iMyanmarHouse.com - Best Property Website for Myanmar
×

ေရခဲကို ေတာ္ေတာ္မ်ားမ်ားကေတာ့ ဒဏ္ရာအနာတရ ျဖစ္တဲ့အခါ ေယာင္ရမ္းတာေတြ မရွိေစဖို႔ ကပ္ၾကသလို အေအးထဲ ထည့္ေဖ်ာ္ၾကတာလည္း ရွိပါတယ္။ တကယ္ေတာ့ ေရခဲကို အလွအပအတြက္ သံုးေပးလို႔ ရပါေသးတယ္။ ေရခဲမွာ ပါဝင္တဲ့ အစြမ္းသတိၱေတြဟာ မ်က္ႏွာေလး လွပဖို႔အတြက္ အေထာက္အကူ ျပဳပါတယ္။ ဒါဆိုရင္ေတာ့ ေရခဲက မ်က္ႏွာေလးလွဖို႔ ဘာေတြ အသံုးဝင္မလဲဆိုတာ ၾကည့္ၾကည့္လုိက္ရေအာင္ေနာ္။

မ်က္ကြင္းညိဳျခင္း

မ်က္ကြင္းညိဳျခင္း ျဖစ္ရျခင္းဟာ ေသြးလည္ပတ္စီးဆင္းမႈမွာ ျပႆနာရွိတာေၾကာင့္ ျဖစ္ပါတယ္။ ဒီလို မ်က္ကြင္းညိဳတာေတြအတြက္လည္း ေကာင္းမြန္တဲ့ skin careေတြ သံုးလို႔ ရသလို ေရခဲတံုးေလးေတြ ကပ္ေပးတာမ်ိဳးလည္း လုပ္လို႔ရပါေသးတယ္။ ေရခဲအတံုးေသးေလးေတြ ျပဳလုပ္တဲ့အခါမွာ ေရခဲျပဳလုပ္မယ့္ ေရထဲကို ႏြားႏုိ႔ေလး နည္းနည္းေလာက္ထည့္ေပးပါ။ ႏြားႏို႔နည္းနည္းပါဝင္တဲ့ ေရခဲတံုးေလး ရၿပီဆိုရင္ေတာ့ ေရခဲတံုးကို ပလတ္စတစ္ ဒါမွမဟုတ္ အဝတ္စတစ္မ်ိဳးမ်ိဳးေလးနဲ႔ ထုပ္ၿပီး မ်က္ကြင္းညိဳတဲ့ ေနရာတဝိုက္မွာ ကပ္ထားေပးပါ။ ေအးလာတဲ့အထိပဲ ရပါတယ္။ ဒီလိုေလး လုပ္ေပးမယ္ဆိုရင္ မ်က္ကြင္းညိဳတာ သက္သာေစမွာပါ။

အေရးအေၾကာင္း

အသက္အရြယ္အရ အေရးအေၾကာင္းေတြ ျဖစ္လာတာကုိ ေရွာင္လႊဲလို႔ မရေပမယ့္ အရြယ္မတိုင္ခင္ကတည္းက အေရးအေၾကာင္းေတြ မျဖစ္ေအာင္ေတာ့ လုပ္ေဆာင္လို႔ ရႏိုင္ပါတယ္။ ဒိ့အတြက္ ေရခဲက စြမ္းေဆာင္ႏိုင္ပါတယ္။ မ်က္ႏွာကို ေရေႏြးေႏြး ဒါမွမဟုတ္ ေရေအးေလး သံုးၿပီးေတာ့ မ်က္ႏွာသစ္လိုက္ပါ။ ၿပီးရင္ေတာ့ ေရခဲတံုးေလးေတြကို အဝတ္စေလးနဲ႔ ထုပ္ၿပီး အေရးအေၾကာင္းရွိတဲ့ ေနရာေတြမွာ ညင္ညင္သာသာေလး ေရြ႔လ်ားေပးပါ။ တစ္ပတ္ကို (၂) ႀကိမ္ေလာက္ဆိုရင္ေတာင္ သိသာပါတယ္။

မိတ္ကပ္

မိတ္ကပ္ေလး တစ္ေနကုန္ မ်က္ႏွာမွာ ရွိေနေစခ်င္တယ္ဆိုရင္ေတာ့ ေရခဲေလး သံုးလို႔ ရပါေသးတယ္။ ေအာက္ခံမိတ္ကပ္မလိမ္းခင္မွာ primer လိမ္းၾကသလိုမ်ိဳးပါပဲ မိတ္ကပ္မလိမ္းခင္မွာ ေရခဲေလး မ်က္ႏွာမွာ ကပ္ထားေပးပါ။ ဒီလို လုပ္ေပးတာက ေခၽြးေပါက္ေတြကို က်ဥ္းေစၿပီး အဆီမျပန္ေစတာမို႔ မိတ္ကပ္ကြက္ျခင္း၊ ပ်က္ျခင္းမရွိဘဲ တစ္ေနကုန္ လွပေနမွာပါ။

