iMyanmarHouse.com - Best Property Website for Myanmar
×

ေႏြရာသီမွာ အပူဒဏ္ေၾကာင့္ အႏၱရာယ္မျဖစ္ေစဖို႔ ဒါေတြစားပါ

ရာသီဥတုေတြဟာ ကိုယ့္ရဲ႕က်န္းမာေရးအေပၚမွာ အမ်ားႀကီး သက္ေရာက္မႈ ရွိပါတယ္။ ေႏြရာသီမွာ ပူလြန္းတာေၾကာင့္ ေသြးဖိအားျမင့္တက္ၿပီး ဦးေႏွာက္ေသြးေၾကာ ထိခိုက္ျခင္း၊ ေသြးတိုးျခင္း၊ ေခါင္းကိုက္ျခင္း၊ မိတ္ေပါက္ျခင္း၊ အသားအေရနီရဲျခင္း၊ အပူနာေတြ ထြက္ျခင္းေတြ ျဖစ္ႏိုင္ပါတယ္။ ဒီလိုျပႆနာေတြကို ကာကြယ္ႏိုင္ဖို႔အတြက္ အစားအစာေတြ စားေပးဖို႔ လုိအပ္ပါတယ္။ အစားအစာမွာ ပါဝင္တဲ့ အာဟာရဓါတ္ေတြဟာ ေႏြရာသီအပူဒဏ္ေၾကာင့္ ျဖစ္တတ္တဲ့ ျပႆနာေတြကို ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။ ဘာေတြစားရမလဲဆိုတာ Hello ဆရာ၀န္ကေန မွ်ေဝလိုက္ပါတယ္။

သခြားသီး

သခြားသီးမွာ ေရဓါတ္မ်ားမ်ား ပါဝင္တာကို ခံစားမိမွာပါ။ သခြားသီးစားလိုက္ရင္ ေရမ်ားမ်ားထြက္လာတာကို သတိထားမိမွာပါ။ ပူျပင္းလြန္းတဲ့ ေႏြရာသီမွာ ေရဓါတ္မ်ားမ်ား လိုအပ္တာေၾကာင့္ အရည္ရႊမ္းလြန္းတဲ့ သခြားသီး စားေပးပါ။ သခြားသီးမွာ pectin လိုမ်ိဳး အမွ်င္ဓါတ္ေတြ ပါဝင္ၿပီး ကိုလက္စထေရာကို ေလွ်ာ့က်တာမို႔ ႏွလံုးက်န္းမာေရးကိုလည္း တိုးတက္ေစပါတယ္။

ဖရဲသီး

ဖရဲသီးကေတာ့ ေႏြရာသီမွာ မျဖစ္မေန စားဖို႔ လိုအပ္တဲ့ အသီးပါပဲ။ ဘာလို႔လဲဆိုေတာ့ ဖရဲသီးဟာ ေရဓါတ္မ်ားမ်ား ေပးႏိုင္တဲ့ စူပါဟီး႐ိုးအသီးတစ္မ်ိဳး ျဖစ္တာေၾကာင့္ပါ။ ေရဓါတ္မ်ားမ်ား ပါဝင္ျခင္းဟာ ခႏၶာကိုယ္ စြမ္းအင္ေတြ ျပည့္ေစၿပီး Lycopene လည္းပါဝင္တာေၾကာင့္ ေနေရာင္ေၾကာင့္ အသားအေရ ဆဲလ္ေတြ ပ်က္စီးျခင္းကို ကာကြယ္ေပးပါတယ္။

ဒိန္ခ်ဥ္

ဒိန္ခ်ဥ္ ခ်ိဳခ်ိဳေအးေအးေလး ေသာက္ရင္ေတာ့ ေႏြရာသီမွာ အေမာေျပမွာပါ။ ဒါ့အျပင္ ဒိန္ခ်ဥ္ရဲ႕ အက်ိဳးေက်းဇူးေတြလည္း ရရွိမွာပါ။ ဒိန္ခ်ဥ္မွာ ပရိုတင္းေတြ ပါဝင္တာေၾကာင့္ အစားစားခ်င္စိတ္ကိုလည္း ျမွင့္တင္ေပးပါတယ္။ အဆီပါဝင္မႈ နည္းၿပီး ပရိုတင္းဓါတ္ပါဝင္တာေၾကာင့္ အစာေျခစနစ္လမ္းေၾကာင္းကိုပါ ေကာင္းေစပါတယ္။

