့်မယ်… အဲ့တော့ ပိုကောင်းတဲ့ ယောင်္ကျားကို လိုချင်ရင် ထိုင်စိတ်မညစ်ပါနဲ့… ထိုင်ဆုမတောင်းပါနဲ့… ပိုတော် ၊ ပိုလှတဲ့ မိန်းကလေး ဖြစ်အောင်ပဲ ကြိုးစားပါ…”

အမှန်တကယ်တော့ ရည်းစား သက်တမ်းကြာပြီး မယူဖြစ်သေးတဲ့ အတွဲတွေမှာ လူမသိတဲ့ ပြသနာကိုယ်စီ ရှိတတ်ပါတယ်… (အဆင်ပြေလျက်နဲ့ မယူသူများလဲ ရှိပါတယ်… အားလုံးကို မဆိုလိုပါ… )

မိန်းကလေးတိုင်းဟာ ရည်းစားထားမှတော့ ယူဖို့အထိပဲ ရည်ရွယ်ကြတာပါ… ဘယ်သူမှ အပျော်ရယ်လို့ မတွဲကြပါဘူး… ကံမကောင်းလိုသာ အချိန်အကြာကြီး မြှပ်နှံထားပေမဲ့ လမ်းခွဲရတာပါ… အဲ့လို ကံမကောင်းတဲ့သူတယောက်ကို အကြောင်းအရင်း သေချာမသိဘဲ ဝေဖန်နေခြင်းဟာ “ ရေနစ်သူ ၀ါးထိုးကု” ဆိုသလို ဖြစ်မနေဘူးလား…

အဲ့လို ဝေဖန်နေတဲ့သူတွေ ကိုယ့်ညီမ ၊ သမီးဆိုရင်ကော ဘယ်လို အကြံဥာဏ်ပေးမလဲ သိချင်မိရဲ့…

ကျမ ဒီဆောင်းပါးကိုရေးရင်း ပုံပြင်လေးတပုဒ်ကို သွားသတိရတယ်… မျောက် ၅ ကောင်ပုံပြင်… မျောက် ၅ ကောင်ကို လှောင်အိမ်ထဲ ထည့်ထားတယ်… လှောင်အိမ်ထိပ်မှာ ဌက်ပျောသီးကို ချိတ်ထားတယ်…

မျောက်၅ ကောင်ထဲက တကောင် ဌက်ပျောသီး ယူတာနဲ့ အောက်က ဆွဲချတယ်… အဲ့တော့ မျောက်အားလုံးဟာ ဌက်ပျောသီးကို ယူရင် ဆွဲချခံရမယ် ဆိုတာသိတော့ ဘယ်သူမှ သွားမယူရဲတော့ဘူး…

နောက်ရက်နဲနဲကြာတော့ မျောက်အဟောင်း ၁ကောင်ကို ထုတ်ပြီး မျောက်အသစ် ၁ကောင် ထည့်တယ်… မျောက်အသစ်က ဌက်ပျောသီး အကြောင်း မသိတော့ တက်ယူဖို့ ကြိုးစားတာပေါ့…

အဲ့အခါမှာတော့ အပြင်လူက ဆွဲမချတော့ဘူး… သို့ပေမဲ့ ကျန်တဲ့မျောက် ၄ကောင်က ဆွဲချတယ်… သူတို့တုန်းက ဆွဲချခံခဲ့ရတာကိုး…

ဒီလိုနဲ့ ရက်နဲနဲစီခြားပြီး မျောက်တွေ ၁ကောင်ပြီး ၁ကောင် လဲလာလိုက်တာ မျောက်အဟောင်းတွေ တကောင်မှမကျန်တော့ဘဲ လှောင်အိမ်ထဲမှာ မျောက်အသစ်တွေပဲ ရှိတော့တယ်…

မျောက်အသစ်တွေဟာလည်း ဌက်ပျောသီးကို ဘယ်သူယူယူ ဆွဲချနေတုန်းပဲ…
ဒီပုံပြင်လေးထဲက မျောက်တွေဟာ ကျမတို့ ပတ်ဝန်းကျင်ကသူတွေနဲ့ အတူတူပဲ…