မ်က္ႏွာအဆီျပန္ျခင္း

မ်က္ႏွာအဆီတဝင္းဝင္း ျဖစ္လို႔ မလွဘူး ထင္ေနရင္ေတာ့ အဆီျပန္ျခင္းေတြကို ႏႈတ္ဆက္လိုက္ဖုိ႔ ဝန္မေလးသင့္ပါဘူး။ အဆီျပန္တဲ့ အသားအေရက ဝက္ျခံလည္း ျဖစ္ေစႏိုင္ပါတယ္။ ေရခဲတံုးေလးေတြကို ထုပ္ၿပီး မ်က္ႏွာမွာ ကပ္ေပးပါ။ အထူးသျဖင့္ T zone မွာပါ။ ခပ္ေအးေအးေလး ျဖစ္တဲ့အထိ ကပ္ထားေပးပါ။ ဒါဆိုရင္ အဆီျပန္ျခင္းေတြ ကင္းေဝးမွာပါ။ အကယ္လို႔ မ်က္ႏွာကို စိုစိုအိအိေလး ျဖစ္ခ်င္တယ္ဆုိရင္ေတာ့ အစိုဓါတ္ထိန္းခရင္မ္ေလး လိမ္းေပးပါ။

ဝက္ျခံနဲ႔ အမာရြတ္

ေရခဲကေတာ့ ဝက္ျခံေၾကာင့္ ေယာင္ရမ္းတာေတြနဲ႔ ဝက္ျခံထပ္မထြက္ေစဖို႔ အစြမ္းေဆာင္ေပးႏိုင္ဆံုး ပစၥည္းပါပဲ။ ျပင္ပဒဏ္ရာေၾကာင့္ ျဖစ္တဲ့ အမာရြတ္ေတြကိုလည္း ေပ်ာက္ေစပါတယ္။ သတိထားရမွာကေတာ့ ဝက္ျခံက ဘက္တီးရီးယားေတြေၾကာင့္ ျပည္တည္သလို အဆံျဖဴျဖဴေတြ ရွိေနၿပီး ေယာင္ရမ္းေနတယ္ဆိုရင္ ေရခဲကပ္တဲ့အခါမွာ အထူးသတိထားပါ။ ဝက္ျခံအတြက္ ေရခဲကပ္မယ္ဆိုရင္ေတာ့ ၾကာခ်ိန္(၁) မိနစ္ထက္ မပိုပါေစနဲ႔ေနာ္။ တစ္မိနစ္ေလာက္ ကပ္ၿပီးတဲ့အခါမွာ ကိုယ္နဲ႔တည့္တဲ့ အဆီေလး တစ္မ်ိဳးမ်ိဳး လိမ္းထားတာမ်ိဳး လုပ္ႏိုင္ပါတယ္။

ကဲ..အခုဆိုရင္ ေရခဲက ေပးစြမ္းႏိုင္တဲ့ အလွအပေတြကို သိရၿပီဆိုေတာ့ မ်က္ႏွာေလး လွပသြားေအာင္ အိမ္မွာ လုပ္ၾကည့္ဖုိ႔ တိုက္တြန္းလိုက္ပါတယ္ေနာ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ရေခဲကို တော်တော်များများကတော့ ဒဏ်ရာအနာတရ ဖြစ်တဲ့အခါ ယောင်ရမ်းတာတွေ မရှိစေဖို့ ကပ်ကြသလို အအေးထဲ ထည့်ဖျော်ကြတာလည်း ရှိပါတယ်။ တကယ်တော့ ရေခဲကို အလှအပအတွက် သုံးပေးလို့ ရပါသေးတယ်။ ရေခဲမှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေဟာ မျက်နှာလေး လှပဖို့အတွက် အထောက်အကူ ပြုပါတယ်။ ဒါဆိုရင်တော့ ရေခဲက မျက်နှာလေးလှဖို့ ဘာတွေ အသုံးဝင်မလဲဆိုတာ ကြည့်ကြည့်လိုက်ရအောင်နော်။

မျက်ကွင်းညိုခြင်း

မျက်ကွင်းညိုခြင်း ဖြစ်ရခြင်းဟာ သွေးလည်ပတ်စီးဆင်းမှုမှာ ပြဿနာရှိတာကြောင့် ဖြစ်ပါတယ်။ ဒီလို မျက်ကွင်းညိုတာတွေအတွက်လည်း ကောင်းမွန်တဲ့ skin careတွေ သုံးလို့ ရသလို ရေခဲတုံးလေးတွေ ကပ်ပေးတာမျိုးလည်း လုပ်လို့ရပါသေးတယ်။ ရေခဲအတုံးသေးလေးတွေ ပြုလုပ်တဲ့အခါမှာ ရေခဲပြုလုပ်မယ့် ရေထဲကို နွားနို့လေး နည်းနည်းလောက်ထည့်ပေးပါ။ နွားနို့နည်းနည်းပါဝင်တဲ့ ရေခဲတုံးလေး ရပြီဆိုရင်တော့ ရေခဲတုံးကို ပလတ်စတစ် ဒါမှမဟုတ် အဝတ်စတစ်မျိုးမျိုးလေးနဲ့ ထုပ်ပြီး မျက်ကွင်းညိုတဲ့ နေရာတဝိုက်မှာ ကပ်ထားပေးပါ။ အေးလာတဲ့အထိပဲ ရပါတယ်။ ဒီလိုလေး လုပ်ပေးမယ်ဆိုရင် မျက်ကွင်းညိုတာ သက်သာစေမှာပါ။

