iMyanmarHouse.com - Best Property Website for Myanmar
×

တခါတ​လေ ယုသန္တာတင်​ နဲ့

နင်လည်း
ကတိလေးတော့ ပေး​နော်​ ။

တခါတ​လေ

နင်နဲ့ အတူတူ နေတဲ့ အခါ
တချို့ညနေစာကို
ကတိ​လေး​တော့ ​ပေး​နော်​ ။

တခါတ​လေ

နင်ကော

နင်​လည်း ငါလို့
ပြန်​​ပြော​ပေး​ပါ နော်​ . . . . . . .

Credit : စိုးပြည့်

တခါတလေ ယုသန္တာတင် နဲ့
လမ်းမှာ ကြုံခဲ့ရင် သူနဲ့
အကြည့်ချင်း မဆုံအောင် ငါဘက်က တာဝန်ယူသလို . . . .

နင်လည်း
အောင်ရဲလင်း ရှူတင်နဲ့ ကြုံကြိုက်ခဲ့ရင်
သူ ပုခုံးပေါ် ခေါင်းမှီပြီး ဓာတ်ပုံတွဲမရိုက်ပါဘူးလို့
ကတိလေးတော့ ပေးနော် ။

တခါတလေ
ကိုယ့် မနက်စာကို ထမင်းပူပူလေးအပေါ်
စတော်ပဲလေး ဖြူးပြီး ငါ စားနိုင်သလို . . . . .

နင်နဲ့ အတူတူ နေတဲ့ အခါ
တချို့ညနေစာကို
ငါးကြော်နဲ့ ထမင်းဆီစမ်း စားဖြစ်ခဲ့ရင်
နင်လည်း ငါနဲ့ တူတူ စားနိုင်ပါတယ်လို့
ကတိလေးတော့ ပေးနော် ။

တခါတလေ
အလုပ်ချိန်တွေ မအားတဲ့ ကြားက
နင်ဆီ ဖုန်းဆက်တဲ့ အချိန်တိုင်း . . . .

နင်ကော
ငါလို သတိမှ ရ ရဲ့လားဆိုတဲ့
သိမ်ငယ်စိတ်လေး ဖြစ်မိသွားရင် . . . .

နင်လည်း ငါလို့
ကိုယ့်ကိုကိုယ့်နဲ့ နှိုင်းပြီး ချစ်ရတာ
အရမ်းပင်ပန်းတယ် ချစ်သူရယ် . . .လို့
ပြန်ပြောပေးပါ နော် . . . . . . .

Credit : စိုးပြည့်

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top