iMyanmarHouse.com - Best Property Website for Myanmar
×

(၁၂) လ ရာသီခြင္ေတြရဲ႕ သေဘာသဘာဝအရ ထြက္ေပၚလာတဲ့ လကၡဏာရပ္ေတြ မ်ားစြာ ရိွတဲ့အနက္မွ သစၥာ အရိွတတ္ဆံုး ရာသီခြင္ေတြ အေၾကာင္းကို ဒီတစ္ခါ ေဖာ္ျပေပးခ်င္ပါတယ္။ သစၥာ အရိွဆံုး ေတြကေန မရိွဆံုးအထိ အစဥ္လိုက္ စီေပးထားပါတယ္။ ကုိယ့္ ရာသီခြင္ေတြနဲ႔ တုိက္ၾကည့္ၾကၿပီး မွန္ မမွန္လည္း ျပန္ေျပာဦးေနာ္..

(1) Cancer (ကရကဋ္)- June 22 to July 22

ကရကဋ္ ရာသီဖြားနဲ႔ ခ်စ္မိၿပီဆိုရင္ တစ္ဘဝစာ လက္တြဲေဖာ္ ရၿပီလို႔သာ မွတ္လိုက္ပါ။ သူတို႔ဟာ သစၥာ အရမ္းရိွၿပီး သင္လည္း သူတို႔ဆီက ယံုၾကည္မႈ ျပန္ရလိုက္ၿပီဆိုရင္ ႏွစ္ဦးႏွစ္ဖက္ နားလည္မႈရိွစြာ တစ္သက္လံုး လက္တြဲသြား ႏိုင္ၾကမွာပါ။

(2) Leo (သိဟ္)- July 23 to Aug 23

သိဟ္ရာသီဖြားေတြဟာ အခ်စ္ေရးမွာ အဆင္မေျပတတ္လို႔ သူတို႔ကို သစၥာမရိွဘူး ထင္ရင္ မွားသြားပါလိမ့္မယ္။ သူတို႔က ကိုယ့္ကုိယ္ကို ဘဝင္ျမင့္ တတ္ၾကေပမယ့္ လံုေလာက္တဲ့ ဂ႐ုစိုက္မႈ မ်ိဳးေပးရင္ သင့္ကိုလည္း တစ္သက္လံုး သစၥာရိွသြားႏုိင္ၾကသူ ေတြပါ။

(3) Capricorn (မကာရ)- Dec 22 to Jan 20

မကာရေတြနဲ႔ ပတ္သက္ဖူးသူတုိင္း သူတို႔ဟာ ဘယ္ေလာက္ စိတ္႐ႈပ္စရာေကာင္းလဲ ဆုိတာ သိၾကမွာပါ။ သူတို႔ဟာ ထိခိုက္လြယ္ျပီး ခ်စ္ရမွာလည္း ေၾကာက္ေလ့ ရိွၾကေပမယ့္ သူတို႔တကယ္ ခ်စ္မိသြားၿပီ ဆုိရင္ သင့္အတြက္ သစၥာရိွမႈ အျပည့္အဝ ေပးၾကပါတယ္။

(4) Auquarius (ကံု)- Jan 21 to Feb 18

ကံုရာသီဖြားေတြက အခ်စ္ေရး တစ္ခုကိုေတာင္ မနည္းရေအာင္ ထိန္းထားရသူေတြ ျဖစ္တဲ့အတြက္ တစ္ခုထက္ ပိုတဲ့အခ်စ္ေရး သူတို႔မွာ မရိွပါဘူး။ သူတို႔ဟာ လူမႈေရးလည္း သိပ္မေကာင္းတဲ့အတြက္ ေျခ႐ႈပ္မွာလည္း ပူစရာ မလုိပါဘူး။

(5) Taurus (ၿပိႆ)- April 21 to May 20

ပိႆေတြဟာ အရမ္းတြယ္ကပ္ လြန္းတတ္တဲ့ ခ်စ္သူေတြျဖစ္ၿပီး သင့္အေပၚ ဘယ္ေတာ့မွ သစၥာေဖာက္မွာ မဟုတ္ပါဘူး။ သင္မွားေနခဲ့ရင္ေတာင္ သင့္အေပၚ နားလည္ေပးႏုိင္တဲ့ ျပိႆဟာ တစ္ဘဝလံုးမွာ ေတြ႔ဖူးတဲ့ သစၥာအရိွဆံုး သူတစ္ဦးျဖစ္မွာပါ။

