iMyanmarHouse.com - Best Property Website for Myanmar
×

ရာသီလာတဲ့အခ်ိန္ သံုးထားတဲ့ ဂြမ္းထုပ္၊ tempon က စိမ့္သြားလုိ႔ အဝတ္မွာ စြန္းသြားရင္ ႐ြံစရာႀကီးလို အၾကည့္ခံရတာ အေတာ္အဆင္မေျပတဲ့ကိစၥေနာ္။ ဒါကို မိန္းကေလး အေတာ္မ်ားမ်ား ၾကံဳဖူးမယ္ထင္ပါတယ္။ ဘယ္မိန္းကေလးကမွ ဒီလိုအၾကည့္ခံရတာကို မႀကိဳက္ဘူး။ တခ်ိဳ႕ဆုိရင္ မိန္းကေလးတစ္ေယာက္ရဲ႕ ရာသီေသြးကို ျမင္တာနဲ႔ ရြံစရာႀကီးလို ရုပ္ပ်က္ဆင္းပ်က္လုပ္ျပတာေတြေတာင္ ရွိတယ္။

ေရွးရိုးစြဲ အယူသီးမႈေတြနဲ႔ အမ်ိဳးသမီးေတြရဲ႕ သဘာဝရာသီကိစၥဟာ ခြဲျခားဆက္ဆံခံရတာ မျဖစ္သင့္တဲ့ကိစၥပါ။ ရာသီလာခ်ိန္ေတြမွာ မိန္းကေလးေတြကိုယ္တုိင္က အဆင္မေျပၾကပါဘူး။ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ ေနရထိုင္ရ မအီမသာျဖစ္တယ္၊ ဗိုက္ေအာင့္တာေတြျဖစ္တယ္။ အဲ့လိုေတြ ျဖစ္ေနတဲ့မိန္းကေလးတစ္ေယာက္ဟာ သူကိုယ္တိုင္လည္း ေနရထိုင္ရ အဆင္မေျပဘူး။ ဒါကိုမွ ရြံစရာလို ခြဲျခားႏွိမ့္ခ်ဆက္ဆံတဲ့ အျပဳအမူေတြဟာ တစ္ဖက္သားကို ပိုၿပီးအဆင္မေျပျဖစ္ရေစပါတယ္။

" မေတာ္တဆ စိမ့္က်သြားရင္ ရြံစရာႀကီးလို ေအာ္ဂလီဆန္တဲ့အၾကည့္နဲ႔ အၾကည့္ခံရတာ စိတ္ညစ္တယ္" " စြန္းထားတဲ့အဝတ္ေတြနဲ႔ အစ္ကိုေတြေမာင္ေတြရဲ႕အဝတ္ေတြကို ထိမိရင္ အဆူခံရတယ္" " ရာသီလာေနခ်ိန္ဆုိရင္ အျမင့္ေတြမတက္ခိုင္းဘူး၊ စားစရာေတြေတာင္ မျပင္ခိုင္းဘူး... ကိုယ္မသန္႔လို႔တဲ့" ...။ ဒါေတြဟာ ျမန္မာမိန္းကေလးေတြ ၾကံဳေနရတဲ့ ခြဲျခားဆက္ဆံခံရမႈေတြထဲက တစ္ခုပါ။ ဘယ္သူကမွ ဒီလိုခြဲျခားႏွိမ့္ခ်မႈကို မလိုလားၾကပါဘူး။ တခ်ိဳ႕ႏိုင္ငံေတြမွာဆုိရင္ ရာသီလာေနတဲ့ မိန္းကေလးကို မိသားစုနဲ႔အတူမေနခိုင္းဘဲ သီးသန္႔ခြဲေနခိုင္းတာေတာင္ ရွိပါတယ္။

နီေပါမွာ အဲ့ဒီလိုျဖစ္ရပ္မ်ိဳး ရွိခဲ့ၿပီး ရာသီလာခ်ိန္ အိမ္ျပင္ထုတ္ခံထားရတဲ့ မိန္းမပ်ိဳေလးဟာ အသက္ဆံုးရႈံးသြားခဲ့ရရွာပါတယ္။ အသက္ ၂၁ ႏွစ္အရြယ္ မိန္းကေလးဟာ အိမ္ျပင္က တင္းကုပ္မွာ ေနဖုိ႔ အတင္းအက်ပ္ဖိအားေပးခံရၿပီးေနာက္ ေသဆံုးသြားခဲ့ရတယ္။