ကိစ္စတခုဟာ တကယ်မှန်ခြင်း ၊ မှားခြင်း ဝေဖန်ဆုံးဖြတ်ဖို့ထက် “ငါတို့တုန်းကလဲ ဒီလိုပဲ နေခဲ့ရတာပဲ” ဆိုတဲ့အကြောင်းပြချက်က အရာရာကို ကိုယ်လိုရာဆွဲတွေးဖို့ ၊ အတ္တ​တွေကို အရောင်တင်ပေးဖို့ ဗီတိုအာဏာပဲ… ကံလေးကောင်းပြီး လင်ကောင်းသားကောင်း ရသွားသူတွေဟာလဲ ဇီးသီးသည် မဗျိုင်းလိုပဲ…

ကိုယ့်တုန်းက ဘယ်လိုခံစားခဲ့ရလဲ ဆိုတာမေ့ ၊ ကိုယ်ချင်းစာစိတ်တွေ ပျောက်ဆုံးပြီး သူများကို လက်ညှိုးထိုးဖို့ အဆင်သင့်… မိမိနှုတ်ခမ်းဖျားမှာ သူတပါးရဲ့ အရှက်သိက္ခာတွေကို လောင်းကြေး ထပ်ထားတယ်ဆိုတာ မသိရော့လေလား… 😐😐😐

ကျမတို့ မိန်းမသားတွေ ဘ၀ကို ကျမတို့မိန်းမသားတွေကပဲ တတ်နိုင်သလောက် ကယ်တင် ကြရအောင်လားနော်… 😥

တိတ်တိတ်လေးငိုနေတဲ့ မျက်ရည်တွေကို အားပေးစကားလေးတွေ ပြောပြီး သုတ်ပေးကြရအောင်လား… 😥

ပတ်ဝန်းကျင်ကို ကြောက်လို့ ၊ မိဘကိုကြောက်လို့ အရာရာကို မဆုံးဖြတ်ရဲတဲ့ ကလေးလေးတွေကို အမှောင်ထဲက ဆွဲထုတ်ကြရအောင်လား… 😥

သူတို့ရဲ့အရှေ့မှာ လှပတဲ့ကောင်းကင်ကြီး ရှိတယ်ဆိုတာကို အတူတူ ပြသကြရအောင်လားနော်… 😥



Credit : ချစ်သဉ္ဇာ

ပထမဦးစွာ ကျမပြောလိုုတာက ကျမရေးတဲ့ ဒီဆောင်းပါးဟာ မိန်းကလေးတွေကိုုပဲ ရည်ရွယ်တာပါ ဆိုုတာပါပဲ… ဟုုတ်ပါပြီ… ဒါဆိုုရင် ခေါင်းစဉ်လေးကိုု ဆက်ဆွေးနွေး လိုက်ကြရအောင်….

“မိန်းကလေးများ ရည်းစား တယောက်နဲ့ တွဲတာကြာလာရင် ဘာဖြစ်လဲ…”

ကျမတိုု့ ပတ်ဝန်းကျင်မှာ သိပ်ကိုုရေပန်းစားတဲ့ မေးခွန်းပါ… အားလုံုးလဲ ကြားဖူးကြမှာပါ…

“သူနဲ့သူကောင်လေးက တွဲတာကြာနေပြီ မယူကြဘူးလား မသိဘူး…”

“ဒီလောက် အကြာကြီးတွဲပြီးမှ ကောင်လေးက မယူဘူးဆိုုတော့ သူမှာ ဘာပြစ်ချက်ရှိနေလဲမှ မသိတာ…”

“ဒီလောက် အကြာကြီးတွဲမှတော့ ဖွတ်လပွတ် ကြေနေလောက်ပြီ…”

ကျမသိပ်မုုန်းတဲ့ စကားတွေပါ… ကျမစဉ်းစားလိုု့ မရတာတခုုက လူတွေဟာ ကိုုယ့်နဲ့မဆိုုင်တဲ့ ကိုုယ်အတွင်းကျကျ မသိတဲ့ ကိစ္စတခုုကိုု ဘာလိုု့အလွယ်တကူ တံဆိပ်ကပ်ချင် ကြတာလဲ… ကဲ… ကျမကိုု မေးပါပြီတဲ့… ကျမဖြေမဲ့ အဖြေကတော့

“မိန်းကလေး တယောက်ဟာ ရည်းစား တယောက်နဲ့ တွဲတာ ကြာသည်ဖြစ်စေ ၊ မကြာသည်ဖြစ်စေ ယူယူ ၊ မယူယူ ဘာမှမဖြစ်ပါဘူး….”

