iMyanmarHouse.com - Best Property Website for Myanmar
×

စိတ္ထား ေကာင္းတဲ့ သူေတြဟာ ကိုယ့္ခ်စ္သူ ရည္းစားရဲ႕စိတ္ထားကို မႀကိဳက္ေပမဲ့ ျဖတ္ဖို႔ ခက္ခဲေနတတ္ၾကတယ္။ ေနာက္ဆံုးမွာ လိမ္ဖယ္ လိမ္ဖယ္နဲ႔ ထိုသူနဲ႔ပဲ ဖူးစာဆံုၿပီး တစ္ဘဝလံုး သည္းညည္းခံေနရေတာ့တာေပါ့။

စိတ္ထားေကာင္း သူေတြအတြက္ ရည္းစားက ဆုိးမွန္းသိေပမဲ့ ျဖတ္ရခက္တဲ့ အေၾကာင္းရင္းေတြကေတာ့….

1) ကိုယ့္လုိပဲ သူလည္း ႐ိုးသားလိမ့္မယ္ လို႔ ထင္မိတယ္။
သူ႔ကို ကိုယ္က အၿမဲအမွန္အတုိင္းေျပာတယ္။ အဲဒီေတာ့ သူလည္း အမွန္အတုိင္း ျပန္ေျပာမယ္လုိ႔ ယူဆတယ္။ အဲဒါေၾကာင့္ အလိမ္ခံရမယ္ဆုိတာ မသိဘူး။

2) ကိုယ္က ဒီထက္အမ်ားႀကီး ေကာင္းတာနဲ႔ ထုိက္တန္တယ္ဆုိတာ သေဘာမေပါက္ဘူး။
ကိုယ္က ဘယ္ေလာက္ ေကာင္းတယ္ဆုိတာ အသိအမွတ္ အျပဳ မခံရတဲ့ အတြက္၊ ကိုယ္တိုင္လည္း အသိအမွတ္ျပဳခံရဖို႔ မေတာင္းဆုိ မိတဲ့အတြက္ ကိုယ့္ရဲ႕ ေကာင္းကြက္ ေတြကို မသိဘူး။ ကိုယ့္ရဲ႕ အဆင့္ကို ကိုယ့္ဘာသာ နိမ့္က်ေအာင္ ျပဳလုပ္ေနမိတယ္။

3) ကိုယ္က အရမ္းေကာင္းလြန္းတယ္။
ကိုယ္က သူတပါးကို မနာက်င္ ေစခ်င္ဘူး။ သူက ကိုယ့္ကို ထြက္သြားဖုိ႔ ႏွင္ထုတ္ရင္ သူ႔ကို ျပန္ျပင္ေျပာဖို႔ အခြင့္အေရး ေပးမိတယ္။ သူက အမွား က်ဴးလြန္မိလို႔ ေနာက္တစ္ခါ မမွားေတာ့ပါဘူး လို႔ ေတာင္းပန္ရင္လည္း ေနာက္ထပ္ အခြင့္အေရးေပးဖို႔ အဆင္သင့္ ျဖစ္ေနျပန္တယ္။ သူတပါးကို အၿမဲ အႏုိင္ယူခ်င္သူေတြက အရမ္း ေခါင္းမာသူေတြ ျဖစ္တယ္။ အဲဒါေၾကာင့္ သူတုိ႔ကို ျငင္းဆန္ဖို႔က ခက္ခဲပါတယ္။ ကိုယ္က စိတ္မမာႏုိင္ေတာ့ ပိုဆုိးတာေပါ့။

4) လူေတြကို ေျပာင္းလဲလို႔ရမယ္လို႔ ယံုၾကည္တယ္။
ကိုယ့္ကို နာက်င္ခံစားရေအာင္ လုပ္တဲ့သူကို ေနာက္ထပ္ အခြင့္အေရးေပးဖို႔ ကိုယ္ေတြက အဆင္သင့္ ျဖစ္ေနတတ္ျပန္ပါတယ္။ လူေတြဟာ ျပဳျပင္ ေျပာင္းလဲႏုိင္တယ္လို႔ ယံုၾကည္မိေနတာကိုး။ အဲဒါေၾကာင့္ စိတ္ရင္းေကာင္း သူေတြက စိတ္ပ်က္စရာ ေကာင္းတဲ့ အခ်စ္ေရးတစ္ခုမွာ အခ်ိန္ေတြ အမ်ားႀကီး ျဖဳန္းမိ ေနတတ္ၾကတယ္။