(6) Virgo (ကန္)- Aug 24 to Sep 23

ကန္ရာသီဖြားတို႔ဟာ ကိုယ့္က်င့္တရားနဲ႔ ပတ္သက္ရင္ စံႏႈန္းျမင့္သူေတြ ျဖစ္တာေၾကာင့္ သစၥာေဖာက္ျခင္းကို အရမ္းမုန္းၾကပါတယ္။ တကယ္ ခ်စ္မိသြားျပီဆုိရင္ ဘယ္လို အေျခအေနမ်ိဳးမွာပဲျဖစ္ျဖစ္ လံုးဝ လက္မေလွ်ာ့ပဲ သည္းခံျပီး ဆက္ခ်စ္တတ္ ၾကသူေတြပါ။

(7) Aries (မိႆ)- Mar 21 to April 20

မိႆေတြကေတာ့ အခ်စ္ေရးမွာ အရမ္း႐ုိးလြယ္ ေျပာင္းလဲလြယ္ ၾကသူေတြပါ။ အခ်စ္ေရးမွာ ဆိုရင္ အဆင့္လည္း အရမ္းတက္ လိုၾကသူေတြျဖစ္ျပီး တစ္ဦးနဲ႔လည္း ၾကာၾကာ မေနႏုိင္ ၾကသူေတြျဖစ္ပါတယ္။

(8) Libra (တူ)- Sep 24 to Oct 23

တူရာသီဖြားေတြက အေတြးလြန္ တတ္ၾကသူေတြပါ။ အခ်စ္ေရးမွာ အၿမဲအေတြးလြန္ တတ္တာေၾကာင့္ ေနာက္တစ္ေယာက္ ခ်စ္ဖို႔ အျမဲေတြးတတ္ ၾကပါတယ္။ သူတို႔ရဲ႕ တက္ၾကြေနတဲ့ စိတ္ေၾကာင့္ ေျခၿငိမ္ဖို႔ ခက္ပါတယ္။

(9) Scorpio (ျဗိစာၦ)- Oct 24 to Nov 22

ၿဗိစာၦေတြဟာ ရည္မွန္းခ်က္ ႀကီးတတ္ၾကၿပီး သူတို႔အတြက္ မျဖစ္သင့္တာမ်ိဳးေတြဆို ပိုၿပီး ရယူဖို႔ ႀကိဳးစားတတ္ၾကပါတယ္။ မလုပ္သင့္တာကို လုပ္ဖုိ႔ ႀကိဳးစားမိတတ္တဲ့ စိတ္ေၾကာင့္ သစၥာေဖာက္ ႏိုင္ေခ်မ်ားၾကပါတယ္။

(10) Pisces (မိန္)- Feb 19 to Mar 20

မိန္ရာသီဖြားေတြဟာ လူမႈေရးလည္း အရမ္းေကာင္းၾကတာေၾကာင့္ သစၥာ မရိွၾကတာလည္း မဆန္းပါဘူး။ အၿမဲတမ္း လူမ်ားစြာနဲ႔ ေပါင္းသင္းဆက္ဆံ ေနတဲ့အတြက္ အခ်စ္ေရးကလည္း အၿမဲ တစ္ဦးထက္ ပိုျပီး ေပၚေပါက္ႏုိင္ပါတယ္။

(11) Sagittarius (ဓႏု)- Nov 13 to Dec 21

ဓႏုေတြဟာ ကတိမတည္ တတ္တဲ့ေနရာမွာ နာမည္ႀကီး ၾကတဲ့အတြက္ အခုလို စာရင္းေအာက္ဘက္မွာ ေရာက္ေနတာပါ။ သူတို႔ဟာ အတည္တက် အခ်စ္ေရးမ်ိဳးကို မလုိလားၾကဘဲ သူတုိ႔ရဲ႕ လြတ္လပ္မႈကိုသာ ေရွ႕တန္းတင္ ၾကသူေတြပါ။