ရာသီေသြးနဲ႔ထိမိရင္ ဘုန္းနိမ့္မွာလို႔ တခ်ိဳ႕က ေျပာၾကေသးတယ္။ ရာသီလာေနတဲ့ မိန္းမတစ္ေယာက္အနားကိုေတာင္ မကပ္ခ်င္ၾကဘူး။ သဘာဝအရ ျဖစ္တဲ့ကိစၥကို လြဲမွားတဲ့အယူအဆေတြကသာ လူမႈဘဝေတြကို ဖ်က္ဆီးပစ္ႏိုင္တာပါ။ အမ်ိဳးသမီးေတြကို ခြဲျခားဆက္ဆံလိုက္တဲ့အတြက္ သူတုိ႔ရဲ႕ေန႔စဥ္ဘဝမွာ ေကာင္းတဲ့သက္ေရာက္မႈ တစ္ခုမွ ျဖစ္လာမွာ မဟုတ္ပါဘူး။ ကၽြန္မတုိ႔ မိန္းကေလးေတြ ကိုယ္တုိင္ကလည္း ကိုယ့္ခႏၶာကိုယ္ကထြက္လာတဲ့ အရည္ကို သဘာဝျဖစ္စဥ္ပဲလို႔ လက္ခံဖုိ႔လိုပါတယ္။ ကိုယ္တုိင္က ကိုယ့္ရဲ႕သဘာဝျဖစ္စဥ္ကို လက္ခံထားၿပီးရင္ ေၾကာက္ရြံ႕သိမ္ငယ္ေနစရာလည္း မလိုပါဘူး။ ဒါဟာ ဘယ္သူ႕ကိုမွ ထိခိုက္ေစမယ့္အရာမဟုတ္တဲ့အတြက္ ဘယ္သူကမွ ေစာ္ကားႏွိမ့္ခ်တာေတြကိုလည္း လက္မခံဖုိ႔ လိုပါတယ္။

အမ်ိဳးသမီးတစ္ေယာက္ရဲ႕ဘဝမွာ အပ်ိဳေဖာ္ဝင္ခ်ိန္ကစလို႔ ေသြးဆံုးခ်ိန္အထိ ရာသီလာတယ္။ ပ်မ္းမွ်အားျဖင့္ ဆုိရင္ေတာ့ အသက္ ၁၂ ႏွစ္ ဝန္းက်င္မွာ ရာသီစလာပါတယ္။ အဲ့တာကို အပ်ိဳေဖာ္ဝင္တယ္လို႔လည္း ေခၚၾကတယ္။ မိန္းကေလးတစ္ေယာက္အေနနဲ႔ ကိုယ္ဝန္လြယ္ဖုိ႔အတြက္ မ်ိဳးဥကို စတင္ထုတ္ေပးႏုိင္ၿပီး အဲ့ဒီမ်ိဳးဥဟာ ဖုိမ်ိဳးဥနဲ႔ မေပါင္းစပ္ျဖစ္တဲ့အခါ ေၾကြက်သြားရတယ္။ ဒါကို ရာသီဆင္းတယ္လုိ႔ ေခၚပါတယ္။ ခႏၶာကိုယ္ထဲက မေကာင္းတဲ့ အညစ္အေၾကးေတြ၊ ေသြးပုပ္ေတြ ထြက္လာတာ မဟုတ္ပါဘူး။ မိန္းကေလးတစ္ေယာက္အတြက္ ဂုဏ္ယူသင့္တဲ့ ကိစၥကို သိမ္ငယ္မႈေတြ အဝင္မခံပါနဲ႔လို႔ မဒီက တုိက္တြန္းလိုက္ပါတယ္ေနာ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ရာသီလာတဲ့အချိန် သုံးထားတဲ့ ဂွမ်းထုပ်၊ tempon က စိမ့်သွားလို့ အဝတ်မှာ စွန်းသွားရင် ရွံစရာကြီးလို အကြည့်ခံရတာ အတော်အဆင်မပြေတဲ့ကိစ္စနော်။ ဒါကို မိန်းကလေး အတော်များများ ကြုံဖူးမယ်ထင်ပါတယ်။ ဘယ်မိန်းကလေးကမှ ဒီလိုအကြည့်ခံရတာကို မကြိုက်ဘူး။ တချို့ဆိုရင် မိန်းကလေးတစ်ယောက်ရဲ့ ရာသီသွေးကို မြင်တာနဲ့ ရွံစရာကြီးလို ရုပ်ပျက်ဆင်းပျက်လုပ်ပြတာတွေတောင် ရှိတယ်။

ရှေးရိုးစွဲ အယူသီးမှုတွေနဲ့ အမျိုးသမီးတွေရဲ့ သဘာဝရာသီကိစ္စဟာ ခွဲခြားဆက်ဆံခံရတာ မဖြစ်သင့်တဲ့ကိစ္စပါ။ ရာသီလာချိန်တွေမှာ မိန်းကလေးတွေကိုယ်တိုင်က အဆင်မပြေကြပါဘူး။ ဟော်မုန်းအပြောင်းအလဲကြောင့် နေရထိုင်ရ မအီမသာဖြစ်တယ်၊ ဗိုက်အောင့်တာတွေဖြစ်တယ်။ အဲ့လိုတွေ ဖြစ်နေတဲ့မိန်းကလေးတစ်ယောက်ဟာ သူကိုယ်တိုင်လည်း နေရထိုင်ရ အဆင်မပြေဘူး။ ဒါကိုမှ ရွံစရာလို ခွဲခြားနှိမ့်ချဆက်ဆံတဲ့ အပြုအမူတွေဟာ တစ်ဖက်သားကို ပိုပြီးအဆင်မပြေဖြစ်ရစေပါတယ်။