5) ဆုိးတဲ့သူေတြက အစပိုင္းမွာ ဆြဲေဆာင္မႈ အေကာင္းဆံုးသူေတြလို႔ ထင္ရတယ္။
စိတ္ထားေကာင္းၿပီး ေပ်ာ္တတ္သူေတြ အဖုိ႔ ေရြးခ်ယ္စရာ ေတြက အမ်ားႀကီးပါ။ ဒါေပမဲ့ ဆုိးတဲ့သူေတြက ကိုယ့္ကိုကိုယ္ ယံုၾကည္မႈ အျပည့္ရွိၿပီး စကားေျပာ ေကာင္းသူေတြ ျဖစ္ေလေတာ့ သေဘာက်မိတာေပါ့။
ဒါေတြဟာ အေပၚယံေတြလုိ႔ သိတဲ့ေန႔မွာ သံေယာဇဥ္ အေတာ္ေလး တြယ္ၿငိေနၿပီ။

6) သူမ်ားရဲ႕ ေကာင္းကြက္ေတြကို သိတယ္။
သူ႔မွာ မေကာင္းတဲ့ အခ်က္ေတြ တစ္သန္း ရွိေနပါေစ၊ သူ႔ရဲ႕ ေကာင္းတဲ့အခ်က္ တစ္ခ်က္တည္းကိုပဲ ကိုယ္က အာ႐ံုထားတယ္။ အဲဒါေၾကာင့္ ေတြ႔တဲ့သူတိုင္းနဲ႔ အဆင္ေျပတယ္။ ဒီ စိတ္ရင္းေကာင္းေလးေၾကာင့္ပဲ အၿမဲတမ္း ကိုယ္ပဲ ခံရတာေပါ့။

7) အခြင့္အေရးယူတာ အျမဲခံရတယ္။
ဆိုးတဲ့ သူေတြက စိတ္ရင္းေကာင္းတဲ့ သူေတြကို သေဘာက်တတ္တယ္။ သူတုိ႔ ႏုိင္ခ်င္တုိင္း ႏုိင္စားႏုိင္တာကိုး။ သူတုိ႔ ဘာလုပ္လုပ္ ခြင့္လႊတ္မယ့္ သူမ်ဳိးေတြလည္း ျဖစ္ေတာ့ သူတုိ႔ အႀကိဳက္ေပါ့။

8) ကိုယ့္ရဲ႕အစြမ္းကို ယံုၾကည္လြန္းတယ္။
ကိုယ္က သည္းခံႏုိင္လြန္းတဲ့အတြက္ ဘယ္ေလာက္ဆုိးတဲ့ ဆက္ဆံေရးပဲ ျဖစ္ျဖစ္ ေကာင္းေအာင္ ျပဳျပင္ႏုိင္မယ္လို႔ ယူဆေနတယ္။ စိတ္ရင္းေကာင္းသူေတြက သည္းခံျခင္းက အရာရာကို ေက်ာ္လႊားႏုိင္တယ္ လို႔ ခံယူထားတဲ့ သူေတြ ဆုိေတာ့ေလ။

9) လူတစ္ေယာက္ ဘယ္ေလာက္ထိ ေကာင္းႏုိင္မယ္ ဆုိတာ မသိဘူး။
ဘဝ တစ္ေလွ်ာက္လံုး ဆိုးတဲ့သူ ေတြနဲ႔ပဲ ႀကံဳေတြ႔ခဲ့ရတဲ့အတြက္ ဒီထက္ေကာင္းတဲ့သူ ရွိမယ္ ဆုိတာ မသိဘူး။ ကိုယ့္ကို ေကာင္းေကာင္းမြန္မြန္ ဆက္ဆံမယ့္ ကိုယ္လို စိတ္ရင္းေကာင္းတဲ့ သူေတြလည္း ရွိေသးတယ္ဆုိတာ မသိႏုိင္ျဖစ္ေနတယ္။ အဲဒီလိုနဲ႔ပဲ ဒီအခ်စ္ေရးထဲက ႐ုန္းမထြက္ႏုိင္ ျဖစ္ရျပန္ပါတယ္။

