iMyanmarHouse.com - Best Property Website for Myanmar
×
Hold me tight.
I missed you.
Don’t let me go.
I want you.
Credit : cantwait2say
ပို့သပေးပါတယ်။
ယောကျ်ားလေးတိုင်းက ကိုယ့်ချစ်သူ မိန်းကလေးကို ဖက်တဲ့အခါ စိတ်ခံစားမှုအမျိုးမျိုးအပေါ်မူတည်ပြီး ဖက်ပုံဖက်နည်း ကွဲလွဲပါတယ်။ကိုယ်က သတိထားကြည့်မယ်ဆိုရင်တော့ ဒါကို သိမှာပဲဖြစ်ပါတယ်။ဘယ်လိုပုံစံနဲ့ ဘယ်လိုအဓိပ္ပာယ်ဖော်ဆောင်ပြီး ဖက်ကြလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
Hold me tight.
တင်းကြပ်စွာ ပွေ့ဖက်မှုမျိုးဖြစ်ပါတယ်။တစုံတခုကို ဆုံးရှုံးရမှာကြောက်တဲ့အချိန်ကျ ဒီလို ဖက်ဖြစ်တာများပါတယ်။
I missed you.
လွမ်းတဲံအခါ သတိရတဲ့အခါ ဖက်တဲ့ဖက်နည်းမျိုးဖြစ်ပါတယ်။ကယုကယင် ကျီစယ်ပြီးဖက်တဲ့ပုံစံမျိုးဖြစ်ပြီး းါဟာ အနေဝေးနေတဲ့ ချစ်သူတွေ အများဆုံးဖက်ကြတာဖြစ်ပါတယ်။
Don’t let me go.
မခွဲနိုင်မခွာရက် အသည်းစိုင်အညှာဆက် ဖက်နည်းမျိုးဖြစ်ပြီး ထားမသွားဖို့ တောင်းဆိုတဲ့ သင်္ကေတဖြစ်ပါတယ်။
Everything’s fine or will be fine.
တခုခုကို ကောင်မလေးက ဝမ်းနည်းပူဆွေးရတြ့အခါ နှစ်သိမ့်တဲ့ ဖက်နည်းဖြစ်ပြီး နွေးထွေးမှုကို ပြသခြင်းဖြစ်ပါတယ်။
Can’t show too much affection right now but you’re still mine.
မိမိရဲ့ စိတ်ကျေနပ်မှုကို ခပ်ကြမ်းကြမ်းလေးပြပြီး ဖက်နည်းမျိုးဖြစ်ပါတယ်။ဒါက ယောကျ်ားဆန်တဲ့ သဘာဝကို ပြသချင်တဲ့ အပြုအမူဖြစ်ပါတယ်။
Kiss and twirl in the air
ပျော်ရွှင်မှုကို ပြသတဲ့အခါ ဖက်ပြီး လေပေါ်ကို ဝှေ့ယမ်းလိုက်တာဖြစ်ပြီး ဒါကိုတော့ လူမြင်ကွင်းအများဆုံးလုပ်ဆောင်လေ့ရှိပါတယ်။
Sneaking up from behind.
နောက်ကနေ ပွတ်သပ်ကိုင်တွယ်ပြီး ပွေ့ဖက်မှုဟာ အံ့သြစေတာအတွက်ဖြစ်ပြီး အချစ်ကို အသိအမှတ်ပြုခံစေချင်တဲ့ စိတ်နဲ့ ရည်ရါယ်ပြီး ဖက်တာဖြစ်ပါတယ်။
READ  ချစ်သူ ရှိ မရှိ ဘယ်လို စမ်းသပ် သိနိုင်မလဲ…?
I want you.
စိတ်မပျက်ဖို့ အားမငယ်ဖို့အတွက် နှစ်သိမ့်အနမ်းပေးပြီး ပွေ့ဖက်ခြင်းမျိုးလဲ ရှိပါသေးပါတယ်။ဒါဟာ ကလေးငယ်တစ်ယောက်ကို ချစ်ခြင်းမေတ္တာအပြည့်နဲ့ နမ်းရှိုက်ပွေ့ဖက်သလိုများပါပဲ။
The warm after love making hugs.
နွေးထွေးစွာ ခိုလှုံပါဆိုတဲ့ အပြုအမူနဲ့ တော်တော်ကြာကြာပွေ့ဖက်ပေးထားတာလဲ ရှိပါတယ်။ဒီလိုမျိုး ရင်ခွင်ထဲပုန်းနေရတဲံ ခံစားမှုကို အမျိုးသမီးတိုင်း နှစ်ခြိုက်ကြပါတယ်။
I miss you even in my sleep.
အတူရှိနေချိန်မှာ သတိရတိုင်းပွေ့ဖက်ခြင်းမျိုးကိုတော့ မင်းကို ဘယ်တော့မှ မမေ့ဘူးဆိုတဲ့ အဓိပ္ပာယ်ဖော်တဲ့ ပွေ့ဖက်ခြင်းမျိုးဖြစ်ပါတယ်။ဒါက နူးညံ့ငြင်သာစွာ အချစ်ကို ပြသနည်းတမျိုးဖြစ်ပါတယ်။
Credit : cantwait2say
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top