လိေမၼာ္သီး

လိေမၼာ္သီးမွာ ပိုတက္စီယမ္ မ်ားမ်ားပါဝင္တာေၾကာင့္ ေႏြရာသီမွာ စားေပးဖို႔ လိုပါတယ္။ ပိုတက္စီယမ္က ေခၽြးထြက္ျခင္းကို ေလွ်ာ့ခ်ေပးၿပီး ၾကြက္သားေတြ ေတာင့္တင္းျခင္းကေန ေလ်ာ့က်ေစပါတယ္။ လိေမၼာ္သီးမွာ (၈၀) ရာခိုင္ႏႈန္း ေရဓါတ္ပါဝင္တာေၾကာင့္ ေရဓါတ္ခမ္းေျခာက္ျခင္းေတြ မျဖစ္ေစဘဲ ဖ်ားနာျခင္းေတြပါ ကင္းေစမွာပါ။

Green Tea

Green Tea ေတြကေတာ့ က်န္းမာေရးအတြက္ ေကာင္းေစတာ သိၿပီးသား ျဖစ္မွာပါ။ ေရဓါတ္လည္း မ်ားမ်ား ရၿပီး ႏွလံုးက်န္းမာေရး၊ ကိုလက္စထေရာ ပမာဏ၊ ဇီဝျဖစ္စဥ္ေတြကို ေကာင္းမြန္ေစပါတယ္။ ေႏြရာသီမွာ ပူတာမ်ိဳး မေသာက္ခ်င္ဘူးဆိုရင္ေတာ့  ေရေအးေလးနဲ႔ ေသာက္တာမ်ိဳး လုပ္ေပးႏိုင္ပါတယ္။

ဒီအစားအစာေလးေတြ စားေပးမယ္ဆိုရင္ေတာ့ ေႏြရာသီမွာ ျဖစ္တတ္တဲ့ ျပႆနာေတြကို ေလွ်ာ့ခ်ေပးႏုိင္မွာပါ။ ေႏြရာသီမွာ တတ္ႏုိင္သေလာက္ ေနပူေရွာင္ဖို႔ အၾကံေပးပါရေစ။ ေနပူထဲ ထြက္မယ္ဆိုရင္လည္း ဦးထုပ္၊ ထီး၊ အက်ႌလက္ရွည္အစရွိတဲ့ အကာအကြယ္ေတြ ယူပါ။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
နွေရာသီမှာ အပူဒဏ်ကြောင့် အန္တရာယ်မဖြစ်စေဖို့ ဒါတွေစားပါ

ရာသီဥတုတွေဟာ ကိုယ့်ရဲ့ကျန်းမာရေးအပေါ်မှာ အများကြီး သက်ရောက်မှု ရှိပါတယ်။ နွေရာသီမှာ ပူလွန်းတာကြောင့် သွေးဖိအားမြင့်တက်ပြီး ဦးနှောက်သွေးကြော ထိခိုက်ခြင်း၊ သွေးတိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ မိတ်ပေါက်ခြင်း၊ အသားအရေနီရဲခြင်း၊ အပူနာတွေ ထွက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုပြဿနာတွေကို ကာကွယ်နိုင်ဖို့အတွက် အစားအစာတွေ စားပေးဖို့ လိုအပ်ပါတယ်။ အစားအစာမှာ ပါဝင်တဲ့ အာဟာရဓါတ်တွေဟာ နွေရာသီအပူဒဏ်ကြောင့် ဖြစ်တတ်တဲ့ ပြဿနာတွေကို လျှော့ချပေးနိုင်ပါတယ်။ ဘာတွေစားရမလဲဆိုတာ Hello ဆရာဝန်ကနေ မျှဝေလိုက်ပါတယ်။

