iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ေျခေထာက္ကထြက္လာတဲ့ အနံ႔ဆိုးေတြေၾကာင့္ စိတ္အေႏွာင့္အယွက္ျဖစ္ျပီး ရွက္ရြံ႕ျခင္းကိုခံစားေနရပါသလား။ စိတ္မပူပါနဲ႔ေတာ့။ ေအာက္ေဖာ္ျပပါေဆာင္းပါးမွာ ေျခဆီနံ႔ကိုဘယ္လိုေျဖရွင္းရမလဲဆိုတဲ့ ရိုးရွင္းတဲ့နည္းလမ္း(၁၀)မ်ိဳးကို ေဖာ္ျပေပးထားပါတယ္။

၁။ မုန္႔ဖုတ္ေဆာ္ဒါ

မုန္႔ဖုတ္ေဆာ္ဒါ ဟာ ေျခနံ႔ေပ်ာက္ေစတဲ့ေနရာမွာ အလြန္ထိေရာက္တယ္လို႔အသိမ်ားပါတယ္။ ေျခဖ၀ါးရဲ႕ pH ပမာဏ ကို ဓာတ္ျပယ္ေစျပီး ဘက္တီးရီးယားေတြကို ေလွ်ာ့ခ်ေပးပါတယ္။ မုန္႔ဖုတ္ေဆာ္ဒါ စားပြဲဇြန္းတစ္ဇြန္းကို ၾကက္သီးေႏြးေရ ဒါမွမဟုတ္ေရေႏြး ၀.၉၄ လီတာ နဲ႔ ေရာလိုက္ပါ။ေန႔စဥ္ ဒီအေရာထဲကို ၁၅မိနစ္မွ မိနစ္၂၀ထိ ေျခေထာက္နွစ္ေပးပါ။ တစ္ပတ္ေလာက္ဆက္တိုက္လုပ္ေပးလိုက္တဲ့အခါ ထူးျခားမႈကို ေတြ႔ရပါလိမ့္မယ္။

၂။ လာဗင္ဒါ အဆီ

လာဗင္ဒါဟာအနံ႔မေမႊးေပမယ့္ ဘက္တီးရီးယားေတြကိုေသေစနုိင္ပါတယ္။ ဒါ့အျပင္ လာဗင္ဒါမွာ မႈိမကပ္ေစတဲ့အရာေတြပါ၀င္ျပီး ဒါေတြက ေျခနံ႕ကိုဖယ္ရွားေပးနိုင္ပါလိမ့္မယ္။ လာဗင္ဒါ အဆီ အစက္အနည္းငယ္ကို ေရေႏြးသို႔မဟုတ္ ၾကက္သီးေႏြးေရထဲထည့္ပါ။ ဒီအရည္ထဲမွာ ေျခေထာက္ကို ၁၅မိနစ္မွ မိနစ္၂၀ထိစိမ္ထားပါ။ တစ္ရက္၂ၾကိမ္လုပ္ျပီး ရက္အနည္းငယ္ၾကာလာတဲ့အခါမွာ ေျခနံ႕စတင္ျပီးေပ်ာက္သြားပါလိမ့္မယ္။

၃။ ေက်ာက္ခ်ဥ္

ေက်ာက္ခ်ဥ္မႈန္ ့ မွာ ပိုးေသေစေသာအာနိသင္ ေတြၾကြယ္၀စြာပါ၀င္ပါတယ္။ ဒါေၾကာင့္ ေက်ာက္ခ်ဥ္ ကို သံုးတာလည္း ေျခနံ႔ေပ်ာက္ကြယ္သြားဖု႔ိ နည္းလမ္းတစ္ခုပါပဲ။
ေက်ာက္ခ်ဥ္အမႈန္႔ လက္ဖက္ရည္ဇြန္းတစ္ဇြန္းကို ေရေႏြးေႏြးတစ္ခြက္ထဲထည့္ပါ။ ဒီအရည္နဲ႔ ေျခေထာက္ကို ၁၅မိနစ္မွ မိနစ္၂၀ထိ ေသခ်ာေဆးေၾကာျပီး အေျခာက္ခံပါ။ ျမန္ျမန္သိသာခ်င္ရင္ေတာ့ ေက်ာက္ခ်ဥ္အမႈန္႔ အခ်ိဳ႕ကိုယူျပီးေျခေထာက္မွာျဖဴးထားေပးနိုင္ပါတယ္။ ေန႔စဥ္လုပ္ေပးပါ။

