iMyanmarHouse.com - Best Property Website for Myanmar
×

Spa မွာျပဳလုပ္သလို ေျခေခ်ာင္းေလးေတြ ျဖဴၿပီး ၾကည္လင္ေစဖို႔ နည္းလမ္းေကာင္းမ်ား

ေျခဖဝါးတစ္ခုလံုး မဟုတ္ဘဲ ေျခေခ်ာင္းေလးေတြခ်ည္း ျဖဴၿပီး ေျခသည္းေလးေတြကအစ ၾကည္ၾကည္လင္လင္ေလးေတြဆိုရင္ စီးထားတဲ့ ဖိနပ္ေလးနဲ႔ ေတာ္ေတာ္ေလး လိုက္ဖက္လွပေနမွာပါ။ ကိုယ့္ရဲ႕ေျခေထာက္မွာ ေျခသည္းနီဆိုးထားတယ္ဆိုရင္ေတာင္ ေျခေခ်ာင္းေလးေတြက ျဖဴေနတာမို႔ အရမ္းလွပတဲ့ ေျခတစ္စံု ျဖစ္ေနမွာပါ။ ဘယ္အခ်ိန္ဘယ္သူကပဲ ၾကည့္လိုက္ ၾကည့္လိုက္ ေျခေခ်ာင္းေလးေတြမွာ ေဂ်းေညွာ္ကင္းၿပီး ျဖဴစင္လွပေနဖို႔ဆိုတာ နည္းနည္းေလးေတာ့ ဂရုစိုက္ဖို႔ လုိပါတယ္ေနာ္။ ဘယ္လိုနည္းလမ္းေတြနဲ႔ ဂရုစုိက္လို႔ ရမလဲဆိုတာ ဖတ္ၾကည့္ပါဦးေနာ္။

ပထမဆံုး အေနနဲ႔ေတာ့ ဇလံုထဲမွာ ေရေႏြးေလးနဲ႔ ေရေအး နည္းနည္းေလာက္ ေရာစပ္လိုက္ပါ။ ေနာက္ေတာ့ ဆားအနည္းငယ္ထည့္ၿပီး အေအးခံထားပါ။ ေျခေခ်ာင္းေလးေတြ စိမ္ထားႏိုင္တဲ့ အပူအေနအထားကို ေရာက္လာၿပီဆုိရင္ေတာ့ စိမ္ထားပါ။ (၁၀) မိနစ္ဆိုရင္ ရပါတယ္။ ဒီလို စိမ္ထားေပးျခင္းက ေျခေထာက္မွာ ရွိတဲ့ အဆီျပန္ျခင္း၊ ဆဲလ္ေသနဲ႔ ဘက္တီးရီးယားေတြကို ဖယ္ရွားၿပီးသား ျဖစ္ေစပါတယ္။ ၿပီးရင္ေတာ့ ေျခသည္းၾကားေလးေတြထဲမွာ ရွိတဲ့ ေဂ်းေတြ အကုန္လံုး သန္႔စင္လိုက္ၿပီး ကိုယ္လိုခ်င္တဲ့ ေျခသည္းပံုစံညွပ္လိုက္ပါ။ ၿပီးရင္ ဘရက္ရွ္အေပ်ာ့ေလးနဲ႔ တိုက္လိုက္ပါ။ ေျခသည္းေလးေတြ ျဖဴၿပီးသန္႔သြားတယ္ဆုိရင္ေတာ့ ေျခေခ်ာင္းေလးေတြ အဆင့္ေရာက္လာၿပီေနာ္။

ေျခေခ်ာင္းေလးေတြမွာ အဆစ္ေနရာက ပိုၿပီးမည္းေနတတ္ပါတယ္။ ဒါေလးေတြကို ျဖဴေအာင္လုပ္ၾကမယ္ေနာ္။

ပ်ားသံပရာ

ပ်ားသံပရာကေတာ့ ေျခေခ်ာင္းေလးေတြကို ျဖဴေအာင္ လုပ္ဖုိ႔ စြမ္းဆာင္ေပးႏိုင္ပါတယ္။ ပ်ားရည္ လက္ဖက္စားဇြန္း(၁) ဇြန္းနဲ႔ သံပရာရည္ ဒါမွမဟုတ္ ပန္းသီးရွာလကာရည္ လက္ဖက္စားဇြန္း(၁) ဇြန္း ေရာစပ္လိုက္ပါ။ ၿပီးရင္ေတာ့ ေျခေခ်ာင္းေလးေတြမွာ သုတ္လိမ္းၿပီး မည္းတဲ့ေနရာေလးေတြမွာ ပြတ္တိုက္ေပးပါ။