ဘာလိုု့ ဘာမှမဖြစ်တာလဲ… အားလုံုးမှာ ကျမတိုု့မသိတဲ့ Behind the story တွေအများကြီး ရှိပါတယ်… အများအမြင်မှာ ပျော်ရွှင်နေပေမဲ့ ကွယ်ရာငိုုကြွေးနေရတဲ့ မိန်းကလေးတွေ အများကြီးပါ…

သူတိုု့ကိုုလဲ အပြစ်မဆိုုသာ… ဘယ်သူကကော ကိုုယ့်အတွင်း အပူမှန်သမ ျှကိုု အပြင်ကိုုဖြန့်ဝေနေမှာလဲ… အဲ့တော့ လူအများရှေ့မှာ ပျော်ရွှင်နေတိုုင်း relationship တိုုင်းဟာ ပျော်ရွှင်နေကြတာ မဟုုတ်ပါဘူး… (တကယ်ပျော်ရွှင်နေတဲ့ သူများလဲ ရှိမှာပါ…)

သေချာတာကတော့ ဘယ်မိန်းကလေးကမှ တွဲတာကြာပြီဖြစ်တဲ့ ရည်းစားကိုု မပြတ်ချင်ပါဘူး… ဖြစ်နိုုင်ရင် ကိုုယ့်ချစ်သူနဲ့ မြန်မြန် လက်တွဲချင်တာပါပဲ…

လက်မထပ်သေးဘူး ၊ ဒါမှမဟုုတ် လက်တွဲဖြုတ်ချင်တယ် ဆိုုကတည်းက သူတိုု့မှာ လူတွေမသိတဲ့ မထွေးနိုုင် မအံနိုုင်ပြသနာတွေ ရှိနေလိုု့ပါ…

ဘယ်လိုုပြသနာတွေလဲ…
– နောက်တယောက် ဖောက်ပြန်နေတာမျိူး
-အကျင့်မကောင်းတဲ့ယောင်္ကျားမှန်း တဖြေးဖြေး သိလာတာမျိူး
-သူမိဘဟာ ကိုုယ့်ကိုု မကြည်ဖြူတာမျိူး
-လက်ပါတတ်တဲ့ယောင်္ကျားမှန်း သိလာရတာမျိူး
-အနာဂါတ်ဟာ မသေချာ မရေရာနေတာမျိူး
-စိတ်သဘောထားချင်းညှိနှိုုင်းလိုု့ အဆင်မပြေသေးတာမျိူး
စသည်ဖြင့် အကြောင်းအမျိူးမျိူး ဖြစ်နိုုင်ပါတယ်…

အပေါ်မှာပြောခဲ့တဲ့ အချက်တွေထဲက တချက်လဲ ဖြစ်နိုုင်သလိုု အကုုန်လုံုးလဲ ဖြစ်နိုုင်ပါတယ်…

ကဲ… ကျမမေးမယ်… စာဖတ်သူတွေလဲ အပေါ်မှာပြောတဲ့ အချက်တချက်နဲ့ ငြိနေတဲ့ ယောင်္ကျားနဲ့ ကြုံဆုံုလာပြီ ထားပါတော့ … တွဲတာလဲ အချိန်တခုု ကြာနေပြီပဲ ထားပါတော့ …

ကဲ… အဲ့ယောင်္ကျားကိုုယူမလား… ခေါင်းခါကြမယ် မဟုုတ်လား… ဟုုတ်တာပဲလေ… ကျမဆိုုရင်လဲ ငြင်းမိမှာပဲလေ… ဘာလိုု့လဲဆိုုတော့ ကျမတိုု့က မြန်မာ မိန်းကလေးတွေလေ… တသက်မှာ တခါ ရွေးချယ်ခွင့်ရတဲ့ ယောင်္ကျားကိုု လက်လွှတ်စပယ် ကြံရာလူ ဆွဲယူလိုုက်လိုု့ ဖြစ်မလား…

အကြိမ်ကြိမ် အခါခါ လက်ထပ်တာကိုုတောင် အပြစ်မမြင်တဲ့ ပတ်ဝန်းကျင်မျိူး ၊ အနောက် နိုင်ငံကြီးတွေလိုုမှာတောင် လက်မထပ်ခင် သေချာ အပြန်ပြန် အလှန်လှန် စဉ်းစားကြတာ…