၄။ ဆားခါး

ေျခနံ႔ထြက္ျခင္းကိုကုသေပးနုိင္တဲ့အျပင္ ဆားခါး ဟာ ေျခဖ၀ါးနာက်င္တဲ့လူေတြအတြက္လည္းေကာင္းမြန္ပါတယ္။ ဆားခါး လက္ဖက္ရည္ဇြန္း၂ဇြန္းကို ေရေႏြးေႏြးထဲထည့္ပါ။ ၁၀မိနစ္မွ ၁၅မိနစ္ထိ ေျခေထာက္စိမ္ပါ။ တစ္ရက္တစ္ၾကိမ္ ျပဳလုပ္ေပးပါ။

၅။ လက္ဖက္မည္း (Black tea)

လက္ဖက္မည္း အိတ္၂အိတ္ကို ေရဆူဆူ၃ခြက္ထဲ အတူတူထည့္ျပဳတ္ပါ။ ျပီးတဲ့ေနာက္ ရလာတဲ့အရည္ကို ေအးသြားေအာင္ ေရတစ္ပံုးေလာင္းထည့္ပါ။ ၁၅မိနစ္မွ မိနစ္၂၀ထိ ထိုအရည္ထဲေျခေထာက္စိမ္ပါ။ ေန႔စဥ္လုပ္ေပးပါ။

၆။ ရွာလကာရည္

ရွာလကာရည္တစ္ခြက္နဲ႔ ေရ ၆ခြက္မွ ၈ခြက္ထိ ေရာပါ။ ၁၀မိနစ္မွ ၁၅မိနစ္ထိေျခေထာက္စိမ္ပါ။ ျပီးရင္ေရနဲ႔ေသခ်ာျပန္ေဆးေပးပါ။ တစ္ရက္တစ္ၾကိမ္လုပ္ပါ။

၇။ Borax (လက္ခ်ား)

Borax (လက္ခ်ား)တစ္ခြက္၊ ရွာလကာရည္ဆတူ၊ ေရ၂ခြက္စတာေတြကိုေရာပါ။ သင့္ရဲ႕ရွဴးဖိနပ္အတြင္းေတြကို ရလာတဲ့ေပ်ာ္ရည္နဲ႔ျဖန္းပါ။ ဒါမွမဟုတ္ဖိနပ္မစီးခင္ ရွဴးဖိနပ္ေတြေပၚမွာ borax powder (လက္ခ်ားအမႈန္႔)အခ်ိဳ႕ျဖဴးေပးပါ။

၈။ သၾကား

ခဖ၀ါးရဲ႕ ဆဲလ္ေသေတြကိုဖယ္ရွားဖို႔နဲ႔ ေျခနံ႔ကိုေဖ်ာက္နိုင္ဖို႔ သၾကားကိုသံုးပါ။ သၾကား၊ ေရ နဲ႔ isopropyl alcohol ၉၁ ရာခုိင္ႏႈန္းအထက္ တို႔ကို ေရာလိုက္ပါ။ ရလာတဲ့အေရာနဲ႔ ေျခေထာက္ကို ၅မိနစ္မွ ၁၀မိနစ္ထိတိုက္ေပးပါ။ ဒါက ဆဲလ္ေသေတြကို ဖယ္ရွားပစ္နိုင္ပါတယ္။ တစ္ပတ္ကို ၃ၾကိမ္လုပ္ေပးပါ။

၉။ ကလ်ာဏီပင္

အနံ႔ေတြကင္းစင္သြားဖို႔ ကလ်ာဏီပင္ ကိုဖိနပ္ေတြနဲ႔ေျခအိတ္ေတြေပၚမွာ ထားေပးနိုင္ပါတယ္။ ေနာက္နည္းလမ္းတစ္ခုကေတာ့ သင့္ေျခေထာက္ေတြကို ကလ်ာဏီလက္ဖက္ရည္ ထဲမွာ စိမ္ေပးတာကလည္း ေျခနံ႕ကို ေပ်ာက္ကင္းေစနုိင္ပါတယ္။

၁၀။ ခ်င္း

ခ်င္းကို အရင္ေထာင္းလိုက္ပါ။ ရလာတာေတြကို ေရေႏြးတစ္ခြက္နဲ႔ေရာျပီး ေျခေထာက္ကို ၁၀မိနစ္မွ ၁၅မိနစ္ခန္႔ထိ နွိပ္နယ္ေပးပါ။ ေန႔စဥ္လုပ္ပါ။