သၾကားညိဳ

သၾကားညိဳကေတာ့ ဆဲလ္ေသေတြကို ဖယ္ရွားေပးတာေၾကာင့္ ေျခေခ်ာင္းေလးေတြကို ျဖဴေစပါတယ္။ သၾကားညိဳ၊ မုန္႔ဖုတ္ေဆာ္ဒါနဲ႔ သံလြင္ဆီတို႔ကို ဆတူေရာလို္က္ပါ။ ႏွံ႔ေအာင္ ေမႊထားၿပီးရင္ ေျခေခ်ာင္းမွာ ပြတ္လိမ္းပါ။ အရမ္းပြတ္ရင္ေတာ့ နာႏိုင္ပါတယ္။ (၁၀) မိနစ္ေလာက္ၿပီးရင္ေတာ့ ေရေဆးခ်လိုက္ပါ။ တရက္ျခားတစ္ခါေလာက္ ျပဳလုပ္ေပးရင္ကို သိသိသာသာ ျဖဴလာမွာပါ။

အုန္းဆီ

အုန္းဆီကေတာ့ လြယ္လြယ္ကူကူ ရရွိႏုိင္တဲ့ အဆီတစ္မ်ိဳး ျဖစ္တာေၾကာင့္ ေျခေခ်ာင္းေလးေတြ ျဖဴဖို႔ ပိုလြယ္မွာပါ။ အုန္းဆီနဲ႔ ဗီတာမင္E နဲ႔ ေရာစပ္လိုက္ပါ။ ၿပီးရင္ေတာ့ ေျခေခ်ာင္းေလးေတြမွာ လိမ္းေပးပါ။ ဒီနည္းလမ္းက အစိုဓါတ္ကို ရရွိေစၿပီး အသားေရေလး ၾကည္လင္ေတာက္ပဖို႔ အကူအညီေပးပါတယ္။

ဆား

ဆားနဲ႔ အုန္းဆီကလည္း ေျခေခ်ာင္းေလးေတြ ၾကည္လင္ေတာက္ပေစဖို႔ အက်ဳိးျပဳတဲ့ ပစၥည္းႏွစ္မ်ိဳးပါပဲ။ ဆားနဲ႔ အုန္းဆီကို ေသခ်ာေလး ေရာႏွယ္လိုက္ပါ။ ၿပီးရင္ေတာ့ ေျခေခ်ာင္းေလးေတြမွာ ပြတ္လိုက္ပါ။ ဆဲလ္ေသေတြ ဖယ္ရွားေပးၿပီးသား ျဖစ္သြားၿပီး အုန္းဆီရဲ႕ အစိုဓါတ္ေၾကာင့္ ေျခေခ်ာင္းအဆစ္ေလးေတြ စိုစိုေလး ျဖစ္ေနမွာပါ။

မိန္းကေလးတို႔ေရ ေျခေခ်ာင္းေလးေတြနဲ႔ ေျခသည္းေလးေတြ လွပေစဖို႔ ဆိုင္မွာျပဳလုပ္သလို ေပါင္းတင္နည္းေလးေတြကို ေဖာ္ျပၿပီးျဖစ္လို႔ လုိုက္လုပ္ေပးဖို႔ မေမ့နဲ႔ေနာ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Spa မှာပြုလုပ်သလို ခြေချောင်းလေးတွေ ဖြူပြီး ကြည်လင်စေဖို့ နည်းလမ်းကောင်းများ

ခြေဖဝါးတစ်ခုလုံး မဟုတ်ဘဲ ခြေချောင်းလေးတွေချည်း ဖြူပြီး ခြေသည်းလေးတွေကအစ ကြည်ကြည်လင်လင်လေးတွေဆိုရင် စီးထားတဲ့ ဖိနပ်လေးနဲ့ တော်တော်လေး လိုက်ဖက်လှပနေမှာပါ။ ကိုယ့်ရဲ့ခြေထောက်မှာ ခြေသည်းနီဆိုးထားတယ်ဆိုရင်တောင် ခြေချောင်းလေးတွေက ဖြူနေတာမို့ အရမ်းလှပတဲ့ ခြေတစ်စုံ ဖြစ်နေမှာပါ။ ဘယ်အချိန်ဘယ်သူကပဲ ကြည့်လိုက် ကြည့်လိုက် ခြေချောင်းလေးတွေမှာ ဂျေးညှော်ကင်းပြီး ဖြူစင်လှပနေဖို့ဆိုတာ နည်းနည်းလေးတော့ ဂရုစိုက်ဖို့ လိုပါတယ်နော်။ ဘယ်လိုနည်းလမ်းတွေနဲ့ ဂရုစိုက်လို့ ရမလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