တအိမ်ထဲ အကြာကြီး အတူတူ နေချင်နေပေမဲ့ လက်ထပ်ချင်မှ လက်ထပ်ကြတာလေ…

တကယ်တမ်းတော့ လက်ထပ်တယ်ဆိုုတာ စာရွက်တခုုမှာ လက်မှတ် ထိုုးလိုုက်တာထက် အများကြီးပိုုပါတယ်…

လူနှစ်ယောက်ဟာ တဘဝလုံုးစာ စိတ်ဓါတ် ၊ အမူအကျင့် အားလုံုးကိုု ညှိယုူရတော့မယ်… အဲ့တော့ ကိုုယ် လက်တွဲမဲ့သူကိုု စိတ်တိုုင်းကျ ရှာဖွေမိတာ မှားလားရှင်…

တွဲတာတော့ကြာပါပီ… ဒါပေမဲ့ မကောင်းတဲ့သူတယောက်ကိုု သိသိလျက်နဲ့ ဇွတ်မှိတ်ယူသင့်လား… တကယ်တော့ သူတိုု့ဟာ သိပ်သနားဖိုု့ကောင်းပါတယ်…

“စားရမှာလဲ သဲတလ ျှပ်လ ျှပ် ၊ ပြစ်ရမှာလဲ အဆီတဝင်းဝင်း” ဆိုုတဲ့ အဖြစ်မျိူး… တဖက်ကလဲ ကိုုယ်နှစ်တွေ အကြာကြီး မြှပ်နှံပြီး ချစ်ရတဲ့ချစ်သူ၊ တဖက်ကလဲ ရေရှည် ဘယ်လိုုမှ အဆင်မပြေဘူးဆိုုတာ သိနေတယ်…

နောက် ပတ်ဝန်းကျင် ၊ ဆွေမျိုး အသိုုင်းအဝိုုင်း က လက်ညှိုးထိုုးမှာလဲ ကြောက်ရသေး… ဘယ်လောက်များ အားငယ်နေလိုုက်မလဲ… ဘယ်လောက်များ ဝေခွဲမရ ဖြစ်နေလိုုက်မလဲ…

ဒီအချိန်ဟာ ဘဝမှာ အရေးကြီးတဲ့ ဆုံုးဖြတ်ချက်ကိုု ချရတဲ့အချိန်မိုု့ အင်မတန်ကိုု stress များရှာမှာပါ… တချို့ဆိုု စိတ်ကျရောဂါတောင် ရလေရဲ့…

ဘုုရားမှတ်လိုု့ ကိုုးကွယ်ကာမှ ၊ ဖွတ်ထွက်မှ တောင်ပိုု့မှန်းသိရတဲ့ အဖြစ်… ကုုန်သွားတဲ့ အချိန်တွေကလဲ နှမြောစရာ… အဲ့လိုုကြုံနေတဲ့ ညီမလေးတွေကိုု ကျမပြောနေကျ စကားတခွန်းရှိတယ်…

“ကိုုယ်တွဲနေတဲ့သူဟာ မကောင်းတဲ့သူ ၊ မဖြစ်သင့်တဲ့ သူမှန်းသိရင် အမြန်ဆုံုး လမ်းခွဲပါ… အဆုံုးမရှိတဲ့လမ်းကိုု ၁၀လှမ်းလျှောက်မိရင် ၁၀လှမ်းစာ နောက်ပြန်ဆုုတ်ရပါလိမ့်မယ်…

မကောင်းတဲ့သူဟာ မကောင်းတဲ့ အမူအကျင့်သာ ရှိမှာမ့ိုု အခုု လမ်းမခွဲလဲ နောင်တချိန် လမ်းခွဲရမှာပဲ… ယူပြီးကာမှ လမ်းခွဲရင် တခုုလပ်ဖြစ်မယ်… ကလေးတယောက် မွေးပြီးကာမှ လမ်းခွဲရင် ကလေးအမေ တလင်ကွာ ဖြစ်မယ်… ကလေး၂ယောက် မွေးပြီးကာမှ လမ်းခွဲရင် ကလေး၂ယောက်အမေ တလင်ကွာ ဖြစ်မယ်…