ဆရာ၀န္ဆီမသြားခင္မွာ အထက္ပါ လြယ္ကူတဲ့ အိမ္တြင္းသံုးနည္းေလးေတြကို အရင္စမ္းၾကည့္ပါ။ ဘယ္ေလာက္ထိေရာက္သလဲဆိုတာျမင္လိုက္တဲ့အခါမွာ သင္အံ့ၾသသြားမွာအေသအခ်ာပါပဲ။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သင့်ခြေထောက်ကထွက်လာတဲ့ အနံ့ဆိုးတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး ရှက်ရွံ့ခြင်းကိုခံစားနေရပါသလား။ စိတ်မပူပါနဲ့တော့။ အောက်ဖော်ပြပါဆောင်းပါးမှာ ခြေဆီနံ့ကိုဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ ရိုးရှင်းတဲ့နည်းလမ်း(၁၀)မျိုးကို ဖော်ပြပေးထားပါတယ်။

၁။ မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါ ဟာ ခြေနံ့ပျောက်စေတဲ့နေရာမှာ အလွန်ထိရောက်တယ်လို့အသိများပါတယ်။ ခြေဖဝါးရဲ့ pH ပမာဏ ကို ဓာတ်ပြယ်စေပြီး ဘက်တီးရီးယားတွေကို လျှော့ချပေးပါတယ်။ မုန့်ဖုတ်ဆော်ဒါ စားပွဲဇွန်းတစ်ဇွန်းကို ကြက်သီးနွေးရေ ဒါမှမဟုတ်ရေနွေး ဝ.၉၄ လီတာ နဲ့ ရောလိုက်ပါ။နေ့စဉ် ဒီအရောထဲကို ၁၅မိနစ်မှ မိနစ်၂၀ထိ ခြေထောက်နှစ်ပေးပါ။ တစ်ပတ်လောက်ဆက်တိုက်လုပ်ပေးလိုက်တဲ့အခါ ထူးခြားမှုကို တွေ့ရပါလိမ့်မယ်။

၂။ လာဗင်ဒါ အဆီ

လာဗင်ဒါဟာအနံ့မမွှေးပေမယ့် ဘက်တီးရီးယားတွေကိုသေစေနိုင်ပါတယ်။ ဒါ့အပြင် လာဗင်ဒါမှာ မှိုမကပ်စေတဲ့အရာတွေပါဝင်ပြီး ဒါတွေက ခြေနံ့ကိုဖယ်ရှားပေးနိုင်ပါလိမ့်မယ်။ လာဗင်ဒါ အဆီ အစက်အနည်းငယ်ကို ရေနွေးသို့မဟုတ် ကြက်သီးနွေးရေထဲထည့်ပါ။ ဒီအရည်ထဲမှာ ခြေထောက်ကို ၁၅မိနစ်မှ မိနစ်၂၀ထိစိမ်ထားပါ။ တစ်ရက်၂ကြိမ်လုပ်ပြီး ရက်အနည်းငယ်ကြာလာတဲ့အခါမှာ ခြေနံ့စတင်ပြီးပျောက်သွားပါလိမ့်မယ်။

၃။ ကျောက်ချဉ်

ကျောက်ချဉ်မှုန့် မှာ ပိုးသေစေသောအာနိသင် တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် ကျောက်ချဉ် ကို သုံးတာလည်း ခြေနံ့ပျောက်ကွယ်သွားဖု့ိ နည်းလမ်းတစ်ခုပါပဲ။
ကျောက်ချဉ်အမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေနွေးနွေးတစ်ခွက်ထဲထည့်ပါ။ ဒီအရည်နဲ့ ခြေထောက်ကို ၁၅မိနစ်မှ မိနစ်၂၀ထိ သေချာဆေးကြောပြီး အခြောက်ခံပါ။ မြန်မြန်သိသာချင်ရင်တော့ ကျောက်ချဉ်အမှုန့် အချို့ကိုယူပြီးခြေထောက်မှာဖြူးထားပေးနိုင်ပါတယ်။ နေ့စဉ်လုပ်ပေးပါ။