အရေးအကြောင်း

အသက်အရွယ်အရ အရေးအကြောင်းတွေ ဖြစ်လာတာကို ရှောင်လွှဲလို့ မရပေမယ့် အရွယ်မတိုင်ခင်ကတည်းက အရေးအကြောင်းတွေ မဖြစ်အောင်တော့ လုပ်ဆောင်လို့ ရနိုင်ပါတယ်။ ဒိ့အတွက် ရေခဲက စွမ်းဆောင်နိုင်ပါတယ်။ မျက်နှာကို ရေနွေးနွေး ဒါမှမဟုတ် ရေအေးလေး သုံးပြီးတော့ မျက်နှာသစ်လိုက်ပါ။ ပြီးရင်တော့ ရေခဲတုံးလေးတွေကို အဝတ်စလေးနဲ့ ထုပ်ပြီး အရေးအကြောင်းရှိတဲ့ နေရာတွေမှာ ညင်ညင်သာသာလေး ရွေ့လျားပေးပါ။ တစ်ပတ်ကို (၂) ကြိမ်လောက်ဆိုရင်တောင် သိသာပါတယ်။

မိတ်ကပ်

မိတ်ကပ်လေး တစ်နေကုန် မျက်နှာမှာ ရှိနေစေချင်တယ်ဆိုရင်တော့ ရေခဲလေး သုံးလို့ ရပါသေးတယ်။ အောက်ခံမိတ်ကပ်မလိမ်းခင်မှာ primer လိမ်းကြသလိုမျိုးပါပဲ မိတ်ကပ်မလိမ်းခင်မှာ ရေခဲလေး မျက်နှာမှာ ကပ်ထားပေးပါ။ ဒီလို လုပ်ပေးတာက ချွေးပေါက်တွေကို ကျဉ်းစေပြီး အဆီမပြန်စေတာမို့ မိတ်ကပ်ကွက်ခြင်း၊ ပျက်ခြင်းမရှိဘဲ တစ်နေကုန် လှပနေမှာပါ။

မျက်နှာအဆီပြန်ခြင်း

မျက်နှာအဆီတဝင်းဝင်း ဖြစ်လို့ မလှဘူး ထင်နေရင်တော့ အဆီပြန်ခြင်းတွေကို နှုတ်ဆက်လိုက်ဖို့ ဝန်မလေးသင့်ပါဘူး။ အဆီပြန်တဲ့ အသားအရေက ဝက်ခြံလည်း ဖြစ်စေနိုင်ပါတယ်။ ရေခဲတုံးလေးတွေကို ထုပ်ပြီး မျက်နှာမှာ ကပ်ပေးပါ။ အထူးသဖြင့် T zone မှာပါ။ ခပ်အေးအေးလေး ဖြစ်တဲ့အထိ ကပ်ထားပေးပါ။ ဒါဆိုရင် အဆီပြန်ခြင်းတွေ ကင်းဝေးမှာပါ။ အကယ်လို့ မျက်နှာကို စိုစိုအိအိလေး ဖြစ်ချင်တယ်ဆိုရင်တော့ အစိုဓါတ်ထိန်းခရင်မ်လေး လိမ်းပေးပါ။

ဝက်ခြံနဲ့ အမာရွတ်

ရေခဲကတော့ ဝက်ခြံကြောင့် ယောင်ရမ်းတာတွေနဲ့ ဝက်ခြံထပ်မထွက်စေဖို့ အစွမ်းဆောင်ပေးနိုင်ဆုံး ပစ္စည်းပါပဲ။ ပြင်ပဒဏ်ရာကြောင့် ဖြစ်တဲ့ အမာရွတ်တွေကိုလည်း ပျောက်စေပါတယ်။ သတိထားရမှာကတော့ ဝက်ခြံက ဘက်တီးရီးယားတွေကြောင့် ပြည်တည်သလို အဆံဖြူဖြူတွေ ရှိနေပြီး ယောင်ရမ်းနေတယ်ဆိုရင် ရေခဲကပ်တဲ့အခါမှာ အထူးသတိထားပါ။ ဝက်ခြံအတွက် ရေခဲကပ်မယ်ဆိုရင်တော့ ကြာချိန်(၁) မိနစ်ထက် မပိုပါစေနဲ့နော်။ တစ်မိနစ်လောက် ကပ်ပြီးတဲ့အခါမှာ ကိုယ်နဲ့တည့်တဲ့ အဆီလေး တစ်မျိုးမျိုး လိမ်းထားတာမျိုး လုပ်နိုင်ပါတယ်။

ကဲ..အခုဆိုရင် ရေခဲက ပေးစွမ်းနိုင်တဲ့ အလှအပတွေကို သိရပြီဆိုတော့ မျက်နှာလေး လှပသွားအောင် အိမ်မှာ လုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top