မကောင်းတဲ့သူဟာ တသက်လုံုး ကောင်းလာမှာ မဟုုတ်လိုု့ တချိန်ချိန်ခွဲကိုု ခွဲရမှာပဲ… အဲ့တော့ စောစောစီးစီး သိပြီး လမ်းခွဲခွင့် ရခြင်းကပဲ ကံကောင်းခြင်းလိုု့ မှတ်ယူလိုုက်ပါ…

ကုုသိုုလ်ကောင်းမှု များများလုုပ်လိုု့ ဝဋ်ကြွေး မြန်မြန်ကြေတယ်ပဲ မှတ်လိုုက်ပါ…” လို့…

နောက်သူတိုု့ ကိုုယ်သူတိုု့ အမြဲမေးနေတဲ့ မေးခွန်းက “ နောက်ထပ်တွဲတဲ့ တယောက်က ဒီတယောက်ထက် ဆိုုးနေရင် ဘယ်လိုုလုုပ်မလဲ”… ဆိုုတာပဲ…

ဒါဆိုုလဲ ကျမပြောနေကျ စကားပဲ ပြန်ပြောပါမယ်… “ကိုုယ်ဟာ ၁၀၀ တန်ရင် ၁၀၀ တန် ယောင်္ကျား ရပါလိမ့်မယ်… ကိုုယ်ဟာ တစ်သိန်း တန်ရင် တစ်သိန်းတန် ယောင်္ကျား လာပါလိမ့်မယ်… အဲ့တော့ ပိုုကောင်းတဲ့ ယောင်္ကျားကိုု လိုုချင်ရင် ထိုုင်စိတ်မညစ်ပါနဲ့… ထိုုင်ဆုုမတောင်းပါနဲ့… ပိုုတော် ၊ ပိုုလှတဲ့ မိန်းကလေး ဖြစ်အောင်ပဲ ကြိုးစားပါ…”

အမှန်တကယ်တော့ ရည်းစား သက်တမ်းကြာပြီး မယူဖြစ်သေးတဲ့ အတွဲတွေမှာ လူမသိတဲ့ ပြသနာကိုုယ်စီ ရှိတတ်ပါတယ်… (အဆင်ပြေလျက်နဲ့ မယူသူများလဲ ရှိပါတယ်… အားလုံုးကိုု မဆိုုလိုုပါ… )

မိန်းကလေးတိုုင်းဟာ ရည်းစားထားမှတော့ ယူဖိုု့အထိပဲ ရည်ရွယ်ကြတာပါ… ဘယ်သူမှ အပျော်ရယ်လိုု့ မတွဲကြပါဘူး… ကံမကောင်းလိုုသာ အချိန်အကြာကြီး မြှပ်နှံထားပေမဲ့ လမ်းခွဲရတာပါ… အဲ့လိုု ကံမကောင်းတဲ့သူတယောက်ကိုု အကြောင်းအရင်း သေချာမသိဘဲ ဝေဖန်နေခြင်းဟာ “ ရေနစ်သူ ဝါးထိုုးကုူ” ဆိုုသလိုု ဖြစ်မနေဘူးလား…

အဲ့လိုု ဝေဖန်နေတဲ့သူတွေ ကိုုယ့်ညီမ ၊ သမီးဆိုုရင်ကော ဘယ်လိုု အကြံဉာဏ်ပေးမလဲ သိချင်မိရဲ့…

ကျမ ဒီဆောင်းပါးကိုုရေးရင်း ပုံုပြင်လေးတပုုဒ်ကိုု သွားသတိရတယ်… မျောက် ၅ ကောင်ပုံုပြင်… မျောက် ၅ ကောင်ကိုု လှောင်အိမ်ထဲ ထည့်ထားတယ်… လှောင်အိမ်ထိပ်မှာ ဌက်ပျောသီးကိုု ချိတ်ထားတယ်…

မျောက်၅ ကောင်ထဲက တကောင် ဌက်ပျောသီး ယူတာနဲ့ အောက်က ဆွဲချတယ်… အဲ့တော့ မျောက်အားလုံးဟာ ဌက်ပျောသီးကိုု ယူရင် ဆွဲချခံရမယ် ဆိုုတာသိတော့ ဘယ်သူမှ သွားမယူရဲတော့ဘူး…