၄။ ဆားခါး

ခြေနံ့ထွက်ခြင်းကိုကုသပေးနိုင်တဲ့အပြင် ဆားခါး ဟာ ခြေဖဝါးနာကျင်တဲ့လူတွေအတွက်လည်းကောင်းမွန်ပါတယ်။ ဆားခါး လက်ဖက်ရည်ဇွန်း၂ဇွန်းကို ရေနွေးနွေးထဲထည့်ပါ။ ၁၀မိနစ်မှ ၁၅မိနစ်ထိ ခြေထောက်စိမ်ပါ။ တစ်ရက်တစ်ကြိမ် ပြုလုပ်ပေးပါ။

၅။ လက်ဖက်မည်း (Black tea)

လက်ဖက်မည်း အိတ်၂အိတ်ကို ရေဆူဆူ၃ခွက်ထဲ အတူတူထည့်ပြုတ်ပါ။ ပြီးတဲ့နောက် ရလာတဲ့အရည်ကို အေးသွားအောင် ရေတစ်ပုံးလောင်းထည့်ပါ။ ၁၅မိနစ်မှ မိနစ်၂၀ထိ ထိုအရည်ထဲခြေထောက်စိမ်ပါ။ နေ့စဉ်လုပ်ပေးပါ။

၆။ ရှာလကာရည်

ရှာလကာရည်တစ်ခွက်နဲ့ ရေ ၆ခွက်မှ ၈ခွက်ထိ ရောပါ။ ၁၀မိနစ်မှ ၁၅မိနစ်ထိခြေထောက်စိမ်ပါ။ ပြီးရင်ရေနဲ့သေချာပြန်ဆေးပေးပါ။ တစ်ရက်တစ်ကြိမ်လုပ်ပါ။

၇။ Borax (လက်ချား)

Borax (လက်ချား)တစ်ခွက်၊ ရှာလကာရည်ဆတူ၊ ရေ၂ခွက်စတာတွေကိုရောပါ။ သင့်ရဲ့ရှူးဖိနပ်အတွင်းတွေကို ရလာတဲ့ပျော်ရည်နဲ့ဖြန်းပါ။ ဒါမှမဟုတ်ဖိနပ်မစီးခင် ရှူးဖိနပ်တွေပေါ်မှာ borax powder (လက်ချားအမှုန့်)အချို့ဖြူးပေးပါ။

၈။ သကြား

ခဖဝါးရဲ့ ဆဲလ်သေတွေကိုဖယ်ရှားဖို့နဲ့ ခြေနံ့ကိုဖျောက်နိုင်ဖို့ သကြားကိုသုံးပါ။ သကြား၊ ရေ နဲ့ isopropyl alcohol ၉၁ ရာခိုင်နှုန်းအထက် တို့ကို ရောလိုက်ပါ။ ရလာတဲ့အရောနဲ့ ခြေထောက်ကို ၅မိနစ်မှ ၁၀မိနစ်ထိတိုက်ပေးပါ။ ဒါက ဆဲလ်သေတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ တစ်ပတ်ကို ၃ကြိမ်လုပ်ပေးပါ။

၉။ ကလျာဏီပင်

အနံ့တွေကင်းစင်သွားဖို့ ကလျာဏီပင် ကိုဖိနပ်တွေနဲ့ခြေအိတ်တွေပေါ်မှာ ထားပေးနိုင်ပါတယ်။ နောက်နည်းလမ်းတစ်ခုကတော့ သင့်ခြေထောက်တွေကို ကလျာဏီလက်ဖက်ရည် ထဲမှာ စိမ်ပေးတာကလည်း ခြေနံ့ကို ပျောက်ကင်းစေနိုင်ပါတယ်။

၁၀။ ချင်း

ချင်းကို အရင်ထောင်းလိုက်ပါ။ ရလာတာတွေကို ရေနွေးတစ်ခွက်နဲ့ရောပြီး ခြေထောက်ကို ၁၀မိနစ်မှ ၁၅မိနစ်ခန့်ထိ နှိပ်နယ်ပေးပါ။ နေ့စဉ်လုပ်ပါ။

ဆရာဝန်ဆီမသွားခင်မှာ အထက်ပါ လွယ်ကူတဲ့ အိမ်တွင်းသုံးနည်းလေးတွေကို အရင်စမ်းကြည့်ပါ။ ဘယ်လောက်ထိရောက်သလဲဆိုတာမြင်လိုက်တဲ့အခါမှာ သင်အံ့သြသွားမှာအသေအချာပါပဲ။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top