" မတော်တဆ စိမ့်ကျသွားရင် ရွံစရာကြီးလို အော်ဂလီဆန်တဲ့အကြည့်နဲ့ အကြည့်ခံရတာ စိတ်ညစ်တယ်" " စွန်းထားတဲ့အဝတ်တွေနဲ့ အစ်ကိုတွေမောင်တွေရဲ့အဝတ်တွေကို ထိမိရင် အဆူခံရတယ်" " ရာသီလာနေချိန်ဆိုရင် အမြင့်တွေမတက်ခိုင်းဘူး၊ စားစရာတွေတောင် မပြင်ခိုင်းဘူး... ကိုယ်မသန့်လို့တဲ့" ...။ ဒါတွေဟာ မြန်မာမိန်းကလေးတွေ ကြုံနေရတဲ့ ခွဲခြားဆက်ဆံခံရမှုတွေထဲက တစ်ခုပါ။ ဘယ်သူကမှ ဒီလိုခွဲခြားနှိမ့်ချမှုကို မလိုလားကြပါဘူး။ တချို့နိုင်ငံတွေမှာဆိုရင် ရာသီလာနေတဲ့ မိန်းကလေးကို မိသားစုနဲ့အတူမနေခိုင်းဘဲ သီးသန့်ခွဲနေခိုင်းတာတောင် ရှိပါတယ်။

နီပေါမှာ အဲ့ဒီလိုဖြစ်ရပ်မျိုး ရှိခဲ့ပြီး ရာသီလာချိန် အိမ်ပြင်ထုတ်ခံထားရတဲ့ မိန်းမပျိုလေးဟာ အသက်ဆုံးရှုံးသွားခဲ့ရရှာပါတယ်။ အသက် ၂၁ နှစ်အရွယ် မိန်းကလေးဟာ အိမ်ပြင်က တင်းကုပ်မှာ နေဖို့ အတင်းအကျပ်ဖိအားပေးခံရပြီးနောက် သေဆုံးသွားခဲ့ရတယ်။

ရာသီသွေးနဲ့ထိမိရင် ဘုန်းနိမ့်မှာလို့ တချို့က ပြောကြသေးတယ်။ ရာသီလာနေတဲ့ မိန်းမတစ်ယောက်အနားကိုတောင် မကပ်ချင်ကြဘူး။ သဘာဝအရ ဖြစ်တဲ့ကိစ္စကို လွဲမှားတဲ့အယူအဆတွေကသာ လူမှုဘဝတွေကို ဖျက်ဆီးပစ်နိုင်တာပါ။ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံလိုက်တဲ့အတွက် သူတို့ရဲ့နေ့စဉ်ဘဝမှာ ကောင်းတဲ့သက်ရောက်မှု တစ်ခုမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ကျွန်မတို့ မိန်းကလေးတွေ ကိုယ်တိုင်ကလည်း ကိုယ့်ခန္ဓာကိုယ်ကထွက်လာတဲ့ အရည်ကို သဘာဝဖြစ်စဉ်ပဲလို့ လက်ခံဖို့လိုပါတယ်။ ကိုယ်တိုင်က ကိုယ့်ရဲ့သဘာဝဖြစ်စဉ်ကို လက်ခံထားပြီးရင် ကြောက်ရွံ့သိမ်ငယ်နေစရာလည်း မလိုပါဘူး။ ဒါဟာ ဘယ်သူ့ကိုမှ ထိခိုက်စေမယ့်အရာမဟုတ်တဲ့အတွက် ဘယ်သူကမှ စော်ကားနှိမ့်ချတာတွေကိုလည်း လက်မခံဖို့ လိုပါတယ်။

အမျိုးသမီးတစ်ယောက်ရဲ့ဘဝမှာ အပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးချိန်အထိ ရာသီလာတယ်။ ပျမ်းမျှအားဖြင့် ဆိုရင်တော့ အသက် ၁၂ နှစ် ဝန်းကျင်မှာ ရာသီစလာပါတယ်။ အဲ့တာကို အပျိုဖော်ဝင်တယ်လို့လည်း ခေါ်ကြတယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ်ဝန်လွယ်ဖို့အတွက် မျိုးဥကို စတင်ထုတ်ပေးနိုင်ပြီး အဲ့ဒီမျိုးဥဟာ ဖိုမျိုးဥနဲ့ မပေါင်းစပ်ဖြစ်တဲ့အခါ ကြွေကျသွားရတယ်။ ဒါကို ရာသီဆင်းတယ်လို့ ခေါ်ပါတယ်။ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ အညစ်အကြေးတွေ၊ သွေးပုပ်တွေ ထွက်လာတာ မဟုတ်ပါဘူး။ မိန်းကလေးတစ်ယောက်အတွက် ဂုဏ်ယူသင့်တဲ့ ကိစ္စကို သိမ်ငယ်မှုတွေ အဝင်မခံပါနဲ့လို့ မဒီက တိုက်တွန်းလိုက်ပါတယ်နော်။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top