iMyanmarHouse.com - Best Property Website for Myanmar
×

ရာသီဥတုက ေႏြစစ္စစ္ကို ေရာက္လာၿပီဆုိေတာ့ အေတာ္ကို ပူလာၿပီ။ အျပင္လည္းမထြက္ႏိုင္၊ အစားလည္းမစားႏိုင္ဘူးေလ။ ဒီလိုအခ်ိန္မ်ိဳးမွာဆုိရင္ ရင္ေအးေစမယ့္ အစားအေသာက္ေလးေတြကို စားေပးတာက စားလို႔လည္းဝင္၊ ခႏၶာကိုယ္အပူခ်ိန္ကိုလည္း က်ေစပါတယ္။

၁။ ဖရဲသီး

ေႏြရာသီမွာ ဖရဲသီးထက္ပိုၿပီး ေပၚျပဴလာျဖစ္တဲ့အသီးဆုိတာ ႐ွိကိုမ႐ွိဘူး။ အရင္တုန္းကေတာ့ ရာသီေပၚသစ္သီးဆုိေပမဲ့ ခုေတာ့ အၿမဲရေနပါၿပီ။ အနံ႔ေလးကလည္းေမႊး၊ စားလုိက္ရင္ ခ်ိဳေအးသြားတဲ့ ဖရဲသီးက ခႏၶာကိုယ္ကို ေရဓာတ္ျပည့္ေနေစမွာပါ

၂။ သစ္သီးသုပ္

သစ္သီးေတြအစံုလွီးၿပီး ဒိန္ခ်ဥ္ေလးနဲ႔ ေမႊၿပီးေသာက္တာလည္း ေကာင္းတာပဲ။ ရင္ေအးၿပီး ဗိုက္ျပည့္တယ္ေလ။ အစားမစားခ်င္ရင္ ဒါေလးစားတာ မဆိုးဘူးေနာ္။

၃။ အကင္

ဒီအခ်ိန္မွာ မစားခ်င္ဆံုးက ဆီျပန္ဟင္းေတြပဲျဖစ္မယ္ထင္တယ္။ အရမ္းပူေတာ့ ဆီျပန္ဟင္းေတြဆုိ မစားႏိုင္ဘူး။ အသားငါးေတြလည္း လွည့္ကိုမၾကည့္ခ်င္ ျဖစ္ေနရင္ အကင္ေလးေတြ လုပ္စားၾကည့္ပါလား။ အသားေတြလည္း အတံုးေလးေတြတံုးၿပီးကင္၊ ဟင္းခ်က္စားတဲ့အသီးေတြ (႐ံုးပတီသီးလိုမ်ိဳး)ကို ကင္စားရင္လည္း ျဖစ္တာပဲ။

၄။ Iced Tea

ေရေႏြးၾကမ္းကို အေအးခံၿပီးမေသာက္နဲ႔၊ ေရခဲေလးနဲ႔ေသာက္။ ႐ိုး႐ိုးလက္ဖက္ေျခာက္ ခပ္ထားတဲ့ ေရေႏြးၾကမ္းပဲျဖစ္ျဖစ္ တျခား ကိုယ္ႀကိဳက္တဲ့ ဘယ္လက္ဖက္ေျခာက္ကိုမဆုိ လုပ္လို႔ရတယ္။ ကယ္လိုရီလံုးဝမပါတဲ့အျပင္ ဝိတ္ေတာင္က်ဦးမွာ။ လက္ဖက္ရည္ၾကမ္းထဲကို ေရခဲေလးထည့္၊ လိေမၼာ္သီး/သံပ႐ိုသီးကြင္းေလးေတြနဲ႔ ပူစီနံ႐ြက္ေလးနည္းနည္းေလာက္ထည့္ေသာက္ၾကည့္ပါ။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ရာသီဥတုက နွေစစ်စစ်ကို ရောက်လာပြီဆိုတော့ အတော်ကို ပူလာပြီ။ အပြင်လည်းမထွက်နိုင်၊ အစားလည်းမစားနိုင်ဘူးလေ။ ဒီလိုအချိန်မျိုးမှာဆိုရင် ရင်အေးစေမယ့် အစားအသောက်လေးတွေကို စားပေးတာက စားလို့လည်းဝင်၊ ခန္ဓာကိုယ်အပူချိန်ကိုလည်း ကျစေပါတယ်။

၁။ ဖရဲသီး

နွေရာသီမှာ ဖရဲသီးထက်ပိုပြီး ပေါ်ပြူလာဖြစ်တဲ့အသီးဆိုတာ ရှိကိုမရှိဘူး။ အရင်တုန်းကတော့ ရာသီပေါ်သစ်သီးဆိုပေမဲ့ ခုတော့ အမြဲရနေပါပြီ။ အနံ့လေးကလည်းမွှေး၊ စားလိုက်ရင် ချိုအေးသွားတဲ့ ဖရဲသီးက ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်နေစေမှာပါ

၂။ သစ်သီးသုပ်

သစ်သီးတွေအစုံလှီးပြီး ဒိန်ချဉ်လေးနဲ့ မွှေပြီးသောက်တာလည်း ကောင်းတာပဲ။ ရင်အေးပြီး ဗိုက်ပြည့်တယ်လေ။ အစားမစားချင်ရင် ဒါလေးစားတာ မဆိုးဘူးနော်။

၃။ အကင်

ဒီအချိန်မှာ မစားချင်ဆုံးက ဆီပြန်ဟင်းတွေပဲဖြစ်မယ်ထင်တယ်။ အရမ်းပူတော့ ဆီပြန်ဟင်းတွေဆို မစားနိုင်ဘူး။ အသားငါးတွေလည်း လှည့်ကိုမကြည့်ချင် ဖြစ်နေရင် အကင်လေးတွေ လုပ်စားကြည့်ပါလား။ အသားတွေလည်း အတုံးလေးတွေတုံးပြီးကင်၊ ဟင်းချက်စားတဲ့အသီးတွေ (ရုံးပတီသီးလိုမျိုး)ကို ကင်စားရင်လည်း ဖြစ်တာပဲ။

၄။ Iced Tea

ရေနွေးကြမ်းကို အအေးခံပြီးမသောက်နဲ့၊ ရေခဲလေးနဲ့သောက်။ ရိုးရိုးလက်ဖက်ခြောက် ခပ်ထားတဲ့ ရေနွေးကြမ်းပဲဖြစ်ဖြစ် တခြား ကိုယ်ကြိုက်တဲ့ ဘယ်လက်ဖက်ခြောက်ကိုမဆို လုပ်လို့ရတယ်။ ကယ်လိုရီလုံးဝမပါတဲ့အပြင် ဝိတ်တောင်ကျဦးမှာ။ လက်ဖက်ရည်ကြမ်းထဲကို ရေခဲလေးထည့်၊ လိမ္မော်သီး/သံပရိုသီးကွင်းလေးတွေနဲ့ ပူစီနံရွက်လေးနည်းနည်းလောက်ထည့်သောက်ကြည့်ပါ။

Credit : Duwun
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top