နောက်ရက်နဲနဲကြာတော့ မျောက်အဟောင်း ၁ကောင်ကိုု ထုုတ်ပြီး မျောက်အသစ် ၁ကောင် ထည့်တယ်… မျောက်အသစ်က ဌက်ပျောသီး အကြောင်း မသိတော့ တက်ယူဖိုု့ ကြိုးစားတာပေါ့…

အဲ့အခါမှာတော့ အပြင်လူက ဆွဲမချတော့ဘူး… သိုု့ပေမဲ့ ကျန်တဲ့မျောက် ၄ကောင်က ဆွဲချတယ်… သူတိုု့တုုန်းက ဆွဲချခံခဲ့ရတာကိုုး…

ဒီလိုုနဲ့ ရက်နဲနဲစီခြားပြီး မျောက်တွေ ၁ကောင်ပြီး ၁ကောင် လဲလာလိုုက်တာ မျောက်အဟောင်းတွေ တကောင်မှမကျန်တော့ဘဲ လှောင်အိမ်ထဲမှာ မျောက်အသစ်တွေပဲ ရှိတော့တယ်…

မျောက်အသစ်တွေဟာလည်း ဌက်ပျောသီးကိုု ဘယ်သူယူယူ ဆွဲချနေတုုန်းပဲ…
ဒီပုံုပြင်လေးထဲက မျောက်တွေဟာ ကျမတိုု့ ပတ်ဝန်းကျင်ကသူတွေနဲ့ အတူတူပဲ…

ကိစ္စတခုုဟာ တကယ်မှန်ခြင်း ၊ မှားခြင်း ဝေဖန်ဆုံုးဖြတ်ဖိုု့ထက် “ငါတိုု့တုုန်းကလဲ ဒီလိုုပဲ နေခဲ့ရတာပဲ” ဆိုုတဲ့အကြောင်းပြချက်က အရာရာကိုု ကိုုယ်လိုုရာဆွဲတွေးဖိုု့ ၊ အတ္တတွေကိုု အရောင်တင်ပေးဖိုု့ ဗီတိုအာဏာပဲ… ကံလေးကောင်းပြီး လင်ကောင်းသားကောင်း ရသွားသူတွေဟာလဲ ဇီးသီးသည် မဗျိူင်းလိုုပဲ…

ကိုုယ့်တုုန်းက ဘယ်လိုုခံစားခဲ့ရလဲ ဆိုုတာမေ့ ၊ ကိုုယ်ချင်းစာစိတ်တွေ ပျောက်ဆုံုးပြီး သူများကိုု လက်ညှိုးထိုုးဖိုု့ အဆင်သင့်… မိမိနှုုတ်ခမ်းဖျားမှာ သူတပါးရဲ့ အရှက်သိက္ခာတွေကိုု လောင်းကြေး ထပ်ထားတယ်ဆိုုတာ မသိရော့လေလား… 😐😐😐

ကျမတိုု့ မိန်းမသားတွေ ဘဝကိုု ကျမတိုု့မိန်းမသားတွေကပဲ တတ်နိုုင်သလောက် ကယ်တင် ကြရအောင်လားနော်… 😥

တိတ်တိတ်လေးငိုုနေတဲ့ မျက်ရည်တွေကိုု အားပေးစကားလေးတွေ ပြောပြီး သုုတ်ပေးကြရအောင်လား… 😥

ပတ်ဝန်းကျင်ကိုု ကြောက်လိုု့ ၊ မိဘကိုုကြောက်လိုု့ အရာရာကိုု မဆုံုးဖြတ်ရဲတဲ့ ကလေးလေးတွေကိုု အမှောင်ထဲက ဆွဲထုုတ်ကြရအောင်လား… 😥

သူတိုု့ရဲ့အရှေ့မှာ လှပတဲ့ကောင်းကင်ကြီး ရှိတယ်ဆိုုတာကိုု အတူတူ ပြသကြရအောင်လားနော်… 😥

ကျမကတော့ စာဖတ်သူ ညီမလေးတွေ စိတ်ချမ်းသာ၊ ပျော်ရွှင်နေရင် ကျေနပ်ပါတယ်…❤💓💕

ခပ်မြင့်မြင့်က လှပတဲ့ပန်းလေးတစ်ပွင့်ဖြစ်ပါစေ🌼

Credit : ချစ်သဉ္ဇာ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top