10) ႏႈတ္ဆက္ စကား မေျပာခ်င္ဘူး။
ဆုိးတဲ့ သူေတြက အစပိုင္းေတာ့ သူတုိ႔ဆုိးတာ မသိသာပါဘူး။ တကယ္တမ္း သူတုိ႔ရဲ႕ မ်က္ႏွာဖံုး ကြာက်ခ်ိန္မွာ ကိုယ္က ၿငိတြယ္သြားၿပီ။ အနာဂတ္ကို အတူကုန္ဆံုးမယ္လို႔ စိတ္ကူးယဥ္ထားတဲ့ လူတစ္ေယာက္နဲ႔ လမ္းခြဲ ျပတ္စဲဖို႔ဆုိတာ အေတာ္ကို ခက္ခဲတဲ့ အရာပါ။

Credit : Lwinpyin
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
စိတ်ထား ကောင်းတဲ့ သူတွေဟာ ကိုယ့်ချစ်သူ ရည်းစားရဲ့စိတ်ထားကို မကြိုက်ပေမဲ့ ဖြတ်ဖို့ ခက်ခဲနေတတ်ကြတယ်။ နောက်ဆုံးမှာ လိမ်ဖယ် လိမ်ဖယ်နဲ့ ထိုသူနဲ့ပဲ ဖူးစာဆုံပြီး တစ်ဘဝလုံး သည်းညည်းခံနေရတော့တာပေါ့။

စိတ်ထားကောင်း သူတွေအတွက် ရည်းစားက ဆိုးမှန်းသိပေမဲ့ ဖြတ်ရခက်တဲ့ အကြောင်းရင်းတွေကတော့….

1) ကိုယ့်လိုပဲ သူလည်း ရိုးသားလိမ့်မယ် လို့ ထင်မိတယ်။
သူ့ကို ကိုယ်က အမြဲအမှန်အတိုင်းပြောတယ်။ အဲဒီတော့ သူလည်း အမှန်အတိုင်း ပြန်ပြောမယ်လို့ ယူဆတယ်။ အဲဒါကြောင့် အလိမ်ခံရမယ်ဆိုတာ မသိဘူး။

2) ကိုယ်က ဒီထက်အများကြီး ကောင်းတာနဲ့ ထိုက်တန်တယ်ဆိုတာ သဘောမပေါက်ဘူး။
ကိုယ်က ဘယ်လောက် ကောင်းတယ်ဆိုတာ အသိအမှတ် အပြု မခံရတဲ့ အတွက်၊ ကိုယ်တိုင်လည်း အသိအမှတ်ပြုခံရဖို့ မတောင်းဆို မိတဲ့အတွက် ကိုယ့်ရဲ့ ကောင်းကွက် တွေကို မသိဘူး။ ကိုယ့်ရဲ့ အဆင့်ကို ကိုယ့်ဘာသာ နိမ့်ကျအောင် ပြုလုပ်နေမိတယ်။

3) ကိုယ်က အရမ်းကောင်းလွန်းတယ်။
ကိုယ်က သူတပါးကို မနာကျင် စေချင်ဘူး။ သူက ကိုယ့်ကို ထွက်သွားဖို့ နှင်ထုတ်ရင် သူ့ကို ပြန်ပြင်ပြောဖို့ အခွင့်အရေး ပေးမိတယ်။ သူက အမှား ကျူးလွန်မိလို့ နောက်တစ်ခါ မမှားတော့ပါဘူး လို့ တောင်းပန်ရင်လည်း နောက်ထပ် အခွင့်အရေးပေးဖို့ အဆင်သင့် ဖြစ်နေပြန်တယ်။ သူတပါးကို အမြဲ အနိုင်ယူချင်သူတွေက အရမ်း ခေါင်းမာသူတွေ ဖြစ်တယ်။ အဲဒါကြောင့် သူတို့ကို ငြင်းဆန်ဖို့က ခက်ခဲပါတယ်။ ကိုယ်က စိတ်မမာနိုင်တော့ ပိုဆိုးတာပေါ့။

4) လူတွေကို ပြောင်းလဲလို့ရမယ်လို့ ယုံကြည်တယ်။
ကိုယ့်ကို နာကျင်ခံစားရအောင် လုပ်တဲ့သူကို နောက်ထပ် အခွင့်အရေးပေးဖို့ ကိုယ်တွေက အဆင်သင့် ဖြစ်နေတတ်ပြန်ပါတယ်။ လူတွေဟာ ပြုပြင် ပြောင်းလဲနိုင်တယ်လို့ ယုံကြည်မိနေတာကိုး။ အဲဒါကြောင့် စိတ်ရင်းကောင်း သူတွေက စိတ်ပျက်စရာ ကောင်းတဲ့ အချစ်ရေးတစ်ခုမှာ အချိန်တွေ အများကြီး ဖြုန်းမိ နေတတ်ကြတယ်။