(၁၂) Gemini (ေမထုန္)- May 21 to June 21

ေမထုုန္ေတြဟာ အလြန္ေျပာင္းလဲ လြယ္တတ္ၾကတဲ့အတြက္ သင့္အေပၚမွာ သစၥာ မရိွႏုိင္ေခ် အမ်ားဆံုး ရာသီဖြားပဲ ျဖစ္ပါတယ္။ သူတုိ႔ကို လူမ်ားစြာ စိတ္ဝင္စားလာေအာင္လည္း လုပ္တတ္ၾကျပီး အကုန္လံုးကိုလည္း ျပန္လွည့္စား တတ္သူေတြပါ။ အခ်စ္ေရးအတြက္ တစ္ေယာက္နဲ႔ မေက်နပ္ႏုိင္ၾကပါဘူး။

Credit : Loveshort
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
(၁၂) လ ရာသီခွင်တွေရဲ့ သဘောသဘာဝအရ ထွက်ပေါ်လာတဲ့ လက္ခဏာရပ်တွေ များစွာ ရှိတဲ့အနက်မှ သစ္စာ အရှိတတ်ဆုံး ရာသီခွင်တွေ အကြောင်းကို ဒီတစ်ခါ ဖော်ပြပေးချင်ပါတယ်။ သစ္စာ အရှိဆုံး တွေကနေ မရှိဆုံးအထိ အစဉ်လိုက် စီပေးထားပါတယ်။ ကိုယ့် ရာသီခွင်တွေနဲ့ တိုက်ကြည့်ကြပြီး မှန် မမှန်လည်း ပြန်ပြောဦးနော်..

(1) Cancer (ကရကဋ်)- June 22 to July 22

ကရကဋ် ရာသီဖွားနဲ့ ချစ်မိပြီဆိုရင် တစ်ဘဝစာ လက်တွဲဖော် ရပြီလို့သာ မှတ်လိုက်ပါ။ သူတို့ဟာ သစ္စာ အရမ်းရှိပြီး သင်လည်း သူတို့ဆီက ယုံကြည်မှု ပြန်ရလိုက်ပြီဆိုရင် နှစ်ဦးနှစ်ဖက် နားလည်မှုရှိစွာ တစ်သက်လုံး လက်တွဲသွား နိုင်ကြမှာပါ။

(2) Leo (သိဟ်)- July 23 to Aug 23

သိဟ်ရာသီဖွားတွေဟာ အချစ်ရေးမှာ အဆင်မပြေတတ်လို့ သူတို့ကို သစ္စာမရှိဘူး ထင်ရင် မှားသွားပါလိမ့်မယ်။ သူတို့က ကိုယ့်ကိုယ်ကို ဘဝင်မြင့် တတ်ကြပေမယ့် လုံလောက်တဲ့ ဂရုစိုက်မှု မျိုးပေးရင် သင့်ကိုလည်း တစ်သက်လုံး သစ္စာရှိသွားနိုင်ကြသူ တွေပါ။

(3) Capricorn (မကာရ)- Dec 22 to Jan 20

မကာရတွေနဲ့ ပတ်သက်ဖူးသူတိုင်း သူတို့ဟာ ဘယ်လောက် စိတ်ရှုပ်စရာကောင်းလဲ ဆိုတာ သိကြမှာပါ။ သူတို့ဟာ ထိခိုက်လွယ်ပြီး ချစ်ရမှာလည်း ကြောက်လေ့ ရှိကြပေမယ့် သူတို့တကယ် ချစ်မိသွားပြီ ဆိုရင် သင့်အတွက် သစ္စာရှိမှု အပြည့်အဝ ပေးကြပါတယ်။

(4) Auquarius (ကုံ)- Jan 21 to Feb 18

ကုံရာသီဖွားတွေက အချစ်ရေး တစ်ခုကိုတောင် မနည်းရအောင် ထိန်းထားရသူတွေ ဖြစ်တဲ့အတွက် တစ်ခုထက် ပိုတဲ့အချစ်ရေး သူတို့မှာ မရှိပါဘူး။ သူတို့ဟာ လူမှုရေးလည်း သိပ်မကောင်းတဲ့အတွက် ခြေရှုပ်မှာလည်း ပူစရာ မလိုပါဘူး။

(5) Taurus (ပြိဿ)- April 21 to May 20

ပိဿတွေဟာ အရမ်းတွယ်ကပ် လွန်းတတ်တဲ့ ချစ်သူတွေဖြစ်ပြီး သင့်အပေါ် ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူး။ သင်မှားနေခဲ့ရင်တောင် သင့်အပေါ် နားလည်ပေးနိုင်တဲ့ ပြိဿဟာ တစ်ဘဝလုံးမှာ တွေ့ဖူးတဲ့ သစ္စာအရှိဆုံး သူတစ်ဦးဖြစ်မှာပါ။