သခွားသီး

သခွားသီးမှာ ရေဓါတ်များများ ပါဝင်တာကို ခံစားမိမှာပါ။ သခွားသီးစားလိုက်ရင် ရေများများထွက်လာတာကို သတိထားမိမှာပါ။ ပူပြင်းလွန်းတဲ့ နွေရာသီမှာ ရေဓါတ်များများ လိုအပ်တာကြောင့် အရည်ရွှမ်းလွန်းတဲ့ သခွားသီး စားပေးပါ။ သခွားသီးမှာ pectin လိုမျိုး အမျှင်ဓါတ်တွေ ပါဝင်ပြီး ကိုလက်စထရောကို လျှော့ကျတာမို့ နှလုံးကျန်းမာရေးကိုလည်း တိုးတက်စေပါတယ်။

ဖရဲသီး

ဖရဲသီးကတော့ နွေရာသီမှာ မဖြစ်မနေ စားဖို့ လိုအပ်တဲ့ အသီးပါပဲ။ ဘာလို့လဲဆိုတော့ ဖရဲသီးဟာ ရေဓါတ်များများ ပေးနိုင်တဲ့ စူပါဟီးရိုးအသီးတစ်မျိုး ဖြစ်တာကြောင့်ပါ။ ရေဓါတ်များများ ပါဝင်ခြင်းဟာ ခန္ဓာကိုယ် စွမ်းအင်တွေ ပြည့်စေပြီး Lycopene လည်းပါဝင်တာကြောင့် နေရောင်ကြောင့် အသားအရေ ဆဲလ်တွေ ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ် ချိုချိုအေးအေးလေး သောက်ရင်တော့ နွေရာသီမှာ အမောပြေမှာပါ။ ဒါ့အပြင် ဒိန်ချဉ်ရဲ့ အကျိုးကျေးဇူးတွေလည်း ရရှိမှာပါ။ ဒိန်ချဉ်မှာ ပရိုတင်းတွေ ပါဝင်တာကြောင့် အစားစားချင်စိတ်ကိုလည်း မြှင့်တင်ပေးပါတယ်။ အဆီပါဝင်မှု နည်းပြီး ပရိုတင်းဓါတ်ပါဝင်တာကြောင့် အစာခြေစနစ်လမ်းကြောင်းကိုပါ ကောင်းစေပါတယ်။

လိမ္မော်သီး

လိမ္မော်သီးမှာ ပိုတက်စီယမ် များများပါဝင်တာကြောင့် နွေရာသီမှာ စားပေးဖို့ လိုပါတယ်။ ပိုတက်စီယမ်က ချွေးထွက်ခြင်းကို လျှော့ချပေးပြီး ကြွက်သားတွေ တောင့်တင်းခြင်းကနေ လျော့ကျစေပါတယ်။ လိမ္မော်သီးမှာ (၈၀) ရာခိုင်နှုန်း ရေဓါတ်ပါဝင်တာကြောင့် ရေဓါတ်ခမ်းခြောက်ခြင်းတွေ မဖြစ်စေဘဲ ဖျားနာခြင်းတွေပါ ကင်းစေမှာပါ။

Green Tea

Green Tea တွေကတော့ ကျန်းမာရေးအတွက် ကောင်းစေတာ သိပြီးသား ဖြစ်မှာပါ။ ရေဓါတ်လည်း များများ ရပြီး နှလုံးကျန်းမာရေး၊ ကိုလက်စထရော ပမာဏ၊ ဇီဝဖြစ်စဉ်တွေကို ကောင်းမွန်စေပါတယ်။ နွေရာသီမှာ ပူတာမျိုး မသောက်ချင်ဘူးဆိုရင်တော့  ရေအေးလေးနဲ့ သောက်တာမျိုး လုပ်ပေးနိုင်ပါတယ်။

ဒီအစားအစာလေးတွေ စားပေးမယ်ဆိုရင်တော့ နွေရာသီမှာ ဖြစ်တတ်တဲ့ ပြဿနာတွေကို လျှော့ချပေးနိုင်မှာပါ။ နွေရာသီမှာ တတ်နိုင်သလောက် နေပူရှောင်ဖို့ အကြံပေးပါရစေ။ နေပူထဲ ထွက်မယ်ဆိုရင်လည်း ဦးထုပ်၊ ထီး၊ အကျႌလက်ရှည်အစရှိတဲ့ အကာအကွယ်တွေ ယူပါ။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top