ပထမဆုံး အနေနဲ့တော့ ဇလုံထဲမှာ ရေနွေးလေးနဲ့ ရေအေး နည်းနည်းလောက် ရောစပ်လိုက်ပါ။ နောက်တော့ ဆားအနည်းငယ်ထည့်ပြီး အအေးခံထားပါ။ ခြေချောင်းလေးတွေ စိမ်ထားနိုင်တဲ့ အပူအနေအထားကို ရောက်လာပြီဆိုရင်တော့ စိမ်ထားပါ။ (၁၀) မိနစ်ဆိုရင် ရပါတယ်။ ဒီလို စိမ်ထားပေးခြင်းက ခြေထောက်မှာ ရှိတဲ့ အဆီပြန်ခြင်း၊ ဆဲလ်သေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပြီးသား ဖြစ်စေပါတယ်။ ပြီးရင်တော့ ခြေသည်းကြားလေးတွေထဲမှာ ရှိတဲ့ ဂျေးတွေ အကုန်လုံး သန့်စင်လိုက်ပြီး ကိုယ်လိုချင်တဲ့ ခြေသည်းပုံစံညှပ်လိုက်ပါ။ ပြီးရင် ဘရက်ရှ်အပျော့လေးနဲ့ တိုက်လိုက်ပါ။ ခြေသည်းလေးတွေ ဖြူပြီးသန့်သွားတယ်ဆိုရင်တော့ ခြေချောင်းလေးတွေ အဆင့်ရောက်လာပြီနော်။

ခြေချောင်းလေးတွေမှာ အဆစ်နေရာက ပိုပြီးမည်းနေတတ်ပါတယ်။ ဒါလေးတွေကို ဖြူအောင်လုပ်ကြမယ်နော်။

ပျားသံပရာ

ပျားသံပရာကတော့ ခြေချောင်းလေးတွေကို ဖြူအောင် လုပ်ဖို့ စွမ်းဆာင်ပေးနိုင်ပါတယ်။ ပျားရည် လက်ဖက်စားဇွန်း(၁) ဇွန်းနဲ့ သံပရာရည် ဒါမှမဟုတ် ပန်းသီးရှာလကာရည် လက်ဖက်စားဇွန်း(၁) ဇွန်း ရောစပ်လိုက်ပါ။ ပြီးရင်တော့ ခြေချောင်းလေးတွေမှာ သုတ်လိမ်းပြီး မည်းတဲ့နေရာလေးတွေမှာ ပွတ်တိုက်ပေးပါ။

သကြားညို

သကြားညိုကတော့ ဆဲလ်သေတွေကို ဖယ်ရှားပေးတာကြောင့် ခြေချောင်းလေးတွေကို ဖြူစေပါတယ်။ သကြားညို၊ မုန့်ဖုတ်ဆော်ဒါနဲ့ သံလွင်ဆီတို့ကို ဆတူရောလိုက်ပါ။ နှံ့အောင် မွှေထားပြီးရင် ခြေချောင်းမှာ ပွတ်လိမ်းပါ။ အရမ်းပွတ်ရင်တော့ နာနိုင်ပါတယ်။ (၁၀) မိနစ်လောက်ပြီးရင်တော့ ရေဆေးချလိုက်ပါ။ တရက်ခြားတစ်ခါလောက် ပြုလုပ်ပေးရင်ကို သိသိသာသာ ဖြူလာမှာပါ။

အုန်းဆီ

အုန်းဆီကတော့ လွယ်လွယ်ကူကူ ရရှိနိုင်တဲ့ အဆီတစ်မျိုး ဖြစ်တာကြောင့် ခြေချောင်းလေးတွေ ဖြူဖို့ ပိုလွယ်မှာပါ။ အုန်းဆီနဲ့ ဗီတာမင်E နဲ့ ရောစပ်လိုက်ပါ။ ပြီးရင်တော့ ခြေချောင်းလေးတွေမှာ လိမ်းပေးပါ။ ဒီနည်းလမ်းက အစိုဓါတ်ကို ရရှိစေပြီး အသားရေလေး ကြည်လင်တောက်ပဖို့ အကူအညီပေးပါတယ်။

ဆား

ဆားနဲ့ အုန်းဆီကလည်း ခြေချောင်းလေးတွေ ကြည်လင်တောက်ပစေဖို့ အကျိုးပြုတဲ့ ပစ္စည်းနှစ်မျိုးပါပဲ။ ဆားနဲ့ အုန်းဆီကို သေချာလေး ရောနှယ်လိုက်ပါ။ ပြီးရင်တော့ ခြေချောင်းလေးတွေမှာ ပွတ်လိုက်ပါ။ ဆဲလ်သေတွေ ဖယ်ရှားပေးပြီးသား ဖြစ်သွားပြီး အုန်းဆီရဲ့ အစိုဓါတ်ကြောင့် ခြေချောင်းအဆစ်လေးတွေ စိုစိုလေး ဖြစ်နေမှာပါ။

မိန်းကလေးတို့ရေ ခြေချောင်းလေးတွေနဲ့ ခြေသည်းလေးတွေ လှပစေဖို့ ဆိုင်မှာပြုလုပ်သလို ပေါင်းတင်နည်းလေးတွေကို ဖော်ပြပြီးဖြစ်လို့ လိုက်လုပ်ပေးဖို့ မမေ့နဲ့နော်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top