5) ဆိုးတဲ့သူတွေက အစပိုင်းမှာ ဆွဲဆောင်မှု အကောင်းဆုံးသူတွေလို့ ထင်ရတယ်။
စိတ်ထားကောင်းပြီး ပျော်တတ်သူတွေ အဖို့ ရွေးချယ်စရာ တွေက အများကြီးပါ။ ဒါပေမဲ့ ဆိုးတဲ့သူတွေက ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိပြီး စကားပြော ကောင်းသူတွေ ဖြစ်လေတော့ သဘောကျမိတာပေါ့။
ဒါတွေဟာ အပေါ်ယံတွေလို့ သိတဲ့နေ့မှာ သံယောဇဉ် အတော်လေး တွယ်ငြိနေပြီ။

6) သူများရဲ့ ကောင်းကွက်တွေကို သိတယ်။
သူ့မှာ မကောင်းတဲ့ အချက်တွေ တစ်သန်း ရှိနေပါစေ၊ သူ့ရဲ့ ကောင်းတဲ့အချက် တစ်ချက်တည်းကိုပဲ ကိုယ်က အာရုံထားတယ်။ အဲဒါကြောင့် တွေ့တဲ့သူတိုင်းနဲ့ အဆင်ပြေတယ်။ ဒီ စိတ်ရင်းကောင်းလေးကြောင့်ပဲ အမြဲတမ်း ကိုယ်ပဲ ခံရတာပေါ့။

7) အခွင့်အရေးယူတာ အမြဲခံရတယ်။
ဆိုးတဲ့ သူတွေက စိတ်ရင်းကောင်းတဲ့ သူတွေကို သဘောကျတတ်တယ်။ သူတို့ နိုင်ချင်တိုင်း နိုင်စားနိုင်တာကိုး။ သူတို့ ဘာလုပ်လုပ် ခွင့်လွှတ်မယ့် သူမျိုးတွေလည်း ဖြစ်တော့ သူတို့ အကြိုက်ပေါ့။

8) ကိုယ့်ရဲ့အစွမ်းကို ယုံကြည်လွန်းတယ်။
ကိုယ်က သည်းခံနိုင်လွန်းတဲ့အတွက် ဘယ်လောက်ဆိုးတဲ့ ဆက်ဆံရေးပဲ ဖြစ်ဖြစ် ကောင်းအောင် ပြုပြင်နိုင်မယ်လို့ ယူဆနေတယ်။ စိတ်ရင်းကောင်းသူတွေက သည်းခံခြင်းက အရာရာကို ကျော်လွှားနိုင်တယ် လို့ ခံယူထားတဲ့ သူတွေ ဆိုတော့လေ။

9) လူတစ်ယောက် ဘယ်လောက်ထိ ကောင်းနိုင်မယ် ဆိုတာ မသိဘူး။
ဘဝ တစ်လျှောက်လုံး ဆိုးတဲ့သူ တွေနဲ့ပဲ ကြုံတွေ့ခဲ့ရတဲ့အတွက် ဒီထက်ကောင်းတဲ့သူ ရှိမယ် ဆိုတာ မသိဘူး။ ကိုယ့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံမယ့် ကိုယ်လို စိတ်ရင်းကောင်းတဲ့ သူတွေလည်း ရှိသေးတယ်ဆိုတာ မသိနိုင်ဖြစ်နေတယ်။ အဲဒီလိုနဲ့ပဲ ဒီအချစ်ရေးထဲက ရုန်းမထွက်နိုင် ဖြစ်ရပြန်ပါတယ်။

10) နှုတ်ဆက် စကား မပြောချင်ဘူး။
ဆိုးတဲ့ သူတွေက အစပိုင်းတော့ သူတို့ဆိုးတာ မသိသာပါဘူး။ တကယ်တမ်း သူတို့ရဲ့ မျက်နှာဖုံး ကွာကျချိန်မှာ ကိုယ်က ငြိတွယ်သွားပြီ။ အနာဂတ်ကို အတူကုန်ဆုံးမယ်လို့ စိတ်ကူးယဉ်ထားတဲ့ လူတစ်ယောက်နဲ့ လမ်းခွဲ ပြတ်စဲဖို့ဆိုတာ အတော်ကို ခက်ခဲတဲ့ အရာပါ။

Credit : Lwinpyin

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top