(6) Virgo (ကန်)- Aug 24 to Sep 23

ကန်ရာသီဖွားတို့ဟာ ကိုယ့်ကျင့်တရားနဲ့ ပတ်သက်ရင် စံနှုန်းမြင့်သူတွေ ဖြစ်တာကြောင့် သစ္စာဖောက်ခြင်းကို အရမ်းမုန်းကြပါတယ်။ တကယ် ချစ်မိသွားပြီဆိုရင် ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် လုံးဝ လက်မလျှော့ပဲ သည်းခံပြီး ဆက်ချစ်တတ် ကြသူတွေပါ။

(7) Aries (မိဿ)- Mar 21 to April 20

မိဿတွေကတော့ အချစ်ရေးမှာ အရမ်းရိုးလွယ် ပြောင်းလဲလွယ် ကြသူတွေပါ။ အချစ်ရေးမှာ ဆိုရင် အဆင့်လည်း အရမ်းတက် လိုကြသူတွေဖြစ်ပြီး တစ်ဦးနဲ့လည်း ကြာကြာ မနေနိုင် ကြသူတွေဖြစ်ပါတယ်။

(8) Libra (တူ)- Sep 24 to Oct 23

တူရာသီဖွားတွေက အတွေးလွန် တတ်ကြသူတွေပါ။ အချစ်ရေးမှာ အမြဲအတွေးလွန် တတ်တာကြောင့် နောက်တစ်ယောက် ချစ်ဖို့ အမြဲတွေးတတ် ကြပါတယ်။ သူတို့ရဲ့ တက်ကြွနေတဲ့ စိတ်ကြောင့် ခြေငြိမ်ဖို့ ခက်ပါတယ်။

(9) Scorpio (ဗြိစ္ဆာ)- Oct 24 to Nov 22

ဗြိစ္ဆာတွေဟာ ရည်မှန်းချက် ကြီးတတ်ကြပြီး သူတို့အတွက် မဖြစ်သင့်တာမျိုးတွေဆို ပိုပြီး ရယူဖို့ ကြိုးစားတတ်ကြပါတယ်။ မလုပ်သင့်တာကို လုပ်ဖို့ ကြိုးစားမိတတ်တဲ့ စိတ်ကြောင့် သစ္စာဖောက် နိုင်ချေများကြပါတယ်။

(10) Pisces (မိန်)- Feb 19 to Mar 20

မိန်ရာသီဖွားတွေဟာ လူမှုရေးလည်း အရမ်းကောင်းကြတာကြောင့် သစ္စာ မရှိကြတာလည်း မဆန်းပါဘူး။ အမြဲတမ်း လူများစွာနဲ့ ပေါင်းသင်းဆက်ဆံ နေတဲ့အတွက် အချစ်ရေးကလည်း အမြဲ တစ်ဦးထက် ပိုပြီး ပေါ်ပေါက်နိုင်ပါတယ်။

(11) Sagittarius (ဓနု)- Nov 13 to Dec 21

ဓနုတွေဟာ ကတိမတည် တတ်တဲ့နေရာမှာ နာမည်ကြီး ကြတဲ့အတွက် အခုလို စာရင်းအောက်ဘက်မှာ ရောက်နေတာပါ။ သူတို့ဟာ အတည်တကျ အချစ်ရေးမျိုးကို မလိုလားကြဘဲ သူတို့ရဲ့ လွတ်လပ်မှုကိုသာ ရှေ့တန်းတင် ကြသူတွေပါ။

(၁၂) Gemini (မေထုန်)- May 21 to June 21

မေထုုန်တွေဟာ အလွန်ပြောင်းလဲ လွယ်တတ်ကြတဲ့အတွက် သင့်အပေါ်မှာ သစ္စာ မရှိနိုင်ချေ အများဆုံး ရာသီဖွားပဲ ဖြစ်ပါတယ်။ သူတို့ကို လူများစွာ စိတ်ဝင်စားလာအောင်လည်း လုပ်တတ်ကြပြီး အကုန်လုံးကိုလည်း ပြန်လှည့်စား တတ်သူတွေပါ။ အချစ်ရေးအတွက် တစ်ယောက်နဲ့ မကျေနပ်နိုင်ကြပါဘူး။

Credit : Loveshort

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top